Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
50MP periscope နဲ့ 6500mAh ဘက်ထရီသုံး vivo S30 Pro Mini ဖုန်း
ကျစ်ကျစ်လျစ်လျစ် flagship ထဲက ဈေးသင့်မယ့် vivo S30 Pro Mini ပါ။
iPhone 16 Pro နဲ့ တစ်ရွယ်တည်း ၆.၃၁ လက်မ LTPO AMOLED panel ကို သုံးပြီး 1.5K 120Hz နဲ့ peak brightness 5000 nits နဲ့ လာပါတယ်။ IP68 နဲ့ IP69 rating ပါတဲ့ ရေစိုခံဖုန်းဖြစ်ပြီး 7.99mm ထူပါမယ်။
mid-range တန်း vivo S စီးရီးတွေရဲ့ အစဉ်အလာအတိုင်း ဖက်ရှင်မိပြီး ပေါ့ပါးတဲ့ ဖုန်းပါပဲ။ vivo S30 Pro mini ရဲ့ ထူးခြားချက်က compact ဖုန်းဆိုပေမယ့် ဧရာမ 6500mAh ဘက်ထရီ သုံးသွားတာပါ။ charging speed ကလည်း 90W အထိ ထွက်လို့ အားသွင်းမြန်သလို အားအသုံးလည်း ခံပါလိမ့်မယ်။
ကင်မရာပိုင်းမှာလည်း ဒီဖုန်းက တော်တော်ဆွဲဆောင်မှု ရှိတဲ့ဖုန်းပါ။ ရှေ့ 50MP Selfie နဲ့ ကျောဘက် 50MP (1/1.56" sensor , OIS) ၊ 50MP f/2.65 periscope telephoto (1/1.95" , OIS, 3x optical zoom) ၊ 8MP f/2.2 ultrawide lens တွေနဲ့ လာပါတယ်။
flagship တန်း SoC ဖြစ်တဲ့ Dimensity 9300+ processor ၊ Immortalis - G720 GPU တွေ သုံးထားပြီး အပူထိန်းဖို့နဲ့ performance ကျမသွားဖို့ VC cooling system တစ်ခုပါ ထည့်ပေးထားပါတယ်။ Android 15 ပေါ်အခြေခံတဲ့ OriginOS 5 သုံး vivo S30 Pro Mini ကို Cool Berry Powder , Mint Green , Lemon Yello နဲ့ Cocoa Black ရောင်တွေနဲ့ ရပါတယ်။
ဒီဖုန်းနဲ့အတူ specs သိပ်မကွာတဲ့ ၆.၆၇ ဆိုဒ် Snapdragon 7 Gen 4 chip သုံး vivo S30 လည်း တရုတ်ဈေးကွက်မှာ ဝင်ပါတယ်။ vivo S30 12GB/256GB ကို ၂၆၉၉ ယွမ် (၃၇၄ ဒေါ်လာ) ဈေးက စပြီး အမြင့်ဆုံး 16GB/512GB ကို ၃၂၉၉ ယွမ် (၄၅၇ ဒေါ်လာ) နဲ့ ရောင်းပါတယ်။
vivo S30 Pro Mini ကတော့ 12/256GB ကို ၃၄၉၉ ယွမ် (၄၈၅ ဒေါ်လာ) ကနေ အမြင့်ဆုံး 16/512GB ကို ၃၉၉၉ ယွမ် (၅၅၅ ဒေါ်လာ) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။
တစ်ရက် ရှာဖွေမှု ၁ ဘီလျံ ရှိလာတဲ့ ChatGPT
Google က ChatGPT ကို လန့်မယ်ဆို လန့်လောက်ပါတယ်။
မနှစ်က အင်တာနက်ရှာဖွေမှုပေါင်း ၃၆၅ ဘီလျံဟာ ChatGPT ပေါ် လုပ်ခဲ့တာပါ။ တွက်ကြည့်ရင် ChatGPT ပေါ်မှာ တစ်ရက်သန်း ၁၀၀၀ နှုန်း search ရှိခဲ့တာပါ။ ဈေးကွက်ထဲ ဝင်တာ နှစ်နှစ်ပဲ ရှိသေးတဲ့ ကုမ္ပဏီတစ်ခုရဲ့ မယုံနိုင်စရာ အင်အားကြီးလာမှုပါပဲ။
တစ်နှစ် ရှာဖွေမှု ၃၆၅ ဘီလျံ စံချိန်ရဖို့ Google က ၁၁ ကြာ အချိန်ယူခဲ့ရပါတယ်။ ChatGPT ကတော့ ၂ နှစ်အတွင်း ဒီစံချိန်ကို အမှီလိုက်ခဲ့တာပါ။ လက်ရှိအင်တာနက် ရှာဖွေရေးမှာ Google Search က ဘုရင်ကြီးဆိုပေမယ့် ChatGPT ကို လျှော့တွက်လို့ မရပါဘူး။
ChatGPT က အင်တာနက်သတင်းအချက်အလက် ရှာဖွေရေးလမ်းကြောင်းကို လုံးဝပုံစံပြောင်းလိုက်တာပါ။ သူ့အရင် Search စနစ်တွေနဲ့ မတူတာက လူတွေဟာ ကိုယ်သိချင်တာကို chatbot နဲ့ လူအချင်းချင်းမေးသလိုမျိုး အပြန်အလှန် ဆွေးနွေးမေးမြန်းလို့ ရလာပါတယ်။
Search Engine က ထုတ်ပေးတဲ့ websites links တွေ တသီကြီး ဖတ်စရာမလိုဘဲ အရေးပါတဲ့ အဓိကအချက်တွေ ဆွဲထုတ်ခိုင်းနိုင်လာပါတယ်။ AI ရှာဖွေရေးစနစ်တွေက ကိုယ့်အတွက် သီးသန့် personalized ရှာနိုင်အောင် prompt ပေး ခိုင်းလို့ရလာတာကလည်း တော်တော်စိတ်ဝင်စားဖို့ကောင်းလာတာပါ။
အခုလက်ရှိ ChatGPT အသုံးပြုဦးရေဟာ တစ်ပတ်ကို သန်း ၄၀၀ နဲ့အထက်မှာ ရှိလာပါတယ်။ ဒီနှစ်ကုန်မှာ ChatGPT သုံးသူ သန်း ၁၀၀၀ ပြည့်ဖို့ OpenAI က မျှော်လင့်နေပါတယ်။
Boeing 737 ဆိုဒ်နဲ့ အင်တာနက် ၁၀ ဆ ပိုမြန်မယ့် Starlink ဂြိုဟ်တု
အီလွန်မတ်စ်ရဲ့ ဂြိုဟ်တုအင်တာနက်နဲ့ အာကာသခရီးသွားလာရေး ရည်မှန်းချက်တွေထဲက တစ်ခုပါ။
အင်တာနက်လွှင့်မယ့် နောက်မျိုးဆက် Starlink V3 ဂြိုဟ်တုတွေက အရွယ်အစား ပိုကြီးပြီး အင်တာနက်မြန်နှုန်း ပိုကောင်းလာမယ်လို့ ဆိုပါတယ်။ Starlink V3 ရဲ့ အရွယ်အစားကို အီလွန်မတ်စ်က Boeing 737 လေယာဉ်ကြီးလောက် ရှိမယ်လို့ ပြောပါတယ်။
အလေးချိန် နှစ်တန်နီးပါး ရှိမယ့် ဒီဂြိုဟ်တုက fibre optics ထက် ဒေတာပို့လွှတ်မှု ၄၀% ပိုမြန်တဲ့ laser links တွေ သုံးထားတာပါ။ ဒေတာပို့တဲ့ ကြာချိန် latency လျှော့ချဖို့ Starlink V3 ကို လက်ရှိကမ္ဘာပတ်လမ်း ၅၅၀ ကီလိုမီတာကနေ ၃၅၀ ကီလိုမီတာ ပတ်လမ်းထဲ လှည့်ပတ်စေမှာပါ။ ကမ္ဘာပတ်လမ်း ပိုနိမ့်နိမ့်ထဲကနေ ဒေတာပို့နေမှာ ဖြစ်လို့ latency 20ms အောက် လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။
Starlink V3 တွေက Download မြန်နှုန်း 1 Tbps နဲ့ Upload Speed 160 Gbps အထိ ရောက်မှာ ဖြစ်လို့ လက်ရှိ V2 ထက် Download Speed ၁၀ ဆကျော်နဲ့ Upload Speed ၂၄ ဆကျော် မြန်ပါလိမ့်မယ်။ ဒါမျိုး ဂြိုဟ်တုတွေ တစ်နှစ်အစင်း ၅၀၀၀ နှုန်းနဲ့ ထုတ်လုပ်သွားဖို့ မျှော်လင့်ထားပြီး ကမ္ဘာပတ်လမ်းထဲကိုတော့ နောက် ၆ လကနေ ၉ လအတွင်း လွှင့်တင်တော့မှာပါ။
နောက်ပိုင်းမှာ ဂြိုဟ်တုထုတ်လုပ်မှုကို နှစ်ဆတိုးပြီး တစ်နှစ်အစင်း ၁၀၀၀၀ အထိ ထုတ်လုပ်နိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။ လက်ရှိ Stralink ဂြိုဟ်တုကွန်ရက်က ကမ္ဘာပတ်လမ်းထဲ ဂြိုဟ်တုပေါင်း ၇၅၀၀ လွှင့်တင်ထားပြီး ဂြိုဟ်တု ၃၀၀၀၀ အထိ တိုးချဲ့နိုင်ဖို့ FCC ကို စာတင်ထားပါတယ်။
အီလွန်မတ်စ်ရဲ့ SpaceX ဝန်ထမ်းတွေကို ပြောတဲ့ "ဗဟုဂြိုဟ်များမှာ ရှင်သန်ရာလမ်း"ဆိုတဲ့ မိန့်ခွန်းမှာ နှစ်တိုင်း Starship ဒုံးပျံ ၁၀၀၀ ထုတ်လုပ်ဖို့ နဲ့ ၂၀၂၆ နှောင်းပိုင်း အင်္ဂါဂြိုဟ်ဆီ လူမဲ့မစ်ရှင်လွှင့်တင်ဖို့ စီမံကိန်းတွေအကြောင်းလည်း ပါဝင်ခဲ့ပါတယ်။
" စိတ်မကောင်း ဖြစ်မနေနဲ့ လောကမှာ လူလုပ်ရင် အကြောင်းအမျိုးမျိုး ကြုံရမှာပဲ ကြုံလာရင် ကြံရမှာပဲ "
ဒီစာအုပ်လေးဟာ အမျိုးသမီးတွေအတွက် အဓိကလမ်းပြပေးတဲ့ ဝတ္ထုလို့ နာမည်ကြီးတဲ့ စာအုပ်ပေါ့ ။ အခက်ခဲဆုံး အခြေအနေမှာလည်း အမျိုးသမီးတွေဟာ ဒူးနဲ့ မျက်ရည်သုတ်မနေဘဲ ကြုံလာတဲ့ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အစွမ်းရှိကြောင်း ပြောပြခဲ့တဲ့ စာအုပ် ။
တစ်ချိန်တည်းမှာ အမျိုးသမီးတွေရဲ့ အားငယ်စိတ်ကို ဖော်ပြထားပြီး အဲဒီတစ်ချိန်တည်းမှာပဲ ရင်ဆိုင်နိုင်စွမ်းရှိတဲ့ အစွမ်းအစရှိကြောင်း ပြသခဲ့တာမို့ တော်တော်လေး သဘောကျမိရတယ် ။
ဇာတ်လမ်းကတော့ သက်သက် နဲ့ လှဆိုတဲ့ ကိုယ့်အားကိုယ်ကိုးပြီး နေထိုင်နေကြတဲ့ မိန်းကလေးငယ် နှစ်ယောက် ။ တချိန်က ချမ်းသာကြွယ်ဝတဲ့ မိဘတွေနဲ့ နေခဲ့ရပေမဲ့ ဂျပန်ခေတ် ဗုံးဒဏ်ကြောင့် မိဘရော စည်းစိမ်ပါ ဆုံးရှုံးခဲ့လို့ ဆင်းရဲသွားကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့ ။
ဘာမှမရှိတဲ့ကြားထဲက တစ်နေ့တော့ ကားအရောင်းအဝယ်အတွက် ပွဲစားသဘောလုပ်ပေးရင်း ငွေ နှစ်ထောင့်ငါးရာ ကျပျောက်ခဲ့တယ် ။
တနေ့တနေ့ စားဖို့တောင် အနိုင်နိုင်ရုန်းကန်နေရတဲ့ ဂျပန်ခေတ်အောက်မှာ တစ်လမှ လခ တစ်ရာကျော် ရတဲ့ မိန်းကလေးနှစ်ယောက်အတွက် ငွေ နှစ်ထောင်ကျော်ဆိုတာ ဘယ်လိုမှအလွယ်တကူ ပြန်ရှာလို့ မလွယ်တဲ့ ပိုက်ဆံဖြစ်နေခဲ့တယ် ။
သမာရိုးကျဇာတ်လမ်းဆို ငိုယိုဒူးထောက်တောင်းပန်ပြီး ငွေနှစ်ထောင်ကျော်အတွက် ဖြေရှင်းလိုက်လို့ ရနိုင်ပေမဲ့ ဆရာမကြီးဟာ အမျိုးသမီးတွေရဲ့ အကျပ်အတည်းက လွတ်မြောက်အောင် စွမ်းဆောင်နိုင်ပုံကို သက်သက် ဆိုတဲ့ ဇာတ်ကောင်ကနေ ရေးပြခဲ့တယ်။
သက်သက်ဟာ ရန်ကုန်မြို့က ပညာရေးဝန်ကြီး အိမ်မှာ အိမ်ဖော် တစ်နည်း အိမ်ဖော်တွေကို စေခိုင်းရတဲ့ အိမ်ဖော်အကြီးပုံစံပေါ့ ။
ယောကျ်ားသားချည်း ငါးယောက်ရှိတဲ့ အိမ်မှာအလုပ်သွားလုပ်ခဲ့တဲ့ သက်သက် ။ သူ့ရဲ့ အိန္ဒြေ သိက္ခာကို စောင့်စည်းရင်း အိမ်ကြီးမှာ အလုပ်လုပ်ခဲ့ပုံဟာ စံပြလေးစားစရာ ။
အိမ်မပီသတဲ့ အိမ်ကြီးကို မိန်းကလေးတွေရဲ့ အိမ်ထောင်စီမံပုံနဲ့ ပြင်ဆင်ပေးခဲ့နိုင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အရေးပါပုံတွေ ။
သူ့အိမ်မှာ အလုပ်လာလုပ်တဲ့ မိန်းကလေးမှ ချစ်မိသွားတဲ့ ဝန်ကြီး ဦးမင်းဟန် ။ လှပလွန်းတဲ့ ယမင်းရုပ်ကလေးကို သူ့ရဲ့ အိမ်ဧည့်ခန်းထဲမှာ ရာသက်ပန်ထားချင်တဲ့ ပုံရိပ်လေးကလည်း ခပ်ဝါးဝါး ပါနေခဲ့တယ် ။
သက်သက် တစ်ယောက် ပိုက်ဆံတွေ ပြန်ဆပ်သွားနိုင်မှာလား ။ အမျိုးသမီးတစ်ယောက်ရဲ့ စွမ်းဆောင်နိုင်ပုံတွေကို
ပြသထားရင်း ဦးမင်းဟန်ရဲ့ အချစ်ဇာတ်လမ်းဟာလည်း ရင်ကို နွမ်းလျစေပါတယ် ။
(စာညွန်းရေးသားသူအားcrdပေးပါသည်)
#သူမ #ဂျာနယ်ကျော်မမလေး
မျှော်လင့်ချက်တွေ ၊ အားကိုးချင်စိတ်တွေ နည်းပါးအောင် နေထိုင်ပါ ။ တစ်ခုခုဆို တစ်ယောက်ယောက်ကို လိုအပ်နေတာမျိုး မဖြစ်ပါစေနဲ့ ။
“ ဘယ်သူမှ မရှိလည်း ဖြစ်တယ် ။ တစ်ယောက်တည်းလည်း အဆင်ပြေပါတယ် ” ဆိုတဲ့ လူမျိုးဖြစ်အောင်သာကြိုးစားပါ ။ ကျွန်တော်တို့ဟာ တစ်ယောက်တည်း မွေးဖွားပြီး တစ်ယောက်တည်း ပြန်သွားကြရမဲ့ လူတွေ … ။
တည်မြဲခြင်းဆိုတဲ့အရာ ဘာတစ်ခုမှ ရှိမနေပါဘူး ။
ကျွန်တော်တို့ဟာ ဘယ်သူ့အပေါ်ကိုမှ ခံစားချက်တွေ
မလွန်ကဲသွားစေဖို့ ထိန်းချုပ်တတ်ရပါလိမ့်မယ် ။ ဘယ်သူကမှ ကျွန်တော်တို့အနား ကြာကြာမနေနိုင်ကြပါဘူး ။
မနှစ်က ဘေးနားက လူတွေဟာ အခုချိန် မရှိတော့ဘူး ။ နောက်နှစ်တွေမှာလည်း ဒီအဖြစ်က ထပ်ကြုံရပါဦးမယ် ။ အခု ရှိနေတဲ့ လူတွေလည်း တစ်ချိန်မှာ ထားသွားခဲ့ကြပါဦးမယ် ။ ပိုင်ဆိုင်မှုတွေတိုင်းဟာ အဆုံးသတ်မှာ စွန့်လွှတ်ရဖို့ဆိုတဲ့ သဘောတရားကို လက်ကိုင်ထားတတ်ပါစေ ။
မျှော်လင့်ချက်တွေ မလွန်ကဲပါစေနဲ့ ။ ကြိုတင်မမြင်နိုင်တဲ့ အခြားတစ်ဖက်ကို မျှော်လင့်ချက်တွေ ပိုမိတဲ့အခါ ထင်ထားတဲ့အတိုင်း ဖြစ်မလာခဲ့လျှင် ပိုနာကျင်ရတတ်ပါတယ် ။ အရာရာတိုင်းဟာ ကိုယ် မျှော်လင့်ထားတဲ့အတိုင်း အဆုံးမတတ်နိုင်တာမို့ တချို့အရာတွေအပေါ် တွယ်ငြိမှုမထားတာကပဲ ကျွန်တော်တို့အတွက် ပိုအဆင်ပြေပါလိမ့်မယ် ။
အားကိုးချင်တဲ့စိတ်တွေကို လျှော့ ၊ တွယ်ငြိမှုတွေကို လျှော့ ၊ ကိုယ် ပေးသလောက် ပြန်ရ ရမယ်ဆိုတဲ့
မျှော်လင့်ချက်တွေကို လျှော့လိုက်ပါ။
အဆိုးဆုံးတွေကို ကြိုတင်တွေးထားတဲ့အခါ ၊ ဖြစ်လာတဲ့ အခက်အခဲတွေဟာ ကျွန်တော်တို့ ထင်သလောက် မဆိုးရွားနိုင်တော့ဘူး မဟုတ်လား ။ ဒါကြောင့် တစ်ယောက်တည်း နေတတ်အောင် သင်ယူပါ ။ ဘယ်သူ့ကိုမှ မှီခိုအားကိုးဖို့ မလိုအောင် ကြိုးစားပါ ။
ဘယ်လောက်လေးပဲ လင်းလင်း ကိုယ်ပိုင်အလင်း အစစ် ဖြစ်ဖို့သာလျှင် အရေးကြီးပါတယ် ။ ကိုယ်ပိုင်အလင်းရောင်နဲ့ တောက်ပလာနိုင်တဲ့အခါ ကျနော်တို့အားလုံးဟာ အေးစက် မှောင်မိုက်ခြင်းကို မကြောက်တဲ့ ပိုးစုန်းကြူးငယ်လေးတွေလိုပေါ့ … ။
“ Live Alone , Be Strong ”
“ ကျေနပ်စွာ နေထိုင်ခြင်း ” စာအုပ်မှ
#ကျေနပ်စွာနေထိုင်ခြင်း #tharhtwe