Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Tom and Jerry: The Lost Dragon (2014)
ဒီဇာတ်လမ်းက စုန်းမကြီး ဒရစ်ဇယ်ဒါနဲ့ မှော်ဆရာကြီး ကားလ်ဒေါ့ဖ်တိုရဲ့ အားပြိုင်မှုကို အခြေခံထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။သူတိုရဲ့အားပြိုင်မှုမှာ အရေးနိမ့်သွားခဲ့တဲ့ ဒရစ်ဇယ်ဒါကို ကားလ်ဒေါ့ဖ်က နတ်သူငယ်တိုင်းပြည်က နယ်နှင်ဒဏ်ပေးလိုက်ပြီးတဲ့နောက် တူမဖြစ်သူ အသီနာကျန်ရစ်ခဲ့ပါတယ်။
စုန်းမကြီးရဲ့တူမဖြစ်နေလို အားလုံးရဲ့အပယ်ခံဖြစ်နေတဲ့ အသီနာက တွမ်နဲ့ ဂျယ်ရီ အပါအဝင်ပိုင်ရှင်မဲ့ တိရစ္ဆာန်လေးတွေအတွက် ဂေဟာဖွင့်ထားပြီးသူတိုလေးတွေနဲ့ပဲ အဖော်ပြုနေခဲ့ရတာပါ။
(https://t.me/cartoon_mmsubb/3312?comment=11098)
နယ်နှင်ဒဏ်ပေးခံထားရတဲ့ စုန်းမကြီးဒရစ်ဇယ်ဒါက လက်စားချေဖို့အခွင့်ကောင်းကို အမြဲစောင့်နေခဲ့တာပါ။ဒီလိုနဲ့ တစ်နေ့မှာသူလက်စားချေနိုင်မယ့် အခြေအနေတစ်ခု ကြုံလာပါတယ်။အဲဒါကတော့ နဂါးတွေရဲ့အစွမ်းကို ခိုးယူပြီး အောက်လမ်းအစွမ်းတွေ ပိုထက်လာအောင် လုပ်ဖို့ပဲဖြစ်ပါတယ်။အဲဒါကိုတွမ် ဂျယ်ရီ အသီနာနဲ့ ကားလ်ဒေါ့ဖ်တို့က တားဆီးဖို့တွက်ကြိုးစားရမှာပဲ ဖြစ်ပါတယ်။
https://t.me/cartoon_mmsubb/3312
——————————
#cartoonmovies
အောင်မြင်မှု ပန်းတိုင် ကို သေချာပေါက် ရောက်စေမယ့် စကားလုံး (၁၀) လုံး အရမ်းကောင်းတယ်📖📖📖🌎
================
အောင်မြင်မှုဆိုတာဟာ အလွယ်တကူ ရနိုင်တဲ့အရာ မဟုတ်ပါဘူး။ လျှောက်လှမ်းရမယ့် လမ်းကို မြင်နေပေမယ့်လည်း ပန်းတိုင်ကို ရှာဖွေနိုင်ဖို့တော့ ခက်နေပါသေးတယ်။ ဒါကြောင့် သင့်ရဲ့ ဘ၀မှာ အောင်မြင်မှု ပန်းတိုင်ကို သေချာပေါက်ရောက်စေမယ့် စကားလုံး ၁၀ လုံး ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ပျော်ရွှင်မှု (Happiness)
* ပျော်ရွှင်မှုဆိုတာဟာ ခံစားမှုတစ်ခုမဟုတ်ပါဘူး။ဘ၀ရဲ့ လမ်းစဉ်တစ်ခုပါ။ သင်လုပ်နေတဲ့အလုပ်မှာ သင်မပျော်ပဲ အောင်မြင်မှုရဲ့အရသာ ကို သင်ခံစားနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်လုပ်နေတဲ့အလုပ်တွေကို ချစ်မြတ်နိုးခြင်းဟာ ပြိုင်ပွဲတွေမှာ တစ်၀က်လောက်တော့ အနိုင်ရသွားစေပါတယ်။
၂။ ယုံကြည်မှု (Belief)
* သင့်အနေနဲ့ ယုံကြည်တတ်ဖို့လိုပါတယ်။ ကံကြမ္မာ ကိုပြောင်းလဲဖို့အတွက် ယုံကြည်မှုသာလျှင်ပင် တစ်ခုတည်းသော ခွန်အားဖြစ်ပါတယ်။ သင်ယုံကြည်ရင် ယုံကြည်ထားတဲ့ အတိုင်းဖြစ်လာမှာပါ။
၃။ ရည်မှန်းချက် (Ambition)
* ရည်မှန်းချက်မရှိတဲ့ ဘ၀ ဟာ ဘာမှ ဖြစ်လာမှ မဟုတ်ပါဘူး။ သင့်ရဲ့ ဖြစ်ချင်နေတဲ့အနေအထားတွေကို ကြိုတင်ရည်မှန်းထားပါမှ သင်ဖြစ်ချင်တာတွေဖြစ်လာနိုင်မှာပါ။
၄။ စိတ်အားထက်သန်ခြင်း ( Passion )
* ဘာအလုပ်ကိုပဲ လုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ အလွယ်တကူ အရှုံးမပေးပါနဲ့။ အားကစားသမား တစ်ယောက်လိုမျိုး ရေကုန်ရေခမ်း ကြိုးစားတတ်ပါစေ။
၅။ လွှမ်းမိုးမှု ( Inspiration )
* သင့်ကို လွှမ်းမိုးနိုင်မယ့် အရာတစ်ခုကို ရှာဖွေကြည့်ပါ။ ထိုအရာက သင့်ကို လမ်းပြပေးနိုင်မှာပါ။
၆။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ( Confidence )
* သင်မလုပ်နိုင်တာ ဘာမှ မရှိပါဘူး။ ကိုယ့်ကိုကို ယုံကြည်မှုသာလျှင် သင့်ကိုနေရာပေးနိုင်မှာပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ဟာ သင့်ကို အတိုင်းအဆမရှိတဲ့ ခွန်အားတွေကို ပေးနိုင်မှာပါ။
၇။ လူ့ကျင့်၀တ် ( Ethics )
* ကျင့်၀တ် မစောင့်ထိန်းတတ်တဲ့ လူတွေအတွက် အောင်မြင်မှုလမ်းကြောင်း ဟာ တိုတောင်းလွန်းပါတယ်။ ဖြတ်လမ်းလို့ဆိုနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ သင့်ကို လူအားလုံးနဲ့မတူညီပဲ တစ်ယောက်တည်း ကွဲပြားနေစေမယ့် အချက်ပဲဖြစ်ပါတယ်။
၈။ အမြင် ( Vision )
* သင့်ဘ၀ ကို သင်ဘယ်လို ပုံစံ ဖြစ်လာစေချင်လဲဆိုတဲ့ အမြင်တစ်ခုသတ်မှတ်ပါ။ ထို အမြင်တွေကပဲ စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်ပေးနိုင်မှာပါ။
၉။ လက်ခံတတ်ခြင်း ( Yes )
* အရာရာကို လက်ခံတတ်ပါစေ။ အခွင့်အရေးတွေက သင့်အတွက် အများကြီးလာနေပါပြီ။ သင်အားလုံးကို လက်ခံတတ်ရပါလိမ့်မယ်။ သင်အရာရာကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေရပါမယ်။
၁၀။ လူသားဆန်တတ်ခြင်း ( Humility )
* လူသားဆန်ခြင်းဟာ အောင်မြင်မှု ရဲ့ သော့ချက်ပါပဲ။ ဘယ်ဘာသာမှာမဆို လက်ခံထားတာကတော့ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဘယ်လောက်အောင်မြင်နေပါစေ။ တစ်ကြိမ်တစ်ခါတော့ ပြန်လည်ကျရှုံးလာဦးမှာပါ။ ကျရှုံးပြီး ပြန်လည် ထ နိုင်ရန် ကြိုးစားနေချိန်မှာ တစ်ချိန်က လူသားဆန်ခဲ့သမျှ က သင့်ကို ပြန်လည်အောင်မြင်လာစေမှာပါ။