10 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◾️အမြန်လမ်း၌ ၂၀၂၄ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၀၄ မှုဖြစ်၊ ၅၁ ဦးသေဆုံး
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၀၄ မှုဖြစ်ပွားကာ ၅၁ ဦးသေဆုံးပြီး ခရီးသည် ၃၀၀ နီးပါးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှသိရသည်။
“ဖြစ်တဲ့နေရာကတော့ တသတ်မတ်တည်းမရှိဘူး။ နေရာတော်တော်များများပဲ။ အများစုကဘီးပေါက်ပြီး အရှိန်လွန်တာနဲ့ယာဉ်မောင်းအိပ်ငိုက်တာရယ်အဖြစ်များတာပါ။ နှစ်ချုပ်ဆိုတော့ ကျား/မ အရေအတွက် အသေးစိတ်မသိရဘူး။ သေတာတော့ ၅၁ ဦးပါ” ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုနှစ်ဇန်နဝါရီလတွင်လည်း အမြန်လမ်း၌ယာဉ်မတော်တဆမှုကြောင့် လေးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၄၄ ဦးရှိကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့၏မှတ်တမ်းများအရသိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းသည် မိုင်ပေါင်း ၃၅၈ မိုင်တစ်ဖာလုံခန့်ရှိပြီး လမ်းတစ်လျှောက်တွင် မီးသတ်စခန်းပေါင်း ၁၅ ခုခန့်ထားရှိကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

image
10 ပတ် - ဘာသာပြန်ပါ။

လန်ချန်း-မဲခေါင် ယဉ်ကျေးမှုအစီအစဉ်ကို ပုဂံဒေသတွင် ပြုလုပ်မည်
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ ၂၀၂၄ အစီအစဉ်အရ လန်ချန်း-မဲခေါင် ယဉ်ကျေးမှု အစီအစဉ် ၂၀၂၄ ကို မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်အထိ ၇ ရက်ကြာ ကျင်းပ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ အခမ်းအနားကျင်းပနေစဉ်ကာလဖြစ်သော ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပုဂံရှေးဟောင်းသုတေသန ပြတိုက်၌ ပန်းချီပြပွဲကို ထည့်သွင်းကျင်းပမှာဖြစ်သလို အနုပညာ ကူးလူးဖလှယ်မှု အစီအစဉ်များတွင် မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် စသည့်နိုင်ငံများမှ အနုပညာရှင်များပါ ပါဝင်ကြဆင်နွှဲကြမှာဖြစ်ပါတယ်။

အဆိုပါပြပွဲ၌ မြန်မာနိုင်ငံမှ အနုပညာရှင် ၁၂ ဦးရဲ့ အနုပညာလက်ရာများ အပြင် တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်း စသည့်နိုင်ငံတို့မှ အနုပညာလက်ရာ လေးခုစီ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ အနုပညာလက်ရာ နှစ်ခုစီ ပါဝင်ပြသမှာဖြစ်ပါတယ်။

image
10 ပတ် - ဘာသာပြန်ပါ။

တပည့်ဖြစ်သူ မီမီအိအိအောင်ထွန်းရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကား "မေတ္တာအမွေ ပုဂံမြေ" ရုံတင်ပြသမှုအပေါ် ဝမ်းသာမျက်ရည်ကျခဲ့ရတဲ့ ထူးအံ့လွင်...

image
10 ပတ် - ဘာသာပြန်ပါ။

တပည့်ဖြစ်သူ မီမီအိအိအောင်ထွန်းရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကား "မေတ္တာအမွေ ပုဂံမြေ" ရုံတင်ပြသမှုအပေါ် ဝမ်းသာမျက်ရည်ကျခဲ့ရတဲ့ ထူးအံ့လွင်...

image
10 ပတ် - ဘာသာပြန်ပါ။

တပည့်ဖြစ်သူ မီမီအိအိအောင်ထွန်းရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကား "မေတ္တာအမွေ ပုဂံမြေ" ရုံတင်ပြသမှုအပေါ် ဝမ်းသာမျက်ရည်ကျခဲ့ရတဲ့ ထူးအံ့လွင်...

image
10 ပတ် - ဘာသာပြန်ပါ။

တပည့်ဖြစ်သူ မီမီအိအိအောင်ထွန်းရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကား "မေတ္တာအမွေ ပုဂံမြေ" ရုံတင်ပြသမှုအပေါ် ဝမ်းသာမျက်ရည်ကျခဲ့ရတဲ့ ထူးအံ့လွင်...

image
image
image
10 ပတ် - ဘာသာပြန်ပါ။

ပုဂ္ဂလိကလုံခြုံရေးဥပေဒသစ်မှာ လုံခြုံရေးကုမ္ပဏီတွေ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့် ပါဝင်လာ

ဖေဖော်ဝါရီ ၁၉

ပုဂ္ဂလိကလုံခြုံရေးဥပဒေကို မနေ့ကဖေဖော်ဝါရီ ၁၈ ရက်မှာ နစကမှပြဋ္ဌာန်းလိုက်ပြီး အဆိုပါဥပဒေအရ ပုဂ္ဂလိကလုံခြုံရေးလုပ်ငန်းတွေမှာ လက်နက်ကို်ငဆောင်ခွင့်အတွက် လျှောက်ထားခွင့်ပြုချက်ရယူနိုင်တဲ့ အချက်လည်း ပါဝင်လာပါတယ်။

ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ လိုအပ်ချက်အရ လက်နက်၊ ခဲယမ်း ကိုင်ဆောင်ခွင့် လျှောက်ထားလာပါက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို တင်ပြပြီး သဘောထားရယူပြီး ဆောင်ရွက်ပေးမယ်လို့ ဥပဒေမှာထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

လိုင်စင်ရရှိသူဟာ လုပ်ငန်းလိုအပ်ချက်အရလက်နက်ခဲယမ်းကိုင်ဆောင်တဲ့အခါ လက်နက်ခဲယမ်းနဲ့ဆက်စပ်ပစ္စည်းတွေကို လက်နက်ဥပဒေ၊လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ ၊တည်ဆဲဥပဒေနဲ့အညီကိုင်ဆောင်ရမယ်လို့ဆို ပါတယ်။

လုံခြုံရေး ၁၀ ယောက်အထက် ခန့်မယ်ဆိုရင် လိုင်စင်လျှောက်ထားရမယ်လို့ ဥပဒေက ဆိုပါတယ်။ဒါကြောင့် ကိုယ်ပိုင်လုပ်ငန်း ဒါမှမဟုတ် လုပ်ငန်းခွဲအတွက် လုံခြုံရေး ၁၀ ယောက် ထက် ပိုပြီး ခန့်ထားတဲ့လုပ်ငန်းရှင်တွေအနေနဲ့ ဥပဒေပြဋ္ဌာန်းတဲ့ နေ့ကစပြီး ၆ လအတွင်း သတ်မှတ်ချက်နဲ့အညီ ခွင့်ပြုမိန့် လျှောက် ထားရမှာ ဖြစ်သလို ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့လည်း ဥပဒေပြဋ္ဌာန်းတဲ့ နေ့မှစပြီး ၆ လအတွင်း သက်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးကော်မတီကို ခွင့်ပြုမိန့်လိုင်စင်လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

" လုံခြုံရေး ၁၀ ယောက်ထက်ပိုရင် လိုင်စင်လျှောက်ရမယ်ဆိုတော့ အဓိက တကယ့် ဟိုတယ်ကြီးတွေနဲ့လုပ်ငန်းကြီးသမားတွေပဲ လျှောက်ရမယ်ထင်တယ်။ ကျန်တဲ့လုပ်ငန်းတွေကတော့ သိရသလောက် လုံခြုံရေးအများကြီးခန့်တာ သိပ်မရှိဘူးထင်တယ်။Security service တွေကိုတော့ လိုအပ်ရင်လက်နက်ပါကိုင်ခွင့်ပြုမယ်ဆိုပြီး လည်းတွေ့ရတယ်။ဥပဒေခုမှပြဋ္ဌာန်းတာဆိုတော့ ဘယ်လိုတွေလုပ်ကြအုံးမလဲဆိုတာတော့ စောင့်ကြည့်ရအုံးမှာပါ။ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်ပေးတဲ့ ကုမ္ပဏီကတော့လိုင်စင်လျှောက်ရမှာပေါ့။security service ပေးနေတဲ့လုပ်ငန်းတွေတော်တော်များများရှိပါတယ်" လို့ လုပ်ငန်းရှင်ကသုံးသပ်ပြောပါတယ်။

ကော်မတီရဲ့ ခွင့်ပြုမိန့်လိုင်စင် မရှိဘဲ ကိုယ်ပိုင်လုပ်ငန်း နဲ့ လုပ်ငန်းခွဲအတွက် လုံခြုံရေးဝန်ထမ်း ၁၀ ယောက်ထက် ပိုပြီး ခန့်ထားပါက တနှစ်ထက် မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ် ကျပ်သိန်း တရာမှ ကျပ်သိန်း ငါးရာအထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းကိုလည်း လိုင်စင်မရှိဘဲ လုပ်ကိုင်ပါက အနည်းဆုံး တနှစ်ကနေ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ်ချမှတ်ခံရမယ့်အပြင် ငွေဒဏ် ကျပ်သိန်းတရာ အထိလည်း ချမှတ်ခံရမှာ ဖြစ်ကြောင်း၊ တကယ်လို့ ကုမ္ပဏီ ဒါမှမဟုတ် အဖွဲ့အစည်း ဖြစ်ခဲ့ရင် ငွေဒဏ် အနည်းဆုံး ကျပ်သိန်းတထောင် ကနေ အများဆုံး ကျပ်သိန်း သုံးထောင်ထိ ချမှတ်ခံရမှာ ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

" ဒီဥပဒေအရဆိုရင် security service လုပ်တဲ့ ပြည်တွင်း ပြည်ပကုမ္ပဏီအကုန်လုံး လက်နက်ကိုင်ခွင့်ရမယ့်သဘောပါ။"လို့ ရန်ကုန်က လုပ်ငန်းရှင်တယောက် သုံးသပ်ပါတယ်။

ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းအာမခံအဖြစ် မြန်မာ့စီးပွားရေးဘဏ်မှာ အနည်းဆုံး ကျပ်သိန်းတထောင်၊ နိုင်ငံခြားကုမ္ပဏီဆိုရင် ကျပ်သိန်း ၁၀၀၀ နဲ့ ညီမျှတဲ့ နိုင်ငံခြားငွေကို စာရင်းသေအပ်ငွေအဖြစ် အပ်နှံထားရှိရမှာဖြစ်တယ်လို့လည်းသိရပါတယ်။

လိုင်စင်ရရှိသူဟာ နိုင်ငံခြားကုမ္ပဏီဖြစ်ပါက ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းခန့်ထားရာမှာ မြန်မာနိုင်ငံသား အနည်းဆုံး ၇၅ ရာခိုင်နှုန်း ခန့်ထားရမယ်လို့လည်း ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

Photo - Excel security service

#centralnewsnaypyitaw

image

နာဂဒေသကို KIA မနှောင့်ယှက်ဖို့ ပြောထားဟု NSCN-K/AM ပြော

ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ကချင်လွတ်လပ်‌ရေးတပ်မတော်(KIA) မဝင်ရောက် လာရေးနှင့် မနှောင့်ယှက်ရန် ပြောထားသည်ဟု နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/ AM)အဖွဲ့က စာပို့၍ ပြောကြားထားကြောင်း သိရသည်။

NSCN-K/AM အဖွဲ့သည် တည်ငြိမ်နေသော နာဂဒေသကို ဆက်လက်၍ တည်ငြိမ်အေးချမ်းစေရန် ထိန်းသိမ်းလျက် ရှိသလို ဖွံ့ဖြိုးမှု နိမ့်ကျနေခြင်းကိုလည်း ပြန်လည်ကုစားနိုင်ရေးအတွက် မြန်မာ့တပ်မတော်၊ အိန္ဒိယအစိုးရ တို့ဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသည်ဟု NSCN-K/AM မှ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ဥက္ကဋ္ဌ ဦးချင်းအောင်က ပြောသည်။

ဦးချင်းအောင်က “ ဟုတ်ကဲ့ပါ ကျနော်တို့ကတော့ ဘာပဲဖြစ်ဖြစ် လောလောဆယ်ကတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျနော်တို့ဒေသမှာ အခု အဖွဲ့အစည်း အများကြီး ရှိနေတဲ့အတွက်ကြောင့်မလို့ သူတို့ အဖွဲ့တွေနဲ့ လည်း ကျနော်တို့ ချိတ်ဆက်နေတယ်။ ကျနော်တို့ KIA ဘာညာကိုလည်း ချိတ်ဆက်ထားတယ်။ သူတို့ကိုလည်းပဲ ကျနော်တို့ကတော့ နာဂဒေသကို လုံးဝ အနှောင့်အယှက်မပေးပါနဲ့ဆိုတဲ့ အတိုင်းအတာကို ကျနော်တို့ ချိတ်ဆက် နေတာရှိတယ်”ဟု ပြောသည်။

NSCN-K/AM သည် KIA ကို စာပို့၍ နာဂဒေသကို မဝင်ရောက်လာရန်နှင့် တည်ငြိမ်မှုပျက်ပြားအောင် မလုပ်ရန် ပြောကြားထားသော်လည်း လူချင်းတွေ့ဆုံ ဆွေးနွေးမှု မလုပ်ရသေးကြောင်း၊ KIA ဘက်ကလည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားမှုမရှိသေးကြောင်း သိရသည်။

KIA သည် နာဂဒေသနှင့် ခန္တီးမြို့နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားလျက်ရှိပြီး ၂၀၂၁ ခုနှစ်၊ မေလ ၂၂ ရက် ခန္တီးမြို့နယ် နမ်စီမွန်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။

နာဂဒေသနှင့် ခန္တီးမြို့နယ်အတွင်းမှာ KIA က စစ်သင်တန်းပေး၍ လက်နက်ခဲယမ်း ထောက်ပံ့ပေးထားသော နာဂ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF)နှင့် အရှေ့နာဂကာကွယ်ရေးတပ်မတော်(ENDA/ENNO)တို့ လှုပ်ရှားကာ တိုက်ပွဲများ ဖော်ဆောင်လျက်ရှိသည်။

ထို့အပြင် နာဂဒေသတွင် NSCN-K/AM ၊ ယုံးအောင်ဦးဆောင်သည့် NSCN-K/YA၊ အိုက်ဇက်ချီရှီဆူနှင့် ဗွီဗား ဦးဆောင်သည့် NSCN-IM၊ ဟန်ရှီရမ်ဆန် ဦးဆောင်သည့် NSCN-HS တို့လည်း အခြေစိုက် လှုပ်ရှားလျက်ရှိသည်။

နာဂဒေကို အေးချမ်းသည့်၊ ငြိမ်းချမ်းသည့် ဒေသအဖြစ် အမြဲထိန်းသိမ်းထားရန် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ် ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့မှာ ကျင်းပခဲ့သည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်စဉ် ပြောကြားထားသည်။

ပုံ - NSCN-K/AM အဖွဲ့ကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image
10 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
10 ပတ် - ဘာသာပြန်ပါ။

#tattooideas

image