8 w - Translate

Tattoo Design 💕

image
8 w - Translate

Tattoo Design 💕

image
8 w - Translate

Tattoo Design 💕

image
8 w - Translate

Tattoo Design 💕

imageimage
+7
8 w - Translate

တရုတ်က စကော်ဘိုရိုရေတိမ်သောင်ခုံအနီး ပိုင်နက်အခြေခံမျဉ်းသတ်မှတ်

ပေကျင်း၊နိုဝင်ဘာ ၂၀

တရုတ်နိုင်ငံက အငြင်းပွားရေပိုင်နက် တောင်တရုတ်ပင်လယ်အတွင်းရှိ စကော်ဘိုရိုရေတိမ်သောင်ခုံအနီး၌ ပိုင်နက်အခြေခံမျဉ်းကိုသတ်မှတ်ခဲ့ကြောင်း နိုဝင်ဘာ ၁၀ ရက်ကထုတ်ပြန်ကြေငြာခဲ့သည်။

ယခုလိုသတ်မှတ်လိုက်ခြင်းသည် ၎င်း၏ပိုင်နက်နယ်မြေခွဲဝေမှုအား ခိုင်မာပြီးတရားဝင်ဖြစ်စေမည့်အပြင် မကြာသေးမီကချမှတ်ခဲ့သည့် ဖိလစ်ပိုင်၏ ရေကြောင်းမူဝါဒကိုတုန့်ပြန်လိုက်ခြင်းလည်းဖြစ်သည်။

ယခုလအစောပိုင်းက ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာသည် ရေကြောင်းဇုန်များအက်ဥပဒေနှင့် ကျွန်းစုပင်လယ်လမ်းများအက်ဥပဒေကို တရားဝင်လက်မှတ်ရေးထိုးခဲ့သည်။

ဤဥပဒေများအရ အငြင်းပွားရေပိုင်နက်များနှင့်ပတ်သက်၍ မနီလာ၏တရားစီရင်ပိုင်ခွင့်ကို တရားဝင်ဖြစ်စေမည်ဖြစ်ပြီး ရေကြောင်းသွားလာမှုအတွက် မဟာဗျူဟာကျသော ရေကြောင်းလမ်းများကို သတ်မှတ်ပေးနိုင်မည်ဖြစ်သည်။

အဆိုပါဥပဒေများအား တုန့်ပြန်သည့်အနေဖြင့် တရုတ်က ပိုင်နက်ပင်လယ်အခြေခံမျဥ်းများကို သတ်မှတ်ခြင်း၊မွမ်းမံထားသော မြေပုံများထုတ်ပြန်ခြင်း၊အငြင်းပွားနေသောဒေသများအတွက် အုပ်ချုပ်ရေးကုဒ်များသတ်မှတ်ခြင်းနှင့် ၎င်း၏တရားစီရင်ပိုင်ခွင့်အောက်ရှိ ကျွန်းများနှင့် ကျောက်တန်းများကို တရုတ်စာလုံးများဖြင့် အမည်ပေးခြင်းတို့ဖြင့်လျင်မြန်စွာပြန်လည်တုန့်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

image
8 w - Translate

အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်တွင် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများ ပါဝင်ဆွေးနွေး

အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) ၏ (၂၁)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲကို အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် တီမောလက်စ်တေ လူ့အခွင့်အရေးကော်မရှင်က ဦးဆောင်ကာ ဒီလီမြို့တွင် နိုဝင်ဘာ (၁၈) ရက်မှ (၂၀) ရက်အထိ hybrid ပုံစံဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖိုရမ်၏ နှစ်ပတ်လည်အစည်းအဝေးတွင် မြန်မာရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက ကော်မတီ၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့နှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှုများ၊ SEANF ၏ မဟာဗျူဟာ စီမံကိန်း (၂၀၂၂-၂၀၂၆) ဦးစားပေးကိစ္စရပ် အမှတ် (၂) ဖြစ်သည့် စီးပွားရေးလုပ်ငန်းများတွင် လူ့အခွင့်အရေး မြှင့်တင် ကာကွယ်ပေးရေးနှင့် စပ်လျဉ်း၍ ကော်မရှင်၏အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ ဖိုရမ်၏ ဆက်စပ်ဆွေးနွေးပွဲကို “အရှေ့တောင်အာရှဒေသတွင်း စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ ကောင်းမွန်သော အလေ့အကျင့်များနှင့် အတွေ့အကြုံများ မျှဝေခြင်း”ခေါင်းစဉ်ဖြင့် နိုဝင်ဘာ(၂ဝ) ရက်က ကျင်းပခဲ့ပြီး ဆွေးနွေးပွဲ အကြောင်းအရာနှင့် စပ်လျဉ်း၍ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းက ဆွေးနွေးခဲ့သည်။

၎င်း အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲများသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် အဖွဲ့ဝင်များက Online Platform မှ တက်ရောက်ခဲ့ကြပြီး ဖိုရမ်အဖွဲဝင်များ ဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်များက In person တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရော်နယ်ဒို၊ နေမာ၊ ဘန်ဇီမာတို့လို ကမ္ဘာကျော်တွေကို ခေါ်ယူပြီးတော့ လိဂ်ကို တောင့်တင်းအောင် လုပ်ထားတဲ့ ဆော်ဒီကို အင်ဒိုနီးရှားတို့ အနိုင်ယူပြလိုက်ပါတယ်။ မနေ့က ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ၂-၀ နဲ့ အနိုင်ယူလိုက်တာပါ။ ဆော်ဒီကွင်းမှာတုန်းကလည်း သရေကစားနိုင်ခဲ့တဲ့ အင်ဒိုက အိမ်ကွင်းမှတော့ ဂိုးပြတ်အနိုင်ယူသွားခဲ့ပါတယ်။

သွေးနှောကစားသမားတွေကို ရွေးချယ်ပြီးနောက်ပိုင်းမှာ အင်ဒိုနီးရှားရဲ့ လက်ရွေးစင်အသင်းအနေအထားက အများကြီးပြောင်းလဲသွားတယ်။ မာကျောလွန်းပြီး အာဆီယံရဲ့ အကောင်းဆုံးအသင်းဖြစ်လာနေပြီလို့တောင် ဆိုရမယ်။ ဆော်ဒီလိုအသင်းကို ပေးဂိုးမရှိအောင် ကစားပြီး အနိုင်ယူခဲ့တာပါ။

အိမ်ကွင်းမှာ ပရိသတ်တွေကလည်း အင်တိုက်အားတိုက်အားပေးခဲ့ကြတာပါ။ ဒီပုံစံအတိုင်းဆိုရင် အင်ဒိုနီးရှားတို့ လာမယ့် ဆူဇူကီးဖလားပွဲမှာ ဖလားသိမ်းတော့မလားပဲ။ ဗီယက်နမ်နဲ့ထိုင်းတို့ထက်တောင် အင်ဒိုကစားပုံကို ပိုကြိုက်တယ်။ု

image
8 w - Translate

- First day of relationship 😁

image

ကော့သောင်းမြို့မဈေးကြီးအနောက်ဘက် ဆန်ဆိုင် အပေါ်ထပ်မီးလေါင်ကျွမ်း မှုဖြစ်ပွား

နိုဝင်ဘာ ၂၁   
   
ယနေ့နံနက်ပိုင်းအချိန်ကကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၊အမှတ်(၅၃၇/၅၃၈)ရှိ ဦးအေးဝင်း(၆၃) နှစ်၏ အလျား(၅၀)ပေ၊ အနံ(၃၀)ပေ၊ သွပ်မိုး၊ ကွန်ကရစ်ခင်: URC (၂)ထပ် "Big Boss” အမည်ရှိ ကုန်စုံဆိုင်တွင် အင်ဗာတာဖြင့် ဘတ္ထရီ အားသွင်းရာမှ အပူလွန်ကဲ၍ မီးလောင်မှုစတင်ဖြစ်ပွားခဲ့၍ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ လ/ထ ညွှန်မှူး ဦးမျိုးသူရဝင်း ဦးစီး မီးသတ်တပ်ဖွဲ့ဝင်များ၊ရပ်ကွက်နေပြည်သူများ၊ မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၄ စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရတယ်လို့သိရပါတယ်။

အဆိုပါမီးလောင်မှုကြောင့် RC(၂)ထပ် Big Boss အမည်ရှိ ကုန်စုံဆိုင် မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး ခန့်မှန်းမီးလောင်ဆုံးရှုံးမှု တန်ဖိုးမှာကျပ် (၅,၄၀၀,၀၀ဝိ/)ခန့် ဆုံးရှုံးခဲ့ပါတယ်။

မီးလောင်ပျက်စီးဆုံးရှုံးစေခဲ့သူ ဦးအေးဝင်းအား  ဥပဒေအရ အရေးယူပေးနိုင်ပါရန် ဒုရဲအုပ် မြတ်မင်းဦးမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ၂၀၂၄ နို ၂၀ ၁၉၁၅ အချိန် မမစ(ကော့သောင်း) (ပ)၁၈၁/၂၀၂၄၊ ရာဇသတ် ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်ပြီး စစ်ဆေးလျှက်ရှိကြောင်း သိရပါတယ်။

Credit - MMG News

#သတင်းဟင်းလေးအိုးကြီး

image
image
image