8 w - Translate

31 ရက်နေ့ ထင်ပြီး ပိုက်ဆံကုန်အောင် သုံးလိုက်တာ
ဒီနေ့မှ 22 ရက်နေ့ပဲ ရှိမှန်းသိလိုက်သော အခါ🥹

image
8 w - Translate

သောက်စရာတွေက . "ငါလမ်းမှားသွားရင် . ငါ့ကိုစိတ်ပျက်သွားမလား" ဆိုတဲ့ အရသာတွေ စတွေ့သောအခါ

image

မြောက်ကိုရီးယားအတွက် ရေနံစည်ပေါင်း တသန်းကျော် ရုရှားထောက်ပံ့

နိုဝင်ဘာ ၂၂

ရုရှားဟာ ပြီးခဲ့တဲ့မတ်လကတည်းက မြောက်ကိုရီးယားအတွက် ရေနံစည်ပေါင်း တသန်းကျော် ထောက်ပံ့ပေးခဲ့ကြောင်း ဗြိတိန်အခြေစိုက် Open Source Centre ရဲ့ ဂြိုဟ်တုဓါတ်ပုံဆန်းစစ်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီနေရေနံတွေကို ရုရှားအတွက် လက်နက်တွေထောက်ပံ့တာနဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေ စေလွှတ်ပေးတာအတွက် အပြန်အလှန်အားဖြင့် ပေးအပ်ခဲ့တာလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီကလည်း ပြောပါတယ်။

မြောက်ကိုရီးယား ရေနံတင်သင်္ဘော တဒါဇင်ကျော်ဟာ ရုရှားနိုင်ငံအရှေ့ဖျားပိုင်းရှိ ရေနံဆိပ်ကမ်းတခုကို လွန်ခဲ့တဲ့ရှစ်လအတွင်း ၄၃ ကြိမ်ထိ ဆိုက်ကပ်ခဲ့ပြီး သင်္ဘောတွေဟာ အပြန်မှာတော့ ဆီအပြည့်တင်ဆောင်ပြီး ထွက်ခွာသွားကြတယ်လို့ ဂြိုဟ်တုဓါတ်ပုံမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ပထမဆုံး ရေနံလွှဲပြောင်းမှုကိုတော့ မြောက်ကိုရီးယားက ရုရှားအတွက် လက်နက်ခဲယမ်းမီးကျောက်တွေ ပထမဆုံးအကြိမ် ပေးပို့မှုကို ဒီနှစ်မတ်လ ၇ ရက်မှာ စတင်ခဲ့တယ်လို့ အစီရင်ခံစာကဆိုပါတယ်။ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ယူကရိန်းစစ်ပွဲအတွက် စေလွှတ်မှုတွေရှိကြောင်း သတင်းတွေထွက်နေချိန်မှာ ရေနံလွှဲပြောင်းမှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးအကြိမ်ကတော့ နိုဝင်ဘာ ၅ ရက်နေ့ဖြစ်တယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားဟာ ကမ္ဘာ့ရေနံစျေးကွက်မှာ ရေနံဝယ်ယူခွင့်မရှိတဲ့ တခုတည်းသောနိုင်ငံဖြစ်ပါတယ်။ သူ့ရဲ့ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ဖို့အတွက် နှစ်စဉ်ရေနံစည် ငါးသိန်းသာ ကုလသမဂ္ဂက ကန့်သတ်ထားပါတယ်။ ရုရှားရဲ့ ရေနံလွှဲပြောင်းမှုတွေဟာ ကုလသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်တာလို့ အမေရိကန်က ဝေဖန်ပါတယ်။

Ref:BBC
Photo:Planet Labs

#centralnewsnaypyitaw

image
8 w - Translate

; နားလည်လားတော့ မသိဘူး ☺️

https://t.me/+mwbJu5vRbiM3MGM9

image
8 w - Translate

ကြီ၊းပြီးရှည်တဲ့ လူကိုမှကြိုက်တာ မဆန်၊းပါဘူး
ဓာ၊းpyawပါတယ်

#အကိုမေ

image
Apu Lay shared a post  
8 w

8 w

မင်းပြားမှာ လူ၂၀၀ ကျော် ငှက်ဖျားရောဂါ ဖြစ်ပွားနေပြီး သေဆုံးသူ ငါးယောက်အထိ ရှိလာ

နိုဝင်ဘာ ၂၂

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ကျေးရွာပေါင်း ၂၀ ကျော်က လူပေါင်း ရာနဲ့ချီ ငှက်ဖျားရောဂါ ဖြစ်ပွားနေပြီး သေဆုံးသူ ငါးယောက်အထိ ရှိလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မင်းပြားမြို့နယ်က ကျီးမချေ၊ ကျီးမကြီး၊ င/လင်ကြီး၊ နတ်ထောက်၊ ခွီးချီးမြောင်၊ ဇိုင်ချောင်း၊ ပန်းမြောင်း၊ ထိန်ပင်၊ ရွှီတောင်၊ အညှင်းတောင်၊ ပုလဲတောင်၊ မင်းဖူး၊ ဒိုင်းသား၊ ဝါးတောင်၊ မြင်းကဆိပ်၊ ခွဆုံ စတဲ့ ကျေးရွာတွေအပြင် တခြားသော ကျေးရွာမှာ ငှက်ဖျားရောဂါ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတာဖြစ်ပြီး ဆေးခန်းရှိပေမယ့် ကျန်းမာရေးဝန်ထမ်းနဲ့ ဆေးဝါး အလုံအလောက် မရှိတဲ့အတွက် ဆေးကုသဖို့ အခက်တွေ့‌တယ်လို့ သိရပါတယ်။

“ငှက်ဖျားဆေးကလည်း ပြတ်သလောက် ဖြစ်နေတာ။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်ရော၊ ဆေးဝါးသယ်ယူခွင့် ပိတ်ထားတာကြောင့်ရော ဆေးတွေလည်း ရှားပါးနေပြီ။ ဘာရောဂါပဲဖြစ်ဖြစ် မရှိတဲ့ဆေးက များနေတယ်။ အဲဒီတော့ ရောဂါတခုဖြစ်ရင် သေဖို့ကများတယ်။ ဒီ နိုဝင်ဘာလထဲမှာပဲ ငှက်ဖျားကြောင့် သေတဲ့သူ ငါးယောက်လောက် ရှိနေပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။

မင်းပြားက ဒေသခံအများစုဟာ တော၊ တောင်တွေကို အဓိကထား မှီခိုပြီး လုပ်ကိုင်စားသောက်နေရတာဖြစ်ကာ ခြင်ကိုက်ခံရတာကတဆင့် ငှက်ဖျားပိုး ကူးစက်ခံရတာဖြစ်သလို လူနေထူထပ်တာ၊ တနေရာနဲ့ တနေရာ စစ်ရှောင်ရင်း ရွှေ့ပြောင်းသွားလာရတဲ့သူ များတာတွေကြောင့် ရောဂါပိုမို အဖြစ်များလာတယ်လို့ ကျန်းမာရေးဝန်ထမ်းတယောက်က ပြောပါတယ်။

“ဒီဒေသက အရင်ကတည်းက ငှက်ဖျားထူတဲ့ ဒေသလည်းဖြစ်တယ်။ အခုပိုဆိုးတာက တောတောင်တွေထဲကို ဖြတ်ရင်း စစ်ရှောင်လာရတဲ့သူတွေလည်း ရှိနေတယ် ဆိုတော့ ရောဂါဖြစ်တဲ့သူ ပိုများလာတယ်။ အရင် ဆေးရှိနေတုန်းကတော့ အဆင်ပြေတာပေါ့။ အခု ဆေးမရှိတော့ အခြေအနေတွေ ပိုဆိုးလာတယ်။ ပြီးတော့ ဒီအချိန်က ဆောင်းရာသီကာလလည်း ရောက်လာပြီဆိုတော့ ငှက်ဖျားက ပိုပြီးစိုးရိမ်ရတဲ့ အနေအထားရှိတယ်။ ဆေးဝါးအဝင် ဖြတ်တောက်ခံထားရတော့ ကုသမှုအပိုင်းမှာ အခက်အခဲတွေကတော့ အများကြီးပါပဲ။ ငှက်ဖျားက ရိုးရိုး ဆေးတလုံးသောက်ရုံနဲ့ ပျောက်တဲ့ရောဂါလည်း မဟုတ်ဘူးလေ။ ပြီးတော့ ဒီမှာက ခြင်ထောင် လုံလုံလောက်လောက်လည်း မရှိကြဘူး။ AA နဲ့ အရပ်ဖက် အဖွဲ့အစည်းတချို့က ထောက်ပံ့တာတွေ ရှိပေမယ့်လည်း လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်” လို့ သူက ပြောပါတယ်။

ဒေသခံတွေဟာ ခြင်ထောင်မလုံလောက်ခြင်း၊ ဆေးဝါးရှာမရခြင်း၊ ငွေကြေးအဆင်မပြေခြင်းတို့ကြောင့် ပိုမို ဒုက္ခရောက်နေကြရပြီး ငှက်ဖျားရောဂါနဲ့ ပတ်သက်လို့ ကျန်းမာရေးအသိ အားနည်းချက်ကြောင့် ရောဂါကူးစက်မှုနှုန်း မြန်ဆန်နေတယ်လို့ သူက ပြောပါတယ်။

“တောတောင်တွေထဲ အလုပ် လုပ်ပြီးပြန်လာပြီးတာနဲ့ အိမ်ရောက်ရင် ဖျားကြပြီ။ ဒီရောဂါကလည်း တအိမ်မှာ တယောက်ဖြစ်ရင် တအိမ်လုံး ကူးတာလေ။ ပြီးတော့ ဒီအရပ်ဒေသက ခြင်လည်းတအားပေါတယ်။ ရေဘေးဖြစ်ထားတော့ ပိုဆိုးတယ်။ ခြင်ဆေးဖျန်းနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ခက်တာက ကုန်လမ်း‌၊ ရေလမ်း၊ ဆေးဝါး အကုန်ပိတ်ထားတော့ အလွယ်တကူ ဘာမှမရတာခက်တယ်။ ဈေးတွေကလည်း အစစအရာရာ ဈေးတက်နေတော့ တချို့ဆိုရင် ပိုက်ဆံမရှိလို့ ဆေးမသောက်နိုင်ကြဘူး” လို့ သူက ပြောပါတယ်။

ငှက်ဖျားရောဂါဟာ ခြင်ကိုက်ခံရခြင်းမှ ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီး ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးထွက်များခြင်း၊ အော့အန်ခြင်း စတဲ့ လက္ခဏာတွေ ပြတတ်ကာ အချိန်မီ ဆေးကုသမှုမခံယူပါက အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မင်းပြားမြို့နယ်ကို အာရက္ခတပ်တော် (AA) က အခု ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိ AA ထိန်းချုပ်ထားတဲ့ မြို့ရွာတွေမှာ ဆေးဝါးပြတ်လပ်မှုတွေ ရှိနေတဲ့အပြင် ဆေးရုံ၊ ဆေးခန်းတွေလည်း ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းမရှိသလို အရည်အသွေးပြည့်ဝတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေလည်း နည်းပါးနေတယ်လို့ သိရပါတယ်။

Photo:CJ

#centralnewsnaypyitaw

image
image
image
Khine Su Zin shared a post  
8 w

8 w

တော်ရုံနဲ့ သင့်ကိုပြောပြမှာ မဟုတ်တဲ့
ဘော်ဒီပြောင်းလဲခြင်း နည်းလမ်းများ ..

#ironvibes

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

နိုဝင်ဘာ ၂၂၂

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၈၅ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၁၂၀၈၁ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၂၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၀၀၀၀၀၀ ကျပ်
ဝယ်ဈေး ၅၉၆၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၈၀ ကျပ်
ဝယ်ဈေး - ၄၃၉၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၇၀ ကျပ်
ဝယ်ဈေး - ၃၃၀၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၂၅ ကျပ်
ဝယ်ဈေး - ၄၆၀၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၉.၈၇ ကျပ်
ဝယ်ဈေး - ၁၂၆.၅၈ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၀ ကျပ်
ဝယ်ဈေး - ၉၈၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၂၂ ကျပ်
ဝယ်ဈေး - ၆၀၆ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၂၂ ကျပ်
ဝယ်ဈေး - ၂၈.၄၈ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၂၅ ကျပ်
ဝယ်ဈေး - ၅၁.၉၀ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၂ ကျပ်
ဝယ်ဈေး - ၃.၁၄ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၈၀ ကျပ်
ဝယ်ဈေး - ၅၅၃၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၄၀ ကျပ်
ဝယ်ဈေး - ၂၈၆၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၃၀ ကျပ်
ဝယ်ဈေး - ၃၁၄၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၀ ကျပ်
ဝယ်ဈေး - ၅၆၆ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၃၀ ကျပ်
ဝယ်ဈေး - ၁၁၉၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

မကွေးမြို့တွင် အမျိုးသားတစ်ဦးက ဆေးခန်းထဲဝင်ရောက်ကာ ဓားဖြင့်တိုက်ခိုက်မှုကြောင့် ဆရာဝန်ကြီးတစ်ဦး သေဆုံး

နိုဝင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ဆေးရုံကြီးရှေ့ရှိ စိမ်းဆေးခန်းတွင် နိုဝင်ဘာလ ၂၁ ရက် ညနေပိုင်းက အမျိုးသားတစ်ဦး ဝင်ရောက်ကာ ဓားဖြင့် တိုက်ခိုက်မှုကြောင့် ကာလသားရောဂါတိုက်ဖျက်ရေး ဆရာဝန်ကြီး ဒေါက်တာ မို့မို့စိမ်း သေဆုံးပြီး အကူအမျိုးသမီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

“ဘာကြောင့် လုပ်တယ်ဆိုတာတော့ မသိဘူး။ ကျူးလွန်တဲ့ အမျိုးသားကိုတော့ ဝိုင်းဖမ်းလို့မိတယ်” ဟု လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူ ပြောဆိုသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီကျော် အချိန်တွင် မကွေးတိုင်းဆေးရုံကြီးနှင့် မျက်နှာခြင်းဆိုင် ဖွင့်လှစ်ထားသည့် စိမ်းဆေးခန်းထဲတွင် ဆရာဝန်ကြီး ဒေါက်တာ မို့မို့စိမ်းရှိနေစဉ် အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦး ဝင်ရောက်လာပြီး ဓားဖြင့် တိုက်ခိုက်မှုကြောင့် ဆရာဝန်ကြီးမှာ ဆေးခန်းအပြင်သို့ ထွက်ပြေး ကာ ပတ်ဝန်းကျင်အား အကူအညီခံခဲ့ကြောင်း၊ ထိုသို့ တောင်းခံမှုကြောင့် ကျုးလွန်သူမှာ ထွက်ပြေးခဲ့သော် လည်း ဒေသခံများ ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် ဖမ်းမိခဲ့ပြီး မကွေးမြို့မရဲစခန်းသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓားဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဆရာဝန်ကြီး ဒေါက်တာ မို့မို့စိမ်းသည် လည်ပင်းပြတ်ရှဒဏ်ရာအပါအဝင် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံးသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့ပြီး၊ ဆရာဝန်ကြီး၏ အကူအမျိုးသမီး တစ်ဦးလည်း လက်ကိုပြတ်ရှဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ဆရာဝန်ကြီးဒေါက်တာ မို့မို့စိမ်း၏ ရုပ်အလောင်းအား မကွေးတိုင်းပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနမှတစ်ဆင့် ရင်ခွဲရုံကို ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းကားဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

image
8 w - Translate

Review လေးနဲ့ အတူ မင်မင် ပြန်လာပါပီ 🤍
အရမ်းအရမ်း ကို ကောင်းသော 𝗕𝗼𝗼𝘁𝗰𝗵𝘆 𝗪𝗵𝗶𝘁𝗲 𝗖𝗿𝗲𝗮𝗺 လေး 🤍
ဂျိုင်းကြားမဲလို့ လက်ပြတ်မဝတ်ရဲဖူး ဆိုသူလေးတွေ ဒါလေး try ကြည့်ပါ
မင်ကတော့ ဘူး တဝက်နဲ့တင် မဲတာ တော်တော် သက်သာလို့ Confident အရမ်းရှိသောပဲ
သူ့အနံ့က မမွှေးပါဖူး ဆန်အနံ့လိုလို ဘာလိုလိုလေးပါ ဂျိုင်းအနံ့အသက် အနံ့ဆိုးတွေလဲ မထွက်စေပါဖူး
သူ က ဂျိုင်းတင်သုံးလိူ့ရတာလားဆိုတော့ no……
ဒူးမဲ တံတောင်မဲ တာတွေ ခြေမျက်စိမဲတာတွေ
တင်နဲ့ပေါင်ကြားမဲတာ အတွက်ပါ သုံးလို့ရတယ်ရှင် 🤍
မသုံးပဲရပ်ထားရင် ရော ပြန်မဲလားဆိုတော့ မမဲပါဖူးရှင်
အဆင်ပြေတာလေးမို့ sharing လုပ်ပေးလိုက်ပါတယ်ရှင်
အားလုံးပဲ ပိုလှကြပါစေနော် 🤍
With love
#beautybythetmon
#bootchywhitecream
#ဒူးမဲတံတောင်မဲဂျိုင်းမဲ
#crd

image