ရွှေတိဂုံစေတီတော်၌ (၃၆) ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ် ကပ်လှူပူဇော်ပွဲ ကျင်းပ

ရန်ကုန် ၊ နိုဝင်ဘာ ၁၅

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်၌ (၃၆) ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲကို စေတီတော်ရင်ပြင်ရာဟုထောင့်ရှိ အောင်မြေ၌ နိုဝင်ဘာလ ၁၄ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

Credit - ဆင်ဟွာသတင်းဌာန

#သတင်းဟင်းလေးအိုးကြီး

#မသိုးသင်္ကန်း #ရွှေတိဂုံစေတီတော် #ရန်ကုန်မြို့

imageimage
+7

ခြေစမ်းပွဲမှာ စင်္ကာပူကို မြန်မာအရေးနိမ့်

နိုဝင်ဘာ ၁၅

နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၁၄ရက်နေ့က ကစားခဲ့တဲ့ စင်္ကာပူအသင်းနဲ့ မြန်မာအသင်းတို့ပွဲစဉ်မှာ အိမ်ရှင် စင်္ကာပူ အသင်းက ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ စင်္ကာပူအသင်းဟာ ပွဲချိန် ၆ မိနစ်မှာ သွင်းယူထားတဲ့ဂိုးနဲ့ မြန်မာအသင်းကို ပထမပိုင်းမှာ ၁ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာ မြန်မာအသင်းဟာ သွင်းဂိုးရရှိဖို့ ကြိုးစားခဲ့တာကြောင့် ပွဲချိန် ၄၇ မိနစ်မှာ ချေပဂိုးနဲ့ ၅၂ မိနစ်မှာ ဦးဆောင်ဂိုးပါ ရရှိခဲ့ပါတယ်။ မြန်မာအသင်းအတွက် ဂိုးတွေကို ရဲရင့်အောင်နဲ့ သီဟဇော်တို့က သွင်းယူခဲ့တာပါ။

ဒါပေမယ့် မြန်မာအသင်းဟာ ပွဲပြီးခါနီး ၈၄ မိနစ်နဲ့ ၈၆ မိနစ်မှာ စင်္ကာပူအသင်းကို ချေပဂိုးနဲ့ အနိုင်ဂိုး ပေးခဲ့ရပြီး ရှုံးပွဲကြုံတွေ့သွားခဲ့ပါတယ်။

စင်္ကာပူအသင်းကို အရေးနိမ့်ခဲ့တာဟာ နည်းပြ ဦးမျိုးလှိုင်ဝင်း လက်ထက်မှာ မြန်မာအသင်းရဲ့ ပထမဆုံး ရှုံးပွဲလည်း ဖြစ်ပါတယ်။

မြန်မာအသင်းဟာ လာမယ့် နိုဝင်ဘာ ၁၉ ရက်မှာ လက်ဘနွန်အသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

#centralnewsnaypyitaw

image

!

မမမိုး

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်( ၄ )ရက်မြောက်နေ့မှတော့ အနယ်နယ် အရပ်ရပ် က လာရောက် လည်ပတ်တဲ့ပြည်တွင်း/ ပြည်ပ ဧည့်သည်များနဲ့ စည်ကားလျက်ရှိပြီး မီးပုံးပျံများလည်း အောင်မြင်စွာ လွှတ်တင်နိုင်ကြောင်း သိရပါတယ် ။

#သတင်းဟင်းလေးအိုးကြီး

မိုးညှင်းမြို့နယ်တွင် သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နိုဝင်ဘာ ၁၄

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ငွေကျပ်သိန်း ၁၆၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၅နာရီ ၅၅ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေ များနှင့်အတူ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် စိုင်းသူရ(ခ)ရာဇာမြင့် မောင်းနှင်ပြီး မစိန်းမြ နှင့် မမျိုးသူဇာလှိုင်(ခ)သူဇာ တို့လိုက်ပါလာသော သုံးဘီးဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူ အလေးချိန် ၄.၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁,၁၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၉နာရီ အချိန် ဂမ်ဒီး(ခ)ဂမ်အောင်အား မိုးညှင်းမြို့၊ အောင်သပြေ(၁)ရပ်ကွက်ရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၈,၅၀၀ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၅၇၀)၊ TOYOTA HILUX SURF မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းသူရ(ခ)ရာဇာမြင့်(၂၃)နှစ်၊ မစိန်းမြ(၆၄)နှစ်၊ မမျိုးသူဇာလှိုင် (ခ)သူဇာ(၃၂)နှစ်နှင့် ဂမ်ဒီး(ခ)ဂမ်အောင်(၃၄)နှစ်တို့အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။

#centralnewsnaypyitaw

image

နိုဝင်ဘာ ၁၅ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image

နိုဝင်ဘာ ၁၅ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image
9 w - Translate

နိုဝင်ဘာလ၁၄ရက်နိုင်ငံတကာသတင်းတိုများ

၁။အ​မေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့်တရုတ်သမ္မတရှီကျင်းဖျင်တိုသည်လာမည့်တနင်္ဂ​နွေ​နေ့တွင်ပီရူး၌​တွေ့ဆုံ​ဆွေး​​နွေးမည်ဟုအ​မေရိကန်အစိုးရက​ကြေညာသည်။

၂။အ​မေရိကန်ဗဟို​ထောက်လှမ်း​ရေးCIAမှအရာရှိတစ်ဦးကိုထိပ်တန်းလျိုဝှက်ဖြစ်​သောအီရန်ကိုအစ္စ​ရေးကတိုက်မည့်အစီအမံများ​ပေါက်ကြားမှုဖြင့်တရားစွဲလိုက်သည်။

၃။ဗြိတိန်မှဂါဒီယန်သတင်း စာသည်လူမှုကွန်ရက်X (ယခင်တွစ်တာ)ကိုလက် ယာစွန်းသီအိုရီများ​ဖော်ပြခြင်း၊လူမျိုး​ရေးခွဲခြားခြင်းများရှိသည့်အဆိပ်အ တောက်လူမှုကွန်ရက်ဟုစွပ်စွဲကာXတွင်မည်သည့်ပိုစ်မှတင်​တော့မည်မဟုတ်​ကြောင်း​ကြေညာသည်။

၄။သမ္မတသစ်​ဒေါ်နယ်ထရမ့်ကယူကရိန်းကိုစစ်​ရေးအကူအညီဖြတ်​တောက်လိုက်ပါကယူကရိန်းသည်လပိုင်းအတွင်းနျူကလီး ယားလက်နက်ထုတ်လုပ်လိမ့်မည်ဟု သည်တိုင်းမ်သတင်းစာက​ရေးသားလိုက်သည်။

၅။​နေတိုးနိုင်ငံများကယူကရိန်းကို​ရေရှည်​ထောက်ပံ့​ပေးနိုင်ပါကယူကရိန်းသည်ရုရှားသိမ်းပိုက်ထားသည့်​ပိုင်နက်​မြေကိုပြန်လည်သိမ်းပိုက်နိုင်လိမ့်မည်ဟု​နေတိုးအတွင်း​ရေးမှူးချုပ်က​ပြောလိုက်သည်။

NOM

9 w - Translate

ပြည်တွင်းသတင်းများ
--------------------------
၁။ ရေနံချက်စက်ရုံများနှင့် ဓာတ်မြေသြဇာစက်ရုံများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းများ လုပ်ဆောင်ရန် တရုတ်နှင့် မြန်မာ ဆွေးနွေး

၂။ အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်သော အမျိုးသားအဆင့်တွေ့ဆုံဆွေးနွေးပွဲများ လုပ်ဆောင်ပေးရန် မြန်မာအစိုးရကို အင်ဒိုနီးရှားနှင့် အမေရိကန်သမ္မတတို့ တောင်းဆို

၃။ ရွာငံမြိုအဝင် မူးယစ်တပ်ဖွဲ စစ်ဆေးရေးဂိတ်အား လက်နက်ကိုင်များက ပစ်ခတ်မှု ပြုလုပ်ခဲ့သဖြင့် တောင်ကြီးတန်ဆောင်တိုင်သွားသည့် ခရီးသွားကားများ ခေတ္တလမ်းပိတ်မိမှု ဖြစ်ပေါ်ခဲ့

၄။ မြန်မာနိုင်ငံပြည်တွင်းစစ် တိုက်ပွဲတွေမှာ လက်နက်ကိုင်တွေဘက်က အမေရိကန်နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားလက်နက်ကိုင်တွေ ပါဝင်တိုက်ခိုက်နေ

၅။ မိုးကုတ် ဗုံးအကြဲခံရပြီးနောက်မှာ ထပ်အကြဲမခံရဖို Starlink အင်တာနက်လိုင်းတွေနဲ့ CDMA ဖုန်းလိုင်းတွေ ပိတ်ဖို TNLA ထုတ်ပြန်

၆။ နိုဝင်ဘာလ ၁၄ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၂၉၈,၃၁၃ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 - ၃၀၃၀ ကျပ်၊ Octane 95 - ၃၂၁၀ ကျပ်၊ Diesel - ၂၆၉၀ ကျပ်၊ Premium Diesel - ၃၃၄၅ ကျပ်

Cr: MDBN