EV တက္ကစီတွေနဲ့ ရန်ကုန် - မော်လမြိုင်ခရီးစဉ်ကို စတင်ပြေးဆွဲ

ဖေဖော်ဝါရီ ၁၂

EV တက္ကစီတွေနဲ့ ရန်ကုန် - မော်လမြိုင်ခရီးစဉ်ကို ယခု ဖေဖော်ဝါရီ ၉ ရက်နေ့မှ စတင်ပြေးဆွဲနေပြီဖြစ်တယ်လို့ သိရပါတယ်။

"မော်လမြိုင်ကို EV တက္ကစီတွေ စရောက်လာပြီ။စင်းလုံးဌားရော၊တယောက်ချင်း၀န်ဆောင်မှုရောရတယ် ပြောတယ်။ရန်ကုန်-မော်လမြိုင်(တယောက်ကိုပရိုမိုးရှင်းဈေး ၂၅ဝဝဝ)လို့ သိရပါတယ်။သူက EV ကုမ္ပဏီနဲ့ ဒီက ယာဉ်ပိုင်ရှင်တွေနဲ့ ပူးပေါင်းပြီးတော့ အကျိုးတူပြေးဆွဲတဲ့ ခရီးစဥ်လို့ သိရပါတယ်။အခုယာဉ်လိုင်းပြေးဆွဲတဲ့အထိမ်း အမှတ်အနေနဲ့ ခရီးသည်တယောက်ကို ဒစ်စကောင့်ကို ၅ဝ ရာခိုင်နှုန်း ပေးတယ်လို့ ပြောတယ်"လို့ မော်လမြိုင်မြို့ခံတယောက်က ပြောပါတယ်။

တံတားဖွင့်ချိန်၊လမ်းပိတ်ချိန်နဲ့ လမ်းအခြအနေတွေကြောင့် ရန်ကုန် - မော်လမြိုင်ခရီးစဉ်ကို ခရီးသည်တင် Express ကားကြီးတွေတောင် အချိန်နဲ့ ပြေးဆွဲနေရချိန်မှာယခုလို EV ကားတွေရောက်လာတော့တချို့ခရီးသည်တွေအတွက် အဆင်ပြေသွားစေပြီး ခရီးသည်တွေရဲ့အိမ်တိုင် ရာရောက် အကြို/အပို့ လုပ်ပေးတဲ့အစီအစဉ်လည်းပါဝင်တာသိရတယ်လို့ မော်လမြိုင် မြို့ခံတွေက ပြောပါတယ်။

"အဆင်ပြေတာပေါ့။ကိုယ့်ဆီအရောက်လာကြိုခိုင်းလို့ရသလို ကိုယ့်အိမ်ထိအရောက်လဲ ပို့ခိုင်းလို့ရမယ်။ရန်ကုန် - မော်လမြိုင် လမ်းတလျှောက်မြို့တွေမှာလဲ အကြောင်းအမျိုးမျိုးကြောင့် Express ကားတွေမမှီလိုက်ပဲ ပြန်ဖို့အခက်အခဲ ဖြစ်နေရင်လဲ ဒီလိုကားတွေကိုဖုန်းနဲ့ ချိတ်ဆက်ပြီး ပြန်လာလို့ရတာပေါ့။အရင်ကလဲ Probox တွေ ၊ အံစာတုံးတွေနဲ့ ပြေးတွဲတာ ရှိပေမဲ့ ဒီလိုမျိုး EV တက္ကစီတွေ ထပ်ပေါ်လာတော့ ကိုယ့်စိတ်ကြိုက် ၀န်ဆောင်မှုနဲ့ စီးလို့ရသလို ဒီလိုအပြိုင်အဆိုင်တွေ ပေါ်လာမှလဲ ကာစတန်မာတွေအတွက်ပိုပြီးအကျိုးဖြစ်စေမှာပါ"လို့ မော်လမြိုင်မြို့ခံ တယောက်က ထပ်လောင်း ပြောပြပါတယ်။

ယာဉ်လိုင်းကုမ္ပဏီဘက်ကတော့ မော်လမြိုင်-ရန်ကုန် ခရီးစဥ်အတွက် EV ကားသစ်၀န်ဆောင်မှုကိုစတင်ပေးနေပြီဖြစ်ပြီး Promotions ကာလကို (၉.၂.၂ဝ၂၅ ကနေ ၁၅.၂.၂ဝ၂၅) သတ်မှတ်ကာ အကျိုးခံစားခွင့် ၅ဝ ရာခိုင်နှုန်းအထိ ပေးနေပြီဖြစ်တယ်လို့ ကြော်ငြာထားပါတယ်။

ခရီးစဉ်/အစအဆုံးသက်တောင့်သက်သာစီးနင်းလိုက်ပါနိုင်ခြင်း၊A/C ကို ခရီးအစအဆုံးရရှိခြင်း၊ဆူညံမှုကင်းဝေးကာသက်တောင့်သက်သာစီးနင်းနိုင်ခြင်း၊အိမ်တိုင် ရာရောက်ကြိုပို့ပေးခြင်း အစရှိသောဝန်ဆောင်မှုတွေလည်း ပေးနေပြီဖြစ်တယ်လို့ EV ယာဉ်လိုင်းကုမ္ပဏီဘက်က ပြောပါတယ်။

ရန်ကုန် - မော်လမြိုင် EV Taxi ဂိတ်ကို ရန်ကုန်မြို့မှာဆိုပါက သခင်မြပန်းခြံ၊ အထက်ကြည့်မြင်တိုင်လမ်း ဝင်ပေါက်မှာ သတ်မှတ်ထားပြီး မော်လမြိုင်မြို့မှာဆိုပါက အမှတ် (၄၁/က)၊ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြိုင်သာယာရပ်မှာ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

"ယခု EV တက္ကစီယာဉ်လိုင်းစတင်ပြေးဆွဲခြင်း အထိမ်းအမှတ်အနေနဲ့ ပရိုးမိုရှင်းဈေးနဲ့ ပြေးဆွဲပေးနေပါတယ်။ပရိုမိုရှင်းပြီးလို့ ပုံမှန်ကာလဆိုရင် နောက်ခန်းက ၅ဝဝဝဝ ပါ၊ရှေ့ခန်းက ၆ဝဝဝဝ ပါ။ကြာချိန်က အခြားအိမ်စီးကားတွေအတိုင်းပါပဲ။လမ်းမှာလည်း ပုံမှန်ရပ်နေကျနေရာတွေမှာ ခရီးသည်တွေအတွက်ရပ်နားပေးပါတယ်။လမ်းမှာအားသွင်းတာမျိုးတော့မရှိပါဘူး။တိုက်ရိုက်ပဲမောင်းပေးမှာပါ"လို့ EV တက္ကစီဂိတ်က တာဝန်ရှိသူတယောက်က ဆက်လက် ပြောပြခဲ့ပါတယ်။ယခင် ၂ဝ၂၃ ခုနှစ်ကလည်း ပြင်ဦးလွင်မြို့မှာ EV Taxi ကားဂိတ်ဖွင့်လှစ်ပြီး ပြင်ဦးလွင် - မန္တလေး - မန္တလေးလေယာဉ်ကွင်း ခရီးစဉ်တွေကိုပြေးဆွဲပေးခဲ့တယ်လို့ သိရပါတယ်။

Photo - CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

ဓါးစာခံတွေ စနေ့နေ့မှာ ပြန်မလွှတ်ရင် ဟားမတ်စ်နဲ့သဘောတူညီချက် အဆုံးသတ်ပြီး စစ်ဆင်ရေးပြန်စမယ်လို့ အစ္စရေး ခြိမ်းခြောက်

တဲလ်အဗစ်၊ ဖေဖော်ဝါရီ ၁၂

ဟားမတ်စ်တို့အနေနဲ့ လာမယ့်စနေနေ့မွန်းတည့်ချိန်မှာ ဓါးစာခံတွေကို ပြန်လွှတ်မပေးရင် အပစ်အခတ်ရပ်စဲရေး အဆုံးသတ်ပြီး ပြင်းထန်တဲ့ စစ်ဆင်ရေးတွေ ပြန်လည်စတင်မယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သတိပေးလိုက်ပါတယ်။

အစ္စရေးဓါးစာခံတွေ ပြန်လွှတ်ပေးဖို့ကို ရွေ့ဆိုင်းကြောင်း ဟားမတ်စ်အဖွဲ့က ကြေညာပြီးနောက် နေတန်ယာဟုက အခုလိုသတိပေးလိုက်တာဖြစ်ပြီး အစ္စရေးတပ်တွေကို ဂါဇာအတွင်းနဲ့ ဝန်းကျင်မှာ စုဝေးဖို့ အမိန့်ပေးထားပါတယ်။

ကျန်ရှိနေတဲ့ ဓါးစာခံ ၇၆ ယောက်စလုံးကို လွှတ်ပေးဖို့ တောင်းဆိုတာလား၊ စနေနေ့မှာ လွှတ်ပေးရမယ့် ဓါးစာခံသုံးယောက်ကိုလွှတ်ပေးရေးလား နေတန်ယာဟုက အသေးစိတ်မပြောပေမယ့် ဓါးစာခံအားလုံးကို ဆိုလိုတယ်လို့ အစိုးရဝန်ကြီးတယောက်က ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးက ချိုးဖောက်တာလို့ ဟားမတ်စ်တို့က စွပ်စွဲထားပါတယ်။ အခုလို ဓါးစာခံတွေပြန်လွှတ်ပေးရေး ရွှေ့ဆိုင်းမှုဟာ သဘောတူညီချက်ကို ဗြောင်ချိုးဖောက်လိုက်တာလို့ အစ္စရေးကလည်း ဆိုပါတယ်။

အရပ်သားတွေကို တိုက်ခိုက်တာ၊ အရေးကြီး လူသားချင်းစာနာမှုအကူအညီတွေကို ပိတ်ဆို့တာအပါအဝင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို အစ္စရေးက ချိုးဖောက်ခဲ့တာလို့ ဟားမတ်စ်တို့က ဆိုပါတယ်။

ဟားမတ်စ်တို့က ဓါးစာခံတွေကို စနေနေ့မှာ ပြန်မလွှတ်ရင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လုံးလုံးလျားလျား ဖျက်သိမ်းဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ထရန့်ကတော့ ဂါဇာကို လက်လွှဲရယူမယ်လို့ အခိုင်အမာပြောဆိုထားပြီး ဂျော်ဒန်ဘုရင်နဲ့တွေ့ဆုံချိန်မှာလည်း ဒီကိစ္စကို ထပ်မံပြောဆိုခဲ့ပါတယ်။

Ref:BBC
Photo:Reuters

#သတင်းဟင်းလေးအိုးကြီး

image

လျှပ်စစ်ထမင်းပေါင်းအိုး ခလုတ်မတက်ဘဲ ချို့ယွင်းရာမှ နေအိမ် ၁ လုံး မီးလောင်ကာ ၉၈ နှစ်အရွယ်အဘိုးအို ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၂

လျှပ်စစ်ထမင်းပေါင်းအိုး တည်ထားစဥ် ခလုတ်မတက်ဘဲ ချို့ယွင်းရာမှ လူနေအိမ် ၁ လုံး မီးလောင်ကာ အသက် ၉၈ နှစ်အရွယ် အဘိုးအို မီးဟပ်ဒဏ်ရာများရရှိမှု ဖေ​ဖော်ဝါရီလ ၁၁ ရက် ညနေ ၃ နာရီ ၃၄ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၃ ရပ်ကွက်၊ စေတနာ (၄)လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

“မီးလောင်မှုဖြစ်တာက လျှပ်စစ်ထမင်းပေါင်းအိုး ခလုတ်မတက်ရာကနေ စတာ။ အိမ်မီးလောင်တဲ့အိမ်က အဘိုးအိုတစ်ယောက်တော့ မီးဟပ်ဒဏ်ရာတွေရတယ် အသက်အန္တရာယ် မစိုးရိမ်ရပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။

ဆယ်မိနစ်ကျော်ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် အလျားပေ၂၀၊ အနံ ၄၀ရှိ သွပ်မိုး၊ ကျောက်ပြားကာ ပျဥ်ခင်း အုတ်ညှပ် ၂ ထပ် နေအိမ် ၁ လုံးနှင့် အတွင်းပစ္စည်းများ၊အလျား ၁၀ ပေ အနံ ပေ ၆၀ ရှိ နေအိမ်၏ ပြတင်းပေါက်၊ မွေ့ယာ ၊သစ်သားမှန်တင်ခုံတို့ မီးဟပ်ခံရကာ ပျက်စီးခဲ့သည်။

ထို့အပြင် အသက် ၉၈ နှစ်အရွယ် အဘိုးအို ဦးသောင်းရွှေ၏ ဘယ်ဘက်လက်မောင်း၊ လက်ဖျံ ညာခြေသလုံးနှင့် ပေါင်တို့တွင် မီးဟပ်ဒဏ်ရာရရှိခဲ့သဖြင့် ဝန်းရံမှူး လူမှုကူညီကယ်ဆယ်​ရေးအသင်းမှ အသင်းဝင်များက သူနာတင်ယာဥ်ဖြင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၄ စီး၊ ရေသယ်ယာဥ် ၂ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၄၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၄၄ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

နေအိမ် မီးလောင်မှုကြောင့် အသက် ၅၁ နှစ်အရွယ် အမျိုးသားကြီးကို ရာဇသတ်​ကြီးပုဒ်မ ၂၈၅၊ ၃၃၈ဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းက အမှုဖွင့်ထားသည်။

#centralnewsnaypyitaw

image
image
image
image

လီဗာပူးလ်အသင်းတိုက်စစ်မှူးဒီယေဂိုဂျိုတာရဲ့ဒဏ်ရာပြသနာတွေကြောင့်အန်ဖီးလ်ကွင်းမှာသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေရှိလာစေခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ်တိုက်စစ်ကစားသမား ဒီယေဂိုဂျိုတာဟာ ၂၀၂၀ ခုနှစ်မှာပြောင်းရွှေ့ကြေးပေါင် ၄၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပေမဲ့သူ့အနေနဲ့ ကြိုးကြာနီအသင်းအတွက် ဒဏ်ရာပြသနာကြောင့် ၉၅ ပွဲအထိလွဲချော်ထားခဲ့တာအပါအဝင်ဒီရာသီကာလမှာလည်း ၁၆ ပွဲအထိလွဲချော်ထားခဲ့ပါတယ်။

ဒီယေဂိုဂျိုတာအနေနဲ့ ပြီးပြည့်စုံတဲ့ကြံ့ခိုင်မှုရှိနေတဲ့အချိန်မှာခြေစွမ်းပြကစားနိုင်ပေမဲ့သူ့အနေနဲ့ အသင်းရဲ့ပွဲထွက်ကစားသမားနေရာဆက်ထိန်းထားနိုင်ရေးအတွက်ရုန်းကန်နေရပါတယ်။သူ့အနေနဲ့ ဒီရာသီပြိုင်ပွဲစုံမှာ ပွဲထွက်ကစားသမားအဖြစ် ၁၁ ပွဲသာပါဝင်ကစားထားခဲ့ရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့နွေရာသီကာလတုန်းကပေါ်တူဂီတိုက်စစ်ကစားသမားကိုချိတ်ဆက်နေတဲ့သတင်းတွေထွက်ပေါ်ခဲ့ပြီး လက်ရှိမှာလည်းသူ့တို့အနေနဲ့အသင်းဆီခေါ်ယူအားဖြည့်မှုပြုလုပ်ချင်နေသေးတာဖြစ်ပါတယ်။

ဒီယေဂိုဂျိုတာဟာ ဂန်းနားအသင်းဆီပြောင်းရွှေ့ကစားဖို့အခွင့်အရေးရှိနေပြီး လီဗာပူးလ်အသင်းကလည်း သူ့ကိုသင့်တော်တဲ့ပြောင်းရွှေ့ကြေးရမယ်ဆိုရင်တော့ အသင်းကနေလက်လွှတ်ဖို့အဆင်သင့်ဖြစ်ဖွယ်ရှိနေပါတယ်။

ဒီယေဂိုဂျိုတာဟာ ဒီရာသီကာလမှာ ၂၁ ပွဲပါဝင်ကစားထားခဲ့ပြီး ၈ ဂိုးသွင်း ၂ ဂိုးဖန်တီးထားနိုင်ခဲ့တာဖြစ်ပါတယ်။

#ဘောလုံးသတင်းစုံ

image

ကျပ် ၃ ဒသမ ၇ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်းကို သာစည်နှင့် ဘားအံမြို့နယ်တွင် ဖမ်းမိ

ဖေဖော်ဝါရီ ၁၂

သာစည်မြို့နယ် နှင့် ဘားအံမြို့နယ်တို့တွင် ငွေကျပ် ၃ ဒသမ ၇ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၆ ရက်နေ့ ည ၁၀ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ ရန်ကုန်ဘက်သို့ အားဘ(ခ)အားဆာ မောင်းနှင်ပြီး မမိုးမိုးအေး လိုက်ပါလာသည့် MITSUBISHI PAJERO မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ဖမ်းဆီးရမိခဲ့သည်။

အလားတူ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အဝေးပြေးကားကြီးဝင်းတွင် ထွန်းဇော်ဒေးဦး နှင့် မဖြူဖြူအောင် တို့ ၂ ဦးအား TOYOTA NOAN VOXY မော်တော်ယာဉ်တစ်စီးနှင့်အတူ ငါးခြောက်အိတ်များအတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၉ သိန်း ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၂ နာရီအချိန် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ စောအုန်းကြွယ်(ခ)အုန်းကျော် အား မော်တော်ဆိုင်ကယ် ၁ စီးနှင့် လည်းကောင်း၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်တွင် တိုးတက်ထွန်း(ခ)တိုးကြီး နှင့် ကောင်းဆက်ကျော်(ခ)ကိုဆက် တို့အား TOYOTA WISH မော်တော်ယာဉ် ၁ စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တရားခံများကို စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ မြဝတီနယ်စပ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#centralnewsnaypyitaw

imageimage

စက်မှုဇုန်များ၌ တစ်ရက်ခြားသာ မီးရနေခြင်းကြောင့် ဆီဖိုးကုန်ကျစရိတ်မြင့်တက်နေရာ ဝန်ထမ်းလစာတိုး‌‌ပေးရန် ခက်ခဲနေ

ဖေဖော်ဝါရီ ၁၂

စက်မှုဇုန်များ၌ တစ်ရက်ခြားစီသာမီးရရှိနေခြင်းကြောင့် စက်သုံးဆီဖိုးကုန်ကျစရိတ်မြင့်တက်‌ နေရာ ဝန်ထမ်းများကိုလည်း လစာတိုးပေးရန် အခက်အခဲရှိနေကြောင်း စက်မှုဇုန်လုပ်ငန်းရှင်အချို့ထံမှ သိရသည်။

ပြည်တွင်း၌ ပြီးခဲ့သည့် (၂၀၂၄)ခုနှစ် နှစ်ကုန်ပိုင်းအထိ တစ်ရက်လျှင် လျှပ်စစ်မီး(၄)နာရီလာ (၄)နာရီပျက်ပုံစံမှ ယခုနှစ်ဇန်နဝါရီလမှစ၍ (၄)နာရီသာ မီးပေးကာ (၈)နာရီပျက်ပုံစံဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ‌ရွှေလီ-မန်စံ ဓာတ်အားလိုင်း နှစ်လိုင်းတွင် တစ်လိုင်းမှာပြုပြင်ပြီးစီးပြီဖြစ်ခြင်း ကြောင့် လျှပ်စစ်ကို ယခင်ထက်တိုး၍ စမ်းသပ်ပေးနေပြီး ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် လျှပ် စစ်မီးရရှိချိန်ပြန်လည်ကြာမြင့်လာပြီဖြစ်ကြောင်း သိရသည်။ သို့သော် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များတွင် ပြီးခဲ့သည့်ဇန်နဝါရီလမှစ၍ လျှပ်စစ်မီးရရှိမှုများ ပိုမိုဆိုးရွားလာခဲ့ပြီး တစ်ရက်ခြားစီသာ လျှပ်စစ်မီးရရှိကြောင်းသိရသည်။

'တစ်ရက်ခြားပဲရတယ်။ လာရင်လည်း နှစ်နာရီကနေ၊ လေးနာရီလောက်ပဲရတာ။ တစ်လလောက်ရှိနေပြီ။ နေ့တိုင်းမရဘူး။ အစည်းအဝေးတွေ ဘာတွေလည်းမခေါ်ဘူး။ ကျွန်တော်တို့ဘက်ကလည်း ဘာမှမတင်ပြတော့ပါဘူး။ တင်ပြလည်း ဘာမှလုပ်လို့ မရဘူးလေ”ဟု ရွှေပေါက်ကံစက်မှုဇုန်ရှိ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ထိုသို့ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စက်မှုဇုန်လုပ်ငန်းရှင်များအနေဖြင့် ယခင်ထက် ဆီဖိုး ပိုမိုကုန်ကျနေရပြီး ဝန်ထမ်းများ၏လစာများကိုလည်း တိုးပေးနိုင်ခြင်းမရှိကြောင်း သိရသည်။ "မီးတအရင်က်ပေမယ့်လည်း ဝန်ထမ်းလစာကတော့ အရင်အတိုင်းပဲ မပြောင်းလဲဘူး။ လျော့လည်းမလျော့ဘူး။ တိုးလည်းမတိုးနိုင်ဘူး။ ဆီကတော့ အပြင်ကဈေးထက် (၁၀ဝ)လောက်ပိုများတယ်။ ဝယ်ရတာတော့ မခက်ဘူး။ ဈေးကြီးတာတစ်ခုပဲ။ တစ်လီတာကို (၈၀)(၁၀ဝ)(၁၅၀)လောက်ကွာတယ်။ အရင်ကဆီဖိုး တစ်လကို သိန်း (၃၀ဝ)‌‌လောက်က အခုဆိုသိန်း(၅၀ဝ)လောက်ကုန်တယ်။ စက်ရုံအကြီးအသေးပေါ်တော့မူတည်တာပေါ့။ တချို့ဆို သိန်း ထောင်ဂဏန်းလောက်ကုန်တာလည်းရှိတယ်”ဟု အထက်ပါ လုပ်ငန်းရှင်က ဆက်လက်ပြောသည်။

ပြည်တွင်းရှိ စက်မှုဇုန်များတွင် လုပ်ကိုင်လျက်ရှိသည့် စက်ရုံလုပ်သားများအနေဖြင့် လုပ်ခလစာ နည်းပါးခြင်းအပြင် ကောလာဟလ သတင်းအမှားများကြောင့် ၎င်းတို့၏လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများနှင့်လည်း ကြုံတွေ့နေရခြင်းကြောင့် ပြည်ပထွက်ခွာမှုမှာ ဆက်လက်များပြားလျက်ရှိသည်။

နိုင်ငံအတွင်း၌ နှစ်စဉ်လျှပ်စစ်ဓာတ်အား (၉)ရာခိုင်နှုန်း တိုးတက်သုံးစွဲလျက်ရှိသဖြင့် စုစုပေါင်း (၅၄၈၃) မဂ္ဂါဝပ်လိုအပ်သော်လည်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ (၂၈၀ဝ) မဂ္ဂါဝပ်ခန့် သာထုတ်လုပ်နိုင်ပြီး လိုအပ်ချက်၏(၅၀)ရာခိုင်နှုန်းခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
11 w - Translate

✨ Premium T-Shape Titanium Blade Hair Clipper ✨ စျေးနုန်း ၃၀၀၀၀ကျပ်။
ခေါင်းအပို ၁၀၀၀၀ကျပ်။
ဒီဆံပင်ညှပ်စက်လေးက လူကြီး၊ လူငယ်မရွေး သုံးလို့ရတဲ့ အဆင့်မြင့် Grooming Tool တစ်မျိုးပါ။ သူ့ရဲ့ထူးခြားချက်တွေကို အောက်မှာဖတ်ကြည့်လိုက်နော်။
✂ Premium T-Shape Titanium Blade
T-Shape Titanium Ceramic Blade သုံးထားတာကြောင့် သွက်လက်ပြီး ဆံပင်ညှပ်ရတာ ချောမွေ့ပါတယ်။
ဆံပင်ညှပ်၊ ပုံဖော်၊ ဦးရေပြားရိတ် စတာတွေအတွက် အကုန်အဆင်ပြေပါတယ်။
R-Shape Angle ဒီဇိုင်းက ဦးရေပြားကို မထိခိုက်စေဘဲ နူးညံ့ပါတယ်။
✂ Powerful Motor & Low Noise
စွမ်းအားပြည့် Motor ပါဝင်ပြီး ထူထဲတဲ့ဆံပင်တွေကိုပါ ညှပ်လို့ရပါတယ်။
တိတ်ဆိတ်ငြိမ်သက်စွာ အလုပ်လုပ်နိုင် (55d မိသားစုဝင်တွေ အိပ်နေချိန်မှာတောင် အဆင်ပြေပါတယ်။
ဆံပင်အရှည်အမျိုးမျိုးအတွက် 1.5mm, 2mm, 3mm, 4mm ခေါင်းဖြီး ၄ မျိုးပါဝင်ပါတယ်။
✂ USB Charging & Long Standby
1200mAh Battery ပါဝင်ပြီး ၂ နာရီအတွင်း အပြည့်အ၀ အားသွင်းနိုင်ပါတယ်။
ကြိုးမဲ့သုံးလို့ရပြီး ၂ နာရီကနေ ၃ နာရီအထိ အသုံးပြုနိုင်ပါတယ်။
USB Charging ဖြစ်တာကြောင့် အိမ်မှာဖြစ်ဖြစ်၊ ခရီးသွားရင်ဖြစ်ဖြစ် အဆင်ပြေပါတယ်။
✂ Ergonomic Design, Easy to Hold and Use
လက်ကိုင်အဆင်ပြေတဲ့ဒီဇိုင်း နဲ့ သေးသွယ်ပါတယ်။
ခရီးသွားလာရင်သယ်သွားလို့ရပြီး အိမ်သုံး ဆိုင်သုံးလည်း အဆင်ပြေပါတယ်။
✂ ပါဝင်သောပစ္စည်းများ
၁ x ဆံပင်ညှပ်စက်
၄ x ခေါင်းဖြီး (1.5mm, 2mm, 3mm, 4mm)
၁ x USB အားသွင်းကြိုး
၁ x သန့်ရှင်းရေးဘရပ်
၁ x ဆီ
၁ x အသုံးပြုနည်းစာအုပ်.
#shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
အသေးစိတ်အချက်လတ်များကို အောက်ပါလင့်မှဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.shop.com.mm/produc....ts/i118773496.html?s

Vintage T9 Trimmer for Men Hair Zero Gapped Clipper Professional Haircut Electric USB Charging Beard Trimmer for Men Wireless Rechargeable Personal Hair Men Grooming Beard Liner | Shop.com.mm
www.shop.com.mm

Vintage T9 Trimmer for Men Hair Zero Gapped Clipper Professional Haircut Electric USB Charging Beard Trimmer for Men Wireless Rechargeable Personal Hair Men Grooming Beard Liner | Shop.com.mm

✂【Premium T Shape Titanium Blade】 Using T-shape Titanium ceramic blade, mens hair clipper keeps sharp for comfortable trimming. T-shape blade is suitable for hair cutting, hair trimming, hairstyle shaping and bald head, R-shape angle is friendly to s

မြန်မာနိုင်ငံဘက်သို့ တရားမဝင် ပို့ဆောင်မည့် တိရိစ္ဆာန်အကောင်ရေ ၅၀ ကျော်ကို မဲဆောက်တွင် ဖမ်းမိ

ဖေဖော်ဝါရီ ၁၂

မြန်မာနိုင်ငံဘက်သို့ တရားမဝင် ပို့ဆောင်မည့် တိရိစ္ဆာန်အကောင်ရေ ၅၀ ကျော်ကို မဲဆောက်တွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဖမ်းမိခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။

ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ အမှတ် (၆) ၊ မယ်ပကျေးရွာရှိ ဟွေ့ဟင်ဖွန်စစ်ဆေးရေးဂိတ်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၅ နာရီအချိန်ခန့်က မြန်မာနိုင်ငံဘက်သို့ တရားမဝင် ပို့ဆောင်မည့် တိရိစ္ဆာန်အကောင်ရေ ၅၀ ကျော်ကို မဲဆောက်မြို့နယ်၊ အမှတ် (၆) ၊ မယ်ပကျေးရွာရှိ ဟွေ့ဟင်ဖွန်စစ်ဆေးရေးဂိတ်သို့ ဖြတ်သန်းမောင်းနှင်လာသည့် ကုန်တင်ကားတစ်စီးပေါ်မှ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်တင်ကားကို တားဆီးစစ်ဆေးရာ Sulcata အမျိုးအစား လိပ် ၄၆ ကောင်၊ Capybara အမျိုးအစား ကြွက် ၄ ကောင်၊ ကြက်တူရွေး ၃ ကောင်နှင့် စပါးအုံးမြွေ ၂ ကောင်တို့ပါဝင်ကြောင်း သိရသည်။

ယင်း တိရိစ္ဆာန်များကို ဘန်ကောက်မြို့၊ ကျတုကျတ်ပျံကျဈေးမှတင်ဆောင်လာကာ ထိုင်းနိုင်ငံသား ဒရိုင်ဘာက မြန်မာနိုင်ငံ၊ မြဝတီမြို့သို့ ပို့ဆောင်ရန် မောင်းနှင်လာစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း မဲဆောက်ရဲစခန်းတွင် ယာဉ်မောင်းက ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။

ယခုအခါ အဆိုပါ ထိုင်းနိုင်ငံသား ယာဉ်မောင်းကို မဲဆောက်ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားပြီး ခွင့်ပြုချက်မဲ့ တိရိစ္ဆာန်ရောင်းဝယ် ဖောက်ကားမှုဖြင့် အမှုဖွင့်လှစ်ကာ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image
image
image
image

ပွဲစား စွန့်ပစ်သွားတဲ့တရားမဝင် မြန်မာအလုပ်သမား ၈၀ ကျော် အဖမ်းခံရ

ဖေဖေါ်ဝါရီ ၁၂

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာကာ ရာဘာခြံ အတွင်း ပွဲစားက စွန့်ပစ်ခံရတဲ့ မြန်မာအလုပ်သမား ၈၀ကျော် ကို ဖမ်းဆီးခဲ့ တယ်လို့ ထိုင်းသတင်းတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။

ဖေဖေါ်ဝါရီ ၁၁ရက် နေ့ နေ့လည်တစ်နာရီ ခန့် မှာ Thong pha phum ခရိုင် အတွင်းရှိ ရာဘာခြံ အတွင်း ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဆင်တူတဲ့ လူတစ်စု ကို တွေ့ရှိကြောင်း ထိုင်းနိုင်ငံသားတစ်ဦးရဲ့ သတင်းပေးချက်အရ ထိုင်းအာဏာပိုင်တွေ က သွားရောက် စစ်ဆေးတာမှာ ပုန်းအောင်းနေတဲ့ မြန်မာအလုပ်သမားတွေ မှာ ထိတ်လန့်တကြား ဖြင့် တောထဲ သို့ ထွက်ပြေးခဲ့ပြီး နောက် ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။

ဖမ်းမိတဲ့ စာရင်း များအရ မြန်မာအလုပ်သမား အမျိုးသား ၃၃ဦးနဲ့ အမျိုးသမီး ၂၇ ဦး အပြင် ကလေးငယ်တစ်ဦးပါ ပါဝင်ကာ စစ်ဆေးမှုအရ စမွတ်ပရာကန်ခရိုင် ကို အလုပ်သွားလုပ်ရန် ရည်ရွယ်ထားကာ ခေါ်ဆောင်လာတဲ့ ပွဲစားဆိုသူ က ပစ်ထားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖေဖေါ်ဝါရီ ၁၂ရက် ညနေ လေးနာရီ ခန့်မှာ သတင်းပေးပို့ချက်အရ Thong Phum ခရိုင် ဗာဂျီယာလောင်ကွန်းရေလှောင်တမံ ဘေးရှိ ကမ်းနားတွင် စွန့်ပစ်ထားတဲ့ နေအိမ်တစ်လုံး အတွင်း တရားမဝင် မြန်မာအလုပ်သမား ၂၃ဦး ကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အမျိုးသား၁၈ဦး၊ အမျိုးသမီး ၄ဦးနဲ့ ကလေးငယ် တစ်ဦး ပါဝင်တဲ့ မြန်မာအလုပ်သမား တွေကို ပွဲစားက ပစ်ထားခဲ့ ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဆေးမေးမြန်းမှုအရ ၎င်း မြန်မာအလုပ်သမား အဖွဲ့ဟာ မလေးရှားနိုင်ငံ မှ မြန်မာနိုင်ငံ ကို ပြန်ရန် အတွက် ထိုင်းနိုင်ငံ အတွင်း ကိုရောက်ရှိနေတာ ဖြစ်တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
လက်ရှိမှာတော့ အမှုနှစ်ခုစလုံးမှ ဖမ်းမိတဲ့ မြန်မာအလုပ်သမားတွေ ကို အောင်ဖုံရဲစခန်း သို့ပို့ဆောင် ထားကာ တရားဥပဒေ အတိုင်း ဆက်လက်ဆောင်ရွတ်သွားမယ်လို့ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image

နေရပ်စွန့်ခွာနေရသူများကို တစ်လ ၂၀၀၀၀ ကျပ်ထောက်ပံ့ပေးမည်

ဖေဖော်ဝါရီ ၁၂

ပဋိပက္ခဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများကို တစ်ဦးလျှင် တစ်လငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်က နစကဥက္ကဋ္ဌသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တွေ့ဆုံ၍ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားမှာ ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လစဉ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် သက်ဆိုင်ရာ နယ်မြေများအလိုက် ယာယီနေရပ်စွန့်ခွာ နေရသူများ အားလုံး ပါဝင်မှု ရှိစေရေး၊ စာရင်းတွင် မပါဝင်ဘဲ ကျန်နေခဲ့ရသူများ မရှိစေရေး၊ စနစ်တကျ ထိထိရောက်ရောက် ထောက်ပံ့ ပေးအပ်နိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်သွားကြရန်လိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော သည်။

ယခု ကောက်ယူရရှိထားသည့် စာရင်းတွင် မပါဝင်ဘဲ ထပ်မံကောက်ယူရရှိလာမည့် ယာယီနေရပ်စွန့်ခွာ နေရသူများ၏ စာရင်းကိုလည်း စိစစ်ကောက်ယူ၍ ထပ်မံတင်ပြ တောင်းခံသွားရန်နှင့် စနစ်တကျ စိစစ် ထောက်ပံ့ ပေးသွားရန်လိုကြောင်း ၎င်းက ပြောသည်။

နစကသည် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည် စုစုပေါင်း မည်မျှ ရှိသည်ကိုတော့ ထုတ်ဖော် ပြောကြားသွားခြင်း မရှိပေ။

လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ ပြင်းထန် စွာဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည် စုစုပေါင်း ၃ သန်းကျော်ရှိကြောင်း UNOCHA က ထုတ်ပြန်ထားသည်။

ပုံစာ- ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် နေရပ်စွန့်ခွာသူများကို ထောက်ပံ့ငွေပေးနိုင်ရေး နစကဥက္ကဋ္ဌက ပေးအပ်နေစဉ်

#centralnewsnaypyitaw

image
image
image
image