Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လာအို-မြန်မာ မဲခေါင်မြစ်ကြောင်းတစ်လျှောက် ကုန်စည်ကူးသန်းသွားလာမှု ဘေးကင်းလုံခြုံမှုရရှိစေရေးအပါအဝင် အခြားပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်ဆွေးနွေး
မြန်မာ-လာအိုနှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ မဲခေါင်မြစ်ကြောင်းတစ်လျှောက် အေးချမ်းတည်ငြိမ်မှု ရရှိစေပြီး ပြည်သူများ လှေ/ သင်္ဘောအသုံးပြု၍ ကုန်စည်ကူးသန်းသွားလာမှုတွင် ဘေးကင်းလုံးခြုံမှုနှင့် အဆင်ပြေချောမွေ့မှုရရှိစေရေးတို့အတွက် တာဝန်ရှိသူများတွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာ ၂၂ ရက်နံနက်ပိုင်းက တာချီလိတ်မြို့တွင် (၁၂)ကြိမ်မြောက်အဖြစ် မြန်မာ-လာအို ဒေသဆိုင်ရာ နယ်ခြားကော်မတီနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့အတွက် မြန်မာနိုင်ငံဘက်မှ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်၏ ခေတ္တစစ်ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး သန့်လှိုင်ဝင်းနှင့် လာအိုနိုင်ငံမှ ဘော်ကဲအိုခရိုင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထောင်းခိုင်း ဆီယာလာတ်တို့တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ထို့ပြင် ဆွေးနွေးမှုတွင် နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ တရားမဝင်မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့တို့အား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့လည်း ပါဝင်သည်။
ဆွေးနွေးမှုအပြီးတွင် (၁၂)ကြိမ်မြောက် မြန်မာ-လာအို ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေးသ ဘောတူညီချက်မှတ်တမ်းအား နှစ်နိုင်ငံကိုယ်စားလှယ်ခေါင်းဆောင်များက လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
ကမာရွတ် (၁)ရပ်ကွက်ရှိ တရားမဝင် ဝိုင်ဖိုင်ကြိုးများနှင့်ဆက်သွယ်ရေးကြိုးများကိုရှင်းလင်း
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်၊ ဇေယျာသီရိလမ်းတစ်လျှောက်၌ တရားမဝင်သွယ်တန်းထားသည့် ဝိုင်ဖိုင်ကြိုးများနှင့်ဆက်သွယ်ရေးကြိုးများကို ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်ကဖယ်ရှားရှင်းလင်းခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ထံ မှ သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ YESC ပိုင်ဓာတ် အားလိုင်းတိုင်များပေါ်တွင် တရားမဝင်သွယ် တန်းထားသော ဖိုင်ဘာကေဘယ်ကြိုးများ၊ ဝိုင်ဖိုင်ကြိုးများနှင့်လျှပ်စစ်အန္တရာယ်ဖြစ်စေနိုင်သည့်ဆက်သွယ်ရေးကြိုးများအားဖယ်ရှားရှင်း လင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် တရားဝင်ခွင့်ပြုထားသည့် ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် မြို့တော်အင်္ဂါရပ်များနှင့် အညီစနစ်တကျသွယ်တန်းထားခြင်း ရှိ/မရှိ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းမှုရှိ/မရှိတို့ကိုလည်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
YESC ၏ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်လျှပ်စစ်မန်နေ ဂျာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့်ဝန်ထမ်းများ၊ တရားဝင်ခွင့်ပြုထားသောဆက်သွယ်ရေးကုမ္ပဏီများမှဝန်ထမ်းများက ပူးပေါင်း၍ဖယ်ရှားရှင်းလင်းခဲ့ကြကြောင်း သိရသည်။