ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား ၁၁၂ နှစ်မှာ ကွယ်လွန်

နိုဝင်ဘာ၂၇

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားဟာ အသက် ၁၁၂ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သူ့ရဲ့ မိသားစုက အတည်ပြုထုတ်ပြန်ပါတယ်။

ဂျွန်အဲလ်ဖရက်တင်နစ်၀ုဒ်ဟာ သူနေထိုင်ရာ ဆောက်ပို့ရှိ သက်ကြီးစောင့်ရှောက်ရေးဂေဟာမှာ ကွယ်လွန်ခဲ့တာလို့ မိသားစုကဆိုပါတယ်။ သူဟာ အသက် ၁၁၄ နှစ်အရွယ် ဂျူအန်ဗီဆန်တီပီရက်ဇ်မိုရာ ကွယ်လွန်ပြီးနောက် ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားအဖြစ် ဂင်းနစ်စံချိန်အဖွဲ့ ဧပြီလမှာ သတ်မှတ်ခဲ့ပါတယ်။

လီဗာပူး ဘောလုံးပရိတ်သတ်ဖြစ်တဲ့ မစ္စတာတင်နက်စ်၀ုဒ်ရဲ့ နောက်ဆုံးနေ့ရက်တွေကတော့ ဂီတနဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ လွှမ်းခြံဖြတ်ကျော်ခဲ့တယ်လို့ မိသားစုကပြောပါတယ်။ တိုက်တန်းနစ်သင်္ဘောနစ်မြုပ်ခဲ့တဲ့နှစ် ၁၉၁၂ ခုနှစ် ဩဂုတ် ၂၆ ရက်မှာ မွေးဖွားခဲ့တဲ့ သူဟာ ၂၀၂၀ ခုနှစ်မှာ ဗြိတိန်ရဲ့ အသက်အကြီးဆုံးအမျိုးသားဖြစ်လာပါတယ်။

မုဆိုးဖိုတယောက်ဖြစ်တဲ့ သူဟာ ဉာဏ်ရည်ထက်မြက်၊ ပြတ်သား ရဲရင့်ပြီး ဘယ်လိုပြသနာမျိုးမဆို အေးဆေးတည်ငြိမ်စွာ ဖြေရှင်းတတ်ပြီး သင်္ချာပညာထူးချွန်ကာ စကားပြောကောင်းသူဖြစ်တယ်လို့ မိသားစုက ပြောပါတယ်။

သူဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိန်စစ်တပ်မှာ စစ်မှုထမ်းခဲ့ပြီး လီဗာပူးလ်မှာပြုလုပ်တဲ့ ကပွဲတခုမှာ ဇနီးဖြစ်သူ ဘလော့ဝန်နဲ့ တွေ့ဆုံးခဲ့ပြီး ၁၉၄၂ ခုနှစ်မှာ လက်ထပ်ပြီး သမီးဖြစ်သူ ဆူဇန်ကို မွေးဖွားခဲ့ကာ ဇနီးဖြစ်သူနဲ့ ၄၄ နှစ်ကြာ ပေါင်းသင်းခဲ့ပါတယ်။

Ref:BBC
Photo:BBC

#သတင်းဟင်းလေးအိုးကြီး

image

ဗန်းမော်လေဆိပ် ပြန်ဖွင့်မယ့်ရက် မသိရသေး

နိုဝင်ဘာ ၂၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ ဗန်းမော်လေဆိပ်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် လေဆိပ် ယာယီပိတ်ထားတဲ့အတွက် လေယာဉ်စီးခရီးသည်တွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။

“ဗန်းမော်ပြန်ဖို့ လက်မှတ်ဝယ်ထားတာ။ လေဆိပ်ရောက်မှ cancel မှန်းသိရတယ်။ သွားဖို့လာဖို့ စီစဉ်ထားသမျှတွေ အကုန်လုံး အလဟဿ ဖြစ်ကုန်တာပေါ့။ လေဆိပ်ကို မေးကြည့်တော့ ဘယ်နေ့ ပြန်ဖွင့်မယ်ဆိုတာလည်း မသေချာသေးဘူးတဲ့။ ငွေပြန်အမ်းလိုက်တယ်။ အရေးပေါ်သွားရမယ့် ခရီးဆိုတော့ အားလုံး အစီအစဉ်တွေ ပျက်ကုန်တာပေါ့” လို့ ရန်ကုန်လေဆိပ်က လှည့်ပြန်လာရတဲ့ ခရီးသည်တယောက်က ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၂၆ ရက်၊ မနက် ၁၁ နာရီဝန်းကျင်က ဗန်းမော်လေဆိပ်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ သိရပြီး အဲဒီလေဆိပ်ကို အခြေပြု အဆင်း၊ အတက်လုပ်နေတဲ့ ပြည်တွင်းခရီးသွား လေကြောင်းခရီးစဉ်တွေ အားလုံးကို နစက က ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ လေယာဉ်လက်မှတ် အရောင်းအေဂျင်စီမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ဗန်းမော်လေဆိပ်က မနေ့က မနက်ကတည်းက ယာယီ ရပ်နားထားတာပါ။ ရှော့တိုက်ဒုံးကျတယ်ဆိုလို့ လေဆိပ် ပိတ်လိုက်တာ။ ခရီးစဥ်တွေ အားလုံးပါပဲ။ အတက်အဆင်း အကုန်နားထားတာပါ။ ဘယ်လောက်ကြာမယ် ဆိုတာကတော့ မသိသေးပါဘူး။ လက်မှတ်ကတော့ ရောင်းတော့ ရောင်းနေတုန်းပဲ။ ဒါပေမယ့် ထွက်မယ့်နေ့ မထွက်ဖြစ်ရင်တော့ အဲဒီနေ့အတွက်ကို ငွေပြန်အမ်းပေးနေပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲအခြေအနေကြောင့် ကုန်းလမ်းခရီးစဉ်တွေလည်း အဆင်မပြေ ဖြစ်နေတဲ့အတွက် သွားရေးလာရေး များစွာ အခက်တွေ့နေရပြီး ကျန်းမာရေး၊ လူမှုရေး ကိစ္စတွေလည်း နှောင့်နှေးကုန်တယ်လို့ ခရီးသွားပြည်သူတယောက်က ပြောပါတယ်။

“ကားနဲ့သွားဖို့ရာလည်း အဆင်မပြေတော့တာ ကြာပြီဆိုတော့ လေယာဉ်ကိုပဲ အားကိုးနေရတာ။ ဘယ်လောက်ဈေးကြီးကြီး မသွားမဖြစ်သွားနေရတာပဲ။ အခု လေကြောင်းလိုင်းကပါ ပိတ်နေတော့ ပိုဆိုးတာပေါ့” လို့ သူက ပြောပါတယ်။

လတ်တလောမှာ မြန်မာအမျိုးသား လေကြောင်းလိုင်းတလိုင်းသာ ဗန်းမော်လေဆိပ်ကို တပတ်တကြိမ် ပြေးဆွဲနေတာဖြစ်ပြီး နိုင်ငံရေးအပြောင်းအလဲ မဖြစ်ခင်က ရန်ကုန် - ဗန်းမော် လေယာဉ်လက်မှတ်ခဟာ ကျပ် နှစ်သိန်းကျော်သာ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကျပ် ငါးသိန်းကျော်ရှိလာတယ်လို့ သိရပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ လေဆိပ်ပေါက်ကွဲမှု ဖြစ်စဉ်အပြီး နစက လုံခြုံရေးတပ်ဖွဲ့တွေက ကားတွေနဲ့ ဗန်းမော်မြို့ထဲမှာ ကင်းလှည့်နေကြတယ်လို့ သိရပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ နစကနဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေက တရားဝင် သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကလည်း ဗန်းမော်လေဆိပ် လေယာဉ်ပြေးလမ်းပေါ် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှုကြောင့် လေယာဉ်ခရီးစဉ်တွေ ၁၀ ရက်နီးပါးကြာ ရပ်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိ ဗန်းမော် - မိုးမောက် ၇ မိုင်အကြားမှာ နစကတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး နစကအနေနဲ့ မိုးမောက်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

မိုးမောက်မြို့ကို KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က ထိန်းချုပ်ထားတာဖြစ်ပြီး မိုးမောက်နဲ့ ဗန်းမော်မြို့ဟာ ၉ မိုင်ခန့်သာ ကွာဝေးတယ်လို့ သိရပါတယ်။

နစကအနေနဲ့ KIA သိမ်းပိုက်ထားတဲ့ မိုးမောက်မြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ ၄၃၇) ကို ပြန်လည်ရရှိရေးအတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့မှစပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာ ဗန်းမော်နဲ့ ခမရ ၄၃၇ တပ်ရင်းကြား လမ်းတလျှောက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

Photo:CJ

#centralnewsnaypyitaw

image
8 w - Translate

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(နိုဝင်ဘာ - ၂၇ ရက်)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၃၈ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၅၁၁၃၄ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၁၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၇၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၁၀၀၀၀ ကျပ်
ဝယ်ဈေး ၅၈၇၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၈၀ ကျပ်
ဝယ်ဈေး - ၄၃၈၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၇၀ ကျပ်
ဝယ်ဈေး - ၃၃၀၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၂၅ ကျပ်
ဝယ်ဈေး - ၄၆၀၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၉.၈၇ ကျပ်
ဝယ်ဈေး - ၁၂၆.၅၈ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၀ ကျပ်
ဝယ်ဈေး - ၉၈၃ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၂၁ ကျပ်
ဝယ်ဈေး - ၆၀၅ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၄၈ ကျပ်
ဝယ်ဈေး - ၂၈.၇၃ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၂၅ ကျပ်
ဝယ်ဈေး - ၅၁.၉၀ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၂ ကျပ်
ဝယ်ဈေး - ၃.၁၄ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၆၀ ကျပ်
ဝယ်ဈေး - ၅၅၂၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၁၀ ကျပ်
ဝယ်ဈေး - ၂၈၄၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၀၀ ကျပ်
ဝယ်ဈေး - ၃၁၂၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၉ ကျပ်
ဝယ်ဈေး - ၅၆၄ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၂၆ ကျပ်
ဝယ်ဈေး - ၁၁၉၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image
8 w - Translate

ကလောမှာ
သော်ကပန်းတွေစပွင့်နေပြီနော်🌼

ကလောမြို့ရောက်ပြီးဒီနေရာမရောက်ရင် ကလောရောက်တယ်လို့မခံစားရဘူးနော်🌼

ကလောမြို့မှာဒီအချိန်ဒီရှေ့ရောက်ရင်ဓာတ်ပုံမရို.က်ပဲမနေနိုင်ပါ🌼

ခွင့်လွှတ်ခြင်း တွေ ပွင့်တဲ့ ရာသီ……
ကလောမှာ သော်ကတံတိုင်းတွေ တားမရစီးမရပွင့်နေပြီဆို
ခွင့်လွှတ်စရာရှိတာတွေ ခွင့်လွှတ်လိုက်ပါ…….

"သော်ကပန်း ရဲ့ အဓိပ္ပာယ်က ခွင့်လွှတ်ခြင်း " တဲ့လေ

image
8 w - Translate

ကလောမှာ
သော်ကပန်းတွေစပွင့်နေပြီနော်🌼

ကလောမြို့ရောက်ပြီးဒီနေရာမရောက်ရင် ကလောရောက်တယ်လို့မခံစားရဘူးနော်🌼

ကလောမြို့မှာဒီအချိန်ဒီရှေ့ရောက်ရင်ဓာတ်ပုံမရို.က်ပဲမနေနိုင်ပါ🌼

ခွင့်လွှတ်ခြင်း တွေ ပွင့်တဲ့ ရာသီ……
ကလောမှာ သော်ကတံတိုင်းတွေ တားမရစီးမရပွင့်နေပြီဆို
ခွင့်လွှတ်စရာရှိတာတွေ ခွင့်လွှတ်လိုက်ပါ…….

"သော်ကပန်း ရဲ့ အဓိပ္ပာယ်က ခွင့်လွှတ်ခြင်း " တဲ့လေ

image
8 w - Translate

ကလောမှာ
သော်ကပန်းတွေစပွင့်နေပြီနော်🌼

ကလောမြို့ရောက်ပြီးဒီနေရာမရောက်ရင် ကလောရောက်တယ်လို့မခံစားရဘူးနော်🌼

ကလောမြို့မှာဒီအချိန်ဒီရှေ့ရောက်ရင်ဓာတ်ပုံမရို.က်ပဲမနေနိုင်ပါ🌼

ခွင့်လွှတ်ခြင်း တွေ ပွင့်တဲ့ ရာသီ……
ကလောမှာ သော်ကတံတိုင်းတွေ တားမရစီးမရပွင့်နေပြီဆို
ခွင့်လွှတ်စရာရှိတာတွေ ခွင့်လွှတ်လိုက်ပါ…….

"သော်ကပန်း ရဲ့ အဓိပ္ပာယ်က ခွင့်လွှတ်ခြင်း " တဲ့လေ

image
8 w - Translate

ကလောမှာ
သော်ကပန်းတွေစပွင့်နေပြီနော်🌼

ကလောမြို့ရောက်ပြီးဒီနေရာမရောက်ရင် ကလောရောက်တယ်လို့မခံစားရဘူးနော်🌼

ကလောမြို့မှာဒီအချိန်ဒီရှေ့ရောက်ရင်ဓာတ်ပုံမရို.က်ပဲမနေနိုင်ပါ🌼

ခွင့်လွှတ်ခြင်း တွေ ပွင့်တဲ့ ရာသီ……
ကလောမှာ သော်ကတံတိုင်းတွေ တားမရစီးမရပွင့်နေပြီဆို
ခွင့်လွှတ်စရာရှိတာတွေ ခွင့်လွှတ်လိုက်ပါ…….

"သော်ကပန်း ရဲ့ အဓိပ္ပာယ်က ခွင့်လွှတ်ခြင်း " တဲ့လေ

image
8 w - Translate

ကလောမှာ
သော်ကပန်းတွေစပွင့်နေပြီနော်🌼

ကလောမြို့ရောက်ပြီးဒီနေရာမရောက်ရင် ကလောရောက်တယ်လို့မခံစားရဘူးနော်🌼

ကလောမြို့မှာဒီအချိန်ဒီရှေ့ရောက်ရင်ဓာတ်ပုံမရို.က်ပဲမနေနိုင်ပါ🌼

ခွင့်လွှတ်ခြင်း တွေ ပွင့်တဲ့ ရာသီ……
ကလောမှာ သော်ကတံတိုင်းတွေ တားမရစီးမရပွင့်နေပြီဆို
ခွင့်လွှတ်စရာရှိတာတွေ ခွင့်လွှတ်လိုက်ပါ…….

"သော်ကပန်း ရဲ့ အဓိပ္ပာယ်က ခွင့်လွှတ်ခြင်း " တဲ့လေ

image
image
image
image
8 w - Translate

အချစ်ရေးအတွက် လိုအပ်တဲ့
အခြေခံ (4)ချက်
- Trust
- Love
-Care
- Connection

1️⃣ Trust (ယုံကြည်မှု)
လူနှစ်ယောက်ချစ်ပြီဆို တစ်ဦးကို
တစ်ဦး ယုံကြည်ပေးရမယ်။
ယုံအောင်လည်း နေပေးရမယ်။
သစ္စာရှိတာမျိုးပေါ့။
မယုံနိုင်သေးဘူးဆို မချစ်သေးတာ
ပိုကောင်းတယ်။ချစ်ပြီဆို သံသယ မဝင်သင့်ဘူး။သံသယနဲ့ မချစ်တာ အကောင်းဆုံးပါ။
နာကျင်မှုနည်းတယ်။

2️⃣Love (ချစ်ပေးခြင်း)
လူတစ်ယောက်ကို ချစ်တယ်လို့
ဖွင့်ပြောပြီး ချစ်သူဖြစ်တာနဲ့
မပြီးသေးဘူး။ကိုယ့်အချစ် တစ်ဖက်လူ ခံစားမိစေဖို့ ချစ်ပေးရမယ်။ကိုယ်တကယ်ချစ်ကြောင်း
သက်သေပြပေးရမယ်။လူတစ်ယောက်ကို ပါးစပ်ကနေ ချစ်တယ်ပြောရုံနဲ့ မလုံလောက်ပါ။

3️⃣ ဂရုစိုက်မှု(Care)
အားမှ အချိန်ပေးတာနဲ့ မအားတဲ့ကြားက အချိန်ရအောင်ဖဲ့ပြီး
အချိန်ပေးတာ မတူဘူးနော်။
အဓိပ္ပာယ်တခြားစီ။တစ်ဦးကို တစ်ဦး အပြန်အလှန် ဂရုစိုက်ရမယ်။ကြင်နာရမယ်။နွေးထွေးရမယ်။အားငယ်တဲ့အခါ ဘာမှ စိတ်မပူနဲ့ I am here for you ဆိုပြီး
ပြောဖို့လိုရင် ပြောရမှာပဲ။
တစ်ယောက်ထဲ ပစ်ထားလို့တော့
မရဘူးပေါ့။

4️⃣ ဆက်သွယ်မှု (Connection)
ပြောစရာ စကားမရှိရင်တောင်
စကားလမ်းကြောင်းရှာပြီး ပြောရမယ်။အချစ်ရေးတစ်ခုမှာ connet လုပ်တာက အရေးကြီးဆုံး အချက်
ဖြစ််တယ်။တစ်ခါတလေ ရိုးအီတယ် ထင်ရပေမဲ့ စကားများများ ပြောရပါမယ်။နာရီအများကြီး မဟုတ်ရင်တောင် မိနစ်ပိုင်းဖြစ်ဖြစ် စကားပြောကို ပြောရမယ်။သင်က ဟာသဉာဏ်ရွှင်တယ်ဆိုရင် ရယ်စရာတွေ ပြောပြပါ။လူနှစ်ယောက်မှာ ကျန်တစ်ယောက်က ဟာသဉာဏ်ရွှင်ရင် ဒီအချစ်ရေးက ပျင်းစရာ မကောင်းဘဲ ရေရှည်တည်မြဲတယ်လို့ ကြားဖူးတယ်။ဒါကြောင့်
တကယ်ချစ်တဲ့အခါ စကားတွေ
အများကြီးပြောပါ။အဆက်အသွယ် နည်းလာတာနဲ့အမျှ လူနှစ်ယောက် ဝေးသွားဖို့ဆိုတာ အလွယ်လေးပါ။

အချစ်ကြောင့် ပိုပြုံးပျော်ကြည်နူး
ပါစေ။အချစ်ဆိုတာ လူသားတွေ
အတွက် Energy ပဲ ဖြစ်သင့်ပါတယ်။

crd 🖤👸🍀

image

အနာမကျက်တကျက်တွေနဲ့မို့
စိတ်ကို ဘယ်နားမှာထားရမလဲသိလာတိုင်း ဥပေက္ခာကို ရှေ့တန်းတင်တတ်လာပြီ ..

#စာရယ်ကဗျာရယ်