ကျောင်းဆင်းချိန်မှာတောင် ကေ-လးတွေကို စိတ်မချရတော့ပါဘူး (ရန်ကုန် ကန်တော်လေးမှာ ဖြစ်သွားတာပါ)
စာသင်အိမ်က အသိတူလေး အသက် (၁၁) နှစ် ကန်တော်လေးမှာ ကျောင်းအပြန်ကြိုလာတာ ဘေးမှာသူ့အဒေါ်လည်းပါတယ်။ အဒေါ်ကဖုန်းကြည့်ရင်း လျှောက်လာတာ ဆိုင်ကယ်နဲ့လာပြီး ကေ-လးကို အပ်နဲ့ထ-ိုးပြီးခေါ်သွားတာ အော်ချိန်တောင်မရဘူးတဲ့။
ပြီးတော့မှ ကေ-လးဖုန်းနဲ့ဆက်ပြီး ငွေဆယ်သိန်းတောင်းတာတဲ့၊ ယုဇနပလာဇာနားချိန်းပြီး လာရွေးခိုင်းတာ လူအများကြီးခေါ်လာတာတွေ့တော့ ကေ-လးကို ပြန်မပေးဘူးဖုန်းဆက်ပြောတာ၊ နောက်အဖေ တယောက်တည်း လာခဲ့မယ်။ ပိုက်ဆံပေးပါမယ်ပြောမှ ထည့်ပေးတာတဲ့။
ကေ-လးက ကြီးကြီးမားမား ဘာမှမဖြစ်ပေမယ့် အရမ်းကြောက်ပြီး အိမ်ထဲက အိမ်ပြင်မထွက်ရဲတော့ဘူး မိဘတွေသတိထားနိုင်ဖို့ပါရှင်။ (ကေ-လးအမည်နဲ့ ဓာတ်ပုံတွေကိုတော့ လုံခြုံရေးအရ မဖော်ပြထားပါဘူး)
