Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Snowpiercer (2013)
✅Action, Sci-Fi, Drama
ဒီတစ်ခါ Parasite ဇာတ်ကားနဲ့ ဆုပေါင်းများစွာကိုသိမ်းပိုက်ခဲ့တဲ့ ဒါရိုက်တာ Bong Joon Ho ရဲ့ Snowpiercer (နှင်းခွဲရထား) ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
၂၀၁၄ ခုနှစ်မှာ CW7 ဆိုတဲ့ဓာတုပစ္စည်းတစ်မျိုးကိုအသုံးပြုပြီး ကမ္ဘာကြီးပူနွေးမှုကိုကာကွယ်ဖို့ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် အကျိုးဆက်အနေနဲ့ ကမ္ဘာဟာမပူနွေးတော့ရုံမက အေးခဲလွန်းတဲ့ရေခဲခေတ်ကိုရောက်ရှိသွားပါတော့တယ်။
ဒီလိုတွေဖြစ်လာမယ်ဆိုတာကြိုမြင်နေတဲ့ ဝဲလ်ဖို့ဒ်ဆိုတဲ့လူကြီးက ကမ္ဘာကြီးကို တစ်နှစ်တစ်ခါလည်ပတ်နေတဲ့ နှင်းခွဲရထားကြီးကိုတီထွင်ခဲ့ပါတယ်။
နှင်းတွေကနေစွမ်းအင်ကိုယူပြီး အလုံပိတ်ဂေဟစနစ်နဲ့ မရပ်မနားခုတ်မောင်းနေတဲ့ဧရာမရထားကြီးရဲ့ခေါင်းတွဲပိုင်းတွေဟာ လူချမ်းသာတွေအတွက် ဇိမ်ခံအဆင့်အတန်းမြင့်အခန်းတွေ၊ ဝန်ဆောင်မှုတွေနဲ့ ပြည့်နေပေမယ့် အသက်မသေဖို့အရေး ရထားပေါ်မရမကဖက်တွယ်လိုက်ပါလာတဲ့ လူဆင်းရဲတွေအတွက်ကတော့ ညစ်ပတ်ပေရေနေပြီး ကျောတစ်ချစာသာနေရာရှိတဲ့ ရထားနောက်တွဲအမှောင်ခန်းတွေထဲ လက်နက်ကိုင်စစ်သားတွေရဲ့စောင့်ကြည့်မှုအောက်မှာ နေကြရပါတယ်။
ဒီလိုနဲ့ ၁၇နှစ်အကြာမှာ တိရစ္ဆာန်သာသာနေနေရတဲ့ လူ့အခွင့်အရေးဆိုတာကိုတစ်စက်မှမရကြရှာတဲ့ ရထားနောက်တွဲကလူတွေရဲ့ တော်လှန်တဲ့ပုံရိပ်တွေကိုကြည့်ကြရမှာပါ။
ဒီဇာတ်ကားမှာတော့ ကိုရီးယားဇာတ်ဆောင်နှစ်ဦးနဲ့ အင်္ဂလိပ်သရုပ်ဆောင်တွေ အဓိကသုံးထားပြီး အင်္ဂလိပ်ဘာသာနဲ့ပဲ အဓိကရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါရိုက်တာကြီး Bong Joon Ho ရဲ့လက်ရာဆိုတော့ အထူးတလည်ညွှန်းစရာလိုတော့မယ် မထင်ပါဘူး။ လုံးဝရိုးအီမသွားဘဲအတော်ကိုကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ။ ကြည့်ရှူခံစားလိုက်ကြပါဦး။
#crd
#storymode
ကျားဖျန့်/လူမှောင်ခို ပပျောက်နှိမ်နင်းရေး အတွက် BGF က ဗိုလ်မှူးကြီး ၄ ဦး ဦးဆောင်သော အထူးအဖွဲ့ကို စတင်ဖွဲ့စည်း
ဖေဖော်ဝါရီ ၁၂
နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) BGF က ကျားဖျန့်/လူမှောင်ခို ပပျောက်နှိမ်နင်းရေး အတွက် ဗိုလ်မှူးကြီး ၄ ဦး ဦးဆောင်သော အထူးအဖွဲ့ကို ယနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) စတင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ကျားဖျန့်၊ လူမှောင်ခိုနှင့် ပတ်သက်၍ အထူးအဖွဲ့ကို ဖွဲ့စည်းကာ တစ်ယောက်မကျန် ဖမ်းပြီး ပြန်ပို့မည် ဖြစ်ကြောင်း၊ ထိုသို့ ဖွဲ့စည်းကာဖမ်းမည် ဖြစ်ကြောင်းကို တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ကိုလည်း တင်ပြခိုင်းပြီးဖြစ်ကြောင်း ဗိုလ်မှူးကြီးစောချစ်သူ ကပြောပြီးနောက် ယနေ့တွင် အထက်ပါ အဖွဲ့ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
BGF ၏ ဗဟိုအကြံပေး နှင့် ကွပ်ကဲရေးအဖွဲ့က အစည်းအဝေးပြုလုပ်ကာ ကျားဖျန့်/လူမှောင်ခို ပပျောက်နှိမ်နင်ရေး အထူးအဖွဲ့ ဖွဲ့စည်းရာတွင် (၄) ဖွဲ့ပါဝင်ပြီး ကြီးကြပ်ရေး နှင့် ပို့ဆောင်ရေးအဖွဲ့ အောက်တွင် အဖွဲ့ (၁)၊ (၂)၊ (၃) ဟု ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ကြီးကြပ်ရေး နှင့် ပို့ဆောင်ရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်မှူးကြီး စောဒိဒိ က ဦးဆောင်ကာ ဒုတိယ အဖွဲ့ခေါင်းဆောင်အဖြစ် ဒုတိယဗိုလ်မှူးကြီး စောကျောဖော၊ အဖွဲ့ဝင်များအဖြစ် ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်၊ ဒုတိယဗိုလ်မှူးကြီး စောမောင်လေး၊ ဗိုလ်မှူး စောအောင်နိုင်ဦး၊ ဗိုလ်မှူးစောယဉ်ကြည်နှင့် ဗိုလ်မှူး မျိုးကျော်ခိုင်တို့ ပါဝင်သည်။
အဖွဲ့ (၁) တွင် ဗိုလ်မှူးကြီး စောဆန်းလင်းက အဖွဲ့ခေါင်းဆောင်၊ ဒုတိယဗိုလ်မှူးကြီး စောချစ်ချစ်က ဒုတိယခေါင်းဆောင်အဖြစ် ပါဝင်ပြီး အဖွဲ့ (၂) တွင် ဗိုလ်မှူးကြီးစောပါပီက အဖွဲ့ခေါင်းဆောင်၊ ဒုတိယ ဗိုလ်မှူးကြီးစောပေါ်ပယ်က ဒုတိယခေါင်းဆောင်အဖြစ်ပါဝင်ကာ အဖွဲ့ (၃) တွင် ဒုတိယဗိုလ်မှူးကြီး စောမောင်တူးက အဖွဲ့ခေါင်းဆောင်၊ ဗိုလ်မှူးစောတာဘလဲ့ က ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ခြင်း ဖြစ်သည်။
အဖွဲ့ (၄) ဖွဲ့ အနက် အဖွဲ့ (၁) တွင် အဖွဲ့ဝင်များ အဖြစ် ဦးမင်းမင်းဦး၊ ကိုသန့်ဇင်၊ ကိုမောင်မောင်၊ ဆရာချာလီ၊ ကိုဘိုဘို စသော အရပ်သားများလည်း ပါဝင်ကြောင်း တွေ့ရကာ ကော်မတီ အားလုံးတွင် ပါဝင်သော အဖွဲ့ဝင်များအနက် အနိမ့်ဆုံး BGF စစ်ဘက်ဆိုင်ရာ အရာရှိများမှာ ဗိုလ်မှူးအဆင့် ဖြစ်ကြောင်း လည်း တွေ့မြင်ရသည်။
ပုံစာ - BGF အဖွဲ့များ အစည်းအဝေးပြုလုပ်နေသည်ကို တွေ့မြင်ရစဥ်
#centralnewsnaypyitaw
အသင်းရဲ့တိုက်စစ်ကစားသမား ဆာကာ အနေနဲ့ အပေါ့စားလေ့ကျင့်ရေးတွေစတင်ပြန်လည်လုပ်ဆောင်လာနိုင်ခဲ့ပြီး သတ်မှတ်ထားတာထက်အရင်ပြန်လည်ပါဝင်လာနိုင်ဖို့အခွင့်အရေးရှိနေပါတယ်လို့ အာဆင်နယ်အသင်းကဖွင့်ဟပါတယ်။
အဂ်လန်ကစားသမားဟာ ဒဏ်ရာရရှိခဲ့ပြီးနောက်ခွဲစိတ်မှုခံယူရတဲ့အထိဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းလောက်ကတည်းကပြန်လည်ထူထောင်ရေးလုပ်ဆောင်နေတာဖြစ်ကာ အရင်သတ်မှတ်ထားချက်တွေအရကစားသမားဟာ မတ်လအထိပွဲကစားခွင့်စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။
ဂန်းနားအသင်းအနေနဲ့ ဆောင်းရာသီကာလအတွင်းဒူဘိုင်းမှာသွားရောက်လေ့ကျင့်ရေးလုပ်ဆောင်နေပြီး လက်စတာစီးတီးနဲ့ကစားရမဲ့ဒီတပတ်ပွဲစဉ်မတိုင်ခင် ကာယကံရှင်အနေနဲ့ ကြံ့ခိုင်မှုပြန်လည်ရရှိရေးအတွက်အသင်းဖော်တွေနဲ့အတူခရီးလိုက်သွားခဲ့တာဖြစ်ပါတယ်။
ကလပ်အသင်းအနေနဲ့လည်း ကြံ့ခိုင်မှုပြန်ရဖို့လေ့ကျင့်ရေးလုပ်ဆောင်နေတဲ့ဆာကာပုံကိုဖော်ပြခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒဏ်ရာပြသနာရှိနေသေးတဲ့ဆာကာအပြင် တခြားတိုက်စစ်မှူးဖြစ်တဲ့ဂါဘရီရယ်လ်ဂျီးဆပ်စ်နဲ့ဂါဘရီရယ်မာတင်နယ်လီတို့ဟာလည်းဒဏ်ရာကြောင့်အသုံးပြုနိုင်ဦးမှာမဟုတ်ဘဲ ၂ ယောက်စလုံးဟာ လနဲ့ချီပြီးအနားယူရမှာဖြစ်ပါတယ်။
#ဘောလုံးသတင်းစုံ
အသက် ၈၂ နှစ်အရွယ် အယ်ဇိုင်းမားဝေဒနာခံစားနေရသူ အဘိုးအိုကို ရိုက်နှက်ထိန်းကျောင်းသည့် မြန်မာအိမ်အကူအား စင်ကာပူတရားရုံးက ထောင်တစ်နှစ်ကျော်ချ
ဖေဖော်ဝါရီ ၁၂
စားပြီးမှ ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။
စင်ကာပူနိုင်ငံဟာ သက်ကြီးရွယ်အိုဦးရေများပြားမှုကြောင့် မိသားစုများစွာဟာ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ဖို့ အိမ်အကူတွေဆီက အကူအညီ ရယူနေရချိန်မှာ သန့်ဇင်ဦးရဲ့ လုပ်ရပ်ဟာ လူထုကို အကြီးအကျယ် စိတ်အနှောင့် အယှက်ဖြစ်စေခဲ့တာ သတိပြုမိကြောင်းနဲ့ ပြုစုစောင့်ရှောက်ဖို့ လွှဲအပ်ထားတဲ့ ယုံကြည်မှု အလွဲသုံးစားလုပ်တာကို တရားရုံးက လက်ခံမှာ မဟုတ်ကြောင်း တရားသူကြီး ဆယ်လီနာက ပြောကြားခဲ့ပါတယ်။
Ref, CNA & The Straits Times
#centralnewsnaypyitaw
ရွှေတိဂုံစေတီတော် (၁၇) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဩဝါဒပါတိမောက် ပူဇော်ပွဲ ကျင်းပ
ဖေဖော်ဝါရီ ၁၂
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနားနှင့် ဩဝါဒပါတိမောက် ပူဇော်ပွဲတို့ကို ဖေဖော်ဝါရီ ၁၁ ရက်နှင့် ယနေ့ ၁၂ ရက်နေ့တို့တွင် ကျင်းပခဲ့သည်။
ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ ညနေ ၄ နာရီတွင် ရွှေတိဂုံစေတီတော်အရှေ့ဘက်အောက်ပစ္စယာရှိ ထန်းပင်ကုန်းကွင်း၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး၀န်ကြီးများ၊ ဂေါပကအဖွဲ့၀င်များ၊ ပညာရှင်များ၊ အကဲဖြတ်အမှတ်ပေးဒိုင်လူကြီးများ၊ စေတနာရှင်အလှူရှင်များ၊ ဂေါပကရုံး၀န်ထမ်းများ၊ ပြိုင်ပွဲ၀င်အသင်းနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြပြီး ရွှေတိဂုံစေတီတော်ဗုဒ္ဓ ဝေယျာ၀စ္စအသင်းများ၊ အခွန်ထမ်းများ၊ မိတ်ဖက်အသင်းများနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးဌာနများအပါအ၀င် ပြိုင်ပွဲ၀င်အသင်းပေါင်း ၃၂ သင်းပါ၀င်ယှဥ်ပြိုင်ကြပြီး ပထမဆုရရှိသည့် လုပ်ငန်းမြို့ပြဌာနကို ကျပ်(၁၀)သိန်း၊ ဒုတိယဆုရရှိသည့် ဓာတ်ပုံကန်ထရိုက်လုပ်ငန်းအဖွဲ့ကို ကျပ်(၇)သိန်း၊ တတိယဆုရရှိသည့် ဝန်ထမ်းရေးရာနှင့်မှတ်တမ်းဌာနကို ကျပ်(၆) သိန်း၊ စတုတ္တဆုရရှိသည့် မေတ္တာပါရမီအသင်းကို ကျပ်(၅)သိန်း၊ ပဥ္စမဆုရရှိသည့် အထက်ပစ္စယံအသင်းကို ကျပ်(၄)သိန်း၊ နှစ်သိမ့်ဆုရရှိကြသည့် ပေါင်းမြက်သန့်ရှင်းရေးအသင်း၊ ပြတိုက်ပြခန်းဌာန၊ ဥပဒေရုံးများဆိုင်ရာဝတ်အသင်းနှင့် စီမံအုပ်ချုပ်ရေးဌာနတို့ကို ကျပ်(၃)သိန်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း ချီးမြှင့်ပေးအပ်သောဂုဏ်ပြုဆုငွေ တစ်သင်းလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ပြိုင်ပွဲအသင်း ၃၂သင်းတို့ကို ရွှေတိဂုံစေတီတော်ဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့ဝင်အလှည့်ကျသဘာပတိ ဦးလှမြင့်က ဝန်ကြီးချုပ်ကိုယ်စား ပြိုင်ပွဲဝင်အသင်းများအသီးသီးကို ပေးအပ်ချီးမြှင့်ခဲ့သည်။
#သတင်းဟင်းလေးအိုးကြီး
ချဲလ်ဆီးအသင်းဟာ ဘုန်းမောက်အသင်းတိုက်စစ်မှူး အွန်တီယွန်ဆီမန်ယိုကို ဒီနွေရာသီကစားသမားအပြောင်းအရွှေ့ကာလမှာ အသင်းဆီခေါ်ယူဖို့အတွက်ပြောင်းရွှေ့ကြေးပေါင် ၄၂ သန်းဖြင့်ကမ်းလှမ်းမှုပြုလုပ်ဖို့စီစဉ်နေတယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူး အွန်တီယွန်ဆီမန်ယိုဟာ ၂၀၂၄/၂၅ ရာသီကာလမှာဘုန်းမောက်အသင်းနဲ့အကောင်းမွန်ဆုံးခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ ၂၆ ပွဲပါဝင်ကစားထားရာမှာ ၉ ဂိုးသွင်းယူထားပြီး ၄ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။
အွန်တီယွန်ဆီမန်ယိုရဲ့ကစားပုံကြောင့် လီဗာပူးလ်အသင်းအပါအဝင် ကလပ်အသင်းကြီးအတော်များများဆီကစိတ်ဝင်စားမှုရရှိခဲ့ပါတယ်။ဘုန်းမောက်အသင်းကလည်း အဆိုပါတိုက်စစ်မှူးကိုဆက်ထိန်းထားဖို့ခက်ခဲမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။
ချဲလ်ဆီးအသင်းဟာ အွန်တီယွန်ဆီမန်ယိုကိုအသင်းဆီခေါ်ယူဖို့စိတ်ဝင်စားနေတဲ့နောက်ထပ်တသင်းဖြစ်လာခဲ့ပြီး ခြင်္သေ့ပြာအသင်းအနေနဲ့အဆိုပါကစားသမားကိုခေါ်ယူဖို့အတွက်ဒီနွေရာသီကစားသမားစျေးကွက်မှာ ပြောင်းရွှေ့ကြေး ၄၂ သန်းနဲ့ခေါ်ယူဖို့စီစဉ်နေတယ်လို့ Fichajes သတင်းကဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့လည်းလက်ရှိမှာတော့ ဘုန်းမောက်အသင်းအနေနဲ့ အွန်တီယွန်ဆီမန်ယိုကိုအသင်းမှာဆက်ထိန်းထားဖို့ကောင်းမွန်တဲ့အဆင့်မှာရပ်တည်နေပြီး အသင်းအနေနဲ့အဆင့် ၇ နေရာမှာရပ်တည်နေတာကြောင့်လာမဲ့ရာသီကာလမှာဥရောပပြိုင်ပွဲသွားရောက်ကစားခွင့်ရှိနေတာကြောင့်ဖြစ်ပါတယ်။ဒါ့အပြင်အဆိုပါကစားသမားအနေနဲ့လည်းအသင်းမှာစာချုပ်သက်တမ်းအရ ၂၀၂၉ ဇွန်လအထိကျန်ရှိနေသေးတာဖြစ်ပါတယ်။
#ဘောလုံးသတင်းစုံ
ဝန်ကြီးချုပ်များ ဒေသအလိုက် တည်ငြိမ်အောင်လုပ်ဖို့ နစကဥက္ကဋ္ဌပြော
ဖေဖော်ဝါရီ ၁၂
တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် မိမိတို့ တာဝန်ယူထားရသည့် ဒေသများအလိုက် နယ်မြေ ဒေသတည်ငြိမ် အေးချမ်းအောင် လုပ်ကြဖို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်က တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံ၍ နေရပ်စွန့်ခွာ နေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားမှာ ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌက “ မိမိတို့အနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ တာဝန်ထမ်းဆောင်ခွင့်ကို ၆ လ သက်တမ်းထပ်မံတိုးမြှင့်ခဲ့ရကြောင်း၊ ယခု ၆ လတာ ကာလအတွင်း တည်ငြိမ်အေးချမ်းမှု ရှိစေရေး အလေး ထား ဆောင်ရွက်သွားရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့်လည်း မိမိတို့တာဝန်ယူ ထားရသည့် ဒေသများအလိုက် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေး၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုသည်”ဟု ပြောသည်။
နေရေးလုံခြုံမှုနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် ရာနှုန်းပြည့်လုံခြုံရေးဟူ၍ မည်သည့် နိုင်ငံတွင်မျှ မရရှိနိုင်ကြောင်း၊ ရာဇဝတ်မှုများ၊ လုံခြုံရေးကျိုးပေါက်မှုများသည် နိုင်ငံတိုင်း၌ဖြစ်ပေါ်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်မှစ၍ ပြည်သူ့ လုံခြုံရေးစနစ်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောသည်။
နစကဥက္ကဋ္ဌက “နိုင်ငံတော်တွင် နိုင်ငံသားတိုင်း အနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီ ညွတ်မှု မပြိုကွဲရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိကြပြီး ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်း ဆောင်ရွက်လျက်ရှိသည်”ဟု ပြောသည်။
ထို့နောက် လုံခြုံရေးနှင့်ပတ်သက်၍ အဓိက ဆောင်ရွက်ရမည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး သက်ဆိုင်ရာ နယ်မြေဒေသအလိုက် ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ပြည်သူက အားကိုးရသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်ရန်လိုပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း ၎င်းတို့ တာဝန်ထမ်းဆောင်မှုများအပေါ် လိုအပ်သည် များ အားပေးထောက်ပံ့ခြင်းများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်း ၎င်းကပြောသည်။
နေရာဒေသအလိုက် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် မှန်မှန်ကန်ကန်ဖြင့် တာဝန်ပေးအပ်နိုင်ရေး၊ မိမိတိုံ ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ဒေသအလိုက်ရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတို့ အတူတကွ လက်တွဲ၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
အကြမ်းဖက်အဖွဲ့များ အနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူ၍ အများပြည်သူ အသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ အကြမ်းဖက်မှုကို ကျူးလွန်လျက်ရှိကြောင်း၊ ထို့ ကြောင့် ဒေသအလိုက် နယ်မြေစိုးမိုးမှုနှင့် လမ်းပန်းဆက်သွယ်ရေး လုံခြုံမှုကို အထူးအလေးထား ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ လမ်းပန်းဆက်သွယ်ရေး လုံခြုံမှုမရှိခြင်းကြောင့် ကုန်စည်စီးဆင်းမှုများကို ထိခိုက်စေနိုင်မည် ဖြစ်ပြီး စားရေသောက်ရေးနှင့်လူမှုစီးပွားဘဝများလည်း ထိခိုက်နိုင်ကြောင်း ၎င်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည် နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ် တို့တွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အင်အားစုများ ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ခိုးဆိုးလုယက်မှုများ၊ ဓားပြတိုက်မှုများ၊ လူပျောက်မှုများ၊ ဖောက်ခွဲမှု များဖြစ်ကာ တရားဥပဒေစိုးမိုးမှုအားနည်းလျက်ရှိနေသည်။
မြန်မာပြည်တစ်ဝှမ်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေးများ လုံခြုံမှုကင်းမဲ့လာကာ ပြည်သူလူထု အနေဖြင့် ခရီးသွားလာရေး အခက်အခဲများ ကြုံတွေ့လာရသလို ကုန်စည်စီးဆင်းမှုများ အဟန့် အတားဖြစ်၍ လူမှုကုန်ကျစရိတ်များလည်း မြင့်တက်မှုဒဏ်ကို ခံနေကြရသည်။
ထို့နောက် ပြည်တွင်း ခရီးသွားလုပ်ငန်းများ ကျဆင်းလာကာ နိုင်ငံခြားဝင်ငွေများလည်း ရရှိမှုနည်းပါးလာခဲ့သည်။
ပုံ - တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်
#centralnewsnaypyitaw
ထရန့်ရဲ့ အခွန်ကောက်ခံမှုကြောင့် ကိုကာကိုလာအချိုရည် ထုတ်ပိုးမှု ပလတ်စတစ်ဗူးသာ ပိုမိုအသုံးပြုရဖွယ်ရှိနေ
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အခွန်စည်းကြပ်မှုကြောင့် အလူမီနီယံဗူးများ စျေးကြီးလာပါက အမေရိကန်မှာ ကိုကာကိုလာအချိုရည်ကို ပလတ်စတစ်ဗူးနဲ့ ပိုမိုထုတ်လုပ်ရောင်းချရဖွယ်ရှိနေတယ်လို့ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် James Quincey ကပြောပါတယ်။
ထရန့်ဟာ အမေရိကန်ကို တင်သွင်းလာတဲ့ သံမဏိနဲ့အလူမီနီယံတွေကို အခွန် ၂၅ ရာခိုင်နှုန်းကောက်မယ်လို့ အမိန့်ထုတ်လိုက်ပြီးနောက်မှာ အမေရိကန်မှာ စည်းသွတ်ဗူးနဲ့ သောက်သုံးကုန်တွေ စျေးတက်နေပါတယ်။
အဖျော်ယမကာကုမ္ပဏီတွေဟာ သူတို့ရဲ့ ထုတ်ပိုးမှုမှာ ၅၀ ရာခိုင်နှုန်းပြန်လည်အသုံးပြုလို့ရတဲ့ ရေရှည်တည်မြဲရေး ရည်မှန်းချက်တွေကို ၂၀၃၀ ခုနှစ်မှ စတင်ဖို့ ရည်မှန်ထားပေမယ့် လက်ရှိမှာတော့ ၂၀၃၅ ခုနှစ်ရောက်မှာ ၃၅ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်း အသုံးပြုနိုင်ဖွယ်ရှိနေပါတယ်။
ကိုကာကိုလာကို ကမ္ဘာ့ပလတ်စတစ်ညစ်ညမ်းမှု ထိပ်ဆုံးကုမ္ပဏီအဖြစ် သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့တွေက ခြောက်နှစ်ဆက်တိုက် သတ်မှတ်ထားခဲ့ပါတယ်။ သွင်းအားစုကုန်ကျစရိတ် မြင့်တက်နေတယ်ဆိုရင် အခြားထုတ်ပိုးမှုပုံစံတွေကို ရွေးချယ်ရတော့မယ်လို့ ကိုကာကိုလာ အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။
ကိုကာကိုလာဟာ သူ့ရဲ့စျေးကွက်ချဲ့ထွင်မှုနဲ့ရေရှည်တည်တံ့မှုဆိုင်ရာမဟာဗျူဟာတွေရဲ့ တစိတ်တပိုင်းအဖြစ် အလူမီနီယံနဲ့ ထုတ်ပိုးထားတဲ့ အချိုရည်ဗူးပုံစံတွေကို မကြာသေးမီနှစ်တွေအတွင်း ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ဒီထုတ်ပိုးမှုပုံစံဟာ ပုံမှန်အားဖြင့် ကုန်ကျစရိတ်ကြီးမြင့်ပေမယ့် ရေရှည်မှာ ပြန်လည်အသုံးပြုနိုင်ပါတယ်။
အမေရိကန်ဟာ နိုင်ငံတွင်းမှာ အသုံးပြုနေတဲ့အလူမီနီယံရဲ့ ထက်ဝက်နီးပါးကို တင်သွင်းနေရပါတယ်။ အခုလိုအခွန်ကြောင့် ဗူးခွံစျေးတွေပါမြင့်တက်လာမှာဖြစ်ပြီး ၂၀၁၈ ခုနှစ်က အခုလိုအခွန်ကောက်ခံဖူးပေမယ့် ကိုကာကိုလာလို ကုမ္ပဏီတွေအတွက် တင်သွင်းမှုအခွန် ကင်းလွတ်ခွင့်ရရှိခဲ့ပါတယ်။
Ref:BBC
Photo:Getty Images
#သတင်းဟင်းလေးအိုးကြီး
ရှိတ်ဟာစီနာကို ဖြုတ်ချခဲ့သည့် ကျောင်းသားများ နိုင်ငံရေးထဲဝင်လာ
ဖေဖော်ဝါရီ ၁၂
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ဖြုတ်ချခဲ့သည့် ကျောင်းသားများသည် နိုင်ငံရေးလောထဲသို့ ဝင်ရောက်လာနေသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းက ဘင်္ဂလားဒေ့ရှ်တွင် ကျောင်းသားများဦးဆောင်သည့် ဆူပူအုံကြွမှု ဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) သည် နိုင်ငံအတွင်းမှ ထွက်ပြေးခဲ့ကာ အစိုးရအဖွဲ့ ပြုတ်ကျခဲ့သည်။
ထိုဆူပူအုံကြွမှုများသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လ အစောပိုင်းက စတင်ဖြစ်ပွားခဲ့သည်။
တက္ကသိုလ်ကျောင်းသားများသည် အစိုးရ အလုပ်အကိုင်များ၏ ၃၀ ရာခိုင်နှုန်းကို ၁၉၇၁ ခုနှစ် လွတ်လပ်ရေး စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သူများ၏ သားစဉ်မြေးဆက်များအတွက် သီးသန့်လျာထားသည့် အလုပ်အကိုင် ခွဲတမ်း ချသည့်စနစ်ကို ဆန့်ကျင်သည့် အနေဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ထိုစနစ်သည် ခေတ်မမီတော့ဘဲ တရားမျှတခြင်းမရှိကာ များပြားသည့် လူဦးရေအတွက် အခွင့်အလမ်းများကို ကန့်သတ်ထားခြင်းဖြစ်သည်ဟု ကျောင်းသားအများစုက ရှုမြင်ခဲ့ကြသည်။
ဆန္ဒပြမှုများကို လုံခြုံရေးတပ်ဖွဲ့များနှင့် ဟာစီနာ၏ အာဏာရ Awami League ပါတီမှ ကျောင်းသားအဖွဲ့ ဖြစ်သည့် Bangladesh Chhatra League တို့က အင်အားသုံးဖြိုခွင်းချိန်တွင် ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာပြီး ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့သည်။
ထိုဆူပူအုံကြွမှုအတွင်း လူပေါင်း ၁၅၀ ထက်မနည်း သေဆုံးကာ ဒါဇင်နှင့်ချီ ဖမ်းဆီးခံခဲ့ရကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဟာစီနာသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၅ ရက်တွင် ရာထူးမှ နုတ်ထွက်ပြီး အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
ထို့နောက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ် (Muhammad Yunus) ဦးဆောင်သည့် ကြားဖြတ်အစိုးရ အဖွဲ့ ဖွဲ့စည်းခဲ့သည်။
ထိုကြားဖြတ်အစိုးရအဖွဲ့အတွင်း ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်အချို့သည် အဓိက ရာထူးနေရာများတွင် ခန့်အပ်ခံခဲ့ရသည်။
ဥပမာပြရပါက ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေး ကျောင်းသားများ လှုပ်ရှားမှုအမည်ရှိ ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့် ကျောင်းသားခေါင်းဆောင် နာဟစ် အစ္စလာမ် (Nahid Islam) သည် ဆက်သွယ်ရေး၊ သတင်းအချက်အလက် နည်းပညာရေးရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။
ထိုကျောင်းသားခေါင်းဆောင်များသည် နိုင်ငံကို အုပ်ချုပ်နေသည့် ယာယီအစိုးရအဖွဲ့တွင် တက်ကြွစွာ ပါဝင်နေပြီး ၎င်းတို့ ဆန့်ကျင်ခဲ့သည့် စနစ်များကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ရည်ရွယ်လုပ်ဆောင်နေသည်။
ရွေးကောက်ပွဲများ မကျင်းပမီ ပြည့်စုံကျယ်ပြန့်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်ကြောင်းကို ကြားဖြတ်အစိုးရအဖွဲ့အတွင်းရှိ ကျောင်းသားခေါင်းဆောင်များက အလေးထား ပြောဆိုနေကြသည်။
ထို့ကြောင့် အဂတိလိုက်စားမှု ဖြစ်စေသည့် စနစ်များကို ဖျက်သိမ်းခြင်း၊ မျှတသည့် စနစ်များကို ဖော်ဆောင်ခြင်း တို့ကို ပြုလုပ်နေသည်။
ဘင်္ဂလားဒေ့ရှ် ကျောင်းသားများ၏ ဆန္ဒပြမှုသည် ကမ္ဘာပေါ်တွင် ပထမဆုံး အောင်မြင်သည့် Gen Z တော်လှန်ရေး အဖြစ် သုံးနှုန်းဖော်ပြခံခဲ့ရပြီး နိုင်ငံရေး အခင်းအကျင်းများတွင် လူငယ်တက်ကြွလှုပ်ရှားသူများ၏ အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို နောက်ထပ်တစ်ကြိမ် မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်။
Source: Nikkei Asia
ပုံ - ဘင်္ဂလားဒေ့ရှ် ဆန္ဒပြသူများကို တွေ့ရစဉ်
#centralnewsnaypyitaw