ခွေးတစ်ကောင်ကို ပင်လယ်ထဲ အကြိမ်ကြိမ် ပစ်ချတဲ့ ၁၉ နှစ်အရွယ် မြန်မာနိုင်ငံသားရဲ့ ကြမ်းကြုတ်တဲ့လုပ်ရပ်အတွက် ထောင် ၁၅ ရက်ချပြီး ပြည်နှင်ရန်စီစဥ်

ဖေဖော်ဝါရီ ၁၂

ရယ်မောစနောက်နေရင်း ခွေးတစ်ကောင်ကို ပင်လယ်ထဲ အကြိမ်ကြိမ် ပစ်ချတဲ့ ၁၉ နှစ်အရွယ် မြန်မာနိုင်ငံသားကို ဇန်နဝါရီ ၈ ရက် မနက်ခင်းမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်အပြီး ထောင် ၁၅ ရက် ချခဲ့သလို ပြည်နှင်ဒဏ်ပေးဖို့လည်း စီစဥ်နေတယ်လို့ သိရပါတယ်။

ခွေးတစ်ကောင်ကို ပင်လယ်ထဲ အကြိိမ်ကြိမ်ပစ်ချနေတဲ့ တိရိစ္ဆာန်တွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ဒီ လုပ်ရပ်ဟာ လူမှုကွန်ရက်မှာ ထွက်ပေါ်လာခဲ့ပြီး ဒါဟာ ထိုင်းနိုင်ငံသားတစ်ယောက် ကျူးလွန်တာလို့ ကနဦးဖော်ပြခဲ့တာပါ။ ဒီလုပ်ရပ်ဟာ ထိုင်းပြည်သူတွေအတွက် အလွန်ရက်စက်ပြီး ထိတ်လန့်စရာ ဖြစ်ခဲ့တယ်လို့ ဝေဖန်မှုတွေအပြီးမှာ Watchdog Thailand က ရုပ်သံပေးပို့တိုင်ကြားခဲ့သလို ဆိုက်ဘာရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေးဗျူရို (CCI အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Trirong Phiwphan က ရဲတပ်ဖွဲ့ကို စုံစမ်းစစ်ဆေးမှုစတင်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေချိန်မှာပဲ ကျူးလွန်သူဟာ မူလက ရေးသားယူဆနေသလို ထိုင်းနိုင်ငံသားမဟုတ်ဘဲ အသက် ၁၉ နှစ်အရွယ် မြန်မာနိုင်ငံသား သီဟအောင်ဆိုသူဖြစ်ပြီး သူက Mueang Samut Prakan ရဲစခန်းကို ကျူးလွန်သူဟာ သူဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒီဖြစ်စဥ်ကို သူ ကျုးလွန်ချိန်ဟာ အသက် ၁၇ နှစ်အရွယ် ၂၀၂၃ ခုနှစ်အကုန်ပိုင်းကဖြစ်ပြီး သူ့သူငယ်ချင်း Leutsouphanh နဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ချန်ဖွန်မြို့မှာ အရက်သောက်ရင်း ကျူးလွန်ခဲ့တာဖြစ်ကြောင်း၊ သူငယ်ချင်းနဲ့ စိတ်အခန့်မသင့်ချိန် ရုပ်သံထုတ်ဖော်ခံရတာဖြစ်ကြောင်း၊ အခုတော့ သူ့လုပ်ရပ်အတွက် နောင်တရနေကြောင်း ဝန်ခံ​တောင်းပန်ခဲ့ပြီး တရားဥပဒေအရ ပူးပေါင်း ရင်ဆိုင်ဖို့ အသင့်ဖြစ်နေကြောင်း ထွက်ဆိုခဲ့ပါတယ်။

သီဟအောင်ရဲ့ ဝန်ခံချက်အရ တရားခံကိုဖော်ထုတ်နိုင်ခဲ့အပြီးမှာ အာဏာပိုင်တွေက ဥပဒေအရ ထောင် ၁၅ ရက် ချခဲ့သလို ဗီဇာကို ရုပ်သိမ်းခဲ့ပြီး ပြည်နှင်ဒဏ်ပေးဖို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ တရားဥပဒေစိုးမိုးရေးအတွက် လျင်မြန်တဲ့ အရေးယူမှုဟာ ထိုင်းနိုင်ငံက တိရိစ္ဆာန်တွေရဲ့အပေါ် ရက်စက်ကြမ်းကြုတ်မှုကို ကိုင်တွယ်ဖြေရှင်းမှုနဲ့ တရားမျှတမှုကို ဖော်ဆောင်မယ့် ကတိကဝတ်ကို မီးမောင်းထိုးပြခဲ့တာလည်းဖြစ်ပါတယ်။

Ref , The Thaiger ၊ Thai Enquirer

#သတင်းဟင်းလေးအိုးကြီး

image
image
image
11 ပတ် - ဘာသာပြန်ပါ။

T9 Vantage hairclipper type c
✨ Premium T-Shape Titanium Blade Hair Clipper ✨ စျေးနုန်း ၃၀၀၀၀ကျပ်။
ခေါင်းအပို ၁၀၀၀၀ကျပ်။
ဒီဆံပင်ညှပ်စက်လေးက လူကြီး၊ လူငယ်မရွေး သုံးလို့ရတဲ့ အဆင့်မြင့် Grooming Tool တစ်မျိုးပါ။ သူ့ရဲ့ထူးခြားချက်တွေကို အောက်မှာဖတ်ကြည့်လိုက်နော်။
✂ Premium T-Shape Titanium Blade
T-Shape Titanium Ceramic Blade သုံးထားတာကြောင့် သွက်လက်ပြီး ဆံပင်ညှပ်ရတာ ချောမွေ့ပါတယ်။
ဆံပင်ညှပ်၊ ပုံဖော်၊ ဦးရေပြားရိတ် စတာတွေအတွက် အကုန်အဆင်ပြေပါတယ်။
R-Shape Angle ဒီဇိုင်းက ဦးရေပြားကို မထိခိုက်စေဘဲ နူးညံ့ပါတယ်။
✂ Powerful Motor & Low Noise
စွမ်းအားပြည့် Motor ပါဝင်ပြီး ထူထဲတဲ့ဆံပင်တွေကိုပါ ညှပ်လို့ရပါတယ်။
တိတ်ဆိတ်ငြိမ်သက်စွာ အလုပ်လုပ်နိုင် (55d မိသားစုဝင်တွေ အိပ်နေချိန်မှာတောင် အဆင်ပြေပါတယ်။
ဆံပင်အရှည်အမျိုးမျိုးအတွက် 1.5mm, 2mm, 3mm, 4mm ခေါင်းဖြီး ၄ မျိုးပါဝင်ပါတယ်။
✂ USB Charging & Long Standby
1200mAh Battery ပါဝင်ပြီး ၂ နာရီအတွင်း အပြည့်အ၀ အားသွင်းနိုင်ပါတယ်။
ကြိုးမဲ့သုံးလို့ရပြီး ၂ နာရီကနေ ၃ နာရီအထိ အသုံးပြုနိုင်ပါတယ်။
USB Charging ဖြစ်တာကြောင့် အိမ်မှာဖြစ်ဖြစ်၊ ခရီးသွားရင်ဖြစ်ဖြစ် အဆင်ပြေပါတယ်။
✂ Ergonomic Design, Easy to Hold and Use
လက်ကိုင်အဆင်ပြေတဲ့ဒီဇိုင်း နဲ့ သေးသွယ်ပါတယ်။
ခရီးသွားလာရင်သယ်သွားလို့ရပြီး အိမ်သုံး ဆိုင်သုံးလည်း အဆင်ပြေပါတယ်။
✂ ပါဝင်သောပစ္စည်းများ
၁ x ဆံပင်ညှပ်စက်
၄ x ခေါင်းဖြီး (1.5mm, 2mm, 3mm, 4mm)
၁ x USB အားသွင်းကြိုး
၁ x သန့်ရှင်းရေးဘရပ်
၁ x ဆီ
၁ x အသုံးပြုနည်းစာအုပ်.
#shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
အသေးစိတ်အချက်လတ်များကို အောက်ပါလင့်မှဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.shop.com.mm/produc....ts/i118773496.html?s

11 ပတ် - ဘာသာပြန်ပါ။

အေစီထံမပြောင်းခင် အင်တာကိုငြင်းခဲ့တယ်လို့ ဂျာအိုဖီးလစ်ပြော

ဖေဖော်ဝါရီ ၁၂

ပေါ်တူဂီတိုက်စစ်ကစားသမား ဂျာအိုဖီးလစ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အေစီမီလန်အသင်းထံ အငှားနဲ့ မပြောင်းရွှေ့ခင် အင်တာမီလန်အသင်းကို ငြင်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဂျာအိုဖီးလစ်က “အင်တာမီလန်ရဲ့ ကမ်းလှမ်းမှုကို ကျနော့်ရဲ့ အေးဂျင့်က ပြောခဲ့ပေမယ့် ကျနော်ကတော့ အေစီမီလန်နဲ့ စပြီးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးသားပါ။ ဒါက အမြဲတမ်း ကျနော့်ရဲ့စိတ်ကူးပါ။ ကျနော့်ရဲ့ ရည်ရွယ်ချက်က အသင်းကိုကူညီပြီး ဆုဖလားတွေ ရယူနိုင်ဖို့ပါ။ အရေးကြီးတာကတော့ နိုင်ပွဲရယူနိုင်ဖို့ပါ။ နည်းပြတောင်းဆိုတဲ့ အရာတွေအားလုံးကို ကျနော် အကောင်းဆုံး လုပ်သွားမှာပါ”လို့ ပြောခဲ့တာပါ။

ဂျာအိုဖီးလစ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့က အင်တာမီလန်အသင်း အပါအဝင် အသင်းအများအပြားရဲ့ စိတ်ဝင်စားမှုကို ရခဲ့ပေမယ့် ချယ်လ်ဆီးအသင်းကနေ အေစီမီလန်အသင်းထံ ရာသီအကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ဂျာအိုဖီးလစ်ရဲ့ အငှားစာချုပ်ထဲမှာ အေစီမီလန်အသင်းက သူ့ကို အပြီးသတ် ခေါ်ယူခွင့် မပါဝင်ပေမယ့် ကစားသမားကတော့ အသင်းမှာ ဆက်ရှိနေနိုင်တယ်လို့ ပြောခဲ့တာပါ။

ဂျာအိုဖီးလစ်က “လက်ရှိအချိန်မှာ ကျနော်ဟာ အငှားလာရောက်ခဲ့ပေမယ့် ဘယ်လိုဖြစ်လာမလဲဆိုတာ မြင်တွေ့ ရမှာပါ။ အရေးကြီးတာက အကောင်းဆုံး လုပ်နိုင်ဖို့နဲ့ ကျနော်ဒီမှာ ပျော်ရွှင်နေပါတယ်။ ဘောလုံးဟာ အရာ အားလုံးကို ပြောင်းလဲနိုင်တာကြောင့် ဆက်ရှိနေရမယ်ဆိုရင်လည်း ကျနော်ဒါကို နှစ်သက်ပါတယ်”လို့ ပြောခဲ့ပါ တယ်။

ရိုးမားအသင်းနဲ့ ကိုပါအီတာလီယာဖလားပွဲစဉ်မှာ အေစီမီလန်အသင်းအတွက် ပွဲဦးထွက်ပြီး ဂိုးသွင်းနိုင်ခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ အေစီမီလန်အသင်းမှာ သူအနှစ်သက်ဆုံး ကစားသမားက ကာကာဖြစ်ပြီး သူလုပ်ခဲ့သလိုမျိုး သမိုင်းကို ဖန်တီးချင်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

Source: ESPN

ပုံ - ဂျာအိုဖီးလစ်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
11 ပတ် - ဘာသာပြန်ပါ။

ထိုင်းက မြန်မာကို ထုတ်ကုန် ၁၁ မျိုး တင်သွင်းခွင့်ပိတ်

ဖေဖော်ဝါရီ ၁၂

ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများနှိမ်နင်းရန်အတွက် ထိုင်းအစိုးရက မြန်မာဘက်ကို ပြည်တွင်းထုတ် ကုန် ၁၁ မျိုး တင်သွင်းခွင့်ပိတ်လိုက်ကြောင်း ထိုင်းသံရုံးနှင့် မြန်မာလုပ်ငန်းရှင်များဖြင့် နီးစပ်သူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းအစိုးရသည် မြန်မာဘက်ခြမ်းရှိ မြဝတီနှင့် ရွှေကုက္ကိုလ်တွင် အခြေပြု၍ အွန်လိုင်းငွေလိမ်လည်လုပ်ငန်း (ကျားဖြန့်)နှိမ်နင်းရန်အတွက် တရုတ်အစိုးရ၏ ဖိအားပေးခြင်းကို ခံနေရသည်။

ထို့ကြောင့် ထိုင်းအစိုးရသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဒေသ ၅ နေရာသို့ ပေးနေသော လျှပ်စစ်ဓာတ်အားများ၊ အင်တာနက်လိုင်းများနှင့် လောင်စာဆီများကို ဖြတ်တောက်လိုက်သည်။

ထို့နောက် ထိုင်းအစိုးရက မြန်မာဘက်သို့ မိုဘိုင်းဖုန်းအသစ်၊ ဘက်ထရီအားလုံး၊ အင်ဗာတာ၊ မီးစက်၊ ဆိုလာပြား၊ မိုဘိုင်းကိရိယာများ၊ CABLE၊ HARDWARE၊ ဆော့ဖ်ဝဲ၊ လိမ်လည်သူများနှင့် သက်ဆိုင်သော ကုန်ပစ္စည်းများ၊ အင်ဂျင်ဝိုင်၊ စက်သုံးဆီ စသည့် ထုတ်ကုန် ၁၁ မျိုးကို တင်သွင်းခွင့် ပိတ်ပင်လိုက်ကြောင်း ထိုင်းသံရုံးနှင့် မြန်မာစီး ပွားရေးလုပ်ငန်းရှင်များဖြင့် နီးစပ်သူများက ပြောသည်။

အဆိုပါ လုပ်ငန်းစဉ်များကြောင့် မြဝတီ၊ တာချီလိတ်တို့တွင် လောင်စာဆီ ပြတ်တောက်မှုများကြောင့် ဒေသတွင်း နေ ပြည်သူများ သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အခက်အခဲကြုံတွေ့လာကြသည်။

ပုံစာ- မြဝတီဘက်ကနေ ထိုင်းဘက်ကို စက်သုံးဆီထည့်ဖို့ သွားနေကြတဲ့ ကားများအား တွေ့ရစဥ်

#centralnewsnaypyitaw

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဖေဖော်ဝါရီ ၁၂

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၈၉၀ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၉၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၆၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၅၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၄၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၃၆၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၀၀ ကျပ်
ဝယ်ဈေး - ၄၄၀၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၆၀ ကျပ်
ဝယ်ဈေး - ၃၂၇၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၄၅ ကျပ်
ဝယ်ဈေး - ၄၅၂၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၀ ကျပ်
ဝယ်ဈေး - ၉၉၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၃ ကျပ်
ဝယ်ဈေး - ၅၉၇ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၂၀ ကျပ်
ဝယ်ဈေး - ၂၈.၄၅ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၈၀ ကျပ်
ဝယ်ဈေး - ၅၀.၄၈ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၀၉ ကျပ်
ဝယ်ဈေး - ၃.၀၁ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၅၈၀ ကျပ်
ဝယ်ဈေး - ၅၄၄၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၃၀ ကျပ်
ဝယ်ဈေး - ၂၇၅၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၄၀ ကျပ်
ဝယ်ဈေး - ၃၀၆၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၅ ကျပ်
ဝယ်ဈေး - ၅၆၀ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၂၀ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image
11 ပတ် - ဘာသာပြန်ပါ။

ဆာလက်က လီဗာပူးလ်မှာဆက်ရှိဖို့ထက် ထွက်ခွာဖို့ပိုနီးစပ်တယ်လို့ လိုဗရန်ပြော

ဖေဖော်ဝါရီ ၁၂

ခရိုအေးရှားနောက်ခံလူ လိုဗရန်က အသင်းဖော်ဟောင်း ဆာလက်ဟာ လီဗာပူးလ်အသင်းမှာ ဆက်ရှိနေဖို့ထက် ထွက်ခွာဖို့က ပိုနီးစပ်တယ်လို့ ပြောခဲ့ပါတယ်။

လိုဗရန်က “ကျနော်နဲ့ ဆာလက်ဟာ အဆက်အသွယ်ရှိနေတုန်းပါ။ ကျနော်အခုပြောနေတာကို သတိထား ရမှာဖြစ်ပြီး ဘာလို့လဲဆိုရင် ကျနော်ဟာ အများကြီးသိနေလို့ပါ။ ဆာလက်တောင်းဆိုတဲ့ အရာအားလုံးဟာ ထိုက်တန်ပြီး သူဟာ ကွင်းထဲမှာ သူ့အလုပ်ကို သူလုပ်နေပါတယ်။ ဆာလက်ရဲ့အသက်ကို မကြည့်ပါနဲ့ ရော်နယ်ဒိုဆိုရင် အသက် ၄၀ နှစ်ရှိပြီဖြစ်ပေမယ့် ကစားနေတုန်းပါ။ လက်ရှိအခြေအနေမှာ ဆာလက်ဟာ ဆက်ရှိနေဖို့ထက် ထွက်ခွာဖို့က ပိုနီးစပ်ပါတယ်။ လူတိုင်းက သူ့ကိုဆက်ရှိစေချင်နေပါတယ်။ လီဗာပူးလ် အသင်းက သူ့အပေါ်မှာ လုံလောက်တဲ့လေးစားမှုမရှိဘူး” လို့ The Mirror ကိုပြောခဲ့တာပါ။

လီဗာပူးလ်အသင်းနောက်ခံလူဟောင်း လိုဗရန်ဟာ အန်ဖီးလ်ကလပ်မှာ ဆာလက်နဲ့ ၃ ရာသီကြာအတူ တွဲကစားခဲ့ပြီး အခုအချိန်ထိလည်း အဆက်အသွယ်ရှိနေတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းနဲ့ ဆာလက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင်ကုန်ဆုံးပြီဖြစ်ပေမယ့် အခုအချိန်ထိ စာချုပ်သစ်အတွက် သဘော တူညီမှုမရရှိသေးတာပါ။

လိုဗရန်ကတော့ လီဗာပူးလ်အသင်းအနေနဲ့ စာချုပ်သစ်အတွက် ဆာလက်တောင်းဆိုတဲ့ လုပ်ခလစာတွေကို ဖြည့်ဆည်းပေးသင့်တယ်လို့ ပြောခဲ့ပါတယ်။

ဆာလက်ကိုယ်တိုင်ကလည်း လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့က ဝေးကွာနေပြီး ဒီရာသီက သူ့ရဲ့ နောက်ဆုံးရာသီဖြစ်တယ်လို့ ပြောထားတာပါ။

အသက် ၃၂ နှစ်အရွယ်ရှိ ဆာလက်ဟာ ဒီရာသီမှာ လီဗာပူးလ် အသင်းအတွက် ၃၄ ပွဲပါဝင်ကစားထားပြီး ၂၆ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၈ ကြိမ်ပြုလုပ်ထားတာဖြစ်ပါတယ်။

ဆာလက်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ်နဲ့ ကာရာဘောင်းဖလားရယူပေးနိုင်ဖို့ အာရုံစိုက်နေပါတယ်။

လီဗာပူးလ်အသင်းဟာ ကြားရက်ထဲမှာ ပရီးမီးယားလိဂ်ပွဲကျန်အဖြစ် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Goal

#ဘောလုံးသတင်းစုံ

image
11 ပတ် - ဘာသာပြန်ပါ။

လျှပ်စစ်မီးမလုံလောက်ခြင်းကြောင့် EV ကားများကို ပုံမှန်ထက်ဈေးလျှော့ရောင်းနေရ ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

လက်ရှိအခြေအနေတွင် လျှပ်စစ်မီးလုံလောက်စွာမရရှိခြင်းကြောင့် EV ကားများကို ပုံမှန်ထက်ဈေးလျှော့ရောင်းနေရကြောင်း ကားဝယ်/ရောင်းလုပ်ကိုင်သူများထံမှ စုံစမ်းသိရှိရသည်။

EV ကားတင်သွင်းခွင့်ကို အလှည့်ကျစနစ်ဖြင့် လိုင်စင်ထုတ်ပေးနေပြီး ဝယ်လိုအားနှင့် ရောင်းလိုအား မျှတမှုမရှိကြောင်း သိရသည်။

"EV ကားဈေးကွက်ကတော့ ထိုက်သင့်တဲ့ဈေးထက် ချရောင်းနေရတယ်။ EV အတွက် လုံလောက်တဲ့ အခြေခံအဆောက်အအုံရှိရမယ်။ လျှပ်စစ်မီးတွေ လုံလောက်အောင်ပေးရမယ်။ လက်ရှိမှာတောင် လျှပ်စစ်မီးက အိမ်သုံးစွဲဖို့တောင် ခွဲဝေသုံးစွဲနေရတာဆိုတော့ EV ကားအတွက် နည်းနည်းလေးအခက်အခဲရှိလာတယ်။ EV ကားလိုင်စင်တွေက အလှည့်ကျစနစ်နဲ့ကျလာတဲ့ဒီထဲကို အသွင်းပဲရှိတယ်။ ပြန်ရောင်းတဲ့အခါကျတော့ ဈေးဆွဲတင်လို့မရဘူး။ ပုံမှန်ထက် လျှော့ရောင်းနေရတယ်။" ဟု ကားဝယ်ရောင်းလုပ်သူတစ်ဦးက ပြောသည်။

EV တင်သွင်းခွင့်ရရှိထားသည့် ကုမ္ပဏီ ၈၀ ကျော်ရှိပြီး၊ ကုမ္ပဏီတစ်ခုကို တစ်နှစ်လျှင် အစီးရေ ၅၀၀ နှုန်း တင်သွင်းခွင့်ရှိကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်းသို့ BYD, Toyota, Honda, MG4, Nissan စသည့် EV ကားအမျိုးအစားများစွာ ဝင်ရောက်ထားကြောင်း၊ အမျိုးအစားနှင့် မော်ဒယ်ပေါ်မူတည်ပြီး အနိမ့်ဆုံးကျပ်သိန်း ၆၀၀ ကျော်မှ ကျပ်သိန်း ၂၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

#centralnewsnaypyitaw

image

အွန်လိုင်းငွေလိမ် ကျားဖြန့်အဖွဲ့နှင့် ဆက်နွယ်မှုရှိသဖြင့် ထိုင်းရဲမင်းကြီးနှစ်ဦး တာဝန်မှရပ်နားခံရ

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၂

ထိုင်း-မြဝတီ နှစ်နိုင်ငံနယ်စပ်တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်အဖွဲ့နှင့်ဆက်နွယ်မှုရှိသဖြင့် ထိုင်းရဲတပ်ဖွဲ့က ရဲမင်းကြီးနှစ်ဦးကို ဖေဖော်ဝါရီ ၁၁ ရက်၊ နေ့စွဲဖြင့် တာဝန်မှရပ်နားလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အွန်လိုင်းငွေလိမ် ကျားဖြန့်အဖွဲ့နှင့် ဆက်နွယ်မှုရှိနေသည့် ထိုင်းရဲမင်းကြီးနှစ်ဦးသည် ရဲမင်းကြီး အက်ကာရတ်အင်တာစပ်နှင့် တာ့ခ်ပြည်နယ်ရဲချုပ် ရဲမင်းကြီး စမ်ရစ်အမ်ကာမော်လ်တို့ဖြစ်ကြောင်း သိရသည်။

"ထိုင်းရဲမင်းကြီး အက်ကာရတ်က မြဝတီမြို့နယ်မှာရှိတဲ့ ရာဇဝတ်ဂိုဏ်းများနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ စွပ်စွဲခံထားရတဲ့အပြင် တာ့ခ်ပြည်နယ်ရဲချုပ် ရဲမင်းကြီး အမ်ကာမော်လ်ကလည်း သူ့နယ်မြေရှိ ရာဇဝတ်ဂိုဏ်းများကို ထိထိရောက်ရောက် အရေးမယူခဲ့ခြင်းကြောင့် တာဝန်မှရပ်နားခံလိုက်ရတာပါ။" ဟု ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများကို ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထိုင်းကာကွယ်ရေးဝန်ကြီး ဖွန်သမ်ဝက်ချာယာချိုင်က ထိုင်း-မြန်မာနယ်စပ်ရှိ တရားမဝင်လုပ်ငန်းများနှင့်ပတ်သက်နေသည့် အစိုးရအရာရှိများ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ နယ်စပ်ဒေသများရှိ ရာဇဝတ်ဂိုဏ်းများကိုလည်း ထိရောက်စွာ ဖမ်း ဆီးအရေးယူလျက်ရှိပြီး ထိုင်း-မြဝတီ နယ်စပ်ဒေသတွင် ဆက်သွယ်ပေးထားသည့် လျှပ်စစ်မီးကိုလည်း ထိုင်းအစိုးရက ဖေဖော်ဝါရီ ၇ ရက်က စတင်ဖြတ် တောက်ခဲ့ကြောင်း သိရသည်။

လက်ရှိ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းငွေလိမ် ကျားဖြန့်အဖွဲ့ကိုလည်း ထိုင်းအစိုးရက ပြင်းထန်စွာ အရှိန်မြင့်ဖော်ထုတ်အရေးယူလျက်ရှိပြီး အ ဆိုပါကျားဖြန့်အဖွဲ့တွင် တရုတ်နိုင်ငံသားအများဆုံး ဖမ်းဆီးရမိခဲ့ကြောင်း ဖေ ဖော်ဝါရီ ၁၁ ရက်၊ နေ့စွဲဖြင့် ဘန်ကောက်ပို့စ်သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။

#သတင်းဟင်းလေးအိုးကြီး

imageimage
11 ပတ် - ဘာသာပြန်ပါ။

ဗုဒ္ဓဟူးနေ့မနက်ပိုင်း ဘောလုံးပွဲရလဒ်များ

#ဘောလုံးသတင်းစုံ

image
11 ပတ် - ဘာသာပြန်ပါ။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image