Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၁ သန်း ထပ်မံရောင်းချပေး၍ ၂၀၂၅ နှစ်ဆန်းပိုင်းတွင် စက်သုံးဆီအတွက် ဒေါ်လာ ၈၉ သန်းအထိ ထုတ်ရောင်း
ဖေဖော်ဝါရီ ၁၁
ဗဟိုဘဏ်မှ နိုင်ငံခြားငွေဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၁ သန်း ထပ်မံရောင်းချပေးမည်ဖြစ်ပြီး ယခု ၂၀၂၅ နှစ်ဆန်းပိုင်းတွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၈၉ သန်းအထိ ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စက်သုံးဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့၍ တစ်လအတွင်း ဒီဇယ်ဈေးနှုန်းများသည် အမျိုးအစားအပေါ်မူတည်၍ တစ်လီတာ ကျပ် ၂၅၀ မှ ၃၀၀ ဝန်းကျင်နှင့် ဓာတ်ဆီဈေးနှုန်းများသည် အမျိုးအစားအပေါ်မူတည်၍ တစ်လီတာ ကျပ် ၁၅၀ ဝန်းကျင် မြင့်တက်လာမှုများရှိခဲ့သည်။
ယင်းကဲ့သို့ စက်သုံးဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့သည့် ဇန်နဝါရီလအတွင်း ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်းနှင့် ဒေါ်လာသန်း ၂၀ ဖြင့် နှစ်ကြိမ်ရောင်းချပေးခဲ့သလို ဖေဖော်ဝါရီ ၅ ရက်တွင် ဒေါ်လာ ၂၃ သန်းနှင့် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဒေါ်လာ ၂၁ သန်းဖြင့် ၂၀၂၅ ခုနှစ် တစ်လကျော်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၈၉ သန်းအထိ ထုတ်ရောင်းပေးခဲ့သည်။
ယင်းကဲ့သို့ ဒေါ်လာများ ဆက်တိုက်ရောင်းခဲ့ပေးခဲ့၍ ဇန်နဝါရီလအတွင်း မြင့်တက်ခဲ့သော စက်သုံးဆီဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယနေ့တွင် ဒီဇယ်ဈေးနှုန်းများသည် အမျိုးအစားအပေါ်မူတည်၍ တစ်လီတာ ကျပ် ၁၅၀ ဝန်းကျင်နှင့် ဓာတ်ဆီဈေးနှုန်းများသည် အမျိုးအစားအပေါ်မူတည်၍ တစ်လီတာ ကျပ် ၄၀ ဝန်းကျင် ပြန်လည်ကျဆင်းလာခဲ့သည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၀ ရက်တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် ၁ သန်း၊ ဒေါ်လာ ၈၂,၀၀၀ ကျော်နှင့် တရုတ်ယွမ် ၂၂၁၀,၀၀၀ ကျော်ကိုလည်း ဗဟိုဘဏ်မှ ရောင်းချပေးခဲ့၍ ဖေဖော်ဝါရီလ ၃ ရက်မှ ၁၀ ရက်အထိ တစ်ပတ်ကျော်အတွင်း ဒေါ်လာ ၄၆ ဒသမ ၇၂၂ သန်း၊ တရုတ်ယွမ် ၂ ဒသမ ၁၄၁ သန်းနှင့် ထိုင်းဘတ် ၁ ဒသမ ၀၂ သန်း ထုတ်ရောင်းပေးထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၄၅ သန်း သီးသန့်ထုတ်ရောင်းပေးမှုအပါအဝင် စုစုပေါင်းဒေါ်လာ ၁၇၃ သန်းကျော်၊ ထိုင်းဘတ် ၁၄ သန်းနီးပါးနှင့် တရုတ်ယွမ် ၁၅ သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
စက်သုံးဆီဈေးကွက်အတွင်း ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၃,၁၆၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃,၂၂၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂,၇၃၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃,၃၇၀ ကျပ် ဖြစ်ပေါ်လျက်ရှိသည်။
#သတင်းဟင်းလေးအိုးကြီး
အသက်(၂၁)အရွယ်အမျိုးသမီးကို ယွမ်လေးသောင်းဖြင့် တရုတ်မယားအဖြစ် ရောင်းစားရန် စီစဉ်ဆောင်ရွက်သူများ နှစ်ရှည်ထောင်ချခံရ
ဖေဖော်ဝါရီ ၁၁
တင်တောင်းငွေ ယွမ်လေးသောင်းရမည်ဟုဆိုကာ အသက်(၂၁)အရွယ်အမျိုးသမီးကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားရန် စီစဉ်ဆောင်ရွက်သူများ နှစ်ရှည်ထောင်ချခံရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့ နယ်၊ တကုန်းကျေးရွာတွင်နေထိုင်သော နန်းထွေးနှင့် မြင့်မြင့်စန်းတို့သည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ တဲကုန်းကျေးရွာတွင်နေထိုင်သော အသက်(၂၁)နှစ်အရွယ်ရှိ မ....ကို တရုတ်ဇနီးမယားအဖြစ်ဆောင်ရွက်ပါက တင်တောင်းငွေအဖြစ် တရုတ်ငွေယွမ်လေးသောင်း ရရှိမည်ဟု ပြောဆိုစည်းရုံးကာ တရုတ်ယောက်ျားထံ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ၎င်းအမျိုးသမီး(၂)ဦးကို မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပုသိမ်ကြီးမြို့မရဲစခန်းတွင် (ပ)၃၁၀/၂၀၂၄ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ (၃၅) ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ကြောင်း သိရသည်။
ထို့နောက် အောင်မြေသာစံခရိုင်တရားရုံးမှ (၂၀ ၂၅) ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်တွင် ပြစ်မှုကျူးလွန်သူ နန်းထွေးနှင့် မြင့်မြင့်စန်း တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ (၃၅) အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရ သည်။
အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၆ ရက် )က လူမှုကွန်ယက်စာမျက်နှာထက်တွင် နာမည်ကြီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် ဘဝရပ်တည်ရန် ခက်ခဲသည့် အမျိုးသမီးငယ်၏ အိမ်သို့သွားပြီး အခြေအနေပေါ် အခွင့်အကောင်းယူ၍ ငွေကြေးလက်ဆောင်များပေးကာ တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် ဗီဒီယိုရိုက်ကူးကာ အွန်လိုင်းပေါ်တင်ခဲ့သည့် တရုတ်နိုင်ငံသားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းမိခဲ့ပြီး ပါဝင်ပတ်သက်သူများဖြစ်သည့် မသီတာအောင်၊ အောင်ဇော်ဦး(ခ) ဟာမီဒူလာတို့ကို ဒလမြို့မရဲစခန်းတွင် (ပ)၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ-၃၅/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးသည်။
#centralnewsnaypyitaw
#တမာ ဖတ်ကြည့်နော်👇
ဆေးဖက်ဝင်သော်လည်း အရေးကြီးတဲ့ သတိထားစရာတချို့
ကျန်းမာစွာ စားသောက်ခြင်း
အာဟာရဆိုင်ရာ အချက်အလက်များ
တမာ ဆေးဖက်ဝင်သော်လည်း အရေးကြီးတဲ့ သတိထားစရာတချို့
အညာဓလေ့ မြန်မာဓလေ့ ဆိုရင် တမာ ပင်တွေကို မေ့ထားလို့မရပါဘူး။ တမာချဉ် အညွန့်အဖူးလေးတွေ က မြန်မာတွေ နှစ်သက်တဲ့ ငါးပိရည်နဲ့ အတွဲအဖက် တို့စရာတစ်ခုပါပဲ။
တမာ က အရွက်တင် စားလို့ရတာမဟုတ်ဘဲ ကိုင်းရဲ့အရိုးကိုလည်း ဆေးဖော်စပ်တဲ့အထဲ ထည့်တတ်ကြသလို သွားနဲ့ခံတွင်းအတွက် ကောင်းလို့ ဟိုးယခင်ကတည်းက တမာကိုင်းနဲ့ သွားတိုက်တာလည်း ရှိပါတယ်။
ad icon
advertisement
ဒီလောက်ထိကို တမာရွက်ရဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။
(၁) ကိုယ်အလေးချိန် ကျစေနိုင်တယ်
တမာပွင့်တွေက ဇီဝဖြစ်စဉ်ကို တိုးတက်စေပြီး ခန္ဓာကိုယ်ထဲက အဆီတွေကို ဖြိုခွင်းကာ ကိုယ်လိုချင်တဲ့ခန္ဓာကိုယ်ကိုရဖို့ အားပေးကူမှာ ဖြစ်ပါတယ်။
(၂) သွေးတွင်းသကြားဓာတ် ထိန်းနိုင်တယ်
တမာရွက်က insulin receptor ရဲ့ တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ပေးပြီး သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပါတယ်။ ဒါ့အပြင် သွေးကြောတွေကို ချဲ့ပေးနိုင်လို့ သွေးလည်ပတ်မှုကို ကောင်းစေပါ တယ်။
(၃) ကင်ဆာကုသမှုကို အထောက်အကူပေးတယ်
တမာရွက်မှာပါတဲ့ Glyco-protein (NLGP) ပရိုတင်းက အကျိတ်ဆဲလ်တွေရဲ့ ကြီးထွားမှုကို ဟန့်တားပေးပါတယ်။
(၄) မှိုပိုး ကုသနိုင်တယ်
ခြေဖနောင့်ကွဲတာ၊ သန် ကောင်ပိုးဝင်တာနဲ့ တခြား မှိုပိုး ကူးစက်ခံရတာတွေ ဖြစ်ဖူးပါသလား။ တမာရွက်က nimbidol နဲ့ gedunin ပါဝင်မှုကြောင့် မှိုပိုးတွေကို သေစေပါတယ်။
(၅) သန်းသေစေတယ်
တမာ ရွက်ဟာ ခေါင်းမှာ သန်းတွယ်ရင်လည်း သန်းကိုသေစေဖို့ အသုံးဝင်ပါသေးတယ်။ တမာရွက်အစိမ်းကို အနည်းငယ်ထောင်းပြီး ရတဲ့အရည်နဲ့ ဆံသားကို လျှော် လို့ရပါတယ်တဲ့။
(၆) ခြင်ဆေး အဖြစ် သုံးနိုင်တယ်
တမာဆီနဲ့ အုန်းဆီကို ဆတူရောပြီး အရေပြားမှာ လိမ်းပေးရင် ခြင်မကိုက်ပါဘူးတဲ့။
(၇ ) အရေပြားပြဿနာ ကုသနိုင်တယ်
ad icon
advertisement
အသားအရောင် မညီတာ၊ အ သားခြောက်တာနဲ့ တခြား အရေ ပြားပိုးဝင်ခြင်းပြဿနာတွေအတွက် တမာရွက်က ဖြေရှင်းပေးနိုင် ပါတယ်။ ဘက်တီးရီးယားသေစေ ပြီး မှိုပိုးကို နှိမ်နင်းနိုင်စွမ်းရှိတာကြောင့် ယားယံတာတွေကို သက် သာစေပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။
ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို ပျောက်ကင်းစေတဲ့အပြင် သဘာဝ moisturizer နဲ့ toner အဖြစ် စွမ်းဆောင်နိုင်ပါတယ်။
(၈) ခံတွင်းပြဿနာတွေ ကာကွယ်နိုင်တယ်
အိန္ဒိယကျေးလက်မှာဆို သွားတိုက်ဆေးနဲ့ သွားပွတ်တံအစား တမာ ကိုင်းကို အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။
ပိုးသေစေတဲ့အာနိ သင်ကြောင့် သွားဖုံးရောဂါ၊ သွားကိုက်ခြင်း၊ ခံတွင်းနံ့ဆိုးခြင်း၊ ပါးစပ်အနာဖြစ်ခြင်းတွေ အတွက် အသုံးဝင်လှပါတယ်။ သွားတွေ ဖြူစင် လှပစေဖို့လည်း သဘာဝဆေးဝါးတစ်မျိုး ဖြစ်ပါတယ်။
(၉) ဝမ်းကိုက်ခြင်းကို ကုသနိုင်တယ်
တမာရွက်က ပဋိဇီဝဆေးဖက်ဝင် အာနိသင်ကြောင့် amoebiasis ပိုးဝင်တဲ့ ဝမ်းကိုက်ရောဂါကို ကုသနိုင်ပါတယ်။ ကလေးတွေမှာ ဖြစ်ခဲ့ရင် တမာရွက်အဆီအနှစ်ကို ဗိုက်မှာလိမ်းပေးရင် အူရောင်ခြင်း နဲ့ ဗိုက်အောင့်ခြင်းကို သက်သာ စေနိုင်ပါတယ်။
သတိထားဖို့ အရေးကြီးတဲ့အချက်
တမာကို စားမယ်၊ အရည်ကြိတ်သောက်မယ်၊ ပြုတ်သောက်မယ်ဆိုရင် အရွယ်ရောက်ပြီးသူတွေအတွက် ခဏတာ တော့ ဘေးကင်းနိုင်ပါတယ်။ ကလေးတွေကို မတိုက်ကျွေးသင့်ဘူးလို့ ပညာရှင်တွေက သတိပေးထားပါတယ်။
တမာကို ပမာဏ များများ၊ အချိန်ကြာကြာ စွဲမသောက်သင့်ပါဘူး။ ကိုယ်ခံအားကိုတော့ တိုးစေနိုင်ပေမယ့် ကိုယ်ခံအားပြန်လည်တိုက်ခိုက်တဲ့ autoimmune ရောဂါတွေ (ဥပမာ- လေးဖက်နာ အဆစ်ရောင်ရောဂါ) ရှိသူတွေအတွက် သတိထားဖို့အရေးကြီးပါတယ်။
ad icon
advertisement
ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးနေရတဲ့ ဆေးဝါးတွေနဲ့ ဓာတ်ပြုတုံ့ပြန်မှုတွေလည်း ရှိလာနိုင်တာမို့ သတိထားသင့်ပါတယ်။
ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့ အန္တရာယ်ရှိတာမို့ ကိုယ်ဝန်ရှိသူတွေ တမာဆေးဝါး၊ တမာကြိတ်ရည်၊ တမာပြုတ်ရည်ကို မသောက်သုံးသင့်ပါဘူး။
တမာက ဆီးချိုကိုကျစေနိုင်တယ် ဆိုတာကြောင့် ဆီးချိုရှိသူတွေအနေနဲ့ ပမာဏများများကို မစားသင့်၊ မသောက်သင့်ပါဘူး။ ဆရာဝန်ညွှန်တဲ့ ဆီးချိုကျဆေးတွေနဲ့ ပေါင်းမိရင် သွေးတွင်းသကြား.
ဓာတ်ကျဆင်းမှု လွန်ကဲနိုင်တဲ့ အန္တရာယ်ရှိပါတယ်။
တမာ ကို စားသုံးမှု လွန်ကဲရင် ကျောက်ကပ်နဲ့ အသည်းကို ပျက်စီးစေနိုင်တယ်၊ သုက်ပိုးအရေအတွက် လျော့နည်းစေနိုင်တယ်လို့ လည်း သိရပါတယ်။
#နွယ်မြစ်သစ်ပင်ဆေးဘက်ဝင်
#ကျန်းမာရေး
#ကျန်းမားရေးဗဟုသုတ
#tuntunmin
#foryou
#မူရင်းရေးသားသူအားရိုသေစွာဖြင့်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
စစ်ပွဲကြောင့် မပျော်နိုင်ဖြစ်နေတဲ့မြို့သားတွေအတွက် မျက်လှည့်ဆရာလေးက မှော်ဆင်ကြီးတစ်ကောင် ခေါ်ပေးလိုက်သောအခါ.....
The Magician's Elephant ( 2023 )
==========================
" ဘောလ်တိစ် " ဆိုတဲ့ မြို့ငယ်လေးက မျှော်လင့်ချက်တွေ ဆိတ်သုဥ်းနေတဲ့မြို့လေးလို့ပြောရမယ် ။
သူတို့ကြုံခဲ့ရတဲ့စစ်ပွဲကြီးအပြီးမှာ လူတွေကမပျော်ရွှင်ကြတော့ပါဘူး။
စစ်ကြီးကလဲ ပြီးတာ ဒီကားထဲက ဇာတ်လိုက်လေးရဲ့တစ်သက်ရှိနေပြီ။ ဒါပေမဲ့ လူတွေက ပျော်ရွှင်မှုတွေမရကြသေးဘူး ။
မျှော်လင့်ချက်တွေ ယုံကြည်မှုတွေ ပြန်မရှင်သန်ကြသေးဘဲ အဆိုးတွေပေါ်ပဲအာရုံစိုက် အဆိုးတွေကိုပဲမျှော်လင့်ပြီးနေကြသူတွေပေါ့။
တစ်နေ့မှာ မျက်လှည့်ဆရာကြီးက ဒီလူတွေအတွက် မျှော်လင့်ချက်တွေ ပြန်ရှင်သန်စေဖို့ မန္တန်ကြီးတစ်ခုကို လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်...
ခရမ်းသီးမကြိုက်တဲ့သူတွေတောင်ကြိုက်ကြတယ်နော်
ခရမ်းသီးအသားလိပ်ကြော်လေး ကြော်ကျွေးကြည့်
အရင်ဆုံးခရမ်းသီးတွေကို အပါးအရှည်လေးတွေလှီးထားပါ
ပန်းကန်ထဲ စားချင်တဲ့အသားတွေနူတ်နူတ်စင်းထည့်ပါ
ကြက်သွန်ဖြူ ၊ ကြက်သွန်မြိတ် ၊ ငရုတ်ကောင်း ၊ ပဲငံပြာရည်အကြည် ၊ ခရုဆီ နဲ့ကော်မှူန့်ထည့်နယ်ပါ
ပြီးသွားရင် ပုံမှာပြထားတဲ့အတိုင်း ခရမ်းသီးအပါးလှီးထားတဲ့ပေါ်ကို ဖြန့်ပေးပြီး လိပ်လိုက်ပါ
ကြက်ဥနဲ့ကော်မှုန့်ကို ထည့်ပြီးဖျောထားပေးပါ
လိပ်ထားတဲ့ ခရမ်းသီးအသားလိပ်တွေကိုဖျောထားတဲ့ကော်မှုန့်ရည်ထဲ စိမ်ပြီး ဆီပူပူထဲထည့်ကြော်ပါ
အညိုရောင်လေးတွေဖြစ်လာရင် စားလို့ရပြီနော်
ခရမ်းသီးမကြိုက်တဲ့သူတွေတောင်ကြိုက်ကြတယ်နော်
ခရမ်းသီးအသားလိပ်ကြော်လေး ကြော်ကျွေးကြည့်
အရင်ဆုံးခရမ်းသီးတွေကို အပါးအရှည်လေးတွေလှီးထားပါ
ပန်းကန်ထဲ စားချင်တဲ့အသားတွေနူတ်နူတ်စင်းထည့်ပါ
ကြက်သွန်ဖြူ ၊ ကြက်သွန်မြိတ် ၊ ငရုတ်ကောင်း ၊ ပဲငံပြာရည်အကြည် ၊ ခရုဆီ နဲ့ကော်မှူန့်ထည့်နယ်ပါ
ပြီးသွားရင် ပုံမှာပြထားတဲ့အတိုင်း ခရမ်းသီးအပါးလှီးထားတဲ့ပေါ်ကို ဖြန့်ပေးပြီး လိပ်လိုက်ပါ
ကြက်ဥနဲ့ကော်မှုန့်ကို ထည့်ပြီးဖျောထားပေးပါ
လိပ်ထားတဲ့ ခရမ်းသီးအသားလိပ်တွေကိုဖျောထားတဲ့ကော်မှုန့်ရည်ထဲ စိမ်ပြီး ဆီပူပူထဲထည့်ကြော်ပါ
အညိုရောင်လေးတွေဖြစ်လာရင် စားလို့ရပြီနော်