၁၅ ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံက ရွှေတံဆိပ် ဆွတ်ခူး

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက်

မော်လ်ဒိုက်နိုင်ငံ၌ နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်အထိ ကျင်းပသည့် ၁၅ ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ ရဲထွန်းနောင်က ရွှေတံဆိပ်ဆု ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ် (MBPF) ထံမှ သိရသည်။

ရဲထွန်းနောင်က နိုဝင်ဘာ ၉ ရက်က ပြုလုပ်သော အမျိုးသားကာယဗလပြိုင်ပွဲ (၇၅ ကီလိုတန်း) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ဆု ရရှိခဲ့ကြောင်း MBPF တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ရဲထွန်းနောင်က အားကောင်းသော နိုင်ငံတကာပြိုင်ဘက် ၆ ဦးအား ကျော်ဖြတ်အနိုင်ရရှိခဲ့ခြင်း ဖြစ်ပြီး ဗီယက်နမ်နှင့် အိန္ဒိယတို့မှ ပြိုင်ပွဲဝင်များက ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများ အသီးသီး ရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရဲထွန်းနောင်က ယမန်နှစ်က ပြုလုပ်သော ၇၀ ကီလိုတန်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ငွေတံဆိပ်ဆု ရရှိခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

၁၅ ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၌ နိုင်ငံ ၄၁ နိုင်ငံဝန်းကျင်မှ အားကစားသမား ၃၀၀ ခန့် ပါဝင်ခဲ့ပြီး အတန်းအမျိုးအစား ၅၀ တန်း ပါဝင်ကြောင်း သိရသည်။

#centralnewsnaypyitaw

image

9 w - Translate

ထိုင်ခဲ့တဲ့နေရာလေး၊အစားသောက်လေးတွေလည်းကောင်း။

imageimage
+5

ပြည်ပကို (၁)လအတွင်း ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၄၂၀၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၈၉) သန်း ရရှိထားဟုဆို

နိုဝင်ဘာ ၁၁

ပြည်ပကို အောက်တိုဘာလအတွင်းက ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၄၂၀၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ (၁၈၉) သန်းရရှိထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ထုတ်ပြန်ချက်များအရ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လပိုင်းတွင်းက ဆန်နဲ့ ဆန်ကွဲ ၂၀၇၃၆၉ ဒသမ ၉ မက်ထရစ်တန် တင်ပို့မှုကနေ အမေရိကန် ‌ဒေါ်လာ (၉၇) သန်းနဲ့ စက်တင်ဘာလပိုင်းအတွင်းက ၂၁၉၅၆၅ ဒသမ ၁၃ မက်ထရစ်တန် တင်ပို့မှုမှ အမေရိကန် ဒေါ်လာ (၁၀၄) သန်း ရရှိထားခဲ့တယ်လို့လည်း သိရပါတယ်။

ဆန်နဲ့ ဆန်ကွဲတင်ပို့မှုမှာ ဆန်ကို အင်ဒိုနီးရှားနိုင်ငံဆီ အများဆုံးတင်ပို့ထားပြီး ဆန်ကွဲကို ဘယ်လ်ဂျီယံနိုင်ငံဆီ အများဆုံး တင်ပို့ထားတယ်လို့ သိရပါတယ်။

၂၀၂၄ - ၂၀၂၅ ဘဏ္ဏာရေးနှစ်ရဲ့ ခုနှစ်လတာ ကာလအတွင်းမှာ ဆန်တန်ချိန် ၁၃၆၂၆၃၀ တန်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ (၆၄၇) သန်းရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image

နိုဝင်ဘာ ၁၁ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image

နိုဝင်ဘာ ၁၁ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image
9 w - Translate

"Trump အစိုးရသစ်အောက် လူဝင်မှုကြီးကြပ်ရေး မျှော်မှန်းချက်များ"

VOA :

ရွေးကောက်ခံသမ္မတ Donald Trump ဟာ သူ့ရဲ့ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာ လူဝင်မှုကြီးကြပ်ရေးကို အဓိကအနေနဲ့ထားပြီး၊ တောင်ပိုင်းနယ်စပ်မှာ သူ့အခေါ် "မကြုံစဖူးအမိန့်" တစ်ခုကို အကောင်အထည်ဖော်သွားမယ်လို့ ကတိပြုထားပါတယ်။ သူသမ္မတရာထူး စတင်တာဝန်ယူတဲ့နေ့မှာပဲ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အကြီးမားဆုံး နိုင်ငံထဲကနှင်ထုတ်ရေး လုပ်ငန်းစဉ်ကို စတင်မယ်လို့လည်း ကတိပေးထားပါတယ်။

သူ့ရဲ့မဲဆွယ်စည်းရုံးရေးတလျှောက်လုံးမှာ Trump က လူဝင်မှုကြီးကြပ်ရေးကို အကြပ်အတည်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး၊ တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုတွေကို ထိန်းချုပ်ဖို့နဲ့ နောက်ထပ်ရောက်လာမယ့်သူတွေကို ကန့်သတ်ဖို့ အငြင်းပွားဖွယ် မူဝါဒတွေကို အမြန်ဆုံး အကောင်အထည်ဖော်မယ်လို့ ကတိပြုခဲ့ပါတယ်။

နိုဝင်ဘာ ၅ ရက် အင်္ဂါနေ့ည ဖလော်ရီဒါပြည်နယ်မှာ အနိုင်ရမိန့်ခွန်းပြောကြားရာမှာ Trump က "ကျွန်တော်တို့ နယ်စပ်တွေကို ပြန်ပြင်မယ်။ လူတွေပြန်လာစေချင်ပါတယ်။ ဒါပေမယ့် သူတို့ တရားဝင်နည်းလမ်းနဲ့တော့ ပြန်လာရမယ်" လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် လူသန်းပေါင်းများစွာ ပြန်လည်ဝင်ရောက်ခွင့်ရရေး စီမံခန့်ခွဲဖို့က ကြီးမားတဲ့ဥပဒေရေးရာနဲ့ လက်တွေ့ဆောင်ရွက်ရေး စိန်ခေါ်မှုတွေ ရှိနေပါတယ်။

ဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေတဲ့ Hebrew Immigrant Aid Society အဖွဲ့အစည်းရဲ့ အမှုဆောင်အရာရှိချုပ် Mark Hetfield က "တန်းစီပြီး စောင့်ဝင်ရမယ်ဆိုတဲ့ ယုံကြည်မှုရှိနေပေမယ့် အများအားဖြင့် တန်းစီစရာ နေရာမရှိပါဘူး" လို့ VOA ကို ပြောပါတယ်။

Migration Policy Institute (လူဝင်မှုကြီးကြပ်ရေးရာမူဝါဒတွေစောင့်ကြည့်လေ့လာတဲ့အဖွဲ့) ရဲ့ အစီရင်ခံစာကလည်း ဒီအချက်ကို ထောက်ပြထားပြီး၊ အမြဲတမ်းနေထိုင်ခွင့် (ဂရင်းကဒ်) အတွက် စောင့်ဆိုင်းရတဲ့ အချိန်ကာလကို သတ်မှတ်တဲ့ ဗီဇာလမ်းကြောင်းအမျိုးမျိုး ရှိပြီး၊ တစ်ခုချင်းစီမှာ မတူညီတဲ့ အချိန်ကြန့်ကြာမှုတွေနဲ့ စောင့်ဆိုင်းချိန်တွေ ရှိနေပါတယ်။

နှစ်စဉ်ကန့်သတ်ချက်တွေနဲ့ နိုင်ငံအလိုက် ခွဲတမ်းတွေကြောင့် ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေပြီး၊ လျှောက်ထားသူအချို့ဟာ ဆယ်စုနှစ်တွေကြာတဲ့အထိ စောင့်ဆိုင်းနေရပါတယ်။ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူအများစုဟာ တင်းကြပ်တဲ့ ပြန်လည်ဝင်ရောက်ခွင့် မူဝါဒတွေကြောင့် တန်းစီစောင့်ဆိုင်းပြီး ဝင်ရောက်နိုင်မယ့် အခွင့်အလန်းမရှိပါဘူး။

၁၉၉၆ ခုနှစ် တရားမဝင်လူဝင်မှုကြီးကြပ်ရေးပြုပြင်မှုနဲ့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ တာဝန်ယူမှုအက်ဥပဒေအရ၊ အမေရိကန်မှာ "တရားမဝင်နေထိုင်မှု" သမိုင်းကြောင်းရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ပြန်လည်ဝင်ရောက်မှုကို ပိတ်ပင်ထားပါတယ်။ သူတို့ထွက်ခွာသွားပြီး တရားဝင်ပြန်လည်ဝင်ရောက်လိုရင်၊ ရက် ၁၈၀ ထက်ပိုပြီး တစ်နှစ်အောက် တရားမဝင်နေထိုင်ခဲ့သူတွေဟာ သုံးနှစ်ကြာ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်ခံရမှာဖြစ်ပြီး၊ တစ်နှစ်ထက်ပိုပြီး တရားမဝင်နေထိုင်ခဲ့သူတွေဟာ ၁၀ နှစ်ကြာ ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။

တရားမဝင်နေထိုင်မှုဆိုတာ ယေဘုယျအားဖြင့် ခွင့်ပြုကာလထက်ကျော်လွန်နေထိုင်ခြင်း သို့မဟုတ် စစ်ဆေးမှုမရှိဘဲ ဝင်ရောက်ခြင်းတို့ ပါဝင်ပါတယ်။

အမေရိကန်သမိုင်းမှာ နိုင်ငံထဲကနှင်ထုတ်ရေး အကြီးမားဆုံးလှုပ်ရှားမှု

Trump က ဒီတကြိမ် အစိုးရသက်တမ်းမှာ သူ့ရဲ့ပထမသမ္မတသက်တမ်းအတွင်း ပြည်နှင်ဒဏ်ပေးခဲ့တဲ့အရေအတွက်ထက် ကျော်အောင်လုပ်သွားမယ်လို့ ကတိပြုထားပါတယ်။

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးဖို့ ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့ (National Guard) ကို အသုံးပြုဖို့ အစီအစဉ်နဲ့အတူ၊ Trump က အမေရိကန်ပြည်ထောင်စုကို ရန်လိုတယ်လို့ သတ်မှတ်ထားတဲ့ နိုင်ငံတွေက နိုင်ငံသားမဟုတ်သူတွေကို နိုင်ထုတ်ခွင့်ပေးထားတဲ့ ၁၈ ရာစုက Alien Enemies Act ကိုလည်း ကိုးကားထားပါတယ်။

Trump က အထောက်အထားမဲ့ နေထိုင်တဲ့ လူဦးရေကို သိသိသာသာလျှော့ချဖို့ ရည်ရွယ်ထားပြီး၊ သူ့ရဲ့ထောက်ခံသူတွေက ဒါဟာ နိုင်ငံကိုပြန်လည်ထိန်းသိမ်းဖို့ တည်ဆောက်ရေးအတွက် ခြေလှမ်းတစ်ရပ်လို့ မြင်ကြပေမယ့်၊ ဆန့်ကျင်သူတွေကတော့ ဥပဒေရေးရာနဲ့ လက်တွေ့ဆောင်ရွက်ရေးမှာ အခက်အခဲတွေ ဖြစ်လာမယ်လို့ ထောက်ပြနေကြပါတယ်။

American Immigration Council ရဲ့ အမှုဆောင်ဒါရိုက်တာ Jeremy Robbins က VOA ကို အီးမေးလ်ပို့ရာမှာ သမ္မတတစ်ယောက်က အစုလိုက်အပြုံလိုက် နိုင်ငံထဲကနှင်ထုတ်ရေးကို လုပ်ဆောင်မယ်ဆိုရင် အစိုးရအတွက် ကြီးမားတဲ့ကုန်ကျစရိတ်တွေ ဖြစ်လာမယ့်အပြင် စီးပွားရေးကိုလည်း ထိခိုက်စေမယ်လို့ ရေးသားခဲ့ပါတယ်။

"မူဝါဒချမှတ်သူတွေနဲ့ အမေရိကန်ပြည်သူတွေအနေနဲ့ ဒါဟာ ဘာတွေပါဝင်မယ်ဆိုတာ နားလည်ဖို့ အရေးကြီးပါတယ် - အခွန်ထမ်းငွေ ဘီလီယံပေါင်းများစွာ၊ လက်ရှိအခက်အခဲဖြစ်နေတဲ့ လုပ်ငန်းကဏ္ဍတွေ ထိခိုက်ပျက်စီးမှု၊ လူသန်းပေါင်းများစွာ ထိန်းသိမ်းခံရမှု၊ မိသားစုထောင်ပေါင်းများစွာ ကွဲကွာရမှုတွေကြောင့် တနိုင်ငံလုံးက လူ့အသိုင်းအဝိုင်းတွေမှာ ကျယ်ပြန့်တဲ့ ကြောက်ရွံ့မှုနဲ့ ဝရုန်းသုန်းကား အခြေအနေတွေ ပေါ်ပေါက်လိ့မ်မယ်" လို့ Robbins က ရေးသားခဲ့ပါတယ်။

9 w - Translate

"တရုတ်နိုင်ငံမှ ရေဒါမပေါ်သည့် တာဝေးသွားနိုင်သော CH-7 ဒရုန်းများ ထုတ်လုပ်လာသည်။"

တရုတ်နိုင်ငံ၏ ဆန်းကြယ်သော CH-7သည် လျှို့ဝှက်ပျံသန်းနိုင်ပြီးအရွယ်အစားအနေဖြင့် နှိုင်းယှဉ်ကြည့်လျှင် ပိူမို ကြီးမားကြောင်းသိသာထင်ရှားလာပုံရသည်။တောင်ပံမောင်းသူမဲ့လေယာဉ်၏ ပထမဆုံးဥပမာကို ယခင်ပုံစံများနှင့် နှိုင်းယှဉ်ကာ ယင်းက ထောက်လှမ်းမှု၊ ထောက်လှမ်းမှုနှင့် ထောက်လှမ်းရေး (ISR) အတွက် အံဝင်ခွင်ကျဖြစ်ဟန်တူသော်လည်း ထောက်လှမ်းနိုင်သော၊ တာရှည်ခံနိုင်သော ဒရုန်းများကို တီထွင်ထုတ်လုပ်ရန် တရုတ်၏အရှိန်မြှင့်ကြိုးပမ်းမှုများကို ညွှန်ပြနေသော်လည်း ၎င်းသည် ကင်းထောက်တိုက်ခိုက်ရေးလေယာဉ် (UCAV)အနေဖြင့် တိုက်ခိုက်မှုမစ်ရှင်များကို လုပ်ဆောင်မည်ဟု အခိုင်အမာဆိုထားသည်။

တရုတ်အစိုးရမီဒီယာမှ ယနေ့ထုတ်ပြန်သည့် ဗီဒီယိုနှင့် ရုပ်ပုံများသည် ဝေဟင်၌ မမြင်ရသော်လည်း ယနေ့အထိ အမည်မသိ ပြေးလမ်းပေါ်တွင် ဒရုန်းယာဉ်ကို ပြသထားသည်။ အဝါရောင်အဆင်းရှိသော primer coatကို တရုတ်လေယာဉ်များတွင် စမ်းသပ်ဆဲကာလတွင် မကြာခဏ မြင်တွေ့ရသည်။ တစ်ချိန်တည်းတွင်၊ တောင်ပံ၏ ထိပ်စွန်းများရှိ ထင်ရှားသောလေကြောင်း ဒေတာစုံစမ်းစစ်ဆေးမှုတစ်စုံသည် ၎င်းသည် ရှေ့ပြေးပုံစံ သို့မဟုတ် မထုတ်လုပ်မီစက်ဖြစ်နိုင်သည်ဟု ထောက်ပြသည်။

image
9 w - Translate

လန်ဒန်ဒါဘီမှာ သူငယ်ချင်းဟောင်းနှစ်ယောက် ဘယ်သူ အသာရမလဲ...

ဒီညမှာတော့ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ လန်ဒန်ဒါဘီတွေ့ဆုံမှုရှိနေပါတယ်။ လန်ဒန်ဒါဘီပြိုင်ဘက်တွေထဲမှာ အာဆင်နယ်နဲ့ပတ်သက်ရင် အခါးသီးဆုံးက စပါးဖြစ်ပေမယ့် အတိတ်နေ့စွဲအောင်မြင်မှုအရတော့ ခြင်္သေ့ပြာနဲ့ ဂန်းနားတွေက အကြီးကျယ်ဆုံးပါပဲ။ အခုဆိုရင်တာ့ ဒီညထိပ်တိုက်တွေ့ဆုံမှုနဲ့အတူ ဘရိုက်တန်မှာ သူငယ်ချင်းဟောင်းတွေဖြစ်ခဲ့ဖူးတဲ့ မွိုက်ဆက်ကိုင်စီဒိုနဲ့ လီအန်ဒရိုထရိုဆက်တို့ဟာ ပြိုင်ဘက်တွေအဖြစ် မြက်ခင်းစိမ်းပေါ်မှာ ရင်ဆိုင်ရတော့မှာပါ။

နှစ်သင်းစလုံးက ထိပ်ဆုံး ၄ သင်းစာရင်းဝင်မျှော်လင့်ချက်ကိုယ်စီနဲ့ ရှေ့ဆက်နေကြတာဖြစ်တယ်။ ဒီလိုအချိန်မှာ ဂန်းနားကြယ်ပွင့် ထရိုဆက်က ချဲလ်ဆီး ကွင်းလယ်လူ ကိုင်စီဒိုရဲ့ အရည်အချင်းနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုလာခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ဘရိုက်တန်မှာ အတူတွဲကစားခဲ့ကြဖူးသူတွေဖြစ်လို့ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းနားလည်ပြီးသားဖြစ်တယ်။

ထရိုဆက်က "သေချာတာကတော့ သူဟာ ထိပ်တန်းကစားသမားပါ။ ဘရိုက်တန်ကို သူရောက်လာတုန်းက အသင်းကြီးတစ်သင်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ယောက်ဖြစ်နိုင်တယ်ဆိုတာကို ကျွန်တော် ချက်ချင်းသိခဲ့တယ်။ ချဲလ်ဆီးကစားသမားဘဝအစမှာ အခြေအနေတစ်ခုကြောင့် ခက်ခဲနေတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခု သူက ပိုကြီးတဲ့ အခန်းကဏ္ဍနဲ့ ပိုကြီးတဲ့ သက်ရောက်မှုတွေ ရှိနေတယ်" လို့ ချီးကျူးခဲ့ပါတယ်။ သူငယ်ချင်းဟောင်းနှစ်ယောက် ထိပ်တိုက်တွေ့မယ့် လန်ဒန်ဒါဘီမှာ ချဲလ်ဆီးလား၊ အာဆင်နယ်လား ဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပါ။

image