ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တန်ဖိုးထားရင်
တန်ဖိုးများတာပါပဲ ။
အမျိုးသားပဲ ဖြစ်ဖြစ်
အမျိုးသမီး ဖြစ်ဖြစ်ပေါ့ ။
တန်ဖိုးထားပီး အချစ်ခံရရင်
လူတွေဟာ ပျော်ရွှင်ပီး တောက်ပကြတာပဲ ။
တန်ဖိုးထားတဲ့ ဥယျာန်မှူးဆီမှာ
ပန်းလှလှကလေးတွေ
ပိုပွင့်တာ ဘာများဆန်းသလဲ ။
🤍🌻
#စာရယ်ကဗျာရယ်
ကြောင်နဲ့ကြွက် Version အသစ်လို့ပြောရလောက်တဲ့ကားလေး
Cat Burglar ( 2022 )
ကြောင်နဲ့ကြွက်တို အော်ဂီတိုလိုမျိုး စကားပြောနည်းနည်းနဲ့ ရီစရာကာတွန်းကားလေး တစ်ကားပါ။
ပြတိုက်ကို ဖောက်ထွင်းရေးလုပ်မယ့် ကြောင်လေးနေရာကနေ ကြည့်ရှူသူက ဝင်ရောက်ဆော့ကစားသလိုမျိုးလေး တင်ဆက်ပေးထားမိုလို ထူးထူးခြားခြားလဲ ခံစားရမှာပါ။
အဖြစ်အပျက်တစ်ခုတည်းကိုပဲ ဖြစ်နိုင်ခြေတွေအများကြီး ကွဲပြားသွားနိုင်တယ်ဆိုတဲ့ သီအိုရီတွေကိုလဲ ထည့်သွင်းတင်ဆက်ထားတာမလို ကြည့်ရင်း ဟာသအလွဲတွေနဲ့အတူ ခေါင်းမူးသွားနိုင်လို သံပုရာရည်လေးသောက်ပြီးကြည့်ဖို အကြံပြုချင်ပါတယ်
ကြည့်ရန်နှိပ်ပါ
t.me/ActionDramammsub/1025
Main channel
t.me/addlist/43SAvNGGjGExNWVl
Kisaragi Station (2022)
ဂျပန်မှာရှိတဲ့ ဒဏ္ဍာရီသရဲပုံပြင်တွေအများကြီးကမှ ၂၀၀၄ ခုနှစ်မှာ အင်တာနက်ပေါ်စတင်ရောက်ရှိ နာမည်ကြီးလာခဲ့တဲ့ ကီဆာရာဂီ ဘူတာရုံအကြောင်းကို ပြန်လည်စိတ်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်လိုက်ပါရစေ
ကီဆာရာဂီဘူတာရုံဆိုတာ အပြင်မှာမရှိတဲ့ ဘူတာရုံတစ်ခု ဟာဆာမီ ဆိုတဲ့အကောင့်နာမည်တစ်ခုကနေ စတင်ဝေမျှရင်း နာမည်ကြီးလာတဲ့ ဒဏ္ဍာရီတစ်ပုဒ်
ဇာတ်လမ်းအစမှာပေါ့ ‘ဆုဆုမီ’ဆိုတဲ့ ကော်လိပ်ကျောင်းသူဟာ သူမရဲ့ သုတေသနစာတမ်းအတွက် ကီဆာရာဂီဘူတာမှပြန်လည်ရောက်ရှိလာသူ ကျောင်းဆရာမ ‘ဟယာမာ’ကို အင်တာဗျူးဖို့ ရောက်လာခဲ့တယ်
‘ဟယာမာ’ဟာ တူမလေးဖြစ်တဲ့ ‘ရင်’နဲ့အတူ နေထိုင်လျက်ရှိတယ်
သူမရဲ့ အဖြစ်အပျက်ကို လုံးစေ့ပတ်စေ့ သေချာပြောပြပြီးချိန်မှာ ဆုဆုမီတစ်ယောက် စမ်းသပ်ရင်း ကီဆာရာဂီဘူတာသို့ ရောက်ရှိသွားတဲ့အခါ…
သည်းထိတ်ရင်ဖိုရပြီး လှည့်ကွက်တွေပါတဲ့အပြင် အမှန်အကန် လန့်ရမယ့် ဇာတ်လမ်းလေးတစ်ဖြစ်လဲ IMDb 6.3အထိ ရရှိထားတာမို့ မကောင်းမှာမပူရဘူးနော် ။
ဇာတ်ကားလင့်
https://t.me/c/2222390798/187
Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1
ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/mZGuRfhTUxdkMzA1
Self loveမရှိတဲ့အခါ ပျောက်ဆုံးသွားတဲ့အခါ....
မိမိကိုယ်ကို မပြည့်စုံဘူးဟု ခံယူပြီး ပြင်ပလောက အဆင်တန်ဆာတွေကို လိုတာထက် ပိုမို ဝယ်ယူခြင်း။
အသစ်လေးတွေဝတ်နေမှ လှနေမှာ
ပြောင်းလဲမှုလေးတွေလုပ်နေမှ လှနေမည်ဟု ထင်မှတ်ခြင်း။
တခြားသူတွေနဲ့ လိုတာထက် ပိုမိုနှိုင်းယှဉ်နေတတ်ခြင်း။
တခြားသူတွေအပေါ် သူငယ်ချင်း၊ ချစ်သူတွေအပေါ် လိုတာထက် ပိုမိုမှီခိုနေခြင်း။
မိမိကိုယ်ကို ယုံကြည်မှုမရှိခြင်း။
တခြားသူတွေကို လိုတာထက်ပိုမိုလိုက်လျောနေခြင်း၊ အားနာတတ်ခြင်း။
မိမိတိုးတက်မှုအတွက် မိမိကြိုးစားလိုစိတ်မရှိခြင်း။
မိမိရဲ့စိတ်ခံစားချက်တွေကို ကိုယ်တိုင်နားမထောင်ချင်ခြင်း။
မိမိရဲ့စိတ်ခံစားချက်တွေအတွက် တခြားသူမှာတာဝန်ရှိတယ်လို့ ခံယူထားခြင်း။
မိမိရဲ့ဖြစ်တည်မှုကို မိမိကိုယ်တိုင် လေးစားမှုမရှိခြင်း
မိမိကိုယ်ကိုထက် တခြားသူကို ပိုချစ်ခြင်း။
မိမိဘဝမှာ တခြားသူရှိမှသာ ပြည့်စုံမှာ၊ တခြားသူတွေက ချစ်နေမှသာ ပြည့်စုံပြီး စိတ်လုံခြုံမှုရှိမည်ဟု ထင်မှတ်ခြင်း။
ဒီလိုအချက်တွေကြောင့်
မိမိတို့ရဲ့ Relationship အရေးတွေမှာ အဆင်မပြေတော့ဘူး။
စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ တခြားအရေးကိစ္စတွေမှာ အဆင်မပြေတော့ဘူး
မိမိကိုယ်ကိုချစ်တတ်ခြင်းဟာ အရာအားလုံးမှာ အဆင်ပြေစေနိုင်တယ်။ဒါကြောင့် မိမိကိုယ်ကို ချစ်ပါ။ မိမိကိုယ်ကို အပြည့်အဝချစ်ပြီး မိမိရဲ့ ခံစားချက်တွေကို တာဝန်ယူနိုင်ပြီဆို တခြားသူကိုလည်း ချစ်ပါ။
မိမိရဲ့ဖြစ်တည်မှုလေးအတိုင်းကိုမြင်အောင်ကြည့်ပါ။
သင်ဟာ သင့်ရဲ့ပုံစံလေးအတိုင်း လှပနေပါပြီ၊ လုံလောက်နေပါပြီ၊ ချစ်ဖို့ကောင်းနေပါပြီ။
#eieinyein
#contentcreator
စိတ် - သက်တန့် မေရီ Thet Thant Mary
ကင်မ်ချီ လေးစိမ်ရအောင်။
မုန့်ညှင်း ထုပ် ၂ထုပ်
ကြက်သွန်မိတ် ၁၀ပင်
မုန်လာဥနီ ၂လုံး
ကြက်သွန်ဖြူ ၃လုံး
ကြက်သွန်နီ ၁လုံး
ဂျင်း ၁တက်
ငရုတ်ပုထောင်း
ငရုတ်သီးအစိမ်းမှုန့်
ဆား
ငံပြာရည်
ရသာမှုန့်
ဂျုံမှုန့်
သကြား
မုန့်ညှင်းထုပ်ကိုရေဆေးပြီးဆား၅ဇွန်းခန့်ထည့်၍၃/၄နာရီခန့်ရေစိမ်ထားပါ။ပြီးလျှင်ရေပြန်ဆေး၍ရေစင်အောင်စစ်ထားပါ။မုန်လာဥနီကိုအရှည်လေးခြစ်ထားပါ။ကြက်သွန်မိတ်ကိုလေးပိုင်းခန့်ဖြတ်ထားပါ။အနှစ်ပြုလုပ်ရန်ဇလုံးတစ်ခုထဲသို့ကြက်သွန်ဖြူထောင်း၊ကြက်သွန်နီ၊ဂျင်းကိုပါးပါးလှီးထည့်(သို့)အရည်ပဲညှစ်ထည့်ပါ။ငရုတ်ပုထောင်း၂ဇွန်း၊အစိမ်းမှုန့်၂ဇွန်း၊ဆားအနည်းငယ်၊ငံပြာရည်၁ဇွန်း၊ရသာမှုန့်၁ဇွန်း၊ဂျုံမှုန့်ဇွန်းတစ်ဝက်(စားပွဲတင်)ရေအနည်းငယ်ထည့်ပြီးပျစ်အောင်ကျိုပါ၊သကြား၁ဇွန်း၊မုန်လာဥနီတို့ကိုသမအောင်နယ်၍မုန့်ညင်းရွက်တစ်လွှာချင်းစီအောက်သို့ထည့်နယ်ပါ။အားလုံးနယ်ပြီးလျှင်အဝတ်ညှစ်သလိုညှစ်ပါ။အားမထည့်ပါနှင့်။ကြက်သွန်မိတ်ထည့်ပြီးလျှင်လေလုံဘူးထဲသို့ထည့်ပါ။အပြင်မှာတစ်ညထားပြီးရေခဲသေတ္တာထဲထည့်၍ရပါပြီရှင်။
အပင်ကို ထက်ခြမ်းခြမ်းပြီးအပင်လိုက်သိမ်းလဲရတယ်နော်။
တစ်ခါတည်းညှပ်ပြီးသိမ်းလဲရပါတယ်ရှင်။အရသာကတော့ကိုယ်ကြိုက်နှစ်သက်သလိုပြင်ပါ။အစပ်ကြိုက်လျှင်ငရုတ်ပုထောင်းပိုထည့်ပါ။
S.k.a.n.d.a : T.h.e A.t.t.a.c.k.e.r (2023)
မင်းသား Bhaskar Raju နဲ့ မင်းသမီး Sreeleela တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဂိုဏ်းနှစ်ခုကြားက တင်းမာမှုတွေ၊ နိုင်ငံရေးလှည့်ကွက်တွေ၊ နောက်ကွက်က plot twist တွေကို အက်ရှင်အကြမ်းစား၊ရိုက်ချက်အလန်းစားတွေနဲ့ တမူးထူးခြားအောင်ရိုက်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
ဇာတ်လမ်းအစမှာတော့ ဝန်ကြီးချုပ်ရာဂျူးဟာ အန်ဒရူဝန်ကြီးချုပ်ဖြစ်တဲ့ ရာရူဒူးနဲ့ တယ်လီဂါရာဝန်ကြီးချုပ်ဖြစ်တဲ့ ရန်ဂျစ်တို့ရဲ့ စနက်နဲ့ သေမိန့်ပေးခံလိုက်ရပါတယ်။ တစ်နေ့မှာတော့ ဝန်ကြီးချုပ် ရာရူဒူး သမီးရဲ့ မင်္ဂလာဆောင်မှာ သမီးဖြစ်သူက ဝန်ကြီးချုပ်ရန်ဂျစ်ရဲ့သားက ခိုးပြေးသွားရာကနေစပြီးတော့ နိုင်ငံရေးရန်ပွဲကစပါတော့တယ်။ ဂိုဏ်းနှစ်ခု အပြိုင်အဆိုင်ပြင်းထန်နေချိန်မှာ ဝန်ကြီးချုပ် ရန်ဂျစ်ရဲ့သမီးဖြစ်သူ စရီလီနာကို သူ့အတန်းဖော် ကောလိပ်ကျောင်းသားဖြစ်တဲ့ ရမ် ဆိုတဲ့ကောင်လေးက ပြန်ပေးဆွဲသွားပါတော့တယ်။ ရမ်ဟာ ကြိုးမိန့်ကျနေတဲ့ ရာဂျူးကို ထောင်ကလွှတ်ပေးဖို့တောင်းဆိုတဲ့အခါမှာတော့ ဝန်ကြီးချုပ်နှစ်ယောက်လည်း မတတ်သာပဲ လွှတ်ပေးလိုက်ရပါတော့တယ်။ သို့ပေမယ့် တစ်ဖက်မှာလည်း ရမ်ရဲ့ မိသားစုကို ရန်ရှာဖို့ကြိုးစားချိန်မှာတော့ ရမ် တစ်ယောက်ပြန်ပေးဆွဲရင်း တန်းလန်း ဘယ်လိုကာကွယ်မလဲ။ ရာဂျူးနဲ့ ရမ်ကရော ဘယ်လိုဆက်စပ်နေကြတာလဲ။ ရာဂျူးကရော ဘာအကြောင်းကြောင့် သေမိန့်ကျခံရတာလဲ စတာတွေကိုတော့ ဇာတ်လမ်းထဲမှာ ရန်ခုန်စိတ်လှုပ်ရှားဖွင့် စောင့်ကြည့်ပေးကြပါဦးနော်။