ရွှေဘိုမှာ သင်းအုပ်ဆရာတော်တပါး အသတ်ခံရ

ဖေဖော်ဝါရီ ၁၅ - ၂၀၂၅
SN (VOM)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ မနေ့ ဖေဖော်ဝါရီ ၁၄ ရက်၊ ညနေပိုင်းက သင်းအုပ်ဆရာတော်တပါး အသတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဘာသာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အသတ်ခံရတဲ့ သင်းအုပ်ဆရာတော်ဟာ မန္တလေးဂိုဏ်းချုပ်သာသနာမှ ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် (Fr. Donald Martin) သက်တော် ( ၄၄ နှစ်)၊ ၀ါတော် (၇ နှစ်) ရှိပြီဖြစ်တယ်လို့ သိရပြီး ရွှေဘိုခရိုင်၊ ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းမှာ မနေ့ညနေ ၆ နာရီဝန်းကျင်က အသတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

“ဘယ်သူတွေသတ်တာလဲ၊ ဘယ်အဖွဲ့အစည်းက သတ်တာလဲ၊ ဘာ့ကြောင့် ဆိုတာလဲတော့ မသိသေးဘူး။ ဒီအချိန်မှာကတော့ အမျိုးမျိုး ပြောနေကြတာပါပဲ။ လက်ရှိကတော့ သက်ဆိုင်ရာက စုံစမ်းနေတုန်းပါပဲ။ အသုံးပြုတဲ့ လက်နက်ကတော့ ဓားလို့တော့ သိရတယ်။ လက်နက်ကိုင် အဖွဲ့တဖွဲ့က လုဒ်မယ်တော်သခင်မ ဘုရားကျောင်းဝန်းထဲ ရောက်လာပြီး ဘုန်းတော်ကြီးကို သတ်သွားတာ” လို့ နီးစပ်သူတယောက်က ပြောပါတယ်။

လက်ရှိမှာ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ်ရဲ့ ရုပ်ကလာပ်တော်ကို သိုးထိန်းတာဝန် ထမ်းဆောင် သီတင်းသုံးတဲ့ ကံကြီးတောကျေးရွာ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းဝန်းကနေ ရွှေဘိုမြို့ကို သယ်ယူ ပို့ဆောင်ထားပြီးဖြစ်တယ်လို့ သူက ပြောပါတယ်။

ဖာသာရ်မာတင်ဒေါနယ်ဟာ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က ပြင်ဦးလွင်မြို့၊ အပြစ်မဲ့သန္ဓေယူသော သခင်မဘုရားကျောင်းမှာ ထာဝရ ရဟန်းသိက္ခာကို ခံယူခဲ့တဲ့ ရဟန်းတော်တပါးဖြစ်တယ်လို့ ဆိုပါတယ်။

ကံကြီးတောရွာဟာ ရွှေဘိုမြို့ရဲ့ အရှေ့တောင်ဘက်ခြမ်း၊ ရွေဘိုနဲ့ ဝက်လက်နယ်အစပ်မှာ တည်ရှိတဲ့ ကျေးရွာဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁၆၀၀ ကျော် နေထိုင်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ကလည်း ပုသိမ်မြို့မှာ ပိုးကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာတော်တပါး နေအိမ်အတွင်း အသတ်ခံခဲ့ရပြီး လူသတ်တရားခံဟာ ဆိုင်ကယ်၊ ဖုန်းနဲ့ ငွေကြေးတွေ ယူဆောင်သွားမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Photo - OSC, Hakha Diocese

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

ဗီနီစီးယက်စ်ရဲ့အနာဂတ်ကိုဖြေရတာ ငြီးငွေ့နေပြီလို့ အန်ဆယ်လော့တီပြော

ဖေဖော်ဝါရီ ၁၅

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ဆော်ဒီပရိုလိဂ်ထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေခံနေရတဲ့ ဗီနီစီးယက်စ်ရဲ့ အနာဂတ်ထင်ကြေးတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေရတာ ငြီးငွေ့နေပြီလို့ ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီက “မေးခွန်းတွေက အများကြီးပါ၊ ဒီအကြောင်းအရာတွေအတွက် ငြီးငွေ့နေလားဆိုရင် ဟုတ်ပါ တယ်။ စိုးရိမ်မှုရှိလားဆိုရင် မရှိပါဘူး။ သူပျော်နေတာကို ကျနော်တို့ မြင်တွေ့ရပါတယ်။ ကျနော်တို့ဟာ ဒီအကြောင်းအရာကို ဒီနေရာမှာ မပြောချင်သလို သူကလည်း မပြောချင်ပါဘူး။ သူဟာ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အလွန်ကောင်းမွန်စွာ လုပ်နိုင်ခဲ့ပါတယ်”လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။

ဆော်ဒီပရိုလိဂ်ဟာ ဗီနီစီးယက်စ်ကို လာမယ့်နွေရာသီမှာ ခေါ်ယူနိုင်ဖို့ အပြင်းထန် ကြိုးစားနေပေမယ့် ကစားသမားဟာ ရီးရယ်လ်အသင်းနဲ့ စာချုပ်သစ်ထဲမှာ လက်မှတ်ရေးထိုးဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဗီနီစီးယက်စ်ဟာ ရီးရယ်လ်အသင်းက မန်စီးတီးအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်မှာ အကောင်းဆုံး ကစားသမားဆုရတဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့တာပါ။

ဗီနီစီးယက်စ်က သူဟာ ရီးရယ်လ်အသင်းမှာ ကာလရှည်ကြာ ဆက်ရှိချင်နေပြီး သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ တိကျတဲ့အဖြေကို သိရမယ်လို့ ပြောထားပါတယ်။

ဗီနီစီးယက်စ်နဲ့ ရီးရယ်လ်အသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိနေသေးတာပါ။

၂၀၁၈ ခုနှစ်က ဖလာမင်ဂိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဗီနီစီးယက်စ်ဟာ ရီးရယ်လ်အသင်းအတွက် ၂၉၅ ပွဲ ပါဝင်ကစားထားပြီး ၁၀၁ ဂိုး သွင်းယူထားပါတယ်။

ရီးရယ်လ်အသင်းဟာ ဖေဖော်ဝါရီ ၁၅ ရက်မှာ လာလီဂါပွဲစဉ်အဖြစ် အိုဆာဆူနာအသင်း အိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:CNA

ပုံ - ဗီနီစီးယက်စ်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

ထိုင်း၏ ဘဏ္ဍာရေးအန္တရာယ်ကို ကမ္ဘာ့ဘဏ်က သတိပေး

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၅

ထိုင်းနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် ဘဏ္ဍာရေးမူဝါဒ ချဲ့ထွင်သည့် မဟာဗျူဟာကို ကျင့်သုံးမှု သည် သက်ကြီးရွယ်အိုများကို စောင့်ရှောက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့အတွက် ကုန်ကျစရိတ်များ မြင့်တက်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

ထို့ကြောင့် ပြည်သူ့ကြွေးမြီအဆင့်ကို ထိန်းထားနိုင်သည့်အဆင့်တွင် ထားရှိရန်လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် စွမ်းအင်ထောက်ပံ့ကြေးများကို လျှော့ချခြင်း၊ အခွန်တိုးမြှင့်ခြင်း၊ အခြေခံ အဆောက်အအုံ ကဏ္ဍနှင့် နည်းပညာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုကို အရှိန်မြှင့်တင်ခြင်းတို့ ပြုလုပ်ခြင်းဖြင့် ဘဏ္ဍာရေးကဏ္ဍ၏ ခိုင်မာမှုကို မြှင့်တင်နိုင်ကြောင်း ကမ္ဘာ့ဘဏ်က ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်သည့် ထိုင်းစီးပွားရေး လေ့လာမှုစစ်တမ်း၌ ဖော်ပြခဲ့သည်။

“ဒစ်ဂျစ်တယ် ထောက်ပံ့ငွေပေးတဲ့ အစီအစဉ်တွေလိုမျိုး ဖွံ့ဖြိုးတိုးတက်မှုကို လိုလားတဲ့ စားသုံးသူကဏ္ဍ လှုံ့ဆော်ရေး အစီအစဉ်တွေဟာ ဘဏ္ဍာရေးကဏ္ဍအတွက် ဖိအားတွေကို သက်ရောက်စေပါတယ်”ဟု ထိုင်းဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) အစိုးရအဖွဲ့၏ ထိုင်းလူမျိုးများအား တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ စီ ထောက်ပံ့ပြီး စီးပွားရေးကို လှုံ့ဆော်မည့်အစီအစဉ်ကို ကမ္ဘာ့ဘဏ်က ရည်ရွယ်ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံ စီးပွားရေးသည် အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေး ကျယ်ပြန့်မှုနှုန်းထားနှင့် နှိုင်းယှဉ်ပါက နောက်ကျ ကျန်ခဲ့ပြီး ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၂ ရာခိုင်နှုန်းအောက်သာ ရှိခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံမှ ဈေးပေါသည့် သွင်းကုန်များ အများအပြား ဝင်ရောက်လာခြင်းသည် ထိုင်း၏ ကုန်ထုတ် လုပ်ငန်းကို ထိခိုက်စေခဲ့ပြီး အိမ်ထောင်စု ကြွေးမြီများလည်း မြင့်တက်ခဲ့သည်။

ပြည်ပသွင်းကုန်များကို အခွန်များ တိုးကောက်မည်ဆိုသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ကြေညာချက် ထွက်ပေါ်ခဲ့ပြီးနောက် ထိုင်းအစိုးရသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်းမှုအား မြှင့်တင်ရန်အတွက် များပြားသည့် ဘတ်ဂျက်သုံးစွဲမှု၊ ထောက်ပံ့ကြေးများနှင့် ကြွေးမြီသက်သာချောင်ချိရေး အစီအစဉ်များကို ကြေညာခဲ့သည်။

ထိုင်း၏ ပြည်တွင်း ဝယ်လိုအား၊ ဘဏ္ဍာရေး လှုံ့ဆော်မှု အခြေအနေများ ခိုင်မာလာသဖြင့် ယခုနှစ်အတွင်း ထိုင်း၏ စီးပွားရေး နာလန်ထူမှုသည် အရှိန်အဟုန် ရလာခဲ့ကာ ပြည်ပ၏ ဝယ်လိုအားများမှာမူ အနည်းငယ် နှေးကွေးနေဆဲ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းထားကို ၂ ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိလာလိမ့်မည်ဟု ခန့်မှန်း ထားပြီး ထိုနှုန်းထားသည် ပြီးခဲ့သည့်နှစ်က ၂ ဒသမ ၆ ရာခိုင်နှုန်းထက် ပိုမိုများပြားနေသည်။

၂၀၂၆ ခုနှစ်အတွက် ထိုင်းနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုမူ ၂ ဒသမ ၇ ရာခိုင်နှုန်းအထိ မျှော်မှန်းထားပြီး ၂၀၂၈ ခုနှစ်တွင်လည်း ထိုနှုန်းထားထက် ပိုမိုမြင့်တက်လိမ့်မည်ဟု ခန့်မှန်းထားသည်။

Source: ဘန်ကောက်ပို့စ်

ပုံ - ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်

#centralnewsnaypyitaw

imageimage

ရွှေကုက္ကိုလ်မှာ လူကုန်ကူးခံထားရသူ တရုတ်နိုင်ငံသား ၂၀၀ ဖမ်းမိ၊ တရုတ်နိုင်ငံလွှဲပြောင်းပေးရန် ဆောင်ရွက်နေ

ဖေဖော်ဝါရီ ၁၅

နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသားများအား ရှာဖွေဖော်ထုတ်ဖမ်းဆီးပြီး ပြန်လည်လွှဲပြောင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မြဝတီမြို့နယ် ရွှေကုက္ကိုလ်တွင် လူကုန်ကူးခံထားရတဲ့ တရုတ်နိုင်ငံသား ၂၀၀ ဖမ်းမိ၊ တရုတ်နိုင်ငံလွှဲပြောင်းပေးရန် ဆောင်ရွက်နေသည်ဟု သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် အခွင့်ကောင်းယူ၍ ပြည်ပနိုင်ငံသား အချို့အနေဖြင့် EAO လက်နက်ကိုင်အဖွဲ့များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများ၏ ပါဝင်ပတ်သက်မှုများဖြင့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတွင် ပါဝင်ဆောင်ရွက်နေသူများ၊ တရားမဝင် ဝင်ရောက်နေထိုင်သူများအား ရှာဖွေစိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်ကို အလေးထားဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်း လောင်းကစားမှုများ လုပ်ဆောင်ရန်နှင့် ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရရှိရေး ငွေကြေးမက်လုံးပေးစည်းရုံးမှုများဖြင့် အဓမ္မ လူကုန်ကူးခြင်းခံရသည့် တရုတ်နိုင်ငံသား အမျိုးသား ၁၉၄ ဦး၊ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၂၀၀ ဦး တို့အား ဖေဖော်ဝါရီ လ ၁၄ ရက် ညနေ ၇ နာရီချိန်ခန့်တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အနေဖြင့် မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်း လိမ်လည်မှုများ၊ လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို အမြန်ဆုံးစစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးအပ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#သတင်းဟင်းလေးအိုးကြီး

imageimage

သုံးရက်ကြာ ပျောက်ဆုံးနေသော ကလေးငယ်၏ရုပ်အလောင်းကို အိမ်အနီးရှိ ရေကန်တွင် ပြန်တွေ့မှု သန်လျင်တွင် ဖြစ်ပွား

ဖေဖော်ဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ ပျဉ်ထောင်ကျောင်းကျေးရွာတွင် သုံးရက်ကြာပျောက်ဆုံးခဲ့သော ကလေးငယ်၏ရုပ်အလောင်းကို ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲပိုင်းက နေအိမ်အနီးရှိ ရေကန်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

ပျောက်ဆုံးခဲ့သော ကလေးမှာ အသက် ၃ နှစ်အရွယ် မိန်းကလေးဖြစ်ပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှစတင်ကာ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ပျောက်ဆုံးသူကလေး၏မိသားစုဝင်တစ်ဦးထံမှ သိရသည်။

“တူမလေးကို အသက်မဲ့စွာနှင့် ပြန်လည်တွေ့ရှိပါပြီ “ဟု ၎င်း၏ အဒေါ်ဖြစ်သူက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ကလေးငယ်မှာ မိခင်နောက်လိုက်သွားသည်ကို တစ်ဦးတည်း လွှတ်လိုက်ရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

သေဆုံးသူကလေး၏ ရုပ်အလောင်းကို ကန်မှဆယ်ယူ၍ လောကအလင်း လူမှုကူညီကယ်ဆယ်ရေးအသင်းမှ အသင်းဝင်များက သန်လျင်ပြည်သူဆေးရုံရှိ ရင်ခွဲရုံသို့ ပို့အပ်ကာ ကူညီပေးခဲ့သည်။ ကလေးရေနစ်သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်ကို ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

imageimage
+4

မြန်မာနိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း ဝင်ရောက်လုပ်ကိုင်နေသူ ထိုင်းနိုင်ငံသား ၇ ဦးအပါအဝင် စုစုပေါင်း ၂၉ ဦးအား တာချီလိတ်မြို့တွင် ဖမ်းမိ

ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၌ တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုဆောင်ရွက်နေသော ထိုင်းနိုင်ငံသား ၇ ဦးအပါအဝင် စုစုပေါင်း ၂၉ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း နစက က သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဥ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က) ရပ်ကွက်ရှိ ထိုင်းနိုင်ငံတွင် နေထိုင်သူ ဝယ်ဆန် ငှားရမ်းထားသည့် နေအိမ်တွင် အွန်လိုင်းလောင်းကစားတာဝန်ခံ မင်းကျော်နှင့် စကားပြန်၊ စာရင်းကိုင် ရီရီဖြိုးတို့ ၂ ဦးအပါအဝင် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၁၆ ဦးတို့ကို တရားမဝင် အွန်လိုင်းလောင်းကစားပြုလုပ်ရာ၌ အသုံးပြုသည့် Laptop ၆၁ လုံး၊ Flat Desktop ၃၂၉ လုံး၊ System(CPU) ၉၀ လုံး၊ ဖုန်းမျိုးစုံ ၉၀ လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

လုံခြုံရေးပူးပေါင်းအဖွဲ့များက ဆက်လက်ရှာဖွေ ဖော်ထုတ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီလ ၁၃ ရက် ညနေပိုင်းတွင် အဆိုပါရပ်ကွက်အတွင်း နေထိုင်သည့် ထိုင်းနိုင်ငံသား အမျိုးသား ၇ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၁ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၃ ဦးတို့အား ကွန်ပျူတာ ၅၀ လုံး၊ ဖုန်းမျိုးစုံ ၃၀၀ လုံး၊ ဘိန်းစာရွက်(အစို) ၁ ကီလိုခန့်စီပါ ၄ ထုပ်၊ ဘိန်းစာရွက်ပြုတ်ရည် ၁ လီတာပါ ၁၀ ဗူးနှင့် ချောင်းဆိုးပျောက်ဆေးရည် ၃၀ ပုလင်းတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အထက်ပါဖြစ်စဉ်များတွင် ဖမ်းဆီးရမိသူများအား စနစ်တကျ စိစစ်ဆောင်ရွက်လျက်ရှိပြီး ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia (မစ္စမာကျား)နှင့် တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Mr. Liu Zhong Yi (မစ္စတာလျိုကျုံးရီ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင် နေပြည်တော်၊ ရုံးအမှတ် (၁၀) ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အွန်လိုင်းအသုံးပြု လောင်းကစားမှုများနှင့် ဆက်သွယ်ရေးလိမ်လည်မှုများအပါအဝင် နယ်စပ်ဖြတ်ကျော် မှုခင်းများအား မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းတားဆီးနှိမ်နင်းရေးကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

#centralnewznaypyitaw

imageimage
+8

အဆိုးရွားဆုံးစွမ်းဆောင်ရည်လို့ မာရက်စ်ကာ ပြော

ဖေဖော်ဝါရီ ၁၅

ချယ်လ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ပြီးနောက် နည်းပြမာရက်စ်ကာက ဒီပွဲဟာ သူ့ရဲ့လက်ထက်မှာ ချယ်လ်ဆီးအသင်းရဲ့ အဆိုးရွားဆုံး စွမ်းဆောင်ရည်လို့ ပြောခဲ့ပါတယ်။

မာရက်စ်ကာက “အရာအားလုံးကို စိတ်ပျက်မိပါတယ်။ ဒီပွဲကိုအားပေးဖို့ ရောက်လာခဲ့တဲ့ ပရိသတ်တွေအတွက် ကျနော် စိတ်မကောင်း ဖြစ်ရပါတယ်။ ကျနော်တို့ဟာ လက်ရှိအချိန်မှာ လွယ်လွယ်ကူကူနဲ့ သွင်းဂိုးတွေ ခွင့်ပြုနေရ သလို ဂိုးရဖို့ ရုန်းကန်နေရတယ်လို့ ခံစားရပါတယ်။ ကျနော်တို့ဟာ ပိုပြီးကောင်းအောင် လုပ်ဖို့အတွက် အတူ လက်တွဲ လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။ ကျနော်ဟာ အမြဲတမ်း ဖိအားတွေခံစားရပေမယ့် ဒီပွဲက ကျနော် ဒီကို ရောက်ပြီးကတည်းက အဆိုးရွားဆုံး စွမ်းဆောင်ရည်ပါ။ ကျနော်တို့ဟာ ဥရောပဝင်ခွင့်နေရာနဲ့ အဆုံးသတ်နိုင်ဖို့ ပြိုင်ဆိုင်မှုရှိနေဆဲပါ”လို့ Sky Sports ကို ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာ ဘရိုက်တန်အသင်းကို ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့သာ ကစားနိုင်ခဲ့ပြီး ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်အသင်းကတော့ ဂိုးပေါက်တည့်တဲ့ ၅ ကြိမ်မှာ သွင်းဂိုး ၃ ဂိုး သွင်းယူနိုင်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ FA ဖလား စတုတ္ထအဆင့် ပွဲစဉ်မှာလည်း ဘရိုက်တန်အသင်းကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် ဘရိုက်တန်အသင်းကို တစ်ပတ်အတွင်း ၂ ပွဲဆက်တိုက် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၉ ပွဲမှာ ၂ ပွဲသာ အနိုင်ရတဲ့အထိ ရလဒ် တွေဆိုးရွားနေတာပါ။

ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နေ ပြီး မန်စီးတီးနဲ့ နယူးကာဆယ်အသင်းတို့ပွဲစဉ်မှာ တစ်သင်းသင်း အနိုင်ရခဲ့ရင် အဆင့် ၄ နေရာကနေ ဖယ်ပေးရ တော့မှာ ဖြစ်ပါတယ်။

ဘရိုက်တန်အသင်းကတော့ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတာပါ။

ချယ်လ်ဆီးအသင်းဟာ လာမယ့်အပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်း အိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN

ပုံ - ချယ်လ်ဆီးနဲ့ဘရိုက်တန်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
10 w - Translate

(၁၅.၂.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
-----------------------
၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၅၂၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး- ၆,၇၀၀,၀၀၀ ကျပ်

အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၄၀၀ ကျပ်(ဝယ်)၊ ၄၅၀၀ ကျပ်(ရောင်း)

စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၁၆၀ ကျပ်
Octane 95 - ၃၂၂၀ ကျ​ပ်
Premium Diesel - ၃၃၆၅ ကျပ်
Diesel - ၂၇၃၀ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

#news
#mmdbn

image

ဂျပန်အထက်တန်းကျောင်းသားကို မြဝတီမြို့သို့ လူကုန်ကူးခဲ့သည့် ဂျပန်နိုင်ငံသားအား မြန်မာနိုင်ငံကပြန်လာချိန် ထိုင်းရဲ ဖမ်းဆီး

ဖေဖော်ဝါရီ ၁၅

ဂျပန်အထက်တန်းကျောင်းသားတစ်ဦးကို လူကုန်ကူးမှုနဲ့ သံသယရှိသူ ဂျပန်အမျိုးသားတစ်ဦးကို မနေ့က ဖေဖော်ဝါရီ ၁၃ ရက်မှာ ​မြန်မာနိုင်ငံက ပြန်အလာ ဒွန်မောင်းလေဆိပ်မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းက ကျားဖြန့်နာမည်ကျော် မြဝတီမြို့ဆီ ဂျပန်အထက်တန်းကျောင်းသားတစ်ဦးကို လူကုန်ကူးမှုနဲ့ သံသယရှိသူ အသက် ၂၉ နှစ်အရွယ် ဂျပန်အမျိုးသားကို ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သလို “တွမ်”လို့ ဖော်ပြထားတဲ့ သံသယတရားခံကို ဂျပန်အာဏာပိုင်တွေက စွဲချက်များစွာနဲ့ အလိုရှိနေကြောင်း၊ အကျိုးအမြတ်အတွက် ပြန်ပေးဆွဲတာ၊ တရားမဝင် ထိန်းသိမ်းတာ၊ ဖောက်ထွင်းဝင်ရောက်တာ၊ လက်ရောက်ကျူးလွန်မှုနဲ့ လုယက်တာ စတဲ့ ပြစ်မှုတွေ ကျူးလွန်ထားကြောင်း ထိုင်း လူဝင်မှုကြီးကြပ်ရေး ဗျူရိုရဲ့ကော်မရှင်နာ ရဲဒုတိယဗိုလ်ချုပ်ကြီး ပန်နူမက်စ် ဘူယလပ်က ပြောပါတယ်။

ကလေး၊ အမျိုးသမီး၊ မိသားစုနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးစင်တာရဲ့ ဒါရိုက်တာဖြစ်သူ အမျိုးသားရဲချုပ် သက်ချိုင်း ပီတာနီးလာဘတ် ပြောကြားချက်အရ တွမ်ဟာ ဂျပန်ကျောင်းသားငယ်ကို ထိုင်းနိုင်ငံသွားဖို့ မစည်းရုံးမီ အွန်လိုင်းဂိမ်းနဲ့ မိတ်ဖွဲ့ခဲ့သလို ကျောင်းသားငယ်ကလည်း မိသားစုကို အသိမပေးဘဲ ဂျပန်နိုင်ငံကနေ ဇန်နဝါရီ လဆန်းပိုင်းမှာ ထွက်ခွာသွားခဲ့ပြီး နောက်ပိုင်း မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပေမဲ့ ဒီကျောင်းသားငယ်ပျောက်ဆုံးကြောင်း တိုင်ကြားပေးပို့လာတဲ့ အစီရင်ခံစာကို ဇန်နဝါရီ ၁၇ ရက်မှာ ရခဲ့ပြီး ထိုင်းအာဏာပိုင်တွေက ၂၄ နာရီအတွင်းမှာပဲ ကျောင်းသားငယ်ကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့သလို ဇန်နဝါရီ ၁၈ ရက်မှာပဲ မိခင်နိုင်ငံ ပြန်ပို့လိုက်တာပါ။

မြန်မာနိုင်ငံက ပြန်လည်ရောက်ရှိလာတဲ့ တရားခံတွမ်ကို ဒွန်မောင်းလေဆိပ်မှာ ဖမ်းဆီးအပြီး လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်ကို ချက်ချင်းရုပ်သိမ်းခဲ့သလို စွဲချက်တင် အရေးယူနိုင်ငံရေးအတွက် ဂျပန်နိုင်ငံကို ပြန်ပို့ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ရာဇ၀တ်မှုကျူးလွန်တဲ့ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်မှုပြုတဲ့ နိုင်ငံခြားသားတွေကို တရားဥပဒေအရ တင်းတင်းကျပ်ကျပ် အရေးယူဖို့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးကော်မရှင်နာရဲ့ အမျိုးသားရဲချုပ် ရဲချုပ် Kit-ratt Panpetch က အရာရှိတွေကို ညွှန်ကြားထားသလို ဒီလို ကျူးလွန်တဲ့ ပုဂ္ဂိုလ်တွေဟာ တရားစွဲခံရတာ၊ ပြည်နှင်ဒဏ်ပေးခံရတာနဲ့ ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်ခွင့်မရအောင် အမည်ပျက်စာရင်းသွင်းတာကို ခံရမှာလည်း ဖြစ်ပါတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image

TNLA နှင့် မြန်မာ့တပ်မတော် တရုတ်မှာ မနက်ဖြန် ဆွေးနွေးမည်

ဖေဖော်ဝါရီ ၁၅

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံ၍ ဆွေးနွေးကြမည်ဖြစ်သည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုကို ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ စတင်မည်ဖြစ်ပြီး မြန်မာ့တပ်မတော်ဘက်က ကစထ(၁)မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်မည်ဖြစ်သလို TNLA ဘက်က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးတားဂျုဂျား ဦးဆောင်မည်ဖြစ်သည်။

ထို့နောက် TNLA သည် ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးတားဂျုဂျားနှင့် မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦး တက်ရောက်မည်ဖြစ်ကြောင်း TNLA ဘက်က ပြောသည်။

လက်ရှိမှာတော့ TNLA ကိုယ်စားလှယ်များသည် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ရောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။

TNLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်၊ နမ့်ခမ်း၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ နမ္မတူ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် တို့ကို သိမ်းပိုက်ထားသည်။

#centralnewsnaypyitaw

image