25 w - Translate

အအေးကြိုက်တဲ့ပန်းကလေး သို့မဟုတ် ကမ္ဘာမြေပေါ်မှ ကြယ်လေးများ🌼

ဒေစီက တကယ်တော့ အရိုင်းပန်းကလေးပါ။ ဒါပေမယ့် ချစ်ဖို့သိပ်ကောင်းတော့ အများစုက တယုတယနဲ့စိုက်ကြတယ်။

ဒေစီပန်းလေးတွေသာ လူဖြစ်ခဲ့မယ်ဆိုရင် ဖြူစင်ပြီး ချစ်ဖို့ကောင်းတဲ့ အမျိုးသမီးလေးဖြစ်မှာကျိန်းသေတယ်။

ဒေစီပန်းကို နှစ်သက်တဲ့သူတွေက အကောင်းမြင်တတ်တယ်၊ ပျော်ပျော်နေတတ်တယ်၊ တက်ကြွတယ်၊ ဖြူစင်ပြီး သစ္စာရှိကြတယ်တဲ့။

ဒေစီကို ပန်းစည်းပေးတာထက် ပန်းပင်လေးအနေနဲ့ပေးတာကို ပိုသဘောကျမိတယ်။

ဒီနိုင်ငံကြီးအေးချမ်းသွားတဲ့တစ်နေ့ တောင်ပေါ်မြို့လေးတစ်မြို့မှာ ဒေစီပန်းတွေစိုက်ရင်း၊ နေထွက်ချိန်ကို လက်ဖက်ရည်ကြမ်းလေးသောက်ရင်း ငေးချင်သေးတယ်။

image
25 w - Translate

အအေးကြိုက်တဲ့ပန်းကလေး သို့မဟုတ် ကမ္ဘာမြေပေါ်မှ ကြယ်လေးများ🌼

ဒေစီက တကယ်တော့ အရိုင်းပန်းကလေးပါ။ ဒါပေမယ့် ချစ်ဖို့သိပ်ကောင်းတော့ အများစုက တယုတယနဲ့စိုက်ကြတယ်။

ဒေစီပန်းလေးတွေသာ လူဖြစ်ခဲ့မယ်ဆိုရင် ဖြူစင်ပြီး ချစ်ဖို့ကောင်းတဲ့ အမျိုးသမီးလေးဖြစ်မှာကျိန်းသေတယ်။

ဒေစီပန်းကို နှစ်သက်တဲ့သူတွေက အကောင်းမြင်တတ်တယ်၊ ပျော်ပျော်နေတတ်တယ်၊ တက်ကြွတယ်၊ ဖြူစင်ပြီး သစ္စာရှိကြတယ်တဲ့။

ဒေစီကို ပန်းစည်းပေးတာထက် ပန်းပင်လေးအနေနဲ့ပေးတာကို ပိုသဘောကျမိတယ်။

ဒီနိုင်ငံကြီးအေးချမ်းသွားတဲ့တစ်နေ့ တောင်ပေါ်မြို့လေးတစ်မြို့မှာ ဒေစီပန်းတွေစိုက်ရင်း၊ နေထွက်ချိန်ကို လက်ဖက်ရည်ကြမ်းလေးသောက်ရင်း ငေးချင်သေးတယ်။

image
25 w - Translate

အအေးကြိုက်တဲ့ပန်းကလေး သို့မဟုတ် ကမ္ဘာမြေပေါ်မှ ကြယ်လေးများ🌼

ဒေစီက တကယ်တော့ အရိုင်းပန်းကလေးပါ။ ဒါပေမယ့် ချစ်ဖို့သိပ်ကောင်းတော့ အများစုက တယုတယနဲ့စိုက်ကြတယ်။

ဒေစီပန်းလေးတွေသာ လူဖြစ်ခဲ့မယ်ဆိုရင် ဖြူစင်ပြီး ချစ်ဖို့ကောင်းတဲ့ အမျိုးသမီးလေးဖြစ်မှာကျိန်းသေတယ်။

ဒေစီပန်းကို နှစ်သက်တဲ့သူတွေက အကောင်းမြင်တတ်တယ်၊ ပျော်ပျော်နေတတ်တယ်၊ တက်ကြွတယ်၊ ဖြူစင်ပြီး သစ္စာရှိကြတယ်တဲ့။

ဒေစီကို ပန်းစည်းပေးတာထက် ပန်းပင်လေးအနေနဲ့ပေးတာကို ပိုသဘောကျမိတယ်။

ဒီနိုင်ငံကြီးအေးချမ်းသွားတဲ့တစ်နေ့ တောင်ပေါ်မြို့လေးတစ်မြို့မှာ ဒေစီပန်းတွေစိုက်ရင်း၊ နေထွက်ချိန်ကို လက်ဖက်ရည်ကြမ်းလေးသောက်ရင်း ငေးချင်သေးတယ်။

image
image
image
image
25 w - Translate

Hello! Good Morning😁🌅

image
25 w - Translate

A tree tunnel in Quebec, Canada 🧡

image
Jen Rodriguez changed her profile picture
25 w

image
Purple Blue shared a post  
25 w

25 w

❝ အာဆင်နယ်မှာ ကမ္ဘာ့ထိပ်တန်းအဆင့်တိုက်စစ်မှူးတစ်ယောက်ကို လိုအပ်နေတာပါ။
မနေ့က ဗီလာနဲ့ပွဲမှာဆိုရင် ပထမပိုင်းမှာ အခွင့်အရေး အများကြီးရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ကြဘူး။ တကယ်လို့ ဝက်ကင်းစ်သာ ဗီလာဘက်မှာမဟုတ်ပဲ ကျနော်တို့အတွက် ကစားပေးခဲ့မယ်ဆိုရင် ၃-၀ နဲ့တော-င် အနိုင်ရခဲ့လောက်ပါတယ်။
ဒါကြောင့် ရော်နယ်ဒို ယူနိုက်တက်ကနေ ထွက်တော့ အာဆင်နယ်ကိုခေါ်ယူဖို့ ကျနော် အကြံပေးခဲ့တာပါ။ ခရစ်စတီယာနိုနဲ့သာဆိုရင် ကျနော်တို့ကစားသမားတွေရဲ့ပံ့ပိုးမှုတွေနဲ့အတူ တစ်ရာသီကို ၂၅ ဂိုးကျော်လောက် အသာလေးသွင်းနိုင်မှာ သေချာတယ်။
ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူဖို့ မျက်ကွယ်ပြုထားခဲ့ခြင်းက အာတီတာရဲ့အဓိကဟာကွက်ပါပဲ။ ❞
~ပီယာစ့် မော်ဂန် (အာဆင်နယ်ပရိသတ်ဂျာနယ်လစ်)
Source- ( Goal 🏅)
#footballcorner

image
25 w - Translate

အိုင်ယာလန်နိုင်ငံမှာ မြွေတစ်ကောင်မှမရှိရတဲ့ အကြောင်းရင်း

ဥရောပတိုက် အနောက်မြောက်ဘက်ပိုင်းမှာတည်ရှိတဲ့ အိုင်ယာလန်နိုင်ငံက ဒဏ္ဍာရီတစ်ခုအရတော့ ငါးရာစုခန့် က ခရစ်ယာန်ဘုန်းတော်ကြီး စိန့်ပက်ထရစ် အိုက်ယာလန်နိုင်ငံကို သာသနာပြုလာရောက်တဲ့အခါ စိန့်ပက်ထရစ်ဟာ အိုက်ယာလန်က မြွေများအားလုံးကို မောင်းနှင်ခဲ့တယ်လို့သိရပါတယ်။

ဒါပေမဲ့ ဒဏ္ဍာရီအတိုင်း အိုက်ယာလန်နိုင်ငံမှာလည်း မြွေတစ်ကောင်မှလည်း မရှိပါဘူး။ ၂၀၁၄ ခုနှစ်မှာ National Geographic အဖွဲ့ရဲ့ လေ့လာချက်အရ အိုက်ယာလန်မှာ မြွေတွေဟာ ဘယ်တုန်းကမှ မနေထိုင်ခဲ့ကြောင်းတွေ့ရှိခဲ့ပြီး မြွေတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကိုတောင် မတွေ့ရပါဘူး။

လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာအတွင်း အိုက်ယာလန်မှာ မြွေတွေ မနေထိုင်ခဲ့ဘဲ ဗြိတိန်မှာတောင် အဆိပ်မရှိတဲ့ မြက်လျှောလို Grass Snake၊ အက်ဒါမြွေပွေး (Adder Snake) နဲ့ အဆိပ်မရှိတဲ့ Smooth Snake ဆိုပြီး မျိုးရင်း သုံးမျိုးပဲရှိပါတယ်။ ဗြိတိန်မှာ မြွေရှားတဲ့အတွက် အက်ဒါမြွေပွေးတစ်ကောင်ကို ဒဏ်ရာရအောင်လုပ်မိရင်၊ သတ်ဖြတ်မိရင် ၁၉၈၁ ခုနှစ် Wildlife and Countryside Act ဥပဒေအရ အရေးယူခံရပါတယ်။

ဒါဆို ဒီနိုင်ငံတွေမှာ ဘာကြောင့် မြွေတွေမရှိရတာလဲ။

လွန်ခဲ့တဲ့ နှစ် ၁ သိန်းကနေ ၂ သန်းကြား ခေတ်ကာလတုန်းက အိုက်ယာလန်နဲ့ အင်္ဂလန်နိုင်ငံဟာ မြွေလို သွေးအေးတွားသွားသတ္တဝါတွေအတွက် အရမ်းအေးခဲတဲ့ နေရာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရေခဲခေတ်ကုန်သွားပြီး မြေပြင်တွေ ထွက်ပေါ်လာတဲ့အခါ အင်္ဂလန်နဲ့ အိုက်ယာလန်မှာ မြွေအနည်းငယ် ဝင်ရောက်နေထိုင်ခဲ့ကြပါတယ်။ မြွေတင်မက ဝက်ဝံညိုတွေ၊ လင့်ကြောင်မြီးတို နဲ့ ဝက်ဝံတွေ အိုက်ယာလန်နိုင်ငံမှာ ဝင်ရောက်နေထိုင်ခဲ့ကြပါတယ်။ ရေခဲတွေ အရည်ပျော်သွားပေမဲ့ အိုက်ယာလန်၊ ဗြိတိန်တို့နဲ့ ဥရောပ ကုန်းမြင့်ကြားက နေရာတွေဟာ ရေဖုံးလွှမ်းနေတုန်းပါပဲ။ ဒါကြောင့် မြွေတွေ အများအပြားတော့ မလာရောက်နိုင်ခဲ့ကြပါဘူး။

မြွေမရှိတာ အိုက်ယာလန် တစ်နိုင်ငံတည်း မဟုတ်ပါဘူး။

ကမ္ဘာပေါ်ရှိ မြွေမရှိတဲ့ နေရာတွေထဲမှာ အိုက်ယာလန်က တစ်နေရာတည်းမဟုတ်ပါဘူး။ အိုက်စ်လန်၊ ဂရင်းလန်း၊ ဟာဝိုင်အီ၊ နယူးဇီလန်၊ ကနေဒါနိုင်ငံက နေရာတစ်ချို့၊ ရုရှားနိုင်ငံမြောက်ဘက်ပိုင်းနဲ့ အန္တာတိက တိုက်တွေမှာလည်း မြွေတွေမရှိကြပါဘူး။

“အရင်ကတည်းက အိုက်ယာလန်မှာ ဘယ်မြွေမှ မနေခဲ့တဲ့အတွက် မြွေတွေကို စိန့်ပက်ထရစ် မောင်းထုတ်စရာတောင်မလိုပါဘူး ” လို့ အိုက်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့ အမျိုးသားသမိုင်းပြတိုက်မှ နီဂယ် မိုနာဂန်(Nigel Monaghan) က National Geographic ကိုပြောဆိုခဲ့ပါတယ်။

လူဝီစီယားနား ဆေးသိပ္ပံတက္ကသိုလ် ဒါရိုက်တာ မာခ်ရိုင်ယန်ကတော့ “အိုင်ယာလန်မှာ မြွေတွေမရှိရတဲ့ အကြောင်းရင်းက အိုက်ယာလန်ရဲ့ ရာသီဥတုဟာ သူတို့အတွက် အရမ်းပြင်းထန်နေလို့ပါ ” လို့ပြောဆိုခဲ့ပါတယ်။

အိုင်ယာလန်မှာ တွေ့ရတဲ့ တွားသွားသတ္တဝါဆိုလို့ မြွေတွေလို ခြေမပါတဲ့ ဥရောပတိုက် ပုတ်သင်ငယ် (Slow Worm) တွေပဲရှိပါတယ်။ Celtic Tiger လို့ ခေါ်တဲ့ ၁၉၉၀ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်ကြားကာလမှာဆို တိုင်းတပါးက ဝင်ရောက်လာတဲ့ မြွေကို မွေးနိုင်တာကို ဂုဏ်တစ်ခုအဖြစ်တောင် ယူဆခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း အိုင်ယာလန်နိုင်ငံ စီးပွားရေး ချွတ်ခြုံကျသွားတဲ့အခါ မြွေကျွေးမွေးစောင့်ရှောက်ရတဲ့ စရိတ်ကြီးလွန်းတဲ့အတွက် မြွေသိပ်မမွေးကြတော့ပါဘူး။

အိုက်ယာလန်နိုင်ငံဟာ Ice Age ခေတ်ကတည်းက တခြားကုန်းပြင်မြင့်တွေနဲ့ တသီးတခြား ရှိခဲ့တဲ့ နေရာတစ်ခုပါ။ ဒါ့အပြင် ဒေသတစ်နေရာက မျိုးရင်းဖြစ်တဲ့ အပင်နဲ့ တိရစ္ဆာန်တွေဟာ တခြားဒေသတွေမှာ မရှင်သန်နိုင်ပါဘူး။ ဒါ့အပြင် အိုက်ယာလန်လို ၃၂၅၉၅ စတုရန်း မိုင် အကျယ်အဝန်းသာရှိတဲ့ နိုင်ငံမှာ မြွေမျိုးရင်းတွေ များများစားစားမရှိနေနိုင်ပါဘူး။ ဒါဟာ အိုက်ယာလန်မှာ မြွေမရှိရခြင်းရဲ့ အကြောင်းရင်းတစ်ချက်လည်း ဖြစ်ပါတယ်။ စိန့်ပက်ထရစ်က အိုက်ယာလန်က မြွေတွေကို မောင်းထုတ်ခဲ့တယ်ဆိုတာ ပုံဆောင်ချက် သတ်သတ်သာဖြစ်ပြီး စိန့်ပက်ထရစ်ဟာ ရှေးခေတ် ဆဲလ်တစ်လူမျိုးရဲ့ ဘုန်းကြီးတွေနဲ့ မိစ္ဆာဝါဒီတွေရဲ့ မြွေကိုပုံဆောင်တဲ့ အယူဝါဒတွေကို တားဆီးခဲ့တာကြောင့် ဒီဒဏ္ဍာရီ ထွက်လာတာ ဖြစ်တယ်လို့သိရပါတယ်။

Ref : Mental

image
25 w - Translate

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တက်ဖို့ ဘယ်အသင်းတွေ
ဘယ်လောက် အခွင့်အရေးရှိကြလဲ

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲများမတိုင်မီ ဘောလုံးအချက်အလက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Opta ကချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်တက်ရန် မည်သည့်အသင်းအနေဖြင့် မည်မျှ အခွင့်အရေးရှိသည်ဆိုခြင်းကို ဖြစ်နိုင်ခြေရာခိုင်နှုန်းများဖြင့် ထုံးစံအတိုင်း ဖော်ပြခဲ့သည်။ ပထမအကျော့က အဝေးကွင်းတွင် (၃-၂)ဂိုးဖြင့် အနိုင်ရရှိထားသော ဘာစီလိုနာအသင်းမှာဆီမီးဖိုင်နယ်တက်ရန် အခြေအနေအကောင်းဆုံးအသင်းဖြစ်ပြီး Opta ကရာခိုင်နှုန်းအမြင့်ဆုံးအဖြစ် (၇၇%)အထိ သတ်မှတ်ပေးထားသည်။သို့ဖြစ်ရာ ဘာစီလိုနာနှင့် ကစားရမည့် ပြိုင်ဘက် PSG အသင်း၏ ဆီမီးဖိုင်နယ်အခွင့်အရေးမှာ (၂၃%)သာ ရှိနေသည်။ပထမအကျော့အိမ်ကွင်းတွင် (၂-၁)ဂိုးဖြင့်အနိုင်ရခဲ့သော အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ဆီမီးဖိုင်နယ်တက်ရန် ဖြစ်နိုင်ခြေရာခိုင်နှုန်း (၆၅%)ရှိနေပြီး ပြိုင်ဘက် ဘိုရပ်ရှားဒေါ့မန်အသင်းမှာ ဆီမီးဖိုင်နယ်အခွင့်အရေး (၃၅%)သာ ရှိနေသည်။ပထမအကျော့ အင်္ဂလန်မြေတွင် (၂-၂)ဂိုးဖြင့် သရေကျခဲ့ကြသည့် ဘိုင်ယန်မြူးနစ်အသင်းနှင့် အာဆင်နယ်အသင်းတို့၏ ဆီမီးဖိုင်နယ်အခွင့်အရေးမှာ များစွာမကွာဟဘဲ ဒုတိယအကျော့တွင် အိမ်ရှင်အဖြစ်ပြန်ကစားရမည့် ဘိုင်ယန်မြူးနစ်အသင်းက (၅၂%)၊ အာဆင်နယ်အသင်းက (၄၈%)ရှိနေသည်။ထူးခြားသည်မှာ ပထမအကျော့က စပိန်မြေတွင် (၃-၃)ဂိုးဖြင့် သရေကျခဲ့သည့် မန်စီးတီးအသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့၏ ဆီမီးဖိုင်နယ်အခွင့်အရေးမှာများစွာကွာဟနေခြင်းဖြစ်သည်။Opta က ဒုတိယအကျော့တွင် အိမ်ရှင်အဖြစ်ပြန်ကစားရမည့် မန်စီးတီးအသင်းကို (၆၄%)အထိ သတ်မှတ်ထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲဘုရင်ဟုခေါ်ဆိုရမည့် ချန်ပီယံဆု(၁၄)ကြိမ်ရ အအောင်မြင်ဆုံးရီးရဲလ်မက်ဒရစ်အသင်းကို (၃၆%)သာ သတ်မှတ်ထားခြင်းဖြစ်သည်။သို့ဖြစ်ရာ ယင်းဖြစ်နိုင်ခြေရာခိုင်နှုန်းများ မည်မျှမှန်ကန်မည်ဆိုသည်ကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲများတွင် အဖြေရှာရမည်ဖြစ်သည်။

image
25 w - Translate

တစ်မိသားစုလုံးကို မီးထဲကနေ ကယ်တင်နေခဲ့တဲ့ ၆ နှစ်သမီး

နေအိမ်မီးလောင်ချိန်မှာ ၆ နှစ်သမီးလေးရဲ့ ဆုံးဖြတ်ချက် မြန်ဆန်မှု၊ ရဲရင့်မှုတွေကြောင့် သူ့မိသားစုတစ်စုလုံး အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ နော့ခ်ယော့ရှိုင်းယားကောင်တီမှာ နေထိုင်တဲ့ အိုလီဗီယာပက်တာဆန်ဟာ ဧပြီလ ၄ ရက်နေ့က သူငယ်ချင်းတစ်ယောက်နဲ့အတူ အိမ်အပြင်ဘက်မှာ ကစားနေရင်း သူ့အိမ်ထဲကနေ မီးခိုးတွေ ထွက်နေတာ တွေ့လိုက်ရပါတယ်။

သူ့မိသားစု အန္တရာယ်ကြုံနေရမှန်း သိလိုက်ရတဲ့နောက် အိုလီဗီယာက မီးလောင်နေတဲ့အိမ်ထဲ ပြေးဝင်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့အမေ လော်ရာနဲ့ သူ့ညီမလေး ၂ ယောက်က ဆိုဖာပေါ်မှာ အိပ်ပျော်နေကြတာပါ။ အိုလီဗီယာက သူတို့ကို နိုးပြီး အိမ်မီးလောင်နေကြောင်း ပြောခဲ့တာပါ။ ဒါကြောင့် သူတို့အားလုံး အိမ်ထဲကနေ အချိန်မီ ထွက်လာနိုင်ခဲ့ပါတယ်။

သူတို့ဘေးအိမ်ကနေ မီးစလောင်ပြီး သူတို့အိမ်ခေါင်မိုးကို မီးကူးစက်ခဲ့တာပါ။ မီးလောင်မှုကြောင့် အိုလီဗီယာတို့နေအိမ်ကတော့ ရစရာမရှိအောင် ပျက်စီးသွားခဲ့ပါတယ်။ ဖြိုချပြီး ပြန်ဆောက်ရမယ့် အခြေအနေပါ။ သူတို့ရဲ့ ဆုံးရှုံးနစ်နာမှုကို စိတ်မကောင်းဖြစ်သွားတဲ့ လော်ရာရဲ့ ကျောင်းနေဖက်ဟောင်းတစ်ဦးက ရန်ပုံငွေရှာဖွေပေးရာမှာ အလှူရှင်တွေ ထွက်ပေါ်လာခဲ့ပြီး ဒေါ်လာ ၅၀၀၀ နီးပါး ရရှိခဲ့ပါတယ်။

Ref:Six-Year-Old Hero Saves Entire Family From Devastating House Fire

image