အမဲစက်တွေ သက်သာပြီး အသားအရေလေး ဖြူကြည်နေချင်တယ်ဆိုရင် ShinCos.Lab Vita Tree 3% Toner နဲ့ Serum သုံးပါဗျ🍊🥦🍇
သဘာဝအသီးအနှံတွေကနေ ဖော်စပ်ပြုလုပ်ထားတဲ့ Skincare အတွဲအဖက်လေးကို Nyi ဒီနေ့ Valentine day အမှီ ညွှန်းပေးချင်ပါတယ်။
- မျက်နှာကအမဲစက်တွေ သက်သာချင်တယ်
- အသားအရေတင်းရင်းချင်တယ်
- ဖြူကြည် glow ချင်တယ်
ဒါပေမဲ့ Vitamin C သုံးရမှာလဲ ကြောက်တယ်ဆိုသူတွေနဲ့ အထူးသင့်တော်ကြောင်း အရင်ဆုံးပြောပါရစေ။
Vitamin C သုံးရတာမလွယ်တော့ ဘာကြောင့်ကြောက်ကြလဲဆိုတာ Nyi နားလည်ပါတယ်။ Vitamin C က effective အဖြစ်ဆုံး antioxidant ဆိုပေမဲ့ product အရွေးမှားရင် breakout ဖြစ်တာ၊ over use လုပ်မိရင် skin purging ဆိုးဆိုးရွားရွားဖြစ်တာမျိုး ကြုံရတတ်လို့ပါ။ နောက်ပြီး အထားအသိုပိုင်းလဲ အထူးဂရုစိုက်ရတာမလို့ overall ကြည့်ရင် ကိုယ်တွေလို skincare ကို တစိုက်မတ်မတ်လုပ်တဲ့ သူမျိုးအတွက်တောင် vitamin C ကို ကောင်းကောင်းအသုံးပြုနိုင်ဖို့က မလွယ်ဘူးပေါ့နော်။
ဒါကြောင့် Nyi က vitamin C derivatives လေးတွေကို သဘောကျရခြင်းဖြစ်တယ်။ သူတို့က storage ပိုင်းလဲ room temperature မှာပဲ ထားလို့ရလို့ သိပ်ပြီးဂရုစိုက်ဖို့မလိုဘူး။ နောက်ပြီး pure vitamin C နဲ့ယှဉ်ရင် effectiveness မှာ အနည်းငယ်လျော့ကောင်းလျော့နိုင်ပေမဲ့ irritation သိပ်နဲတော့ ရေရှည်အတွက်နဲ့ beginners တွေအတွက် ပိုအဆင်ပြေပါတယ်။
ဒီနေ့ Nyi review လုပ်သွားမယ့် ShinCos.Lab toner နဲ့ serum က vitamin C ကြွယ်ဝတဲ့ အသီးအနှံတွေကိုပဲ အဓိကထည့်သွင်းပြီး ဖော်စပ်ထားတယ်။ အသုံးပြုရတဲ့အပိုင်းမှာလဲ အသားအရေပေါ်မှာ gentle ဖြစ်ပြီး ingredients တွေရဲ့အာနိသင်ကို effectively deliver လုပ်သွားနိုင်ပါတယ်။ ဒါကြောင့်မလို့ Nyi က အမဲစက်သမားတွေနဲ့ dull skin ဖြစ်နေတဲ့သူတွေကို target လုပ်ပြီး ညွှန်းပေးချင်တယ်။ Products 2ခုလုံးက All skin types သုံးဖို့သင့်တော်ပါတယ်။
Disclaimer : Collab ē ShinCos.Lab
#shincoslab #shincoslabessencetoner #shincoslabampouleserum #reviewbynyi #nyipick #nyipicktoner #nyipickserum
#crd
