ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

နိုဝင်ဘာ ၂၄ ရက်

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၁၅ ဒေါ်လာ

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၃၃၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၉၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၁၃၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၉၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၈၀ ကျပ်
ဝယ်ဈေး - ၄၃၈၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၇၀ ကျပ်
ဝယ်ဈေး - ၃၃၀၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၆၀ ကျပ်
ဝယ်ဈေး - ၄၅၄၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၉.၈၇ ကျပ်
ဝယ်ဈေး - ၁၂၆.၅၈ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၀၀ ကျပ်
ဝယ်ဈေး - ၉၇၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၇ ကျပ်
ဝယ်ဈေး - ၆၀၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၉၆ ကျပ်
ဝယ်ဈေး - ၂၈.၂၃ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၂၅ ကျပ်
ဝယ်ဈေး - ၅၁.၉၀ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၉ ကျပ်
ဝယ်ဈေး - ၃.၁၁ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၀၀ ကျပ်
ဝယ်ဈေး - ၅၄၆၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၀၅ ကျပ်
ဝယ်ဈေး - ၂၈၃၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၀၀ ကျပ်
ဝယ်ဈေး - ၃၁၁၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၄ ကျပ်
ဝယ်ဈေး - ၅၅၉ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၁၇ ကျပ်
ဝယ်ဈေး - ၁၁၈၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

အာဆီယံ သေနတ်ပစ်ပြိုင်ပွဲမှာ မြန်မာ့တပ်မတော်က နိုင်ငံအလိုက် တတိယဆုရရှိခဲ့ပြီး
ရွှေတံဆိပ် (၅) ဆု ရရှိခဲ့

နိုဝင်ဘာ ၂၄

အာဆီယံ တပ်မေတာ် (ကြည်း) သေနတ်ပစ်ပြိုင်ပွဲမှာ မြန်မာ့တပ်မတော်က နိုင်ငံအလိုက် တတိယဆုရရှိခဲ့ပြီးရွှေတံဆိပ် (၅) ဆု ရရှိခဲ့တယ်လို သိရပါတယ်။

အဲ့ပြိုင်ပွဲဟာ (၃၂)ကြိမ်မြောက် ဖြစ်ပြီး ဖိလစ်ပိုင် နိုင်ငံက အိမ်ရှင်အဖြစ်နဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကာ အာဆအဖွဲဝင် (၁၀) နိုင်ပါဝင် ယှဉ်ပြိုင်ခဲ့ကြတယ်လို သိရပါတယ်။

မြန်မာ့တပ်မတော် ‌ေသနတ်ပစ်အသင်းကနေ ရိုင်ဖယ်ပစ်၊ ကာဘိုင်ပစ်၊ စက်သေနက်ပစ်၊ ပစ္စတိုပစ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွေမှာ
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

သေနတ်ပစ်ပြိုင်ပွဲများရဲ့ Friendly Match ပွဲစဥ်(၃)မျိုးမာ Pistol(W) ရွှေ (၁) ခု၊ ငွေ (၂) ခုနဲ့ ကြေး (၆)ခု၊ Pistol(M) ရွှေ (၁) ခု၊ Carbine ငွေ (၁) ခုနဲ့ ကြေး (၁) ခု၊ Rifle ရွှေ (၁) ခု နဲ့ ငွေ (၁)ခု ၊ Machine Gun ရွှေ (၁) ခုနဲ့ အသင်းလိုက် (၅သင်း)ပြိုင်ပွဲမှာ ရွှေ (၁) ခု ရရှိခဲ့တယ်လို သိရပါတယ်။

#centralnewsnaypyitaw

imageimage

ရုရှားနဲ့ မြောက်ကိုရီးယားတပ် ပူးပေါင်းတိုက်တော့မယ်လို့ ကန်ဝန်ကြီးခန့်မှန်း

နိုဝင်ဘာ ၂၄

ရုရှားမှာရောက်နေတဲ့ ထောင်နဲ့ချီတဲ့ မြောက်ကိုရီးယား တပ်သားတွေဟာ မကြာခင်မှာပဲ ယူကရိန်းကို တိုက်ခိုက်မှုမှာ ပါဝင်လာတော့မယ်လို့ အမေရိကန်က ခန့်မှန်းထားကြောင်း ကာကွယ်ရေးဝန်ကြီး Lloyd Austin က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယား တပ်သား ၁ သောင်းလောက်ကို ယူကရိန်းနယ်စပ် ရုရှားပိုင်နက် Kursk ဒေသမှာ ရုရှားတပ်တွေနဲ့ လက်တွဲဆောင်ရွက်ဖို့ အခြေချထားမယ်လို့ ယုံကြည်ရကြောင်း၊ သူတို့ကို လေ့ကျင့်ထားပုံကို ကြည့်ရင် ရုရှားတပ်တွေနဲ့ တွဲပြီးတိုက်ခိုက်တာကို မကြာခင်မှာပဲ မြင်တွေ့ရဖို့ရှိကြောင်း ဝန်ကြီး Austin က ပစိဖိတ်ကျွန်းနိုင်ငံ ဖီဂျီမှာ ရောက်နေတုန်း သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။ အခုအချိန် အထိတော့ မြောက်ကိုရီးယားတပ်တွေ တိုက်ပွဲမှာဝင်လာတဲ့ သတင်းတော့ မတွေ့ရသေးဘူး လို့လည်း ပြောပါတယ်။ မြောက်ကိုရီးယား တပ်သားတွေ ရုရှားကို စေလွှတ်ထားတယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားက စွပ်စွဲထားတာ ဖြစ်ပြီး ဒါဟာ ရုရှားက မြောက်ကိုရီးယားကို လောင်စာဆီ၊ လေကြောင်းသုံး မစ်ဇိုင်းဖျက်လက်နက်နဲ့ စီးပွါးရေး အထောက်အကူတွေ ရုရှားပေးအပ်တာ အတွက် တုံ့ပြန်ကူညီတာ ဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရအရာရှိတွေနဲ့ သုတေသန အဖွဲ့တခုက ပြောပါတယ်။

ယူကရိန်းကလည်း ရုရှားနဲ့ မြောက်ကိုရီးယား တပ်သား စုစုပေါင်း ၅ သောင်းလောက်ဟာ ရုရှားနယ်စပ်ဒေသက ယူကရိန်းတွေ သိမ်းထားတဲ့နေရာတွေကို ပြန်ယူဖို့ လုပ်နေပြီလို့ သတိပေးပါတယ်။ အဲဒီ Kurst ဒေသမှာ ယူကရိန်းက ရုရှားနယ်မြေ တချို့ကို သိမ်းထားတာဖြစ်ပါတယ်။

Credit - VOA

#သတင်းဟင်းလေးအိုးကြီး

image

၂၀၂၆ မေဂျာလိဂ်ရာသီအထိ မက်ဆီ ဆက်ရှိဖို့ အင်တာမိုင်ယာမီမျှော်လင့်

နိုဝင်ဘာ ၂၄

အင်တာမိုင်ယာမီအသင်း ပူးတွဲပိုင်ရှင် ဂျော့ချ်မက်စ်က အသင်းခေါင်းဆောင် မက်ဆီကို ၂၀၂၆ မေဂျာလိဂ်ရာသီအထိ အသင်းမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်ရှိဖို့မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ဇူလိုင်က အင်တာမိုင်ယာမီအသင်းထံ ရောက်ရှိလာခဲ့တဲ့ မက်ဆီရဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်ရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်တာပါ။

မက်ဆီနဲ့ အင်တာမိုင်ယာမီအသင်းတို့ရဲ့ စာချုပ်ထဲမှာ နောက်ထပ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့် မပါဝင်တာကြောင့် လာမယ့်ရာသီဟာ သူ့အတွက် အင်တာမိုင်ယာမီအသင်းကစားသမားဘ၀ နောက်ဆုံးရာသီဖြစ်သွားနိုင်ပါတယ်။

အင်တာမိုင်ယာမီအသင်း ပူးတွဲပိုင်ရှင် ဂျော့ချ်မက်စ်က “မက်ဆီရဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိရှိနေပါတယ်။ ကျနော်တို့ သူနဲ့အတူထိုင်ပြီး အနာဂတ်အတွက် ဆွေးနွေးသွားမှာပါ။ ၂၀၂၆ မှာ ကျနော်တို့ရဲ့ ကွင်းသစ်ဖွင့်ပွဲနဲ့ ၂၀၂၆ မေဂျာလိဂ်ရာသီအဖွင့်ပွဲမှာ မက်ဆီဟာ ကျနော်တို့ရဲ့ နံပတ် ၁၀ အဖြစ်ဆက်ရှိဖို့ အပြည့်အ၀ မျှော်လင့်ထားတယ်”လို့ ပြောခဲ့တာပါ။

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းကို ကလပ်အသင်း သမိုင်းတစ်လျှောက် ပထမဆုံးဆုဖလားတွေဖြစ်တဲ့ ၂၀၂၃ ခုနှစ်က လိဂ်ဖလားနဲ့ ၂၀၂၄ ခုနှစ်မှာ Supporters Shield ဖလားရရှိအောင် ဦးဆောင်နိုင်ခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ မက်ဆီဟာ အင်တာမိုင်ယာမီအသင်းအတွက် ၃၉ ပွဲ ကစားထားပြီး ၃၄ ဂိုးသွင်းယူထားတာပါ။

အင်တာမိုင်ယာမီအသင်းဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာအကြောင်းပြချက်နဲ့ နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တဲ့ မာတီနိုရဲ့နေရာမှာ မက်ဆီရဲ့ဘာစီလိုနာနဲ့ အာဂျင်တီးနားအသင်းဖော်ဟောင်း မာရှေယာနိုကို နည်းပြသစ်အဖြစ် ခန့်အပ်မယ်လို့လည်း သိရပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ လာမယ့် ၂၀၂၅ ရာသီမှာ မေဂျာလိဂ်ပြိုင်ပွဲအပြင် ဖီဖာကလပ်ကမ္ဘာ့ဖလား၊ကွန်ကာကပ်ဖ်ချန်ပီယံလိဂ်၊လိဂ်ဖလားပြိုင်ပွဲတွေကိုလည်း ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN

ပုံ - မက်ဆီကို တွေ့ရစဉ်

#centralnewsnaypyitaw

image

image
8 w - Translate

အုန်းနို့ခေါက်ဆွဲ 😋

image

နိုဝင်ဘာ ၂၄ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image

နိုဝင်ဘာ ၂၄ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

image
8 w - Translate

စားကြပါအုံးရှင့် 😋

image