Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အသံထက် ၄ ဆ မြန်တဲ့ လေယာဉ်ကို ပြသလိုက်တဲ့ တရုတ်
==================================
ဘေဂျင်း အခြေစိုက် Space Transportation ခေါ် Lingkong Tianxing Technology ကုမ္ပဏီက အသံထက် ၄ ဆ မြန်တဲ့ လေယာဉ်ကို ပြသလိုက်ပါတယ်။ အဲဒီ လေယာဉ်ကို Yunxing လို့ အမည်ပေးထားပြီး ၃,၀၆၉ မိုင် အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။ အသံထက် ၂ ဆ မြန်တဲ့ The Concorde ရဲ့ ၁ နာရီကို ၁,၃၃၀ မိုင် အမြန်နှုန်းထက် ၂ ဆ ပိုမြန်ပါတယ်။
Yunxing ဟာ အချိန် ၁ နာရီခွဲနဲ့ တရုတ် နိုင်ငံ ဘေဂျင်း ကနေ ပြင်သစ် နိုင်ငံ ပဲရစ်ကို ပျံသန်းနိုင်ပါတယ်။ နည်းပညာမြင့်မားတဲ့ လေယာဉ် ဖြစ်ပြီး အမြင့်ပေ ၆၅,၆၀၀ (၂၀,၀၀၀ မီတာ) မှာ ပျံသန်းနိုင်ပါတယ်။ ဟယ်လီကော်ပတာလို ဒေါင်လိုက် အတက်၊ အဆင်း ပြုလုပ်နိုင်ပြီး တခြား အဆင့်မြင့် စွမ်းရည်တွေ ပါလာပါတယ်။
Space Transportation က Yunxing ကို နောက်လတွေမှာ ထပ်မံ စမ်းသပ်မှာ ဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ ထုတ်လုပ်မယ်လို့ မျှော်မှန်းထားပါတယ်။
Ref : Tech Explorers
Digital Times
အတိတ်ကိုမေ့ထားပြီး ရှေ့ဆက်သွားရန် မန်ယူနောက်ခံလူ ဒီလစ် ပြော
အတိတ်ကာလတွေကိုမေ့ထားပြီး ရှေ့ဆက်သွားဖို့လိုအပ်ကြောင်း နောက်ခံလူ ဒီလစ်က ပြောသွားပါတယ်။
ဟော်လန်နောက်ခံလူဟာ နည်းပြတန်ဟတ်ဂ် မန်ယူနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့အပေါ် စိတ်မကောင်းဖြစ်နေတာပါ။
ဒီလစ်ဟာ အဲရစ်တန်ဟတ်ဂ်နဲ့အတူ အိုင်းယက်စ်မှာကတည်းက လက်တွဲညီခဲ့သူပါ။ နည်းပြတန်ဟတ်ဂ်ဟာ လူပုဂ္ဂိုလ် တယောက်အနေနဲ့ပါ နှစ်သက်စရာကောင်းသူဖြစ်ပြီး ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့အပေါ် အလွန်စိတ် မကောင်းဖြစ်ခဲ့ရကြောင်း၊ ဘောလုံးမှာ ရလဒ် မကောင်းရင် နည်းပြတွေ ထုတ်ပယ်ခံ့ရတာဟာလည်း ထုံးစံလိုဖြစ်နေပြီး ရှေ့ဆက်သွားဖို့သာ လိုအပ်ကြောင်း ဒီလစ်ကပြောပါတယ်။
ကစားသမားတယောက်အနေနဲ့ အတိတ်ကာလတွေအပေါ်မှာ ဆက်နေလို့မရတာကြောင့် နည်းပြတန်ဟတ်ဂ် အကြောင်းကိုလည်း မေ့ထားလိုက်ပြီဖြစ်ကြောင်း ဒီလစ်ကပြောသွားပါတယ်။
DVB
Photo-Reuters
MRF sells 34,000+ rice sacks at fair prices in Oct
Myanmar Rice Federation (MRF) sold 34,728 rice sacks (108-pound) and 43,992 small 10-kilogramme sacks in October, according to monthly reference prices set by the Consumer Affairs Department under the Ministry of Commerce.
The distribution includes door-to-door delivery in Yangon and Mandalay cities, sales at supermarkets, 113 civil servant households in Yangon, 44 in Nay Pyi Taw, factories and 58 retail shops.
The ministry determined reasonable market prices by considering the following factors: fair profit for the farmers, millers and distributors, reasonable prices for consumers, last year’s market price, global market prices and the prices of other commodities. There are separate prices for modern trade with consumer packaging at mini-marts and supermarkets.
If individuals have difficulty buying rice, they are urged to contact the Myanmar Rice Federation. Buyers can complain about overpricing to the Consumer Affairs Department and MRF.
MRF warned that overpricing, sales with inaccurate measurement and quality and non-compliance with directives are subjected to fines, taxation and prosecution under Section 5 of the Essential Supplies and Services Law. Thus, rice millers, rice shops, traders, and merchants are encouraged to adhere strictly to the rules. — NN/KK