2022 Mazda 3
Iconic Japanese Brand တစ်ခုဖြစ်တဲ့ Mazda ဟာ 2004 ခုနှစ်ကတည်းက Mazda 3 ကိုစတင်ထုတ်လုပ်ခဲ့ပြီးတော့ ယခုဆိုရင် fourth generation ကိုရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ Sedan နဲ့ Hatchback နှစ်မျိုးလုံးကိုဝယ်ယူရရှိနိုင်မယ့်အပြင် Durable နဲ့ Reliable ပိုင်းမှာလည်း လုံးဝစိတ်ပူစရာလိုမှာမဟုတ်ပါဘူး။
Trims အနေနဲ့ 2.0 Sedan, 2.5 S Sedan, Select, Preferred, Carbon Edition, Premium, 2.5 Turbo and 2.5 Turbo Premium Plus ဆိုပြီး ရှစ်ခုရရှိမှာဖြစ်ပြီး trims ပေါ်မူတည်ကာ engine သုံးမျိုးဖြင့်တပ်ဆင်ပေးထားမှာပဲ ဖြစ်ပါတယ်။ 2.0 L Skyactiv-G PE-VPS i4, 2.5L Skyactiv-G PY-VPS i4 and 2.5L Skyactiv-G PY-VPTS Turbo ဆိုပြီး engine အမျိုးအစားသုံးမျိုးရှိကာ power အနေနဲ့လည်း 155 Hp, 186 Hp, 250 Hp ဆိုပြီး အသီးသီးထွက်ရှိမှာပဲ ဖြစ်ပါတယ်။
2.0 Sedan နဲ့ 2.5 S Sedan ကတော့ FWD system သာဖြစ်ပြီး Paddle shifts တွေလည်းပါဝင်မှာမဟုတ်ပါဘူး။ ထို trims နှစ်ခုကလွဲ၍ အခြား trims တွေအားလုံး Paddle shifts ပါဝင်မှာပဲ ဖြစ်ပါတယ်။ Preferred, Carbon Edition နဲ့ Premium trims တွေမှာတော့ FWD or i-ACTIV AWD system ပါဝင်လာမှာပါ။ 2.5 Turbo နဲ့ 2.5 Turbo Premium Plus နှစ်ခုမှာတော့ FWD မဟုတ်တော့ဘဲ i-ACTIV AWD နဲ့ turbocharged engines တွေကိုသုံးပေးလာမှာဖြစ်ပြီး power အနေနဲ့လည်း 250 Hp / 320 lb-ft of torque အထိ ထွက်ရှိမှာဖြစ်တဲ့အတွက် acceleration ကိုမြန်မြန်ရရှိစေမှာဖြစ်ပြီး 0-60 ကို 5.5 sec အတွင်းရောက်ရှိနိုင်မှာပဲ ဖြစ်ပါတယ်။
Premium, 2.5 Turbo နဲ့ 2.5 Turbo Premium Plus မှာတော့ Signature LED Headlights တွေကိုသုံးပေးထားမှာဖြစ်ပြီး Mazda 3 မှာတပ်ဆင်ပေးထားတဲ့ 18'' aluminum polished wheels တွေကလည်း Sleek and Sporty ဖြစ်တဲ့ vibe ကိုရရှိစေမှာအသေအချာပါပဲ။
Interior မှာဆိုရင်တော့ 8.8'' infotainment system တစ်ခုပါဝင်မှာဖြစ်ပြီး dead space နေရာများတဲ့အတွက် အရမ်းကြီးတော့အားရစရာမကောင်းပါဘူး။ Bose sound system ကိုသုံးပေးထားမှာဖြစ်ပြီး 2.0 Sedan, 2.5 S Sedan, Select and Preferred trims လေးခုမှာ 8 speakers နှင့် ကျန်တဲ့ trims လေးခုမှာတော့ 12 speakers ကိုတပ်ဆင်ပေးထားမှာပဲ ဖြစ်ပါတယ်။
Features ပိုင်းမှာဆိုရင်လည်း Blind Spot Monitoring, Headup Display, Rain Sensing Wipes, LED Taillights and Automatic Headlights နဲ့ Electronic Parking Brakes တွေပါဝင်လာမှာပါ။ Exterior colors (၆) မျိုးကတော့ Jet Black Mica, Soul Red Crystal Metallic, Polymetal Gray Metallic, Platinum Quartz Metallic, Machine Gray Metallic နဲ့ Snowflake White Pearl Mica တို့ပဲ ဖြစ်ပါတယ်။
Mazda 3 ရဲ့ competitors တွေကတော့ Toyota Corolla, Honda Civic SI, Hyundai Elantra, Kia Forte and Nissan Sentra တို့ပဲ ဖြစ်ပါတယ်။ အချုပ်အားဖြင့် Mazda 3 ဟာ rear seat area သေးတာကလွဲရင် strong ဖြစ်တဲ့ performance, premium feeling ကိုရစေမယ့် interior, sharp and sporty ဖြစ်တဲ့ body design ပိုင်း, AWD ကြိုက်တဲ့သူတွေအတွက်လည်း Mazda ရဲ့ i-ACTIV AWD System တွေကြောင့် ပေးရတဲ့စျေးနဲ့ သင့်ကိုစိတ်ကျေနပ်မှုရရှိစေမှာတော့အမှန်ပဲ ဖြစ်ပါတယ်။
2022 Mazda 3 ရဲ့ MSRP ကတော့ Trims ပေါ်မူတည်ပြီး $21,000 - $33,000 ကြားကျသင့်မှာပဲ ဖြစ်ပါတယ်။