Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အစပိုင်းတော့ ဒီလိုပါပဲ ။
အရင်ဆုံး ကောင်းပြကြမယ် ။
အဲ့ဒီ့သူ ယုံ ကြည်လာအောင်လုပ်ပြမယ်။
ဘဝထဲကို ရောက်နိုင်ဖို့အတွက်
ဘယ်လို အားနည်းချက်တွေပဲရှိရှိ ၊ da,rk side တွေပဲ
ရှိရှိ ချစ်ပေးနိုင်တဲ့အကြောင်း အာမခံချက်တွေနဲ့
ချစ်ပြတယ် ။
တစ်ကယ်တမ်း ကိုယ့်ဘက်ကလည်း ချစ်သွားရော
ကိုယ့်ဘက်က ဘာအမှားမှလည်း မလုပ်ပဲ
အကြောင်းပြချက်မရှိ ဘဝထဲက ထွက်သွားတယ် ။
ဖုန်းတွေလည်းမဆက်တော့ဘူး။
စာတွေလည်း မပို့တော့ဘူး။
တစ်ချိန်က သူ နားလည်ပေးပါ့မယ် လို့
ပြောခဲ့တဲ့ ကိုယ့်အားနည်းချက်တွေကလည်း
နိုင်ကွက်တွေဖြစ်ပြီး ချနင်းစရာတွေ ဖြစ်လာခဲ့တယ် ။
💌🌻
#ခဲတံ
-စိတ်ကူးပေါက်မှ ပြန်လှည့်ကြည့်တက်တဲ့ လူမျိုးဆို
ဝေးဝေးမှာပဲ နေပါ့မယ် ။
-တိမ်တွေလို ပင်လယ်လို
လေနှင်ရာ မျှောလွင့်မဲ့ လူမျိုးကိုမှ
ကျုပ်တို့က ရွှေးချယ်နေမိတာမျိုး ။
-ပန်းလေးဆိုရင်လည်း မုန်တိုင်းနဲ့ ဝေးရာမှာ ပွင့်ပါ
လမ်းလေးဆိုရင်လည်း ဖြောင့်တန်းနိုင်ပါစေ ။
#နေညိုရောင်ခြည်
20.11.2024
❝ တချို့သော ပျော်ရွှင်မှုတွေဟာ
ပိုင်ဆိုင်ချိန် သိပ်တိုတောင်းတယ်။
ဒါပေမယ့် တစ်သက်လုံး
သိမ်းထားဖို့ရာတော့
လုံလောက်ခဲ့ပါတယ်။ ❞
▪️အလွမ်းဆိုင်
#crd
ခွင့်မလွှတ်နိုင်တဲ့လူဆိုတာ ကျနော့်ဆီမှာမရှိဘူး
အပြုအမူလုပ်ရပ်တွေကြောင့် စိတ်နာတာ
စိတ်ပျက်တာမျိုးရှိခဲ့ရင်တောင်
ကျနော်ကခွင့်လွှတ်ပေးနိုင်တယ်
ဒါပေမယ့် ဆက်ဆံရေးတွေက
အရင်လိုမျိုးပြန်ဖြစ်လာမှာတော့မှာမဟုတ်တော့ဘူး
ထပ်မပတ်သက်ချင်တော့တာကလွဲရင်
ကျနော့်ဆီမှာ အဲ့လူနဲ့ပတ်သက်ပြီး
ဘာစိတ်ခံစားချက် အမှုန်အမွှားမှရှိတော့မှာ
မဟုတ်ဘူး
စိတ်ပျက်လွန်းလို့ မပတ်သက်ချင်တော့တာထက်
ကျနော့်အပေါ် ဒီလိုထပ်လုပ်ဦးမှာပဲဆိုတဲ့စိတ်နဲ့ကြောက်သွားလို့
ကိုယ့်ကိုယ်ကို အထိခိုက်နည်းအောင်
အဝေးကရှောင်ချင်ရုံပါပဲ ၊ တကယ်ကို
ဒီလောက်ပါပဲ ။
ထပ်လည်းမပတ်သက်ချင်တော့သလို
ကိုယ့်ကိုလည်းလာမပတ်သက်စေချင်ဘူး
💛🌼
#crd
'အရာအားလုံးနဲ့ လဲပြီးရွေးခဲ့တာမလား'
ဒီစာသားလေးကလေ ကြည်နူးစရာသိပ်ကိုကောင်းသလို
တစ်ဖက်ကလည်း သိပ်ကိုကြေကွဲစရာကောင်းပြန်တယ်
အရာအားလုံးနဲ့လဲပြီးမှ ခွဲခွာရတာမျိုး
အရာအားလုံးနဲ့လဲပြီးမှ ဆက်ပြီးသတ္တိမရှိတော့တာမျိုး
အရာအားလုံးနဲ့လဲပြီးမှ ပြောင်းလဲသွားတာမျိုးဆိုရင်
ဒီသံယောဇဉ်တွေအပေါ် အမြစ်တွယ်မိတဲ့သူဟာ
သိပ်ကို နာကျင်ရတယ်
ထပ်ပြီး ပြောရရင် အရာအားလုံးနဲ့ ကိုယ့်ကို
ပြန်လဲသွားတဲ့အခါမျိုးပေါ့။
မလိုချင်ဘူးဆိုတော့လည်း
စိတ်မကောင်းဖြစ်ရုံကလွဲပြီး
ဘယ်တတ်နိုင်ပါ့မလဲကွယ်
ပိုလျှံလို့ ပေးနေတဲ့
မေတ္တာတွေမှ မဟုတ်ခဲ့တာ…
မင်း မို့လို့ စိတ်လိုလက်ရပေးနေမိတဲ့
မေတ္တာတွေပါပဲဲ မင်း ဖြစ်နေလို့ပါ
🍀🤍
#ᗩᒪoᑎᗴ