10 w - Translate

AI benchmark မှာ စံချိန်ချိုးနိုင်တဲ့ Grok 3 ထွက်ပြီ
အီလွန်မတ်စ်က အခု AI က ထွက်ဖူးသမျှထဲမှာ အကြမ်းဆုံးလို့ ပြောပါတယ်။
သူပြောတာလည်း မလွန်ပါဘူး။ Grok 3 က Chatbot Arena ရဲ့ benchmarking မှာ ထိပ်ဆုံးရောက်သွားလို့ပါ။ Chatbot Arena ဆိုတာက AI chatbots တွေရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်ရာမှာ ထိပ်တန်း ranking system အဖြစ် AI Benchmarking နယ်ပယ်က လက်ခံထားတဲ့ ပလက်ဖောင်းပါ။
ချောကလက်ကုဒ်နာမည်နဲ့ Grok 3 early ဗားရှင်းကို Chatbot Arena မှာ score 1400 ပေးထားပါတယ်။ score 1400 ရတဲ့ ပထမဆုံး AI model လို့ ပြောရမှာပါ။ Chatbot Arena မှာ အကြမ်းဆုံးဆိုပြီး 1385 score ရထားတဲ့ Gemini 2.0 Flash ကိုပါ ကျော်သွားတာပါ။
ယှဉ်ကြည့်မယ်ဆိုရင် OpenAI ရဲ့ GPT -4o နဲ့ o1 က ၁၃၇၇ မှတ်နဲ့ ၁၃၅၃ မှတ်စီ ရထားပါတယ်။ အခု Grok 3 က အရင် Grok 2 ထက် တွက်ချက်မှုစွမ်းရည် compute power ၁၀ ဆကျော် ပိုကောင်းတယ်လို့ ပြောပါတယ်။ AI chatbots တွေကို သင်္ချာ ၊ သိပ္ပံ နဲ့ coding benchmark တိုင်းရာမှာလည်း Grok 3 က Google Gemini , DeepSeek V3 model , Anthropic Claude နဲ့OpenAI ထုတ် GPT -4o တို့ထက် သာခဲ့တာပါ။
မော်ဒယ်ကို နေ့တိုင်း ‌တောက်လျှောက်ပိုကောင်းအောင် လုပ်နေတာမို့ ပိုအဆင့်မြင့်လာမယ်လို့လည်း အီလွန်မတ်စ်က ပြောထားပါတယ်။ ဒီမော်ဒယ်ရဲ့ ထူးခြားချက်က တရားရုံးမူခင်းနဲ့ ဥပဒေစီရင်ထုံးတွေပါ ထည့်ပြီး train ထားတာပါ။ ဥပဒေဖြတ်ထုံးတွေဘက်မှာ တော်တော့်ကို ကြမ်းမယ့်မော်ဒယ်လို့ ဆိုနိုင်ပါတယ်။
Grok 3 မှာ ရှုပ်ထွေးနက်နဲတဲ့ မေးခွန်းတွေကို ဖြေဖို့ လေ့ကျင့်ထားတဲ့ reasoning mode နှစ်မျိုးရှိပါတယ်။ Grok ရဲ့ reasoning လုပ်ပုံကို ပြတဲ့ Think mode နဲ့ computional power ပိုများပြီး ရှုပ်ထွေးတဲ့ tasks တွေ လုပ်နိုင်တဲ့ Big Brain ဆိုတဲ့ mode ပါ။
ဒါတွေအပြင် AI search engine သစ်ဖြစ်တဲ့ Deep Search လို့ခေါ်တဲ့ product လည်း ထွက်ထားပါတယ်။ Deep Search ကလည်း တွေးခေါ်ဆင်ခြင်နိုင်တဲ့ reasoning chatbot ဖြစ်ပြီး ချပေးတဲ့ query ကို နားလည်နိုင်စွမ်းရှိပြီး သုတေသနလုပ်တာ ၊ brainstorm ဝင်တာနဲ့ ဒေတာဆန်းစစ်သုံးသပ်တာတွေ လုပ်နိုင်တယ်လို့ ပြောပါတယ်။ မကြာခင်မှာ Deep Search က အသံစနစ် ပါလာဖို့ ရှိပါတယ်။
အီလွန်မတ်စ်က သူ့ Grok 3 ကို train ဖို့လည်း ရှယ်အကုန်အကျခံထားတာပါ။ တင်နက်ဆီပြည်နယ် မမ်ဖစ်မှာ ရှိတဲ့ ဧရာမ Colossus စူပါကွန်ပျူတာကြီးနဲ့ လေ့ကျင့်ထားတာပါ။ Grok 3 ကို လေ့ကျင့်ဖို့ Nvidia H100 GPU ပေါင်း ၁ သိန်းလောက် သုံးထားတယ်လို့ ဆိုပါတယ်။
H100 တွေက တစ်ခုဒေါ်လာ ၂ သောင်းခွဲလောက် ရှိပါတယ်။ မကြာခင် GPU ၂ သိန်းအထိ တိုးမှာ ဖြစ်ပြီး Nvidia ရဲ့ အသစ်ထွက်လာမယ့် H200 GPU တွေပါ ပါလာမယ်လို့ ဆိုပါတယ်။ ဒေါ်လာဘီလျံချီ ရှယ်သုံးထားတာ ဖြစ်လို့ အီလွန်မတ်စ်ကလည်း သူ့ chatbot ကို အလကားပေးမသုံးပါဘူး။ အမေရိကန်က ‌တစ်လ ဒေါ်လာ ၄၀ တန် X premium plus ဝယ်ထားသူတွေပဲ ရမှာပါ။
SuperGrok ဆိုပြီး app နဲ့ Grok ဝက်ဘ်ဗားရှင်းတွေမှာလည်း subscription သစ်နဲ့ ဖွင့်တော့မယ်လို့ ပြောပါတယ်။ SuperGrok က တစ်လ ဒေါ်လာ ၃၀ နဲ့ တစ်နှစ် ဒေါ်လာ ၃၀၀ နှုန်း ကောက်ဖို့ ရှိပြီး အရင်ထွက်ထားတဲ့ Gork 2 လည်း မကြာခင် open-source ပေးသွားဖို့လည်း ရှိပါတယ်။

image

CLUB NEWS:

ရလဒ်များ ဆိုးဝါးလာသည်နှင့်အတူ ကစားသမားအချို့သည် နည်းပြ Amorim ၏ နည်းစနစ်များအပေါ် အယုံအကြည် ကင်းမဲ့လာကြောင်း သိရှိရသည်။ အနိုင်ရရှိသော ပွဲများ၌ပင် နည်းပြ၏ နည်းစနစ်ထက် ကစားသမားများ၏ တစ်ကိုယ်ရည် အရည်အသွေး သို့မဟုတ် ကံကောင်း၍ အနိုင်ရသည်ဟု ယူဆလာကြသည်။

အဝတ်လဲခန်းအတွင်း ပြောဆိုချက်များအရ-
"လက်ရှိခံစားချက်ကတော့ တစ်ပွဲတစ်လေ ကံကောင်းလဲ နောက်ပွဲတွေတော့ မချောင်ဘူး" ဟူ၍ ဖြစ်သည်။
[mail]

#ဘောလုံးသတင်းစုံ

image
10 w - Translate

“ကိုယ့်ကို မလိုအပ်တဲ့အခါ…” 🦋

ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးနီးစပ်တဲ့သူတွေပဲဖြစ်ပါစေ…ကိုယ့်ကို အမြဲတမ်းလိုအပ်နေလိမ့်မယ်လို့ မျှော်လင့်မထားတာ အကောင်းဆုံးပါပဲ..။ တစ်ချို့သော အချိန်တွေမှာ..ကိုယ့်ကို မလိုအပ်တဲ့အချိန်..ကိုယ့်ရဲ့ဝင်ရောက်စွက်ဖက်လွှမ်းမိုးမှုတွေ..အကြံပြုချက်တွေကို မလိုအပ်တဲ့အချိန်မျိုး ရှိနိုင်ပါတယ်.။

ပြဿနာတစ်ခုကို သူ့ဘာသာတစ်ယောက်တည်း ခေါင်းအေးအေးနဲ့ စဉ်းစားဖြေရှင်းချင်တဲ့အချိန်..သူတစ်ယောက်တည်း အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက် နေချင်တဲ့အချိန်မျိုးမှာ…တစ်စုံတစ်ယောက်ရဲ့ တိုက်တွန်းနှိုးဆော်စကားတွေ..ဝေဖန်အကြံပြု စကားတွေက..သူ့အတွက် အကူအညီမဖြစ်ဘဲ..ပိုလို့တောင် အနှောင့်အယှက် ဖြစ်စေတတ်ပါတယ်…။

သမီးလေးမှာ စာနဲ့ပတ်သက်လို့ဖြစ်စေ..သူငယ်ချင်းတွေကြောင့်ဖြစ်စေ..စိတ်ဖိစီးမှုတွေ ကြုံရတဲ့အခါ..သူမျက်နှာမကောင်းတဲ့အခါ..ကိုယ်ကလည်း မိခင်ပီပီ..စိတ်ပူစိုးရိမ်မိတတ်ပါတယ်..။ သူ့ကို မေးခွန်းတွေ ဇွတ်မေး..အကြံဥာဏ်တွေ ဇွတ်ပေးမိတဲ့အခါ..သမီးလေးက..” Please leave me alone.” လို့ ပြောတတ်ပါတယ်..။ အဲ့ဒီအခါ..ကိုယ့်ကို သူမလိုအပ်သေးဘူးဆိုတာ..ကျွန်မက နားလည်သဘောပေါက်လိုက်ပါတယ်..။

ကိုယ့်ကို..သူတစ်ပါးက မလိုအပ်တဲ့အခါ..ကျေနပ်စွာ နောက်ဆုတ်ရှောင်ဖယ်ပေးခြင်းဟာလည်း..သူ့အပေါ် အလိုက်သိနားလည်ပေးခြင်းတစ်မျိုးပါပဲ..။ သူ့ရဲ့ စိတ်ခံစားမှုတွေကို ကိုယ်က လေးစားအသိအမှတ်ပြုပေးရာ ရောက်သလို..သူ့အတွက် ကိုယ်ပိုင်လွတ်လပ်မှုလေး ပေးလိုက်တာမျိုး ဖြစ်ပါတယ်..။ ဒီနေရာမှာ….သူဘာပဲဖြစ်နေဖြစ်နေ..မရဘူး..ငါပါရမှ..ငါလွှမ်းမိုးရမှ..ငါအကြံပေးရမှ…ဆိုပြီး ဇွတ်အတင်း ဝင်ပါမိရင်..ပြဿနာက မလိုအပ်ဘဲ..ပိုမိုကြီးမားပြင်းထန်လာတတ်ပါတယ်…။

ကိုယ့်ကိုမလိုအပ်တဲ့အခါ..သူ့ကို အချိန်လေးတစ်ခုပေးပြီး..ငြိမ်းချမ်းခွင့်ပြုလိုက်တာဟာ..နှစ်ဖက်စလုံးအတွက်..စိတ်သက်သာရာရစေပါတယ်..။ သူ စိတ်ညစ်နေချိန်မှာ..ကိုယ့်ကြောင့် သူ့ကို ပိုပြီးစိတ်ညစ်အောင်..မလိုအပ်ဘဲ ပေါက်ကွဲအောင် မလုပ်ဘဲ..အေးအေးငြိမ်းငြိမ်းတိတ်တိတ်ဆိတ်ဆိတ်လေး နေပေးလိုက်တာက အလိုက်သိပေးရာလည်း ရောက်ပါတယ်..။ အဲ့ဒီအချိန်မျိုးမှာ ကိုယ်လုပ်ပေးနိုင်တာက..သူ့ကို တိတ်တိတ်ဆိတ်ဆိတ်ကလေး မေတ္တာပို့ပေးနေမိတာပါပဲ..။

သူ အေးချမ်းပါစေ..စိတ်ချမ်းသာပါစေ..အခုရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာကနေ အေးချမ်းစွာ လွတ်မြောက်ပါစေ..ပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းလည်း ရှိပါစေ..စသဖြင့်..အေးအေးချမ်းချမ်းလေး..မေတ္တာပို့ပေးနေလိုက်တာက..သူ့အတွက်အများကြီး အထောက်အကူ ပြုရာရောက်ပါတယ်..။ ကိုယ့်မေတ္တာရဲ့ သိမ်မွေ့နက်ရှိုင်းတဲ့ မေတ္တာလှိုင်းတွေဟာ..လေလှိုင်းကနေတဆင့်..သူ့နှလုံးသားဆီ လွှမ်းခြုံအေးမြစေနိုင်ပါတယ်…။

တကယ်ပါပဲ…သိပ်မကြာခင်မှာ…သမီးလေးက ကိုယ့်ဆီ အလိုလိုရောက်လာတာပါပဲ…။ သူဖြစ်နေတဲ့ ပြဿနာအကြောင်းပြောပြပါတယ်..။ သူ့ရဲ့လက်ရှိခံစားမှုကို ပြောပြပါတယ်..။ အဲ့ဒီအချိန်မျိုးမှာ..ကိုယ်က သူ့စကားကို ကြားဖြတ်ဝင်ပြောတာ..အကြံဥာဏ်တွေ ချက်ချင်းပေးတာ..သင်ခန်းစာတွေ သင်ပေးနေတာမျိုးတွေ လုံးဝမလုပ်ဘဲ..သူ့ပြဿနာကို နားလည်အောင်..သူ့ခံစားမှုတွေကို အသိအမှတ်ပြုမိအောင်စိတ်နဲ့ စိတ်ပါလက်ပါ နားထောင်ပေးနေလိုက်ပါတယ်..။

သူလိုအပ်မှ..သူတောင်းမှ..ကိုယ်က မေမေ့တုန်းကလည်း..ဒီလိုအဖြစ်အပျက်မျိုးကြုံဖူးတယ်..ဆိုပြီး ကိုယ့်အတွေ့အကြုံလေးတွေကို မျှဝေပြောပြလိုက်ပါတယ်..။ အဲ့ဒီတုန်းက ဒီလို အခက်အခဲတွေကို ကိုယ်ဘယ်လို ရင်ဆိုင်ဖြတ်သန်းခဲ့သလဲဆိုတာကိုပါ…ပြောပြလိုက်ပါတယ်…။ မှားခဲ့ဖူးတယ်ဆိုရင်လည်း..အဲ့ဒီအမှားကနေ သင်ယူခဲ့တာကိုပါ ပြောပြပါတယ်..။ သူ့အတွက် အဖြေတစ်ခု..ရှာတွေ့သွားတဲ့အခါ…သမီးလေးလည်း ကျေကျေနပ်နပ် မျက်နှာလေးနဲ့ သူ့အခန်းဆီပြန်သွားပါတယ်…။

တစ်ခါတစ်ရံမှာ…ဆက်ဆံရေးတစ်ချို့မှာလည်း…ကိုယ့်ကိုမလိုအပ်တော့တဲ့ ဆက်ဆံရေးမျိုး တွေ့ဖူးပါတယ်…။ သူငယ်ချင်းအပေါင်းအသင်းတွေကြားမှာပဲဖြစ်စေ..ကိုယ်နဲ့ နီးနီးကပ်ကပ် ခင်မင်ပေါင်းသင်းနေရာကနေ..ကိုယ့်ထက်ပိုပြီး ခင်မင်ရင်းနှီးတဲ့သူမျိုး တွေ့သွားတဲ့အခါ..ကိုယ့်ကို မလိုအပ်တော့သလို..ခံစားမိတတ်ပါတယ်..။

အဲ့ဒီလိုအချိန်မျိုးမှာ..ကိုယ့်ရဲ့ခံစားမှုတွေနောက်ကို အရမ်းမလိုက်မိဖို့ အရေးကြီးပါတယ်..။ သူများနဲ့ ပိုပြီးခင်မင်ရင်းနှီးပေါင်းသင်းနေတာကို ကိုယ်က မနာလိုတဲ့စိတ်..ခံပြင်းတဲ့စိတ်..မကျေနပ်တဲ့စိတ်တွေ ဖြစ်နေမိပြီဆိုရင်..ဒါဟာ အကုသိုလ်စိတ်ဖြစ်ပါတယ်..။ ကုလမစ္ဆရိယ..လို့ခေါ်ပါတယ်..။ ကိုယ် နာကျင်နေသမျှ..အကုသိုလ်စိတ်ကို မွေးမြူနေမိတော့တာပါပဲ..။

ကိုယ့်ကို သူများက မလိုအပ်တော့တဲ့အခါ…ကိုယ့်ဘက်က ကောင်းမွန်နေပါလျက်နဲ့ သူတစ်ပါးက ကိုယ့်ရဲ့ဖြစ်တည်မှုကို..အလေးအနက်တန်ဖိုးမထားတော့တဲ့အခါ..ထိုဆက်ဆံရေးကို ဇွတ်ကုပ်တွယ်ဆုပ်ကိုင်ထားချင်နေသမျှ ကိုယ်ပဲ စိတ်ပင်ပန်းနာကျင်ရမှာ ဖြစ်ပါတယ်..။ ဆူးဆိုတာ ဆုပ်ကိုင်ထားလေ..နာကျင်ရလေ..သွေးထွက်လေပါပဲ..။ ပိုတင်းတင်းဆုပ်မိလေ...ဆူးက ပိုနက်နက် စူးနစ်လေပါပဲ…။

အဲ့ဒီလိုအခါမျိုးမှာ…နှလုံးသွင်းမှန်ကန်စွာ လက်လွှတ်လိုက်နိုင်ဖို့ အရေးကြီးပါတယ်..။ ရေစက်ပါလာသလောက်..ငါတို့ခင်မင်ပေါင်းသင်းခဲ့ကြတယ်..ခင်မင်ခဲ့တဲ့အချိန်ကာလတစ်ခုမှာ.ကိုယ့်ဘက်က သူ့အပေါ်…ရိုးသားပွင့်လင်းစွာ ဆက်ဆံခဲ့တယ်..သစ္စာရှိခဲ့တယ်..မလှည့်စားခဲ့ဘူး..အနိုင်မကျင့်ခဲ့ဘူး..လေးစားတန်ဖိုးထားခဲ့တယ်..။ တာဝန်ကျေခဲ့တယ်…။ ပြန်တွေးမိတိုင်း နောင်တရစရာ..စိတ်မလုံခြုံစရာ အပြစ်မျိုး..လုပ်မထားခဲ့ဘူး..။

အခု..သူကိုယ့်ကို မလိုအပ်တော့တဲ့အချိန်မှာ…သူလွတ်လပ်စွာ သွားပါစေ..ရေစက်ပါသလောက်ပဲ ခင်မင်ခွင့်ရတာပါ…လို့ နှလုံးသွင်းလိုက်ရင်..သူ့အပေါ် ကိုယ့်ရဲ့ ငြိတွယ်နှောင်ဖွဲ့မှုတွေ..တင်းကျပ်သမျှ ပြေလျော့ရတာပါပဲ..။

ကိုယ့်ကို မလိုအပ်တဲ့သူအနားမှာ ဇွတ်ပေကပ်ကုပ်တွယ်ပြီး နာကျင်စွာ ရှင်သန်နေမယ့်အစား…ကျေနပ်စွာ လွတ်မြောက်ခွင့်ပေးလိုက်တာက ကိုယ်ရောသူပါ လွတ်လပ်ပေါ့ပါးစွား..ရှေ့ခရီးဆက်နိုင်ပါလိမ့်မယ်..။ တစ်ချို့သော အရာတွေက ဆုပ်တွယ်ထားခြင်းထက်..လက်လွှတ်လိုက်ရတာက ကိုယ့်ကိုပိုပြီး လွတ်မြောက်ပေါ့ပါးစေပါတယ်…။

#လွန်းထားထား
#ကိုယ့်ကိုမလိုအပ်တဲ့အခါ

image
10 w - Translate

တဖက်လူ ဖြေရခက်မယ့် မေးခွန်းမျိုးတွေ မမေးသင့်ပါ

image
10 w - Translate

မွေးနေ့မှာ ပင်လယ်ကြီးကို ဆုတောင်းရင် ပင်လယ်နတ်လေးကထွက်လာပြီး ဆုတောင်းတွေကို ဖြည့်ပေးလိမ့်မယ်တဲ့……

Deep Sea (2023)

စိမ်းရှို့ဆိုတဲ့ ကလေးမလေးဟာ အမေထွက်သွားပြီးနောက်မိဘမေတ္တာကို ငတ်နေသူလေးတစ်ယောက်ပေါ့။အတူတူရှိနေတဲ့ အဖေက ဂရုမစိုက်ပေးတဲ့အတွက်ထွက်သွားတဲ့ အမေ့ဆီက မေတ္တာကို တမ်းတနေသူလေးတစ်ယောက်ပေါ့။တစ်နေ့မှာ သူတို့ မိသားစု ၄ ယောက် ပင်လယ်ထဲကို ခရီးထွက်ကြတဲ့အခါစိမ်းရှို့ဟာ အမေ့ရဲ့ သီချင်းသံကို ကြားခဲ့ရတယ်။ထိုသီချင်းသံနောက်ကနေ အမေကိုလိုက်ရှာတုန်းမှာစိမ်းရှို့တစ်ယောက် ပင်လယ်ထဲကျသွားပြီးပင်လယ်အောက်က လျှို့ဝှက်ကမ္ဘာထဲကို ရောက်သွားပါတယ်။စိမ်းရှို့လေးတစ်ယောက် ပင်လယ်အောက်က ကမ္ဘာကြီးထဲမှာဘယ်လို ထူးခြားဆန်းကြယ်မှုတွေကို မြင်တွေ့ရမလဲ……သူမရဲ့ အမေကိုရော ရှာတွေ့နိုင်ပါ့မလား ……ဆိုတာကို ကာတွန်းဇာတ်လမ်းလေးရဲ့ လှပတဲ့သရုပ်ဖော်မှုတွေနဲ့အတူ ခံစားကြည့်ရှုလိုက်ပါနော်။

ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ

https://t.me/+nqhhs6tGKeRjZjA1

ဇာတ်ကားကြည့်ရန်နှိပ်ပါ

https://t.me/c/2088510221/1436

image
10 w - Translate

Tales from the Darkside: The Movie (199

Tales from the Crypt တို့ Creepshow တို့လို နာမည်ကျော် Horror anthology series တွေကိုအခြေခံတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ ဇာတ်ကားကိုလည်း ဇာတ်လမ်းတိုသုံးခုနဲ့ဖွဲ့စည်းထားပါတယ်။
စုန်းမတစ်ယောက်ကဖမ်းပြီး ပါတီပွဲအတွက်သတ်စားဖို့ ကြံစည်ခံထားရတဲ့ ကောင်လေးတစ်ယောက်က အချိန်ဆွဲတဲ့အနေနဲ့ Tales from the Darkside ဆိုတဲ့စာအုပ်ထဲကစိတ်ဝင်စားစရာအကောင်းဆုံးဇာတ်လမ်းသုံးခုကို ပြန်ပြောပြတဲ့ပုံစံနဲ့ ဇာတ်လမ်းကို စတင်ထားတာဖြစ်ပါတယ်။
Lot 249
ဘယ်လင်တန်ဆိုတဲ့စာကြမ်းပိုး၊ ဆင်းရဲတဲ့ကောလိပ်ကျောင်းသားလေးတစ်ယောက်ဟာ ကျောင်းထောက်ပံ့ကြေးလျှောက်တဲ့အချိန်မှာ သူဌေးသားကျောင်းသူကျောင်းသားတစ်စုရဲ့ လှည့်ဖျားမှုကိုခံလိုက်ရပြီး နောက်ကောက်ကျခဲ့ပါတယ်။ အဲ့ဒါကိုပြန်ကလဲ့စားချေတဲ့အနေနဲ့ ရှေးဟောင်းမံမီတစ်ကောင်ကိုအသက်သွင်းပြီး သူ့ကိုညစ်ခဲ့တဲ့သူတွေကို လိုက်သတ်ခိုင်းတဲ့အခါ..။
The Cat from Hell
ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်တဲ့ ဟော်စတန်ဟာ ရှေးဟောင်းစံအိမ်ကြီးတစ်ခုကိုဖိတ်ခေါ်မှုကြောင့်ရောက်လာခဲ့ပါတယ်။ စံအိမ်ကြီးရဲ့ပိုင်ရှင်ကတော့ သန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ်ပြီး သူ့ကိုကြေးကြီးကြီးနဲ့ငှားလိုက်ရတဲ့အကြောင်းရင်းက သူ့အိမ်မှာရှိနေတဲ့ ကြောင်နက်တစ်ကောင်ကိုသတ်ဖို့ဆိုတာ သိလိုက်ရပါတယ်။ တကယ်ပဲ အဲ့ဒီကြောင်နက်က အဘိုးကြီးထင်နေသလို ဒုက္ခပေးနိုင်တဲ့ ငရဲကလာတဲ့ကြောင်တစ်ကောင်ဖြစ်နေမလား။
Lover’s Vow
ပရက်စတန်က ကြိုးစားနေဆဲအနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့လက်ရာတွေကို လူတွေအားမပေးတဲ့အတွက် ငွေပြတ်ပြီး စိတ်ဓာတ်ကျနေပါတယ်။ ဘားတစ်ခုကအပြန် နောက်ဖေးလမ်းကြားမှာ အမည်မသိသတ္တဝါကြီးတစ်ကောင်ရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရပြီး အဲ့ဒီသတ္တဝါကြီးက သူနဲ့တွေ့ခဲ့တဲ့အကြောင်းကို ဘယ်သူ့ကိုမှပြန်မပြောဖို့ကတိတောင်းပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။ အဲ့ဒီညမှာပဲ သူ့ဘ၀ကို ကံကောင်းခြင်းတွေယူဆောင်လာမယ့် မိန်းကလေးတစ်ယောက်နဲ့တွေ့ပြီး သူ့ဘ၀အကောင်းဘက်ကို ဦးတည်ပြောင်းလဲသွားခဲ့ပေမယ့် နောက်ဆယ်နှစ်အကြာမှာတော့..။
ဂန္ဓဝင် Horror ရုပ်ရှင်တွေထွက်ခဲ့တဲ့ ခေတ်ကာလကဆိုတော့ မကောင်းမှာမပူရတဲ့ genre ပရိသတ်တွေ လက်လွတ်မခံသင့်တဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။

ဇာတ်ကားလင့်
https://t.me/c/2222390798/153

Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1

image

ညောင်ရွှေနဲ့ ပင်လောင်းမြို့ရောက် စစ်ရှောင် ၂၀၀၀ကျော်ကို လာမယ့်မတ်လကုန်မှာ နေရပ်ကို အပြီးပြန်ခိုင်းထား

ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်ကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ၂၀၀၀ကျော်ကို လာမယ့်မတ်လကုန်မှာ နေရပ်ကို အပြီးပြန်ခိုင်းထားတယ်လို့ စစ်ဘေးရှောင်အရေးကူညီသူတွေထံကနေ သိရပါတယ်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့က ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူ၍ပြီး မိမိတို့ ကျေးရွာ၊ ရပ်ကွက်တွေမှာ ရောက်ရှိခိုလှုံနေတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခိုင်းဖို့ ညွှန်ကြားထားတာဖြစ်ပြီး အဲဒီကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက စစ်ဘေးရှောင်တွေနဲ့ ရပ်မိရပ်ဖတွေကို အစည်းအဝေးခေါ်ယူကာ ထပ်မံညွှန်ကြားလာတာဖြစ်တယ်လို့ သိရပါတယ်။

“ရပ်ကွက်ရုံးကိုခေါ်ပြီးတော့ ပြောလာတာပါ။ အများစုကတော့ ဒီကဘုန်းကြီးကျောင်းတွေမှာပဲ နေနေကြတာ။ နောက်နှစ် ၃လပိုင်းမကုန်ခင်မှာ အပြီးပြန်ဖို့ပြောလာတယ်။ ၄လလောက်တော့ အချိန်ရသေးတာပေါ့။ ကြားထဲမှာ တိုက်ပွဲပြန်မဖြစ်ဖို့ပဲ ဆုတောင်းရမယ်”လို့ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။

ညောင်ရွှေမြို့က မြို့မိမြို့ဖတယောက်က “ဒီကိုရောက်နေတာလည်း နှစ်နဲ့ချီကြာနေပြီ၊ ဟိုဖက်မှာလည်း တိုက်ပွဲတွေက ငြိမ်သက်နေပြီဆိုတော့ ကြားထဲမှာ အိမ်ပြန်နေဖို့ စီစဉ်ခိုင်းတဲ့ သဘောပါ။ တချို့ကလည်း ပြန်ဖို့စီစဉ်နေကြပါပြီ။ တချို့ကလည်ူ ဆရာတော်က ထပ်နေဖို့ ခွင့်တောင်းထားတယ်။ တချို့ကလည်း အိမ်တွေ အကုန်ပျက်ပြီး မီးရှို့ခံရတဲ့ အိမ်တွေလည်း နည်းတာမဟုတ်ဘူး။ အခုတောင် စားဖို့ မနည်းရုန်းကန်နေရတာလေ”လို့ ပြောပါတယ်။

လွိုင်ကော်မြို့မှာ “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် စစ်ဘေးရှောင်အချို့က ဘေးလွတ်ကင်းရာ အခြားမြို့တွေကို ပြောင်းရွှေ့နေထိုင်ခဲ့ရတာဖြစ်ပြီး တိမ်းရှောင်ဖို့ ခက်ခဲနေတဲ့ ပြည်သူတွေကသာ အဲဒီမြို့အနီးတဝိုက်ရှိ တောထဲမှာ တဲထိုးပြီး နေထိုင်နေရတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-Local

#centralnewsnaypyitaw

image
10 w - Translate

နာမည်ကြီး ထိပ်တန်းမင်းသမီးတွေကိုသာ ဖိတ်ကြားခဲ့တဲ့ ရွှေဆိုင်ဖွင့်ပွဲ
မန္တလေးမြို့က စိန်ရွှေရတနာဆိုင်ဖွင့်ပွဲသို့ နာမည်ကြီးအနုပညာရှင်တွေက တက်ရောက်ဖွင့်လှစ်ခဲ့ကြပါတယ်။ အဆိုပါ စိန်ရွှေရတနာဆိုင်ဟာ နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ ဝတ်မှုန်ရွှေရည် ၊ ဖွေးဖွေးနဲ့ မိုးဟေကိုတို့ကို ဖိတ်ကြားခဲ့ပြီး အောင်ရဲလင်းနဲ့ ထက်ထက်မိုးဦး၊ စိုးပြည့်သဇင်တို့လည်း ပါဝင်ခဲ့ကြပါတယ်။ အဆိုပါ အနုပညာရှင် အမျိုးသမီး ၃ ဦးဟာ လက်တလော ပရိသတ်တွေကြားနာမည်ကျော်ကြားနေတဲ့ အနုပညာရှင်တွေပဲဖြစ်ကြပါတယ်။

image

သာဂရမြို့ဟောင်းနေရာမှာ မြေကွက်ရိုက်ရောင်းစားဖို့လုပ်နေသူတွေကို အရေးယူနိုင်ခြင်းမရှိသေး

ဖေဖော်ဝါရီ ၁၉

တနင်္သာရီတိုင်း ၊ လောင်းလုံမြို့နယ်ရှိ ရှေးဟောင်းယဥ်ကျေးမှုဇုန်ဖြစ်တဲ့ သာဂရမြို့ဟောင်းကို မြေကွက်ရိုက်ရောင်းစားဖို့အတွက် စက်ယန္တရားတွေသုံးပြီး မြို့ရိုးကို ဖြိုချနေသူတွေကို ဒီနေ့အထိ အရေးယူနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။

သာဂရမြို့ဟောင်းမှာရှိတဲ့ မြို့ရိုးကိုဖြိုချပြီး ကျုံးထဲကို မြေသားဖို့ခြင်းတွေပြုလုပ်ကာ မြေကွက်ရိုက်ရောင်းချဖို့ လုပ်ဆောင်နေကြတာဖြစ်ကြောင်း ၊ မြို့ဟောင်းကိုဖျက်ဆီးနေသူတွေကို ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တခုက အကာအကွယ်ယူပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာဂရမြို့ဟောင်း ဖျက်ဆီးခံနေရတဲ့ကိစ္စမှာ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့ ပါဝင်နေတာကြောင့် ဒေသခံပြည်သူတွေမှာ တားဆီးခြင်း မလုပ်နိုင်သလို အခြားသော ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း သာဂရမြို့ဟောင်းဖျက်ဆီးမှုကျူးလွန်နေသူတွေကို တားဆီခြင်း၊ အရေးယူခြင်းတွေမရှိဘူးလို့ သိရပါတယ်။

"အခုဖြစ်နေတဲ့အခြေအနေက စိတ်မကောင်းတာတခုကလွဲလို့ ကျွန်တော်ဆို့ ဒေသခံတွေ ဘာမှမလုပ်ပေးနိုင်ဘူး။ ဘုရားအဟောင်းနေရာတွေဖျက်စီးပြီးမြေဖို့ အကွက်ရိုက်လုပ်နေတာမြင်ရင် ပိုရင်နာမိတယ်။ သာဂရမြို့ဟောင်းရွာအထွက်နားမှာ သမိုင်းဝင်ကန်အိုင်လဲ တဝက်ကျော်ကျော်လောက်ကမြေ ဖို့ထားပြီးပြီ။အခုသာဂရမြို့ဟောင်းထဲက ကျုံးကိုမြေဖို့ပြီး အကွက်ရိုက်ရောင်းဖို့လုပ်နေကြတာ။ ဝယ်တဲ့သူတွေကလည်းဝယ်ကြတာပဲ။ဗထူးထပ်က လုပ်နေတဲ့သဘောရှိတယ်။ သူတို့ကတော့မသိဘူး မလုပ်ဘူးငြင်းနေတာပဲ။ လက်နက်ကိုင်ကလုပ်နေတော့ ရွာသားကမပြောရဲဘူး။ ကျန်တဲ့လက်နက်ကိုင်တွေကလည်း အရေးမယူကြဘူးဆိုတော့ လုပ်ချင်တိုင်းလုပ်နေကြတာ။ ဘောလုံးကွင်းလည်း အကွက်ရိုက်ရောင်းစားပြီးပြီ"လို့ ဒေသခံကပြောပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ သာဂရမြို့ဟောင်း အတွင်း မြေတူးဖော် စက်နှစ်ခုသုံးပြီး မြေတူးနေမှုကို ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တခုက လုံခြုံရေးရယူပေးပြီး ဆောင်ရွက်နေတာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ လုံခြုံရေးပေးနေတဲ့အဖွဲ့ကတော့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဗထူးတပ်ဖြစ်ကြောင်းနဲ့ ဗထူးတပ်အနေနဲ့ မြို့ဟောင်းဖျက်ဆီးနေမှုကို ရပ်တန့်ပေးဖို့ NUG ရဲ့တနင်္သာရီ PDF အဖွဲ့က သတိပေးထားပြီး ရပ်တန့်မှုမရှိပါက ပြင်းထန်စွာ အရေးယူမယ်လို့ စာထုတ်သတိပေးထားပေမယ့် ဒီနေ့အထိ အရေးယူမှုတစုံတရာမရှိသေးပါဘူး။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)ကလည်း သာဂရမြို့ဟောင်း ဖျက်ဆီးခံရမှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ သုတေသနပညာရှင်၊ နယ်မြေခံလက်နက်ကိုင်တပ်တွေနဲ့အတူ သာဂရမြို့ဟောင်းကို ကွင်းဆင်းလေ့လာခွင့်ရပါက လေ့လာသွားမယ်ဆိုပြီး ထုတ်ပြန်ပြောဆိုထားပါတယ်။

သာဂရမြို့ဟောင်းကို ဖျက်ဆီးပြီး မြေကွက်ရိုက်ရောင်းချဖို့လုပ်ဆောင်နေမှုမှာ ဗထူးတပ်ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ပြောဆိုချက်ကိုတော့ ဗထူးတပ်ဘက်က သူတို့မပါဝင်ကြောင်း ငြင်းဆိုထားပါတယ်။

သာဂရမြို့ဟောင်းက နှစ်ပေါင်း ၁၂၀၀ ကျော်သက်တမ်းရှိတဲ့ ရှေးဟောင်းအမွေအနှစ်လည်းဖြစ်ပြီး မြို့ဟောင်းကို ဖျက်ဆီးမှုကနေကာကွယ်နိုင်ရန် ၂၀၁၂ ခုနှစ်မှာ ကာကွယ်ရေးဇုန်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

သာဂရမြို့ဟောင်း ဖျက်ဆီးခံနေရတဲ့အပေါ် ရှေးဟောင်းသုတေသနပညာရှင်က " တန်ဖိုးမဖြတ်နိုင်တဲ့ ယဥ်ကျေးမှုအမွေအနှစ်တွေကို ဖျက်ဆီးတာကို တားဆီးရမှာပါ။ဘယ်အဖွဲ့နေနေ လူပုဂ္ဂိုလ်တဦးတယောက်ကဖြစ်စေ ဘယ်သူလုပ်လုပ်တားရမှာပါ။ဒါက နိုင်ငံရဲ့ယဥ်ကျေးမှုအနှစ်ပြယုဒ်တွေပါ။ မတော်တဆကြောင့် ပျက်စီးသွားတာနဲ့ ရည်ရွယ်ချက်ရှိရှိဖျက်ဆီးခံရတာမတူပါဘူး။ဖျက်ဆီးနေသူတွေကို ထိထိရောက်ရောက်အရေးယူပေးဖို့ ပြောချင်ပါတယ်။စစ်ဖြစ်ရင်တောင် ရှေးဟောင်းဇုန်နေရာတွေကို ရှောင်ရမှာပါ။ " လို့ ပြောပါတယ်။

သာဂရမြို့ဟောင်းမှာ မြို့ရိုး ၃ ထပ်ပါရှိပြီး ဝိုင်းဝန်း ပုံသဏ္ဌာန်ရှိကာ မြို့ဟောင်းရာများနှင့် ကျုံဟောင်းရာများ ထင်ရှားစွာကျန်ရှိတဲ့ မြို့ဟောင်းတမြို့ ဖြစ်သလို မြို့ရိုးမှာ အရှေ့အနောက် ၁ မိုင် နီးပါးရှိပြီး တောင်မြောက် မိုင်ဝက်ကျော်ခန့် ရှိကြောင်း၊ အပြင်ဘက်မြို့ရိုးအဝိုင်းရဲ့ အလယ်ပတ်လည်မှာ ၂ မိုင်ခွဲ့ခန့်ရှိပြီး မြို့ဧရိယာမှာ ၂၆၀ ဧကခန့်၊ အတွင်းမြို့ရိုးဧရိယာမှာ ၁၃၀ ဧကခန့် ရှိတယ်လို့ သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနရဲ့ အချက်အလက်အရ သိရပါတယ်။

Photo - CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
10 w - Translate

#tattooideas

image