Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မူဆယ်မှာ စက်သုံးဆီဆိုင်တွေ ပိတ်ကုန်ပြီး လမ်းဘေးဆိုင်တွေမှာ တလီတာ တသောင်းကျော်ထိ ဈေးတက်
နိုဝင်ဘာ ၁၄
တရုတ် - မြန်မာ နယ်စပ် မူဆယ်မြို့မှာ အခုရက်ပိုင်းအတွင်း စက်သုံး ဆီ ပန့်ဆိုင်တွေပိတ်ကုန် ပြီး လမ်းဘေးဆိုင်တွေ တလီတာ ၉၅၀၀ ကနေ တသောင်း ကျော် ထိ ဈေး တက်နေကြာင်း ဒေသခံတွဆီက သိရပါတယ်။
"အခုက တရုတ် ဆီတွေ မဝင်တော့ လက်ကျန်တွေရောင်းနေရတာ။ ကျွန်တော့်ဆိုင်တော့ တလီတာ ၉၅၀၀ ပဲ။ တရုတ်ဆီက ရှားသွားပြီ။" လို့ လမ်းဘေး ပန့်ဆီဆိုင် အသေး နဲ့ ရောင်းနေသူက ပြောပါတယ်။
အရင်က အရောင်း သိပ်မသွက်တဲ့ ဆီဆိုင် နှစ်ဆိုင်လောက်သာ လက်ကျန်ဆီေတွ များများရှိ နေသေးပြီး တလီတာကို ၁၂၀၀၀ အထိရှိကာ ဒီဇယ်ေတာ့ ဝယ်ရ ပိုခက်ခဲ တဲ့ အခြေအနေ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
"တလီတာခွဲကို နှစ်သောင်းရာင်းတယ်။ အခုက ပန့်ဆီဆိုင်ကြီးတွေ ဆီ မရောင်းပေးဝောာ့ဘူး" လို့ လမ်းဘေး ဗူးေတွနဲ့ ရောင်း နေတဲ့ အမျိုးသမီး တယောက်က ပြောပါတယ်။
ပြည်တွင်းကဆီ ၁၉ လီတာ ပုံး တပုံး နှစ်သိန်းရှိပြီး တရုတ်ဆီ ၂၀ လီတာ ပုံး တပုံး နှစ်သိန်းေကျာ်တယ်လို့ ဆိုပါတယ်။
"ပရဟိတတွကလည်း အခက်အခဲ ကြုံနေရတယ်။ ဆီက မရဘူး ဖြစ်နေတယ်။ အကုန်လုံးကခက်နကြတယ်။ အခုဟာက ပန့်ဆိုင်ကြီးတွေမှာ ဆီမရပဲနဲ့ လမ်းဘေးဆိုင်ေတွမှာက ပုံးတွေနဲ့တာင် ရနေတယ်။ ဘာသဘောလည်း မသိဘူး။ လမ်းဘေးမှာ ကားေတွနဲ့ေရာင်းနတယ်။ ပုံးတွေနဲ့ ထိုင်ရာင်းတယ်။" လို့ ပရဟိတ အသင်းတသင်းရဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
တချို့ပန့်ဆိုင်ကြီးတွေ ဆီရေသးပမယ့် အချိန်နဲ့ အကန့်အသတ်နဲ့သာ ရောင်း ပေးတယ်လို့ ဆိုပါတယ်။
လမ်းဘေးတွေမှာ ပုံးနဲ့ ရောင်း နေတဲ့ တချို့ ဆီသည်ေတွက ရေနဲ့ ရောပြီး ရောင်းေပးတာကြာင့် ကားတွ ပျက်၊ ဒုက္ခရာက်ရတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။
"လမ်းဘေးက ဆီဝယ်တာကို ပုံးအဝါနဲ့ ရေတဝက် ဆီ တဝက် ဖြစ်နေတာ။ ကားပါ ပျက်သွားတာ" လို့ သူက ပြောပါတယ်။
စက်သုံးဆီ ဝယ်ရ ခက်ခဲလာတာကြောင့် ဆိုင်ကယ်သုံးပြီး ဈေးသွားေဈးပြန် ဈေးရာင်းေနရသူတွေလည်း အခက်အခဲ တွေဖြစ်နကြတယ် လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစ တရုတ်ဘက်က မြန်မာ နိုင်ငံဘက် ကုန်စည် တင်သွင်းနေတဲ့ မူဆယ်မြို့ပေါ်က နယ်စပ်ဂိတ်တွကနေ ကုန်စည်တင်သွင်းမှု ကန့်သတ်လိုက်တာ ဖြစ်ပြီး စက်သုံးဆီအပါအဝင် မူဆယ် မြို့ပေါ်မှာ တချို့ကုန်စည်တွေ ပြတ်လပ်နေကြောင်း မူဆယ် ဒေသခံတွဆီက သိရပါတယ်။
Photo : Shy V
Credit - VOM
#သတင်းဟင်းလေးအိုးကြီး
ရုရှားနှင့်ကုန်သွယ်မှု ဒေါ်လာ ၁၀၀ ဘီလျံအထိ ရောက်မည်ဟု အိန္ဒိယပြော
နိုဝင်ဘာ ၁၄
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ (S Jaishankar) သည် ရုရှား၏ ဒုတိယဝန်ကြီးချုပ် ဒန်းနစ် မန်တူရော့ဗ် (Denis Manturov) နှင့် နိုဝင်ဘာ ၁၂ ရက်က နယူးဒေလီ (New Delhi) မြို့တော်တွင် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း India Express မှ ဖော်ပြခဲ့သည်။
၂၅ ကြိမ်မြောက် အစိုးရအချင်းချင်း ဆက်ဆံရေးကော်မရှင် အစည်းအဝေးတွင် ၎င်းတို့ ၂ ဦးသည် ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှုပူးပေါင်း ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
အိန္ဒိယနှင့် ရုရှားအကြား ကုန်သွယ်မှုသည် ပြီးခဲ့သည့် ၅ နှစ်အတွင်း ၅ ဆ ပိုမိုမြင့်တက်ခဲ့ကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ကုန်သွယ်ရေးသည်လည်း ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
လက်ရှိတွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးသည် ဒေါ်လာ ၆၀ ဘီလျံရှိနေပြီး ၂၀၃၀ ပြည့်နှစ်တွင် ကုန်သွယ်မှု တန်ဖိုး ဒေါ်လာ ၁၀၀ ဘီလျံအထိ ရောက်ရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။
ကုန်သွယ်ရေး ဟန်ချက်ညီမှုသည်လည်း ပိုမိုမြင့်တက်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။
မန်တူရော့ဗ်ကလည်း ယူရေးရှား စီးပွားရေး သမဂ္ဂ (EAEU) နှင့် အိန္ဒိယအကြား လွတ်လပ်သည့် ကုန်သွယ်ရေး သဘောတူညီချက် (FTA) ကို အပြီးသတ်ချုပ်ဆိုရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အိန္ဒိယနှင့် ရုရှား ဘဏ်များအကြား ပူးပေါင်းဆောင်ရွက်မှု မြင့်တင်ရေးကိုလည်း ဆွေးနွေးခဲ့သည်။
လက်ရှိတွင် နှစ်နိုင်ငံစလုံး၌ အိန္ဒိယငွေကြေးနှင့် ရုရှားငွေကြေး ဖလှယ်မှုသည် ၉၀ ရာခိုင်နှုန်း ရှိသည်။
"သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ပူးပေါင်းကြိုးပမ်း အားထုတ်မှုတွေဟာလည်း တန်းတူညီမျှ အရေးအကြီးပါတယ်။ ကျနော်တို့ဟာ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်းတွေ ချဲ့ထွင်ပြေးဆွဲဖို့ စိတ်ဝင်စားခဲ့ပါတယ်။ ကျနော် တို့ဟာ လေကြောင်းလိုင်းတွေ မကြာခဏ တိုးမြှင့်ပြေးဆွဲဖို့ ၊ လမ်းကြောင်း ကွန်ရက်တစ်ခု ဖော်ဆောင်ဖို့နဲ့ အိန္ဒိယ လေကြောင်းလိုင်း ခရီးစဉ်တွေ ပြန်စတင်ဖို့ မျှော်မှန်းထားပါတယ်"ဟု မန်တူရော့ဗ်က ပြောကြားခဲ့သည်။
Source: India Express
ပုံ - အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာနဲ့ ရုရှားဒုတိယဝန်ကြီးချုပ် ဒန်းနစ် မန်တူရော့ဗ်ကို တွေ့ရစဉ်
#centralnewsnaypyitaw
မီးတောင်ပေါက်ကွဲမှုကြောင့်ဩစတြေးလျနှင့်အင်ဒို လေယာဉ်ခရီးစဉ်များဖျက်သိမ်းရ
ဆစ်ဒ်နီ၊နိုဝင်ဘာ ၁၃
ဩစတြေးလျနှင့်ဘာလီသို့ ပြေးဆွဲပျံသန်းလျက်ရှိသော လေယာဉ်ခရီးစဉ်များအားလုံးကို မီးတောင်ပေါက်ကွဲမှုမှထွက်ပေါ်လာသောပြာများကြောင့် ယာယီရပ်နားထားရကြောင်းသိရသည်။
သြစတြေးလျ၏ အကြီးဆုံးလေကြောင်းလိုင်းသုံးခုဖြစ်သည့် Qantas၊Virgin Australia နှင့် Jetstar တို့သည် အင်္ဂါနေ့နှင့်ဗုဒ္ဓဟူးနေ့များတွင် အင်ဒိုနီးရှားနိုင်ငံအရှေ့ဘက် နူဆာတန်ဂါရာပြည်နယ်ရှိ လီဝိုတိုဘီမီးတောင်ပေါက်ကွဲပြီးနောက် ဘာလီသို့ အသွားအပြန် ခရီးစဉ်များကို ဖျက်သိမ်းခြင်းနှင့် အချိန်ရွှေ့ဆိုင်းခြင်းများပြုလုပ်ခဲ့ကြသည်။
Qantas ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Jetstar သည် အင်္ဂါနေ့ညနေပိုင်း၌ သြစတြေးလျမှ ဘာလီမြို့ Denpasar လေဆိပ်သို့ ၎င်း၏လေကြောင်းခရီးစဉ်အားလုံးကို ဖျက်သိမ်းခဲ့သည်ဟုလည်းသိရသည်။
"အင်ဒိုနီးရှားရှိ လီဝိုတိုဘီမီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ မီးတောင်ပြာတွေနဲ့ ဘာလီကျွန်းကို လည်ပတ်ဖို့ လောလောဆယ်မှာမလုံခြုံသေးပါဘူး" ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
"ကျွန်တော်တို့ရဲ့ ဧည့်သည်တွေနဲ့ လေယာဉ်အမှုထမ်းတွေရဲ့ ဘေးကင်းရေးဟာ ကျွန်တော်တို့ရဲ့ အရေးအကြီးဆုံးဦးစားပေးဖြစ်ပါတယ်” ဟုလည်း လေကြောင်းလိုင်း၏ ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။
အခြေအနေကိုအနီးကပ်စောင့်ကြည့်နေပြီး ပြန်လည်ပြေးဆွဲနိုင်မည့်အချိန်ကို အချိန်နှင့်တပြေးညီတင်ပြသွားမည်ဖြစ်သဖြင့် ၎င်းတို့လေကြောင်းလိုင်းဝက်ဘ်ဆိုက်ကို စောင့်ကြည့်နေပေးရန်လည်းတောင်းဆိုထားသည်။