10 w - Translate

(၁၃.၂.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
-----------------------
၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၄၉၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး- ၆,၆၂၀,၀၀၀ ကျပ်
အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၄၀၀ ကျပ်(ဝယ်)၊ ၄၅၀၀ ကျပ်(ရောင်း)
စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၁၆၀ ကျပ်
Octane 95 - ၃၂၂၀ ကျ​ပ်
Premium Diesel - ၃၃၇၀ ကျပ်
Diesel - ၂၇၃၅ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

image

ကိုယ့်ကြောင့် ပြောင်းလဲသွားတာမျိုးဆို
သဘောကျတယ်.....
ဥပမာ - active now ကနေ
1 minute ago ဖြစ်သွားဝာာမျိုး။

#funny

image

ကင်ချီ ဟင်းရည်

လိုအပ်သောပစ္စည်း
°°°°°°°°°°°°°°°°
ငါးနီခြောက်
ကြက်သွန်နီ ကြက်သွန်မြိတ်
ကင်ချီ
ကိုရီးယားငရုတ်အနှစ်
ခရုဆီ ပဲငံပြာရည်အကြည် ဆား သကြား ငရုတ်သီးအစိမ်းမှုန့်တစ်ဇွန်း ငရုတ်ကောင်းမှုန့်
ငရုတ်သီး ပဲပြား

ချက်နည်း
°°°°°°°°°
ငါးနီတူခြောက်ကိုမိနစ် ၃၀ခန့်ပြုတ်ထားပေးပါ။
ငါးနီတူခြောက်ကိုဆယ်ပြီး အရည်ဘဲယူသုံးရမယ်နော်။

ကိုရီးယားငရုတ်အနှစ်ထဲသို့ ခရုဆီ ပဲငံပြာရည်အကြည် ဆား သကြား ငရုတ်သီးအစိမ်းမှုန့်တစ်ဇွန်း ငရုတ်ကောင်းမှုန့် ထည့်ပြီးမွှေထား အနှစ်စပ်ထားပေးရမယ်။

ငါးနီတူခြောက်ပြုတ်ရေထဲကိုကင်ဂျီ ကြက်သွန်နီ စပ်ထားသောအနှစ် ကြက်သွန်နီ ထည့်ပြီးပွက်ပွက်ဆူလာတဲ့အထိတည်ထားပေးပါ။ ဆူလာပြီဆို ကြက်သွန်မြိတ် လှီးထားသောငရုတ်သီးနဲ့ပဲပြားကိုထည့်ပြီး အရသာရှိသောကင်ချီဟင်းရည်ရပါပြီ။

#credit

image
10 w - Translate

ယနေ့ စနစ်သစ် စနစ်ဟောင်း ရွှေ‌စျေး၊ ဒေါ်လာနှင့် နိုင်ငံခြားငွေစျေးများ
(ဖေဖော်ဝါရီလ ၁၃ ရက်၊ )
ပြင်ပစျေးကွက်၌ ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ
အမေရိကန်ဒေါ်လာ 4400 – 4500
စင်ကာပူဒေါ်လာ 3270 – 3360
ဥရောပယူရို 4530 – 4650
ဂျပန်ယန်း 28.26 – 29.00
တောင်ကိုရီးယားဝမ် 3.00 – 3.08
‌အိန္ဒိယရူပီး 50.22 – 51.54
ယူအေအီး 1185 - 1215
မလေးရှားရင်းဂစ် 995 – 1010
တရုတ်ယွမ် 596 – 611
ထိုင်းဘတ် 129.40 – 131.90
ပြင်ပ ရွှေဈေးကွက်မှာတော့
၁၆ ပဲရည် မီးလင်း စနစ်ဟောင်း
(၁ ကျပ်သား - 16.6 g)
ရောင်းစျေး 6,610,000
ဝယ်စျေး 6,560,000
၁၆ ပဲရည် မီးလင်း စနစ်သစ်
(၁ ကျပ်သား - 16.329 g)
ရောင်းစျေး 6,500,000
ဝယ်စျေး 6,450,000
၁၅ ပဲရည်
စနစ်ဟောင်း 6,220,000
စနစ်သစ် 6,170,000
မှတ်ချက် - အထက်ပါ စုစည်းတင်ပြထားသော နိုင်ငံခြားငွေလဲနှုန်းများနှင့် ရွှေဈေးနှုန်းများသည် အချိန်နှင့် တပြေးညီ အပြောင်းအလဲ ရှိနိုင်ပါသည်။

image

Now Mood

အမေရိကန်က WFP အတွက် အစားအစာလှူဒါန်းမှုကို ပြန်လည်ခွင့်ပြု

နယူးယောက်၊ ဖေဖော်ဝါရီ ၁၃

အမေရိကန်က ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အတွက် အစားအစာ လှူဒါန်းမှုအား ရပ်နားထားမှုကို ပြန်လည်ရုပ်သိမ်း လိုက်ပြီဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့ကြောင့် WFP အား အစားအစာ လှူဒါန်းမှုများ ဆိုင်းငံ့ထားမှုသည် အဆုံးသတ်သွားပြီဖြစ်ပြီး လက်ရှိတွင် စားနပ်ရိက္ခာ မက်ထရစ်တန်ချိန် ၅၀၀,၀၀၀ သင်္ဘောများပေါ်တွင်ရှိနေပြီး ထိုရိက္ခာများကို ပို့ဆောင်ရမည့် အခြေအနေသည် သောင်မတင်ရေမကျ အခြေအနေ၌ ရှိနေကြောင်း WFP က ပြောကြားခဲ့သည်။

မကြာသေးမီက အမေရိကန်လယ်သများထံမှ Title II ရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည့် အစားအစာ အကူအညီများ ယာယီရပ်ဆိုင်းမှုကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း အတည်ပြုနိုင်သည်ဟု WFP က X လူမှုမီဒီယာတွင် ဖေဖော်ဝါရီ ၉ ရက်က ရေးသားခဲ့သည်။

ထို့ကြောင့် တည်ဆဲ USAID သဘောတူညီချက်များအရ အစားအစာ ဝယ်ယူမှုနှင့် ဖြန့်ချိမှုများကို ပြန်လည် လုပ်ဆောင်ခွင့် ရရှိပြီဟုလည်း WFP က ရေးသားခဲ့သည်။

အမေရိကန်သည် အရေးပေါ် စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုတွင် ကန့်သတ်ချက်များ လျှော့ပေါ့ပေးခဲ့သည့်တိုင် လှူဒါန်းမည့် ရည်ရွယ်ချက်ဖြင့် အမေရိကန် လယ်သမားများ ထုတ်လုပ်သည့် စားနပ်ရိက္ခာများကို ဝယ်ယူခွင့် ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။

သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ၎င်း၏ "အမေရိကန် ပထမ" နိုင်ငံခြားရေးမူဝါဒနှင့် ကိုက်ညီမှု ရှိ/ မရှိ လေ့လာရန်အတွက် ပြည်ပကူညီထောက်ပံ့မှုများကို ရက်ပေါင်း ၉၀ ကြာ ဆိုင်းငံ့ခဲ့ပြီးနောက် WFP အတွက် အစားအစာ လှူဒါန်းမှုများကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုအခါတွင် ထိုဆိုင်းငံ့မှုကို ပြန်လည်ရုပ်သိမ်း ပေးခဲ့ခြင်းဖြစ်သည်။

အခြားဆိုင်းငံ့ခံခဲ့ရသည့် အစိုးရထောက်ပံ့ကြေး အစီအစဉ်အချို့သည် အမေရိကန်က အခြားနိုင်ငံများကို စားနပ်ရိက္ခာ အကူအညီပေးရေးနှင့် ပတ်သက်သည့် Food for Peace Title II စီမံကိန်းအောက်တွင် ပါဝင်နေသည့် အစီအစဉ်များဖြစ်သည်။

ထို Food for Peace Title II စီမံကိန်းသည် နှစ်စဉ် အမေရိကန်၏ စားနပ်ရိက္ခာ လှူဒါန်းမှုတန်ဖိုး ဒေါ်လာ ၂ ဘီလျံခန့်ကို သုံးစွဲခဲ့သည်။

Source: အပေီ

ပုံ - WFP က စားနပ်ရိက္ခာ ထောက်ပံ့ပေးစဉ်

#centralnewsnaypyitaw

image
10 w - Translate

ရေခွက်လေးလို မဖြစ်စေနဲ့
==================
ပုံပြင်လေးတစ်ပုဒ် ပြောပြချင်တယ်။
နားထောင်မှာလား မိတ်ဆွေ
တစ်ခါက ကလေးနှစ်ယောက်ဟာ
မြစ်တစ်ခုမှာ ရေချိုးနေကြသတဲ့
တစ်ယောက်က ရေဖလားနှင့် ခပ်ပြီးချိုးတယ်။ သူက ရေမကူးတတ်လို့ပေါ့။
နောက်တစ်ယောက်ကတော့ ရေကူးတတ်သဖြင့် မြစ်အလည်သို့ သွားချိုးတယ်။ ရေဖလားနဲ့ခပ်ချိုးသော ကလေးက
" သူငယ်ချင်း မြစ်အလယ်ကို သွားပြီး
မချိုးနဲ့ ရေစီးသန်တယ် ရေနစ်လိမ့်မယ်ဟ "
ထိုသို့ ပြောလိုက်သောအခါ ရေကူးတက်တဲ့ ကလေးက ဤသို့ ပြန်ပြောလိုက်တာပေါ့
" ဟား ....မင်းသာ ရေမကူးတက်လို့ ကမ်းစပ်မှာ ချိုးတာကွ ငါက ရေကူးတတ်တယ်လေ၊ ဒါကြောင့် ငါရေနစ်မှာ မစိုးရိမ်နဲ့ ငါ ရေကူးဘယ်လောက်ကျွမ်းလဲဆိုတာ မင်းကို လက်တွေ့ပြမယ် "
ထိုသို့ပြောပြီး မြစ်အလယ်သို့ ရေကူးသွားသတဲ့၊ မြစ်လယ်ရောက်တော့ ရေစီးသန်လွန်းတဲ့အတွက် ရေစီးကြောင်းအတိုင်း မျောပါသွားတာပေါ့ ကမ်းစပ်က ကလေးငယ်ဟာ ဘာလုပ်ရမည်ကို မစဉ်းစားတက်အောင် ဖြစ်သွားတာပေါ့
သူကိုယ်တိုင် ကယ်ရအောင်လည်း ရေက မကူးတတ်ပေ၊ ဒါပေမယ့် ကယ်မယ့်သူကလည်း သူမှတစ်ပါး မရှိပေ
မြစ်ကြောင်းတစ်လျှောက်မှာလည်း လူသားဆိုလို့ သူတို့နှစ်ဦးသာ ရှိပေသည်ကိုး၊ ရေစီးထဲမျောပါနေသူဟာလည်း ကယ်ပါ ကယ်ပါဟု တစာစာအော်နေသည်
ကမ်းစပ်က ကလေးကလည်း ရေမကူးတတ်တော့ မကယ်နိုင်၊ သူဆုံးဖြတ်ချက်တစ်ခုကို သေချာစွာ ချလိုက်သည်။ လက်ထဲက ရေချိုးတဲ့ခွက်ကို ရေထဲပစ်ချလိုက်သည်။ ထို့နောက် ဤသို့အော်ပြောသတဲ့
" သူငယ်ချင်း ရေခွက်ကို သေချာကြည့် ။
သူလည်း မင်းလိုပဲ ရေစီးအတိုင်း မျောနေတယ်၊ သူ့မှာ ကမ်းစပ်ရောက်ဖို့ ရေကူးစရာ ခြေလက်မရှိဘူး၊ မင်းမှာ ခြေလက်အစုံ ရှိတယ် စိုးရိမ်စိတ်တွေ မေ့ပစ်ပြီး ကမ်းစပ်ရှိရာသို့ အားစိုက်ကူးလိုက် ဒီလိုမှ မဟုတ်ရင်တော့ မင်းလည်း ရေခွက်နဲ့အတူ မကြာခင် နစ်မြုပ်လိမ့်မယ် "
ထိုသို့အော်ပြောရင်း ကမ်းစပ်ကနေပြီး မြစ်ကြောင်းအတိုင်း ပြေးလိုက်သတဲ့ ပါးစပ်ကလည်း
( ကမ်းစပ်ကို ကူးခဲ့လေကွာ )
( ရေခွက်လိုပဲ ရေစီးကြောင်းအတိုင်း )
( လိုက်သွားချင်လို့လား )
( မင်းမှာ ခြေလက်တွေရှိတယ်လေကွာ )
( ကူးခဲ့စမ်းပါ ဒီဘက်ကို )
ထိုသို့ အကြိမ်များစွာအော်ပြောလိုက်တော့ မြစ်ကြောင်းအတိုင်း မျောနေသော ကလေးငယ်ဟာ အားသွန်ခွန်စိုက်နဲ့ ကမ်းစပ်ရှိရာသို့ ကူးသတဲ့
ဒီလိုနဲ့နောက်ဆုံးတော့ ကမ်းစပ်ရှိရာသို့ အရောက်ကူးခက်နိုင်ခဲ့တာပေါ့ သူကမ်းစပ်ရောက်နေချိန်မှာတော့ ရေမကူးတက်တဲ့ကလေးငယ်ရဲ့ရေခွက်လေးဟာ တဖြည်းဖြည်းနဲ့ ရေစီးထဲမှာ မျောရင်း မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသတဲ့
နှစ်ယောက်သား မောမောနှင့် ကမ်းစပ်မှာ
ပက်လက်လှန်ကာ အနားယူလိုက်တယ်။
ထို့နောက်ကောင်းကင်ကြီးကို ကြည့်ပြီး
အော်ရယ်လိုက်ကြသတဲ့
သူတို့စိတ်ထဲမှာ အိမ်ပြန်နောက်ကျလို့
မေမေရိုက်မည့်အရေးကို တွေးနေရင်းနဲ့ နှစ်ယောက်သား ထပ်ပြီးကြုံဦးမည့် ဒုက္ခတစ်ခုအတွက် ရယ်မောရင်း အားမွေးလိုက်သတဲ့
ဒီဇာတ်လမ်းလေးဖတ်ပြီး အသိပညာရခဲ့ပြီ မြစ်ကြီးနဲ့တူသော လူ့လောကမှာ ရေစီးသန်တဲ့မြစ်အလယ်လိုပင် အခက်ခဲများစွာ လူကိုပျက်စီးနိုင်စရာများစွာ ပေါများပါတယ်
ဒီအခက်ခဲတွေကို ရေကူးကျွမ်းကျင်သော ကလေးငယ်ရဲ့ မလိုအပ်ပဲ ဒုက္ခမြစ်လည်ကို မိုက်မဲစွာ မကူးလိုက်ပါနဲ့။ ကမ်းစပ်မှာ အေးဆေးချိုးပါ အကယ်၍ ဒုက္ခမြစ်လယ်သို့ ကူးခတ်မိလျှင် ရေခွက်ကဲ့သို့ ဒုက္ခရဲ့ခေါ်ဆောင်ရာသို့ လိုက်မသွားပါနဲ့
ခြေလက်တွေနဲ့တူသော ကြိုးစားမှုဖြင့် အခက်ခဲများကြားက ရုန်းထွက်လိုက်ပါ မရုန်းထွက်နိုင်သရွေ့ရေခွက်လေးကဲ့သို့ ဦးတည်ရာမဲ့စွာဖြင့် အခက်ခဲကြားမှာ ဒုက္ခတွေရဲ့ခေါ်ဆောင်ရာသို့ လိုက်သွားကြပေဦးတော့ .....
#credit...

image

လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရန် နည်းပညာအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းမည်

ဖေဖော်ဝါရီ ၁၃

လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရန် နည်းပညာအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အသိပေးပြောဆိုထားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဖေဖော်ဝါရီ(၁၂)ရက်တွင် ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း ယာယီကွပ်ကဲရေးရုံး၌ ကျင်းပခဲ့သည့် လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်မှုညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စက်ပစ္စည်းများ၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်၍ ယခုထက်ပိုမိုကောင်းမွန်သည့် စက်ကိရိယာများ ဖြစ်စေရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရန် လမ်းညွှန်မှုရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရေးအတွက် နည်းပညာအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး တောင်သူများလိုအပ်သည့် လယ်ယာသုံး စက်ပစ္စည်းကိရိယာများအား ဈေးနှုန်းချိုသာ၍ အရည်အသွေးကောင်းမွန်စေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးက ပြောသည်။

သို့ဖြစ်၍ လယ်ယာသုံးစက်ပစ္စည်းကိရိယာများကို ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် နည်းပညာဖလှယ်နိုင်ရေး၊ အကြံဉာဏ်ရရှိရေး၊ ပိုမိုကောင်းမွန်သည့် ထုတ်ကုန်များထုတ် လုပ်နိုင်ရေးတို့အတွက် ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း လယ်ယာသုံးစိုက်ပျိုးရေးကိရိယာများကို ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းရှင်များ မထုတ်လုပ်နိုင် သည့် စက်ပစ္စည်းကိရိယာအစိတ်အပိုင်းများရှိပါက ထုတ်လုပ်ပေးနိုင်ရေးကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထက်ပါအစည်းအဝေးတွင် အသိပေးပြောကြားခဲ့သည်။

#သတင်းဟင်းလေးအိုးကြီး

image
10 w - Translate

မိုက်ပြီလေ

image

ချစ်သောရေ.......
"မင်း"ကသာ "နေကြာပန်း"တွေထဲ ပွင့်လက်စ
"နေကြာ"တစ်ပွင့် ဖြစ်ခဲ့မယ်ဆိုရင် ၊
ကိုယ်ဟာ "နေကြာပန်း"လေးရဲ့ မရှိမဖြစ်
နေရောင်ခြည်လေးလို တစ်ထောင့်တစ်နေရာမှာဖြစ်ဖြစ်
ရှိနေခွင့်‌လေးတော့ ရချင်မိတယ် ။
"နေကြာပန်း"လေးရဲ့အနားမှာ ရှိနေပေးနိုင်တဲ့
"ဥယျာဉ်မှူး"ကောင်းတစ်ယောက် မဖြစ်နိုင်ခဲ့ရင်တောင်
ခပ်လှမ်းလှမ်းက "နေရောင်ခြည်"လေးတော့
ဖြစ်ချင်ပါသေးတယ် ။
နောက်ဆုံး.....
"ကိုယ့်အတွက် ဘာဆိုဘာမှ မရှိခဲ့ရင်တောင်
ချစ်ခဲ့တယ်ဆိုတာလေးကိုတော့ ယုံကြည်စေချင်တယ်" ။

image