11 w - Translate

#tattooideas

imageimage
+8
11 w - Translate

𝖩.𝗎.𝗌.𝗍  𝖲.𝗎.𝗉.𝖾.𝗋  (2022)

ဟက်ဒ်ဝစ်ဟာ ထရိုးမြို့ကလေးမှာ နေထိုင်ပြီး ဂိမ်းဆော့ရတာကို ကြိုက်တဲ့ သာမန်ကောင်မလေးတစ်ယောက်ပါ။

သူတို့မြို့ကလေးမှာ ခေတ်အစဉ်အဆက် မြို့ကလေးကို လုံခြုံအောင် ကာကွယ်ပေးလာတဲ့ စူပါလိုင်းယွန်းဆိုတဲ့ သူရဲကောင်းရှိပါတယ်။

သူဘယ်သူလဲဆိုတာတော့ တစ်မြို့လုံးက မသိရပေမယ့် သူရှိနေရင် မြို့ကလေးက လုံခြုံနေပါတယ်။တကယ်တော့ ဒီသူရဲကောင်းက
ဟက်ဒ်ဝစ်ရဲ့ အဖေဖြစ်ပါတယ်။

ဒါပေမဲ့ သူ့အဖေဟာ ဟက်ဒ်ဝစ်ရဲ့ အမေဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ဟက်ဒ်ဝစ်အပေါ် မနွေးထွေးနိုင်တော့သလို သူတို့ကို မျိုးရိုးစဉ်ဆက် စွမ်းအင်ပေးလာတဲ့ စူပါဝတ်စုံကို လက်ဆင့်ကမ်းဖို့လည်း အတွေးထဲမရှိတော့ပါဘူး။

အဲဒီတော့ ဟက်ဒ်ဝစ်အစား အရည်အချင်းရှိတဲ့ သူ့တဝမ်းကွဲအစ်ကို အေဒရီယန်ကို ဝတ်စုံကို လွဲပေးဖို့ လုပ်ပါတော့တယ်။

ဒီတော့ ဟက်ဒဝစ်လေးခမျာ သူ့အဖေကို သူလုပ်နိုင်ကြောင်း သူ့မှာလည်း အရည်အချင်းရှိကြောင်း သက်သေပြဖို့အတွက် ကြိုးစားပါတော့တယ်။

ဒီတော့ သူ့အနေနဲ့ သူ့အဖေကို သက်သေပြနိုင်အောင် ကြိုးစားနိုင်ပါ့မလား၊ ဒီဝတ်စုံကိုရော သူရမှာလား၊ သူ့တဝမ်းကွဲအစ်ကိုကရော ဒီဝတ်စုံနဲ့ တကယ်ထိုက်တန်ရဲ့လားဆိုတာကို

စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ကာတွန်းကားကောင်းလေး ဖြစ်ပါတယ်။

ကြည့်ရန်နှိပ်ပါ

t.me/englishmovie200/406

Main channel

t.me/addlist/43SAvNGGjGExNWVl

image
11 w - Translate

As the Gods Will (2014)

အခုတစ်လော ဗီယက်နမ် ရုပ်ရှင်တင်တဲ့ ဆိုက်တစ်ခုကနေ တင်လိုက်လိုပြန်လည်နာမည်ကြီး ဟော့နေတဲ့ ဇာတ်ကားလေးကို
တင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးက IMdb 6.5 ရထားပြီးတော့ anime ကို live action ပြန်ရိုက်ထားတာပါ… အသက်နဲ့ရင်းပြီးကစားရတဲ့ ကစားနည်းတွေ…
ဖြတ်ထိုးဉာဏ်.. စည်းလုံးမှု… ကိုယ်အား.. စိတ်အား… ကံ.. ဝီရိယဘက်စုံသုံးပြီး အဆင့်တွေ ကျော်လွှားရတာ… နည်းနည်းကလေးဆန်ပေမယ့်
ထင်မထားတဲ့ အကွက်လေးတွေ ပါပါတယ်..m.ကာတွန်းမှာ ကာတွန်းမို ဒီတိုင်းကျော်သွားလိုရပေမယ့် လူနဲ့ပြန်ရိုက်တဲ့အခါမှာတော့ ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတဲ့အကြောင်းအရင်း
ရယ် .. ကျောင်းသားတွေ သောက်သောက်လဲသေပေမယ့် ဘာမှအဖြေထွက်မလာတာရယ်ကတော့ ဘဝင်မကျစရာအချက်တွေပါ… ဒါပေမယ့် anime ကို နှစ်သက်သူ…
ဂျပန်ကားကို ကြိုက်သူတွေအတွက်တော့ ကြည့်ပျော်ရှုပျော်ဖြစ်မယ့် ကားတစ်ကားပါပဲ

image
11 w - Translate

လေယာဉ် ရေပေါ်မှာ ပေါ်နိုင်သလား။
ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့။
ဟုတ်ပါတယ်။
အချိန်အတိုင်းအတာတခုထိ ပေါ်‌နေနိုင်ပါတယ်လို့ ဖြေရမှာ ဖြစ်ပါတယ်။
ဖြစ်ရပ် တခုကို ပြရရင် ငှက်အုပ်နဲ့တိုးလို့ ဟတ်ဆန်မြစ်ထဲကို အရေးပေါ်ဆင်း သက်ခဲ့တဲ့ဖြစ်စဉ်မှာ လေယာဉ်ဟာ ရေပေါ်မှာ ပေါ်နေခဲ့လို့ ခရီးသည်တွေကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ဒီတခါတော့ လေယာဉ်ရေပေါ်အောင် ဘယ်လိုစနစ်က ထောက်ကူနေသလဲ ဆိုတာ သိသလောက် တင်ပြပါ့မယ်။
လေယာဉ်ကိုယ်ထည်ဟာ အလုံပိတ်ဖြစ်ပြီး လေဖိအားရအောင် ပြုလုပ်ပေးထားရပါတယ်။
ဒီအကြောင်းကို လေဖိအားမြှင့်စနစ် (Pressurization System) ဆောင်းပါးမှာဖေါ်ပြခဲ့ဖူးပါတယ်။
လေဖိအား အနည်းအများကို ထိန်းညှိဖို့ကတော့ Outflow Valve ၂ ခုကို လေယာဉ်ကိုယ်ထည် နောက်ဖက်မှာတပ်ဆင်ထားပါတယ်။
လျှပ်စစ်သံလိုက်နဲ့ ထိန်းတဲ့ Electromagnetic Outflow Valve ရှိသလို၊ လေဖိအားနဲ့အလုပ်လုပ်တဲ့ Pneumatic Outflow Valve လဲ ရှိပါတယ်။
ဖိအားများရင် ဖွင့်ပေးပြီး နဲရင်တော့ ပိတ်ပေးပါတယ်။
ဒီ ၂ ခုက ကိုယ်ထည်ရဲ့ ပြင်ပ လေထုနဲ့ ဆက်သွယ်နေပါတယ်။
လေယာဉ်အရေးပေါ်လို့ ရေပြင်ကို ဆင်းရမယ်ဆိုရင် လေဖိအားကို ဦးစွာလျော့ချပါတယ်။
Outflow Valve တွေကို ဖွင့်လိုက်တာပါ။
ပြီးရင်တော့ အကုန်ပြန်ပိတ်ချလိုက်ပြီး ရေပြင်ပေါ်ဆင်းပါတယ်။
ဒီနေရာမှာ Outflow Valve ပိတ်ဖို့ Ditching စနစ်ပါပါတယ်။ Outflow Valve တွေ ပိတ်သွားရင် လေယာဉ်ရေလုံသလိုဖြစ်ပြီး ရေပေါ်မှာ အချိန်တခုထိပေါ်နေမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

image

မြန်မာဘက်က ဆန္ဒပြမှုကြောင့် ထိုင်းနိုင်ငံဘက်က ဖြတ်တောက်မှုအစီအစဉ်တွေ ပြောင်းလဲသွားမှာမဟုတ်ကြောင်း ထိုင်းအစိုးရပြော

ဖေဖော်ဝါရီ ၁၁

ထိုင်းအစိုးရရဲ့ ဦးစားပေးဆောင်ရွက်မှုက ထိုင်းနိုင်ငံသားတွေကို ကျားဖြန့် (အွန်လိုင်းငွေလိမ်ဂိုဏ်း) အန္တရာယ်က ကာ ကွယ်ပေးဖို့ဖြစ်ပြီး ထိုင်းကုန်စည်တွေကို သပိတ်မှောက်ဖို့ မြန်မာနိုင်ငံဘက်က ဆန္ဒပြသူတွေတောင်းဆိုမှုကြောင့် အဲဒီ ဦးစားပေးအစီအစဉ် ပြောင်းလဲသွားမှာမဟုတ်ကြောင်း ထိုင်းအစိုးရက ဖေဖော်ဝါရီ ၁၀ ရက်နေ့ (တနင်္လာနေ့) က ပြော ကြားလိုက်ပါတယ်။

မြန်မာနိုင်ငံက ကျားဖြန့်ဂိုဏ်းတွေ ကျက်စားရာ နေရာငါးခုကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်ဓာတ်အား၊ လောင်စာဆီနဲ့ အင်တာနက်ဝန်ဆောင်မှုတွေ ဖြတ်တောက်လိုက်ပြီးနောက် မြန်မာနိုင်ငံသားတချို့က ထိုင်းကုန်စည်တွေကို သပိတ် မှောက်ဖို့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေအနေနဲ့ ၎င်းတို့ မကျေနပ်မှုတွေကို လွတ်လပ်စွာဆန္ဒပြထုတ်ဖော်ခွင့်ရှိပေမဲ့ ၎င်းတို့ရဲ့ဆန္ဒပြမှုဟာ မြန်မာ နိုင်ငံထဲက တာချီလိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူနယ်စပ်ဒေသတွေကို လျှပ်စစ်ဓာတ်အား၊ လောင်စာဆီနဲ့ အင်တာနက်ဝန် ဆောင်မှုတွေ ဖြတ်တောက်မယ့် ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ကြောင်း ဒုတိယ ဝန်ကြီး ဖမ်သမ်ဝီချာယာချိုင်းက ပြောပါတယ်။

“သူတို့ (ကျားဖြန့်ဂိုဏ်းတွေ) အနေနဲ့ သေသေချာချာ စဉ်းစားသင့်တယ်။ သူတို့ဟာ ထိုင်းနိုင်ငံကလာတဲ့ စားနပ်ရိက္ခာ ကုန်စည်တွေကို မှီခိုနေရတာဖြစ်တယ်။ အဲဒီစားနပ်ရိက္ခာတွေ မရှိရင် သူတို့ ကိုယ့်ဘာသာကိုယ် ရုန်းကန်နေရမှာဖြစ် ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

“ကျွန်တော်တို့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ အဓိကအာရုံစိုက်တာက ထိုင်းနိုင်ငံရင်ဆိုင် နေရတဲ့ ပြဿနာကို အာရုံစိုက်တာပါ။ ဒီပြဿနာကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်ပြီး ဖြေရှင်းရမှာပါ။” လို့ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာဖမ်သမ်က ပြောပါတယ်။

ဆန္ဒပြအရေအတွက်ဟာ အနည်းအကျဉ်းသာရှိကြောင်း၊ ထိုင်းအစိုးရအနေနဲ့ ထိုင်းလူမျိုးတွေကို ကာကွယ်ဖို့အတွက် မြန်မာနိုင်ငံထဲက ကျားဖြန့်ဂိုဏ်းတွေ သုတ်သင်ရှင်းလင်းရေးကို ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

ဒါပေမဲ့ ဖျော်ဖြေရေးနေရာတွေနဲ့ ကျားဖြန့််လုပ်ငန်းဆောင်ရွက်နေတဲ့ ရာဇဝတ်ဂိုဏ်းနေရာတွေမှာ ၎င်းတို့ ကိုယ်ပိုင်မီး စက်တွေနဲ့ ထိန်ထိန်သာနေပြီး ၎င်းတို့လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေဆဲအချိန်မှာပဲ မြန်မာနိုင်ငံ နယ်စပ် ဒေသက သာမန်ပြည်သူတွေကတော့ အမှောင်ထဲမှာ နေနေရတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ မြန်မာနိုင်ငံ နယ်စပ်ကို ခိုးသယ်နေတဲ့ လောင်စာဆီတွေနဲ့ ဆိုလာပြား မှောင်ခိုကုန်ကူးမှုတွေ ကိုလည်း နှိမ်နှင်းနေပါတယ်။

Ref: Myanmar to stay in the dark

#centralnewsnaypyitaw

image

ငှက်ပျင်းရွာ ယောမြေ

image

ငှက်ပျင်းရွာ ယောမြေ

image

ငှက်ပျင်းရွာ ယောမြေ

image

ငှက်ပျင်းရွာ ယောမြေ

image

ငှက်ပျင်းရွာ ယောမြေ

image