10 w - Translate

alpha gameplay
alpha ကဘာလို့ခုချိန်ထိ Jungle မှာကြမ်းနေရတာလဲ ဘာလို့ Tank တွေရော ‌Assasin တွေကိုပါယှဉ်ချနိုင်ရတာလဲ

10 w - Translate

#minintattoo

image
10 w - Translate

#minintattoo

image
10 w - Translate

#minintattoo

image
10 w - Translate

#minintattoo

image
10 w - Translate

#minintattoo

image
image
image
image

အစားအစာတိုင်းက အာဟာရဖြစ်ရုံ သက် သက် မဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွက် ကျန်းမာရေး အကျိုး ကျေးဇူးတွေ အများကြီးရစေတာပါ။ အခုတစ်ခေါက်လည်း အစားအစာတစ်ခုဖြစ်တဲ့ ရဲယို က ဘယ်လိုမျိုး ကျန်းမာရေးကို အထောက် အကူပြုပေးနေသလဲ ဆိုတာကို PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ရဲယိုရွက်ကို ဟင်းထုတ်လုပ်စားတာ၊ ငါးနဲ့ရောပြီး စင်းကောချက်တာမျိုး စားလို့ရသလို ရဲယိုသီးကိုလည်း ဖျော်ရည်လုပ်သောက်လို့ ရပါတယ်။ ရဲယိုပင်က တစ်ပင်လုံးနီးပါး ဆေးဖက်ဝင်တာပါ။

ရဲယို က ဘယ်လိုများဆေးဖက်ဝင်တာလဲ

ရဲယိုသီးရော ရဲယိုရွက်ကပါ ကျန်းမာရေးအကျိုးကျေးဇူး တော်တော်လေးများပါတယ်။ သက်ကြီးရွယ်အိုတွေအတွက် အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပေါ့။ ရဲယိုပင်က ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး ပစိဖိတ်ကျွန်းတွေ၊ အရှေ့ တောင်အာရှ၊ သြစတြေးလျ နဲ့ အိန္ဒိယနိုင်ငံတို့မှာ ပေါက်ရောက်ကြပါတယ်။ အမြဲစိမ်း အပင်ငယ်တစ်မျိုးပါ။ ရှေးယခင်ကာလတွေကတည်းက အရေပြားအတွက်ဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ အသီးနဲ့ အရွက်တင် မကပါဘူး။ အပွင့်၊ အခေါက်၊ ပင်စည်နဲ့ အမြစ်တွေကလည်း ဆေးဖက်ဝင်ပါသေးတယ်။

ရဲယို မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ

ရဲယိုရွက်၊ ရဲယိုသီးတို့မှာ ပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓါတ်၊ ဗီတာမင် A၊ ဗီတာမင် C နဲ့သွေးတိုးကျစေနိုင်တဲ့ ပိုတက်ဆီယမ်တို့ပါဝင်ပါတယ်။ ဒါတွေအပြင် ကင်ဆာ နဲ့ နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ဖလေဗာနွိုက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါဝင်နေပါသေးတယ်။ အစာလည်းဆေး၊ ဆေးလည်း အစာလို့ ပြောလို့ရအောင်ကို အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ စားစရာတစ်မျိုးပါ။ အဝင်တော့ နည်းနည်းလေးဆိုးပါတယ်။

ရဲယိုက ဒီလိုအသုံးဝင်ပါတယ်

၁။ အကိုက်အခဲပျောက်စေတယ်

ရဲယို ပင်ကို ခေါင်းကိုက်ပျောက်ပင်၊ အကိုက်အခဲပျောက်ပင်လို့တောင် ခေါ်ကြတာမျိုးရှိပါတယ်။ လေ့လာမှုတွေအရ ရဲယိုပင်က အကိုက်အခဲပျောက်စေနိုင်ပြီးလေးဖက်နာဝေဒနာနဲ့ အခြားအဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။

၂။ ကိုယ်ခံအားကောင်းစေတယ်

ကိုယ်ခံအားကောင်းစေဖို့ အထောက်အကူပြုပေးပါတယ်။ ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ပေးသလို တုပ်ကွေးလိုမျိုး ကူးစက်တတ်တဲ့ ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

၃။ အိပ်ပျော်စေတယ်

ရဲယိုသီး နဲ့ ရဲယိုရွက်က ဆီရိုတိုနင်ဟော်မုန်းနဲ့ မယ်လ်လာတိုနင်ဟော်မုန်းတွေကို လှုံ့ဆော်ပေးပါတယ်။ စိတ်ခံစားမှု ကောင်းမွန်စေပြီး စိတ်ဓာတ်မကျစေဖို့နဲ့ အိပ်ပျော်စေဖို့အတွက် အရေးပါတဲ့ဟော်မုန်းတွေကို လှုံ့ဆော်ပေးမှတော့ စိတ်ဓာတ်ကျမှာ၊ အိပ်မပျော်မှာကို ပူစရာမလိုတော့ဘူးပေါ့။

၄။ အရေပြားနဲ့ ဆံသားကို ကျန်းမာစေနိုင်တယ်

ရဲယိုရွက်နဲ့ ရဲယို သီးမှာပါတဲ့ ဂုဏ်သတ္တိတွေက အသားအရေကို နုပျိုစေပြီး ဆံသားကို သန် စွမ်းစေနိုင်သလို ခြေသည်းလက်သည်းတွေကိုပါ ကျန်းမာစေနိုင်တာပါ။

၅။ ကင်ဆာကာကွယ်ပေးနိုင်တယ်

ရဲယို ရွက် နဲ့ ရဲယိုသီးတွေက နိုက်ထရစ်အောက်ဆိုဒ် ထွက်ရှိအောင် လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။ ခန္ဓာကိုယ်က ကင်ဆာဆဲလ်တွေကို တုံ့ပြန်တိုက်ခိုက်နိုင်အောင်လုပ်ဆောင်ပေးသလို ကင်ဆာကျိတ်တွေ ကြီးမလာအောင်လည်း ဟန့်တားပေးနိုင်ပါတယ်။

၆။ သွေးတိုးကျစေနိုင်တယ်

Phytonutrients ပါဝင်နေသလို ဗီတာမင် C နဲ့ ဆီလီနီယမ်တို့ ပါဝင်နေတာကြောင့် သွေး ကြောနံရံတွေကို Free Radicalတွေကြောင့် ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။ ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးတိုးကျစေနိုင်ပါတယ်။ နောက်ထပ်အာနိသင်တစ်ခုက သွေးကြောတွေကို ပြေလျော့စေတာပါ။

၇။ သွေတွင်းကိုလက်စထရောကျဆင်းစေနိုင်စေတယ်

သွေးတွင်းက အကျိုးမပြုတဲ့ကိုလက်စထရောတွေကို ကျဆင်းစေပြီး သွေးကြောထဲမှာ အဆီတွေစုပုံတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

၈။ မှတ်ဉာဏ်ကောင်းစေနိုင်တယ်

သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး သွေးကြောတွေထဲမှာ သွေးစီးဆင်းမှုကောင်းစေနိုင်တာကြောင့် ဦးနှောက်ထဲကို သွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေပြီး ဦးနှောက်ကို ကျန်းမာစေနိုင်သလို မှတ်ဉာဏ်လည်း ပိုကောင်းစေနိုင်ပါတယ်။

၉။ ဝမ်းမှန်စေနိုင်တယ်

ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်နေတာကြောင့် အူတွေအတွင်းမှာ စီးဆင်းမှုကို ကောင်းမွန်စေနိုင်ပြီး ဝမ်းမှန်စေနိုင်ပါတယ်။ အူလမ်းကြောင်းကျန်းမာဖို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုထောက်ပံ့ပေးပါသေးတယ်။

ဒါတွေအပြင် ရဲယို ပင်ရဲ့ အစိတ်အပိုင်းတွေမှာပါတဲ့ ဓာတ်တွေက ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုပေးတာပါ။ လေနာရောဂါ၊ အတက်ရောဂါတွေကို သက်သာစေနိုင်သလို ချောင်းဆိုးပျောက်စေပါတယ်။ ဆီးချိုအတွက် အသုံးတည့်သလို ဆီးသွားရင် နာကျင်တာ၊ အဖြူဆင်းတာ နဲ့ မအီမသာဖြစ်တာတွေအတွက်လည်း အသုံးတည့်ပါတယ်။

အမျိုးသမီးတွေမှာ ရာသီသွေး မှန်စေနိုင်သလို သွေးမဆုံးခင် ခံစားရနိုင်တဲ့ အကြိုလက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ အတွင်းတိမ်မဖြစ်အာင် ကာကွယ်ဖို့ ကင်ဆာကာကွယ်ဖို့နဲ့ လေမဖြတ်အောင် ကာကွယ်ဖို့အတွက်လည်း အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။ခေါင်းတစ်ခြမ်းကိုက်တာအတွက်လည်း စားသုံးပေးလို့ရပါတယ်။

image
10 w - Translate

“မက်ဆီကို ခေါ်ယူဖို့က မဖြစ်နိုင်တော့ပါဘူး၊ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာပဲ သူ့ရဲ့ ကစားသမားဘ၀ကလည်း ပြီးသွားပါပြီ၊ အခု သူက ပျော်ရွှင်မှုအတွက် ကစားနေတာပါ၊ ဘာကိုမှလည်း သူ ဂရုမစိုက်တော့ဘူး၊ ဘောလုံးမှာ သူ ချန်ထားရစ်စရာလည်း မရှိတော့ပါဘူး၊ အခု မက်ဆီက မစ်ရှင်အသစ်တွေနဲ့ပါ၊ သူနဲ့အတူ ကစားနေတဲ့သူတွေကို အောင်မြင်အောင် ကူညီနေတာပါ၊ ဘောလုံးသင်ခန်းစာတွေ ပို့ချနေပြီး အသင်းကို ကူညီပေးနေတာပါ၊ ကျနော်ကိုင်တွယ်ခဲ့ဖူးတဲ့ အကောင်းဆုံးကစားသမားဖြစ်ပြီး ကျနော့်ကိုလည်း နာမည်ကျော်စေခဲ့တာပါ”

- ဂွါဒီယိုလာ

image
10 w - Translate

#tattooideas

image
10 w - Translate

#tattooideas

image