Nvidia ရဲ့ ကမ္ဘာ့ အသေးဆုံး AI စူပါကွန်ပြူတာ လာပြီ
===============================
Nvidia က Consumer Electronics Show (CES) 2025 မှာ Project DIGITS အမည်ရ ကမ္ဘာ့ အသေးဆုံး AI စူပါကွန်ပြူတာကို ပြသလိုက်ပါတယ်။ ဒီဇိုင်းက Apple Mac Mini နဲ့ တူညီပြီး ဒေါ်လာ ၃,၀၀၀ သတ်မှတ်ထားပါတယ်။
AI စူပါကွန်ပြူတာဟာ 200 Billion AI Model တွေကို Run နိုင်ပါတယ်။ AI ဝါသနာရှင်တွေ၊ AI Researcher တွေနဲ့ ဒေတာ Scientist တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Project Digits မှာ AI Model တွေကို ဖန်တီးနိုင်၊ စမ်းသပ်နိုင်ပြီး Cloud Server ကို တင်နိုင်ပါတယ်။
လက်ဖဝါး အရွယ်လောက်ပဲ ရှိပြီး တော်တော် သေးပေမယ့် GB10 Superchip ပါတဲ့အတွက် AI စွမ်းရည် တော်တော်မြင့်မားပါတယ်။ 128GB Memory နဲ့ 4TB Storage ထည့်သွင်းထားပါတယ်။
Nvidia က AI စူပါကွန်ပြူတာကို ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။


