Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘယ်လောက်ချစ်ခဲ့မိသလဲဆိုတာ ကိုယ်ကိုယ်တိုင်ပဲ သိပါတယ် ။
သူ့ကိုချစ်တယ် ဆိုတဲ့ စကားရဲ့အနောက်မှာသာ ပမာဏတစ်ခုကို ပြလို့ရမယ်ဆိုရင် ပြလိုက်ချင်တယ် ဒါပေမယ့် သူတော့ မြင်အောင် ကြည့်တတ်လိမ့်မယ်လို့ မထင်ဘူး ။
ကိုယ်ဘယ်လောက်ထိ ချစ်ခဲ့မိလဲဆိုတာ ကိုယ်ကိုယ်ကိုယ်တိုင်ပဲ သိပါတယ် အနာဂတ်တွေအထိ မက်ထားတဲ့ အိပ်မက်တွေက လက်ဆုတ်လက်ကိုင်ပြလို့မရတဲ့ သက်သေတွေပေါ့ ဒါပေမယ့် သေချာတာတစ်ခုက ဘဝတစ်ခုလုံးနဲ့ရင်းပြီး ချစ်ခဲ့မိတာပါ ။
ဒါလုပ်ရင် သူမကြိုက်ဘူးထင်တယ်ဆိုပြီး ကိုယ်နှစ်သက်တဲ့အရာတွေကို စွန့်လွှတ်ခဲ့တာမှ အများကြီးပဲ သူနဲ့ တစ်နေ့နီးကြရင်ဆိုပြီး ကိုယ် ပြုပြင်ပေးခဲ့တာတွေလဲ အများကြီးပါပဲ
သူများတွေလို မပြောပြတတ်ခဲ့လို့ပါ တစ်နေ့ကျရင်ဆိုပြီး မက်ခဲ့ရတဲ့ အိပ်မက်တွေမှ အများကြီးပေါ့ ပေးဆပ်တယ်လို့ ခေါင်းစဥ်မတပ်ခဲ့သလို တစ်ခါတစ်လေမှာ ကိုယ်အဆင်မပြေတဲ်ကြားက သူ အဆင်ပြေပါစေတော့ဆိုပြီး မရှိရှိတဲ့ကြားက ဖြည့်ဆည်းပေးခဲ့တာတွေလဲ အများကြီးပဲ
ကိုယ်သူ့ကိုချစ်ခဲ့တယ်ဆိုတာ ရယူလိုခြင်းနဲ့မှ မဟုတ်ပဲလေ ဒါပေမယ့် တစ်နေ့နေ့ကျရင်ဆိုပြီးတော့မှတော့ အိပ်မက်တွေ မက်ထားခဲ့မိတော့ ဝန်ခံပါတယ်
ဘယ်လိုချစ်တာဆိုပြီး စကားလုံးအနုအရွတွေနဲ့ ချွဲ့ချွဲ့နွဲ့နွဲ့ချစ်မပြတတ်ခဲ့ရုံပါ လက်တွေ့ကျကျတော့ မင်းကို ချစ်ပြခဲ့ပါတယ် ပြီးတော့ ဘယ်လောက်ချစ်ခဲ့မိလဲဆိုတာ ကိုယ်ကိုယ်တိုင်ပဲ သိပါတယ်။
#ကျေးကို
ဗဟုသုတတွေ နဲ့ အချစ်ကဗျာဖတ်နိူင်ဖို့ အောက်က 👇👇 Group ကို Join ပေးကြပါ
https://www.facebook.com/share..../g/192YzpMzPx/?mibex
https://www.facebook.com/share..../g/15YrLCc8Ci/?mibex
ဝဋ်ရှိသ၍...ဆက်ချစ်နေမယ်
ဝဋ်ကြွေးကျေသမျှ.... မုန်းမေ့ပါ့မယ်
ချစ်ခဲ့သမျှ....ကိုယ်ရခဲ့သမျှ
အပြစ်တွေချည်း.....
#maylay
” ဆက်ဆံရေးတွေကို အမြဲပြန်စတတ်တဲ့
အကျင့်လေးရှိပါတယ် ”
အထစ်အငေါ့တွေ၊ လွဲချော်မှုတွေ၊....မသိမသာအချေအတင်ဖြစ်ခဲ့တဲ့ ကိစ္စသေးသေးလေးတွေကအဆုံး . ...
အောင့်လုံးတွေ ရင်ဘတ်ထဲသိမ်းထားဖူးရင်တောင်. ... အခိုက်အတန့်တစ်ခုခုမှာတော့......
ဒါတွေအားလုံးကို မရှိခဲ့သလိုမျိုး မေ့ပစ်လိုက်ပြီး
ဒီလူနဲ့ဆက်ဆံရေးအပေါ် အမြဲတစ်ကပြန်စကြည့်ဖို့ ကြိုးစားတတ်တဲ့အကျင့်လေးရှိပါတယ်။
သူငယ်ချင်းပဲဖြစ်ဖြစ်၊
ချစ်သူရည်းစားအပေါ်ပဲဖြစ်ဖြစ်ပေါ့။
ငါ့ဘက်ကလက်လျော့ထွက်ခွာလိုက်ပြီဆိုရင်လည်း....သေချာတယ်။ အဲ့လူဟာ ငါနဲ့လုံးဝမဖြစ်လို့ပဲ။
နေမီကျော်
"ထင်မြင်သုံးသပ်ချက် - Biden ၏ escalation paralysis မူဝါဒသည် ယူကရိန်းကို ပျက်စီးစေခဲ့ခြင်းဖြစ်။"
သမ္မတဘိုင်ဒင်၏ မဖြတ်သန်းမည့် အနီရောင်မျဉ်းသည် ယူကရိန်းတွင် ရုရှ၏ နည်းဗျူဟာမြောက် နျူလက်နက်များ အသုံးပြုခြင်းကို မဖြစ်ပေါ်စေရေးဖြစ်သည်။
ယခင် ပူးတွဲစစ်ဦးစီးချုပ်များရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Mark Milley သည် ရုရှားနိုင်ငံရှိ သူ့ရဲ့အဆင့်တူဗိုလ်ချုပ်ကြီး Valery Gerasimov ကို မည်သည့်အချိန် တွင် နျူ လက်နက်များ အသုံးပြုမည် ကိုမေးမြန်းခဲ့သည်။
အမှန်တကယ် Milley က ရုရှားတွေကို “ငါတို့ ဘယ်လောက်ဝေးဝေး သွားခွင့်ရှိလဲ” လို့ မေးမြန်းခဲ့ခြင်းဖြစ်သည်။ ငါတို့ရဲ့ ကန့်သတ်ချက်တွေက ဘာတွေလဲ။” ဤတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်အား ကျွန်ုပ်တို့အပေါ် စည်းကမ်းချက်များ ချမှတ်ရန် ခွင့်ပြုခဲ့သည်။
Gerasimov ၏တုံ့ပြန်မှုသည်ဤသို့ဖြစ်သည် - "အစိုးရ၏တည်ငြိမ်မှုကိုခြိမ်းခြောက်သောရုရှားကိုတိုက်ခိုက်ပါကပထမအခြေအနေတစ်ခုဖြစ်သည်။ ဒုတိယအခြေအနေမှာ နိုင်ငံခြားအင်အားကြီးတစ်ဦးက ရုရှားကို အစုလိုက်အပြုံလိုက် ဖျက်ဆီးပစ်သည့်လက်နက်ဖြင့် တိုက်ခိုက်ပါက၊ ယင်းမှာ ဓာတု၊ ဇီဝဗေဒ သို့မဟုတ် နျူကလီးယားဖြစ်သည်။ တတိယအခြေအနေမှာ ရုရှားသည် ဆိုးဆိုးရွားရွားစစ်ပွဲတွင် ဆုံးရှုံးရသည့်အခါ နည်းဗျူဟာမြောက် နျူလက်နက်များ အသုံးပြုပိုင်ခွင့်ကို လက်ဝယ်ရှိသည်။
ထိုဖုန်းခေါ်ဆိုမှုသည် ယူကရိန်းအား အမေရိကန်၏ ပံ့ပိုးကူညီမှုကို ကန့်သတ်ရန်အတွက် ကရင်မလင်အား လမ်းပြမြေပုံကို ပေးဆောင်ခဲ့ပြီး Kremlin သည် ၎င်းအား အသုံးချနေခဲ့သည်။ Biden ၏ escalation paralysis မူဝါဒ သည် ဤဖုန်းခေါ်ဆိုမှုမှ စတင်လာဖွယ်ရှိသည်။
Biden သည် ယူကရိန်းအားအကူအညီပေးရာတွင် ရုရှားအားနည်းစေရန်သာ ဦးစားပေးခဲ့သည်။ ကျွန်ုပ်တို့ စောဒကတက်ခဲ့သည့်အတိုင်း အမေရိကန်အစိုးရသည် “အနိုင်ရရန်ကြောက်ရွံ့မှုသည် ဆုံးရှုံးရန်ကြောက်ရွံ့ခြင်းထက် သာလွန်နေခဲ့သည်။ ယူကရိန်းနိုင်ငံကို ခုခံကာကွယ်နိုင်စေခြင်းမှာ မဟာဗျူဟာဖြစ်လာပြီး စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းသို့ နှစ်ဦးစလုံးကို နောက်ဆုံးတွင် ပို့ဆောင်ပေးမည့် အကောင်းဆုံးနည်းလမ်းအဖြစ် ရှုမြင်ထားသည်။ယင်းမူဝါဒသည် ယူကရိန်းအတွက်မဟုတ်ခဲ့ဘဲ အမေရိကန်အတွက်သာ ဖြစ်ခဲ့သည်။
ယူကရိန်းကို စစ်ပွဲတွင် အနိုင်ရရှိအောင် ကူညီပေးရန် မည်သည့်အချိန်တွင်မျှ စဉ်းစားခဲ့ခြင်းမရှိပါ။
"အမေရိကန် Deep State ကို ဖြိုလှဲမည့် ဒေါ်နယ်ထရမ့်၊ ဘယ်ပါတီတက်တက် အစိုးရအထက်မှာ ချုပ်ကိုင်နေတဲ့ လူပုဂ္ဂိုလ်-အဖွဲ့အစည်းဆိုတာ တကယ် ရှိသလား (ဘာသာပြန်ဆောင်းပါး) ဒုတိယပိုင်း"
Htay Oung - နိုဝင်ဘာ ၁ဝ
အာဂျင်ဒါ ဖော်တီဆဲဗင်း ကို ထောက်ခံသူတွေကလည်း စာအုပ်ကြီးသမား ဗျူရိုကရက် Deep State တွေ ရှိနေ သရွေ့ ရွေးကောက်ခံ သမ္မတဆိုတဲ့သူက ဘာမှ လုပ်လို့မရ အကောင်အထည်ဖော်လို့ ရမှာ မဟုတ်ဖူးလို့ ပြော နေကြပါတယ်။ ဆန့်ကျင်သူတွေကလည်း အဲ့ဒီလိုလုပ်ရင် သမ္မတဆိုတဲ့သူက သြဇာပါဝါပြသလိုဖြစ်ပြီး “အာ ဏာရှင်” ဖြစ်သွားပြီလို့ လက်မခံနိုင်ပဲ ရှိကြတယ်။ နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်မှာ “ဖော်လံဖား လူတစ်စု” ကို ထည့်သွင်းချင်နေတယ်လို့ စွပ်စွဲကြပါတယ်။
အမေရိကန်ဟာ စစ်လက်နက်ရောင်းချရာမှာ ကမ္ဘာ့နံပါတ်-၁ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဂျီဒီပီ ရာနှုန်းတစ်ခုကလဲ လက်နက်ရောင်းချခြင်းမှ ရရှိနေပါတယ်။ နိုင်ငံ့ ဝင်ငွေတိုးတက်မှုမှာ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်နေပါတယ်။ အမေရိကန်အစိုးရ၊ ကွန်ဂရက်လွှတ်တော်နဲ့ တစ်ချို့သော ပုဂ္ဂလိကကုမ္ပဏီများဟာ စစ်ရေးနည်းပညာ၊ လက် နက်ခဲယမ်း၊ တိုက်လေယာဉ်နဲ့ စစ်သင်္ဘောများအပြင် ဆက်စပ်ပစ္စည်းများကို ကမ္ဘာ့အခြားနိုင်ငံများသို့ ရောင်းချ ရာမှာ ပါဝင်နေကြပါတယ်။ ဒါ့ကြောင့်လည်း အမေရိကန်အစိုးရအဆက်ဆက်တို့ဟာ ကမ္ဘာပတ်ပြီး စစ်မီးမွှေး နေကြသလား ထင်ကြရခြင်း ဖြစ်ပါလိမ့်မယ်။
ယခုနှစ်အတွင်း ဒေါ်နယ်ထရမ့်ဟာ ၃ ကြိမ်တိုင် လုပ်ကြံရန် အားထုတ်ခြင်း ခံရပါတယ်။ ပထမအကြိမ်မှာ ပင် ဆယ်ဗေးနီးယားပြည်နယ် မဲဆွယ်နေစဉ် စင်မြင့်ပေါ်မှာ AR-15 ရိုင်ဖယ်နဲ့ ၈-ချက်တိတိ ပစ်ခတ်ခံရခြင်း ဖြစ်ပြီး ထရမ့်ရဲ့ ညာနားရွက်အပေါ်ပိုင်းမှာ ဒဏ်ရာရရှိသွားပါတယ်။ ၁၉၈၁-ခုနှစ် သမ္မတရော်နယ်ရီဂင်ကို လုပ်ကြံရန် အားထုတ်မှုနောက်ပိုင်း အမေရိကန်လျှို့ဝှက်ဌာနရဲ့ အကြီးမားဆုံး ပျက်ကွက်မှုလို့ သတ်မှတ်ကြပါတယ်။ ပရိဿတ် ၁-ဦး သေဆုံးပြီး အခြား ၂-ဦး ဒဏ်ရာ ရရှိပါတယ်။ အသက် ၂၀ အရွယ်လုပ်ကြံသူ အမျိုးသားကို လုံခြုံရေးများက ပစ်သတ်လိုက်ပါတယ်။ သူ့ရဲ့ရုပ်အလောင်းမှာ အဝေးထိန်းကိရိယာတစ်ခု တပ်ဆင်ထားပြီး သူ့ရဲ့နေအိမ်မှာလည်း ဗုံးပြုလုပ်တဲ့ ပစ္စည်းများကို တွေ့ရှိရပါတယ်။ သူဟာ သမ္မတဂျိုးဘိုင်ဒင် ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေ့မှာ ၁၇-နှစ်သာ ရှိသေးပြီး အဲဒီနေ့မှာ ဒီမိုကရက်တစ်ပါတီကို အွန်လိုင်းမှ ၁၅ ဒေါ်လာ လှူဒါန်း ခဲ့ဖူးတာကလွဲရင် ထူးခြားတဲ့ နိုင်ငံရေးလှုပ်ရှားမှု မရှိပဲ လုပ်ကြံရာမှာ အသုံးပြုတဲ့သေနတ်ဟာ သူ့ဖခင်ရဲ့ တရား ဝင်ပိုင်ဆိုင်မှု ဖြစ်ပါတယ်။ ၂၀၂၂-ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ တစ်ကြိမ်သာ မဲပေးဖူးပြီး မဲစာရင်းမှာလည်း ရီပတ်ဘလစ်ကင်တစ်ဦးအဖြစ် မှတ်ပုံတင်ထားကြောင်း တွေ့ရှိရပါတယ်။
ဒုတိယအကြိမ်နဲ့ တတိယအကြိမ် လုပ်ကြံရန် ကြိုးစားသူများကတော့ အီရန်ရဲ့ လက်ချက်ဖြစ်ကြောင်း FBI က စစ်ဆေးတွေ့ရှိပါတယ်။ ၂၀၂၀-ပြည့်နှစ် အီရန်အစ္စလာမ်မစ်တော်လှန်အစောင့်တပ်၊ ပြည်ပတိုက်ခိုက်ရေး တပ် မှူး “ကာဆင်စူလမန်နီ” ဟာ အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံရပါတယ်။ အီရန်ဥသျှောင် အလီခါမေနီရဲ့ ညာလက်ရုန်း၊ အာဖဂန်နစ္စတန်၊ အီရတ်နဲ့ ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့များကို နှောက်ယှက် နေသူ၊ ဟဇ်ဘိုလာတို့ကို လေ့ကျင့်ပေးနေသူ အီရန်တပ်မှူးကို ဒရုန်းလေယာဉ်မှ ပဲ့ထိန်းဒုံးကျည်နဲ့ ပစ်လွှတ် သတ်ဖြတ်ရန် အမိန့်ပေးသူက အဲ့ဒီအချိန် သမ္မတဖြစ်တဲ့ ဒေါ်နယ်ထရမ့်ပဲဖြစ်ပါတယ်။ ယခုရွေးကောက်ပွဲမှာ ထရမ့်ရှူံးမယ်လို့ တွက်ထားပြီး ရွေးကောက်ပွဲကာလ လုပ်ကြံမယ့် အစီအစဉ်များကို ခေတ္တရပ်နားထားပေမယ့် ပြီးတာနဲ့ ဆက်လက်ကြိုးစားဖို့ ပြင်ဆင်ထားတယ်လို့ FBI က ပြောပါတယ်။ အီရန်ကတော့ အဲ့ဒီစွပ်စွဲချက်တွေ မမှန်ဘူးလို့ ငြင်းဆိုပါတယ်။
ခြုံငုံကြည့်ရင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ပြည်တွင်းပြည်ပ ရန်သူများ ဝိုင်းဝိုင်းလည်နေကြောင်း သိ သာပါတယ်။ ဒီလိုအချိန်မျိုးမှာ Deep State တစ်ခုဖြစ်တဲ့ CIA ကို ဖြုတ်ထုတ်သတ်ဖို့ဆိုတာ ထရမ့်အတွက် အလွန်အတိမ်းအစောင်း မခံတဲ့ ကိစ္စဖြစ်ပါတယ်။ CIA အကြီးအကဲကို ထရမ့်က ခန့်အပ်ရမှာ မှန်ပါတယ်။ ဒါပေမယ့် CIA ဟာ သမ္မတအပေါ် သစ္စာခံရန် မလိုပဲ သူ့လုပ်နည်းကိုင်ဟန် သူ့ပဋိညာဉ်အတိုင်း လုပ်ကိုင် ဆောင်ရွက်နေပါ တယ်။ အလားတူ တရားရေးဌာန၊ ဗဟိုဘဏ်၊ FBI စတဲ့ အဖွဲ့အစည်းများဟာ သူတို့ရဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့် ရှိပါတယ်။
သမ္မတအနေနဲ့ မကျေနပ်ရင် သူတို့ကို ဆင့်ခေါ်ပြီး ဥပဒေနဲ့ ညီ-မညီ မေးမြန်းစစ်ဆေးပေးဖို့ ကွန်ဂရက်လွှတ် တော်ကော်မတီကို တင်ပြနိုင်ပါတယ်။ အမေရိကန်ဟာ လွတ်လပ်စွာ ပြောဆိုခွင့် ဆန္ဒဖော်ထုတ်ခွင့်အတွက် ဖွဲ့စည်းပုံ ဥပဒေမှာ ထည့်သွင်း အာမခံထားတဲ့ တိုင်းပြည်ဖြစ်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ ထင်မှတ်မှားနေကြသလို ဘယ်ပါတီပဲ အာဏာရရ ဒီပုံစံ ဒီအတိုင်းပဲ လုပ်ကိုင် ဆောင် ရွက်ဖို့ သမ္မတနဲ့ အစိုးရအဖွဲ့ကို ကြိုးကိုင်နေတဲ့ Deep State ဆိုတာမျိုးတော့ အမေရိကန်မှာ မရှိပါ၊ အမေရိ ကန်မှာသာမက ဘယ်တိုင်းပြည်မှလည်း မရှိနိုင်ပဲ ရုပ်ပြယုံသက်သက် အဖေက သားကို ရာထူးလွှဲပြောင်းပေးတဲ့ အာဏာရှင်တိုင်းပြည်များမှာသာ တွေ့ရဖွယ်ရှိပါတယ်
ဒေါ်နယ် ထရမ့်ပြောတဲ့ Deep State ဆိုတာကလည်း ရွေးကောက်ခံအစိုးရရဲ့ မဲဆွယ်ပွဲကတိများအတိုင်း အကောင်အထည်ဖော် ဖြည့်ဆည်းပေးမယ့် အိမ်ဖြူတော်နဲ့ မဲဆန္ဒရှင်များအကြား မြင်ရ မမြင်ရ လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများကိုသာ ဆိုလိုပါတယ်။
အစဉ်လေးစားစွာဖြင့်
#htayoung, #oungmarine
#ဒေါ်နယ်ထရမ့် #deep_state #အယ်လွန်မာ့စ် #ဂျရုန်းပါလ် #fbi #cia #အမေရိကန်ဖက်ဒရယ်ဘဏ်