Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဝင်ငွေအများဆုံးရ အားကစားသမားစာရင်းမှာ ရော်နယ်ဒို ထိပ်ဆုံးရပ်တည်
ဖေဖော်ဝါရီ ၁၄
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ၂၀၂၄ ခုနှစ်ရဲ့ ဝင်ငွေအများဆုံးရရှိတဲ့ အားကစားသမား ၁၀၀ စာရင်းမှာ ၂ နှစ်ဆက်တိုက် ထိပ်ဆုံးနေရာ ရပ်တည်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ၂၀၂၄ ခုနှစ်ထဲမှာ ဝင်ငွေပေါင် ၂၀၈ သန်းနဲ့ ထိပ်ဆုံးနေရာ ရပ်တည်ခဲ့တယ်လို့ Sportico က ဖော်ပြထားတာပါ။
ရော်နယ်ဒိုရဲ့ ဝင်ငွေအများစုဟာ အယ်လ်နာဆာအသင်းကနေ ရရှိခဲ့တာဖြစ်ပြီး သူဟာ ဆော်ဒီပရိုလိဂ်ကလပ်မှာ တစ်နှစ်ကို ပေါင် ၁၇၅ သန်း ရရှိနေတာဖြစ်ပါတယ်။
Golden State Warriors အသင်းမှာ ကစားနေတဲ့ NBA ကြယ်ပွင့် ကာရီက ပေါင် ၁၂၃ သန်းနဲ့ ရော်နယ်ဒိုရဲ့ အနောက် ဒုတိယနေရာမှာ ရပ်တည်နေတာပါ။
ယူကရိန်းလက်ဝှေ့သမား အူဆက်ခ်ကို အရေးနိမ့်ပြီးနောက် လက်ဝှေ့ ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာထားတဲ့ တိုင်ဆန်ဗျူရီက ပေါင် ၁၁၇ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။
အင်တာမိုင်ယာမီအသင်း ခေါင်းဆောင် မက်ဆီက ပေါင် ၁၀၈ သန်းနဲ့ စတုတ္ထ၊ NBA နာမည်ကြီး လီဘရွန်ဂျိမ်းစ်က ပေါင် ၁၀၆ သန်းနဲ့ ပဉ္စမနေရာမှာ ရပ်တည်ခဲ့တာပါ။
၂၀၂၄ ခုနှစ်အတွင်း ဆော်ဒီမှာ လုပ်ခလစာ အများအပြား ရရှိခဲ့တဲ့ နေမာ၊ ဘန်ဇီမာနဲ့ ရီးရယ်လ်အသင်းကြယ်ပွင့် ဘတ်ပီတို့ဟာ ထိပ်ဆုံး ၁၀ ဦးထဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။
Sportico ဟာ ထိပ်တန်း အားကစားနယ်ပယ်ထဲက ဝင်ငွေအများဆုံးရရှိတဲ့ အားကစားသမား ၁၀၀ ဦး စာရင်းပြုစုပြီး ထုတ်ပြန်ခဲ့တာပါ။
ဖော်မြူလာဝမ်းက နာမည်ကြီးတွေဖြစ်တဲ့ ဟာမီလ်တန်နဲ့ ဗာစတန်ပန်တို့လည်း ဝင်ငွေအများဆုံးရရှိတဲ့ ထိပ်ဆုံး ၁၀၀ ဦး စာရင်းထဲ ပါဝင်ခဲ့ပါတယ်။
ထိပ်ဆုံး ၁၀၀ ဦးစာရင်းထဲမှာ NBA က ၃၆ ဦးအထိ ပါဝင်တာကြောင့် ဘတ်စကတ်ဘော အားကစားသမားတွေ ဟာ အခြားအားကစားနည်းက အားကစားသမားတွေထက် ဒီစာရင်းမှာ ပိုပြီးပါဝင်ခဲ့တာပါ။
၂၀၂၄ ခုနှစ်ရဲ့ ဝင်ငွေ အကောင်းဆုံး အားကစားသမားထိပ်ဆုံး ၁၀၀ ဦးစာရင်းထဲမှာ အမျိုးသမီး အားကစားသမား တွေ မပါဝင်ခဲ့ပါဘူး။
အမေရိကန်အိုးပန်း ချန်ပီယံဟောင်း ကိုကိုကပ်ဖ်က ပေါင် ၂၄.၃ သန်းနဲ့ အမျိုးသမီး အားကစားသမားတွေထဲမှာ ဝင်ငွေ အကောင်းဆုံး အားကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Dailymail
ပုံ - ရော်နယ်ဒိုကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ
မိုဒီက ထရမ့်နှင့် ကုန်သွယ်ရေးကဏ္ဍ အပေးအယူပြုလုပ်ရန် ပြင်ဆင်
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၄
အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တွေ့ဆုံသည့်အခါ အိန္ဒိယ၏ ပို့ကုန်များအပေါ် အခွန်ကောက်ခံမှုများကို လျှော့ပေးစေလိုသည့် အနေဖြင့် အပေးအယူလုပ်၍ ညှိနှိုင်းရန် ပြင်ဆင်ထားကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
မိုဒီသည် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှု အလားအလာကို လျှော့ချခြင်း စီးပွားရေး လုပ်ငန်းများတွင် အမေရိကန်ကို လိုက်လျော အလျှော့ပေးခြင်းတို့ ပြုလုပ်ဖွယ်ရှိနေသည်။
ထရမ့်သည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန် ၁ လ မပြည့်သေးသည့် အချိန်မှာပင် ရန်ဘက်နိုင်ငံများသာမက မိတ်ဖက်နိုင်ငံများကိုပါ အခွန်များ တိုးမြှင့်ကောက်ခံမည်ဟု ခြိမ်းခြောက်ခဲ့သည်။
ထရမ့်သည် ၎င်း၏ ပထမသက်တမ်းအတွင်း မိုဒီနှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သော်လည်း အိန္ဒိယသည် ကုန်သွယ်ရေးကဏ္ဍတွင် ဗိုလ်ကျစိုးမိုးခဲ့ကြောင်း ထရမ့်က ပြောကြားခဲ့၍ အိန္ဒိယသည်လည်း အမေရိကန်၏ အခွန်တိုးကောက်မည့် အခြေအနေနှင့် ကင်းလွတ်နိုင်ခြေမရှိပေ။
မိုဒီသည် အိမ်ဖြူတော်တွင် ထရမ့်နှင့် အစည်းအဝေး မပြုလုပ်မီ အမေရိကန်ထံမှ ဓာတ်ငွေ့ရည်များ၊ တိုက်လေယာဉ်များနှင့် ဂျက်လေယာဉ် အင်ဂျင်များ ဝယ်ယူမှုကို တိုးမြှင့်သွားမည်ဟု ကတိပြုရန် ပြင်ဆင်ထား ကြောင်း အမည်မဖော်လိုသည့် အိန္ဒိယအစိုးရအရာရှိများက ပြောကြားခဲ့သည်။
ထို့ပြင် မိုဒီသည် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများကိုလည်း ပြုလုပ်ရန် ပြင်ဆင်ထားပြီး အမေရိကန်မှ အိန္ဒိယသို့ စိုက်ပျိုးရေးကုန်စည်များ တင်ပို့မှုနှင့် နျူကလီးယား စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရေး၊ အိန္ဒိယမှ တင်ပို့သည့် လျှပ်စစ်ပစ္စည်းများ၊ ဆေးဝါးများ၊ ခွဲစိတ်ခန်းသုံး ပစ္စည်းကိရိယာများနှင့် ဓာတုပစ္စည်းများ အပါအဝင် ဒါဇင်နှင့်ချီသည့် ကုန်စည်များအပေါ် အခွန်ကောက်ခံမှု လျှော့ချရေးတို့အတွက် ဆွေးနွေးသွားမည် ဖြစ်သည်။
ထိုကဏ္ဍများသည် အိန္ဒိယနိုင်ငံဘက်မှ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရမည့် ကဏ္ဍများဖြစ်သည်ဟု ထရမ့်၏ အစိုးရအဖွဲ့က ယုံကြည်ထားသည့် ကဏ္ဍများဖြစ်ကြောင်း မိုဒီနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောသည်။
“ဒါတွေကို ကြည့်ရမယ်ဆိုရင် မိုဒီက ထရမ့်ကို လက်ဆောင်ပေးတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ ပြီးတော့ လက်ဝှေ့ ပွဲလိုလည်း ဖြစ်နေပါတယ်။ အိန္ဒိယက လက်သီးချက် အနည်းငယ် အထိုးခံမှာဖြစ်ပေမယ့် အကန့်အသတ်တော့ ရှိပါတယ်”ဟု အဆိုပါ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။
အိန္ဒိယနှင့် ကုန်သွယ်မှုတွင် အမေရိကန်ဘက်မှ ကုန်သွယ်ရေး လိုငွေပြမှု ၄၅ ဒသမ ၆ ဘီလျံရှိနေကြောင်း ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Source: ရိုက်တာ
ပုံ - အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်
#centralnewsnaypyitaw
ရန်ကုန် - မော်လမြိုင်လမ်း မစောတံတားမှာ ဘေလီတံတား ဖျက်လိုက်တာကြောင့် ကားပိတ်ဆို့မှု ဆိုးရွားနေ
ဖေဖော်ဝါရီ ၁၄
ရန်ကုန် - မော်လမြိုင်လမ်း၊ဘီးလင်း - ကျိုက္ကော်ကြားက မစောတံတားမှာ ထိုးထားတဲ့ ယာယီဘေလီတံတားကို ဖြုတ်ချလိုက်တာကြောင့် မြေသားလမ်းကနေသာ ကားတွေသွားလာနေရတဲ့အတွက် ကားအစီးရေအများအပြား ပိတ်မိပြီး ခရီးသွာတွေ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။
ဘေလီတံတားထိုးထားတာကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစပြီး ဖြုတ်ချလိုက်တာဖြစ်ကြောင်း ၊ အဲဒီနေ့ကတည်းက ကားတစီးသာသွားလာလို့ရတဲ့ မြေသားလမ်းကနေ ကားအားလုံးသွားလာနေရတာကြောင့် မစောတံတားရဲ့တဖက်တချက်လမ်းမတလျှောက်မှာ ကုန်ကား၊ခရီးသွားကား၊အိမ်စီးကားတွေ နာရီကြာမြင့်စွာပိတ်မိနေကြပြီး ညအိပ်စောင့်တန်းစီရတဲ့အထိပင် ကားပိတ်မှုဆိုးရွားနေတယ်လို့သိရပါတယ်။
" မနက်ရောက်တဲ့ကားကတော့ညနေလောက်ဆိုလွတ်တယ်။ကျွန်တော်ဖြတ်လာတာ မနက် ၁၁ နာရီတန်းစီတာ ညနေ ၅ နာရီမှလွတ်တယ်။ကားက အခုမြေသားလမ်းက ကားတစီးပဲသွားရတယ်။ အဲဒါကိုဟိုဘက်ဒီဘက်မျှသွားနေရတာ။ဒီကြားထဲကားတွေကစည်းကမ်းမရှိမောင်းကြတော့ပိုပိတ်ကုန်တယ်။ဒီတံတားအသေးလေးကိုတောင်ခုထိသူတို့ မထိုးနိုင်ကြဘူး။အခုကားတွေတော်တော်ပိတ်တယ်။စားစရာရေမပါရင်ဒုက္ခရောက်မယ်။ညနေမှ မစောတံတားဖြတ်ရမယ်ဆိုရင်အဲဒီမှာညအိပ်စောင့်ရမှာပါ။"လို့ မစောတံတားဖြတ်လာသူက ပြောပါတယ်။
ဘေလီတံတားကို ဖြိုချလိုက်ပေမယ့် ခုချိန်ထိ တံတားအသစ်တည်ဆောက်မှုလုပ်ငန်း စတင်ဆောင်ရွက်တာမျိုးမရှိသေးဘူးလို့ ဆိုပါတယ်။
မစောတံတားကိုအမြန်ဆုံး အသစ်ပြန်လည်တည်ဆောက်နိုင်မှသာ ကားပိတ်ဆို့မှုအခြေအနေကို ဖြေရှင်းနိုင်မှာဖြစ်ကြောင်း ၊ဒါကြောင့် တံတားတည်ဆောက်နေစဥ်အတွင်း ယခုကြုံနေရတဲ့ကားပိတ်ဆို့မှုကို ဖြေရှင်းပေးဖို့လိုအပ်နေတယ်လို့သိရပါတယ်။
" ဘေလီတံတားတော့ဖျက်လိုက်ပြီ။ခုထိကျ တံတားဆောက်ဖို့လုပ်တာမတွေ့ရသေးဘူး။ တံတားဆောက်တာဘယ်လောက်ကြာမယ်မသိဘူး။ဒီကြားထဲ ဒီမြေသားလမ်းကနေပဲသွားနေရရင် ကားပိတ်တာပိုဆိုးဖို့ပဲရှိတယ်။အခုတောင်မစောင့်နိုင်လို့ လှည့်ပြန်သူတွေအများကြီးပဲ။တခုခုတော့လုပ်ပေးမှရမယ်။ခုလည်းပိတ်မိနေတာအများကြီးပဲ။ကားက တော်တော်များတယ်။ "လို့ လက်ရှိ မစေါတံတားမှာကားပိတ်မိနေသူကပြောပါတယ်။
မစောတံတားကို ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့က မိုင်းခွဲခံရပြီးတံတား ထက်ပိုင်းကျိုးကာပျက်စီးခဲ့ရသလို လူသေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရရမှုရှိခဲ့ပါတယ်။
အဲဒီနောက် ဖျက်ဆီးခံရတဲ့ မစောတံတားဘေးမြေသားလမ်းကနေ ကားတွေ သွားရတဲ့အတွက် ကားတွေပိတ်မိတာကြောင့် ဇွန်လမှာ ယာယီဘေလီတံတားကိုအပြီးသတ် ထိုးပေးခဲ့ကာ.ကားတွေဖြတ်သန်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
Photo - CJ
#သတင်းဟင်းလေးအိုးကြီး
ပြည်ထောင်စုအဆင့်ကျင်းပသည့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ တိုးမြှင့်ကျင်းပမည်
ဖေဖော်ဝါရီ ၁၄
နေပြည်တော် တပေါင်းကွင်းတွင် ကျင်းပလျက်ရှိသော ၂၀၂၅ ခုနှစ် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ တိုးမြှင့်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲနှင့် ပြိုင်ပွဲများကို ယခင်က ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိသာ ကျင်းပရန် စီစဥ်ထားခဲ့သော်လည်း ယခုအခါ ကြည့်ရှုသူပရိသတ် များပြားခြင်းနှင့် ရက်တိုးမြှင့်ပြသရန် တောင်းဆိုမှုများ ရှိလာသဖြင့် ပြပွဲ၊ ပြိုင်ပွဲအား ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၁၆ ရက် ၂ ရက် တိုး၍ ကျင်းပရခြင်းဖြစ်သည်။
ထိုပြပွဲနှင့်ပြိုင်ပွဲတွင် စက်မှုဝန်ကြီးဌာနပြခန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြခန်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနပြခန်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြခန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြခန်းအပါအဝင် ပြခန်းပေါင်း ၉၆ ခန်း ပါဝင်ပြသလျှက်ရှိကြောင်း သိရသည်။
#centralnewsnaypyitaw
၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံတွင် ကလေးငယ် ၇၅၀ ဦး ထိခိုက်သေဆုံးခဲ့ရဟု ကုလသမဂ္ဂ ပြော
ဖေဖော်ဝါရီ ၁၄
၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ကလေးငယ် ၇၅၀ ဦး သေဆုံး (သို့မဟုတ်) ထိခိုက်ဒဏ်ရာရခဲ့ပြီး ကလေးငယ်များ ထိခိုက်သေဆုံးမှုအရေအတွက်က ဆက်လက်မြင့်တက်လျက်ရှိနေကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းဖြစ်သော UNICEF က ဖော်ပြလိုက်သည်။
မြန်မာနိုင်ငံ၏ အခြေခံဝန်ဆောင်မှုများ ပြိုလဲလုနီးပါးအခြေအနေသည် ကလေးငယ်များနှင့် မိသားစုများအား အန္တရာယ်တွင်းထဲသို့ တွန်းပို့လျက်ရှိနေကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ယိုယွင်းနေပြီးဖြစ်သော ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် ယခုအခါ ပဋိပက္ခများ၊ မလုံခြုံမှုနှင့်
ကျန်းမာရေးလုပ်သားများ အစုလိုက်ထွက်ခွာမှုများကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးကာ ကလေးငယ်များစွာမှာ အရေးကြီးသောကျန်းမာရေးစောင့်ရှောက်မှုများ မရရှိကြောင်း UNICEF က သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရှိ ကလေးငယ်ဦးရေ ၁ သန်းကျော်သည် အရေးကြီးသော ကာကွယ်ဆေးထိုးနှံမှုများ လက်လှမ်းမမှီဖြစ်နေပြီး တစ်ကမ္ဘာလုံး၌ မြန်မာနိုင်ငံသည် ကာကွယ်ဆေး လုံးဝမထိုးရသေးသည့် ကလေးအများအပြားရှိသော နိုင်ငံတစ်ခုဖြစ်လာနေကာ အသက်အန္တရာယ်ဖြစ်စေနိုင်သော ရောဂါများ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာဖွယ်ရှိနေကြောင်း သိရသည်။
ကလေးငယ် ၅ သန်းနီးပါးသည် ပညာသင်ကြားခွင့်မရဘဲ ၎င်းတို့၏ သင်ယူလေ့လာနိုင်မည့် အခွင့်အလမ်းများကို လက်လွတ်ဆုံးရှုံးထားရသကဲ့သို့ ပဋိပက္ခတွင် ပါဝင်သူများ၏ အတင်းအဓမ္မ လူသစ်စုဆောင်းခံရခြင်း၊ ကလေးလုပ်သားအဖြစ်အသုံးပြုခံရခြင်း၊ အသက်မပြည့်မီ/အတင်းအကြပ် လက်ထပ်ထိမ်းမြားခံရခြင်းနှင့် ခေါင်းပုံဖြတ်ခံရခြင်းတို့အပါအဝင် ဆိုးရွားပြင်းထန်သော အန္တရာယ်များနှင့် ကြုံတွေ့နေကြရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
#သတင်းဟင်းလေးအိုးကြီး
ဘက်တစ်အတွက် ဥရောပပွဲဦးထွက်မှာ အန်တိုနီဂိုးသွင်း
ဖေဖော်ဝါရီ ၁၄
ယူနိုက်တက်အသင်းကနေ အငှားနဲ့လာရောက်ကစားနေတဲ့ တောင်ပံကစားသမား အန်တိုနီဟာ ဘက်တစ်အသင်း အတွက် ဥရောပပွဲဦးထွက်ခဲ့တဲ့ ဂျန့်အသင်းနဲ့ ကွန်းဖရန့်လိဂ်ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဘက်တစ်အသင်းက ဂျန့်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကွန်းဖရန့်လိဂ်ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်မှာ အန်တိုနီဟာ အသင်းအတွက် ပွဲချိန် ၄၇ မိနစ်မှာ လှပတဲ့သွင်းဂိုး သွင်းယူနိုင်ခဲ့တာပါ။
ဘက်တစ်အသင်းအတွက် နောက်ထပ် သွင်းဂိုးတွေကို ဘာကမ်ဘူနဲ့ အယ်လ်တီမီရာတို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အန်တိုနီဟာ ပြီးခဲ့တဲ့ ဆယ်လ်တာဗီဂိုအသင်းနဲ့ လာလီဂါ ပွဲစဉ်မှာလည်း ဂိုးသွင်းနိုင်ခဲ့တာကြောင့် ဘက်တစ် အသင်းအတွက် ၂ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာပါ။
အန်တိုနီဟာ ယူနိုက်တက်အသင်းကနေ ရောက်ရှိလာပြီးကတည်းက ဘက်တစ်အသင်းအတွက် ၃ ပွဲ ကစားထား ပြီး ၂ ဂိုးသွင်းယူကာ ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
ဘက်တစ်အသင်းဟာ အန်တိုနီကို အငှားစာချုပ် ကုန်ဆုံးမယ့် ရာသီအကုန်မှာ အပြီးသတ် ဝယ်ယူနိုင်ဖို့ မျှော်လင့်နေတာပါ။
ဒါပေမယ့် အန်တိုနီရဲ့ အငှားစာချုပ်ထဲမှာ အပြီးသတ် ဝယ်ယူခွင့် မပါဝင်တာကြောင့် ကစားသမားဟာ ရာသီကုန်ချိန်မှာ ယူနိုက်တက်အသင်းထံ ပြန်သွားရမှာဖြစ်ပါတယ်။
အန်တိုနီကတော့ သူဟာ ဘက်တစ်အသင်းမှာ အလွန်ပျော်ရွှင်နေပြီး ဂျန့်အသင်းနဲ့နိုင်ပွဲက သူတို့ကို ဘယ်တော့မှ မရပ်တန့်ဘဲ အားပေးနေတဲ့ ပရိသတ်တွေအတွက်လို့ ပြောခဲ့တာပါ။
ဘက်တစ်အသင်းဟာ ဂျန့်အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပြီဖြစ်ပါတယ်။
ဘက်တစ်အသင်းဟာ လာမယ့် လာလီဂါပွဲစဉ်အဖြစ် ဆိုစီဒက်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာဖြစ်ပြီး လိဂ်မှာ ၂ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ဆုံးတာကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
Source: BBC
ပုံ - အန်တိုနီကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ
ချစ်သူများနေ့မှာ မင်္ဂလာနှစ်ပတ်လည် ၁ နှစ်ပြည့်ခဲ့ပြီဆိုတဲ့ နေရဲ 🥰
သူ့ရဲ့ ဇနီးဖြစ်သူနဲ့အတူ လွန်ခဲ့တဲ့ နှစ် ဒီနေ့လေးမှာပဲ မင်္ဂလာပွဲကျင်းပခဲ့ကြတာပါ။ ဖေဖော်ဝါရီ ၁၄ ဒီနေ့ ချစ်သူများနေ့လေးကတော့ သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည် ၁ နှစ်ပြည့်လေးပါ။ သူတို့နှစ်ဦးစိတ်ကူးယဉ်ထားတဲ့ မိသားစုဘဝလေးကို အမြန်ဆုံးပိုင်ဆိုင်ရရှိနိုင်အောင် အကောင်အထည်ဖော်ကြမယ်လို့လည်း ကတိပေးလိုက်ပါသေးတယ်။
#celenews