Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား ၁၁၂ နှစ်မှာ ကွယ်လွန်
လန်ဒန်၊ နိုဝင်ဘာ-၂၇-၂၀၂၄
ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားဟာ အသက် ၁၁၂ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သူ့ရဲ့ မိသားစုက အတည်ပြုထုတ်ပြန်ပါတယ်။
ဂျွန်အဲလ်ဖရက်တင်နစ်၀ုဒ်ဟာ သူနေထိုင်ရာ ဆောက်ပို့ရှိ သက်ကြီးစောင့်ရှောက်ရေးဂေဟာမှာ ကွယ်လွန်ခဲ့တာလို့ မိသားစုကဆိုပါတယ်။ သူဟာ အသက် ၁၁၄ နှစ်အရွယ် ဂျူအန်ဗီဆန်တီပီရက်ဇ်မိုရာ ကွယ်လွန်ပြီးနောက် ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားအဖြစ် ဂင်းနစ်စံချိန်အဖွဲ့ ဧပြီလမှာ သတ်မှတ်ခဲ့ပါတယ်။
လီဗာပူး ဘောလုံးပရိတ်သတ်ဖြစ်တဲ့ မစ္စတာတင်နက်စ်၀ုဒ်ရဲ့ နောက်ဆုံးနေ့ရက်တွေကတော့ ဂီတနဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ လွှမ်းခြံဖြတ်ကျော်ခဲ့တယ်လို့ မိသားစုကပြောပါတယ်။ တိုက်တန်းနစ်သင်္ဘောနစ်မြုပ်ခဲ့တဲ့နှစ် ၁၉၁၂ ခုနှစ် ဩဂုတ် ၂၆ ရက်မှာ မွေးဖွားခဲ့တဲ့ သူဟာ ၂၀၂၀ ခုနှစ်မှာ ဗြိတိန်ရဲ့ အသက်အကြီးဆုံးအမျိုးသားဖြစ်လာပါတယ်။
မုဆိုးဖိုတယောက်ဖြစ်တဲ့ သူဟာ ဉာဏ်ရည်ထက်မြက်၊ ပြတ်သား ရဲရင့်ပြီး ဘယ်လိုပြသနာမျိုးမဆို အေးဆေးတည်ငြိမ်စွာ ဖြေရှင်းတတ်ပြီး သင်္ချာပညာထူးချွန်ကာ စကားပြောကောင်းသူဖြစ်တယ်လို့ မိသားစုက ပြောပါတယ်။
သူဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိန်စစ်တပ်မှာ စစ်မှုထမ်းခဲ့ပြီး လီဗာပူးလ်မှာပြုလုပ်တဲ့ ကပွဲတခုမှာ ဇနီးဖြစ်သူ ဘလော့ဝန်နဲ့ တွေ့ဆုံးခဲ့ပြီး ၁၉၄၂ ခုနှစ်မှာ လက်ထပ်ပြီး သမီးဖြစ်သူ ဆူဇန်ကို မွေးဖွားခဲ့ကာ ဇနီးဖြစ်သူနဲ့ ၄၄ နှစ်ကြာ ပေါင်းသင်းခဲ့ပါတယ်
ရုရှားလေတပ်စခန်းကို အမေရိကန်ရဲ့ တာဝေးပစ်ဒုံးကျည်ထိမှန်၊ လက်တုံ့ပြန်မယ်လို့ ရုရှားစစ်တပ် သတိပေး
နိုဝင်ဘာ၂၇
ရုရှားနိုင်ငံ ကာ့ခ်ဒေသရှိ အဓိကလေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ လေတပ်အခြေစိုက်စခန်းတခုကို အမေရိကန်ရဲ့ ATACMS တာဝေးပစ်ဒုံးကျည်တွေ ထိမှန်ခဲ့တယ်လို့ ရုရှားက ရှားရှားပါးပါး ဝန်ခံပြောဆိုလိုက်ပြီး ဒီကိစ္စအပေါ် လက်တုံ့ပြန်မယ်လို့ သတိပေးလိုက်ပါတယ်။
အဲဒီဒေသမှာရှိတဲ့ ရုရှားပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းက ပြောဆိုပြီးနောက် တရက်အကြာမှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် သတိပေးလာတာဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့် ခါလင်နို လေတပ်စခန်းကို ထိမှန်ခဲ့ပြီး ဓါတ်ပုံနဲ့တကွထုတ်ပြန်လာပါတယ်။
ရုရှားပိုင်နက်အတွင်းကို အမေရိကန်ရဲ့ ATACMS ဒုံးကျည်နဲ့ တိုက်ခိုက်ခံရမှုမှာ ဒုံးကျည်ငါးစင်းအနက် သုံးစင်းကို ပစ်ချနိုင်ခဲ့သော်လည်း ကျန်နှစ်စင်းက ပစ်မှတ်တွေကို ထိမှန်ခဲ့တာကြောင့် ရေဒါစနစ်ပျက်စီးခဲ့ကာ ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ရုရှားစစ်တပ်က ဆိုပါတယ်။
လက်ရှိမှာတော့ အခြေအနေကို ထိန်းချုပ်ထားပြီး လက်တုံ့ပြန်ရေး အစီအမံတွေကို ပြင်ဆင်နေတယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။ တချိန်တည်းမှာပဲ ရုရှားဟာ တနင်္လာနေ့ညက တိုက်ခိုက်မှုအတွင်း ဒရုန်း ၁၈၈ စင်းနဲ့အသုံးပြုခဲ့ပြီး အရေးပါတဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။
မြောက်ကိုရီးယားတပ်တွေ ရုရှားမှာဖြန့်ကြက်ပြီး ယူကရိန်းစစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတာကို လက်တုံ့ပြန်တဲ့အနေနဲ့ ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကို တာဝေးပစ်ဒုံးကျည်တွေကို တိုက်ခိုက်ဖို့ ယူကရိန်းကို အမေရိကန်၊ ဗြိတိန်တို့ကခွင့်ပြုပြီးနောက် ယူကရိန်းအရေးဟာ ပိုမိုတင်းမာနေပါတယ်။
ရုရှားကလည်း ဒါကိုလက်တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းနိုင်ငံ ဒီနီပရိုမြို့ကို အင်အားပြင်းတဲ့ Oreshnik တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်နဲ့ ပစ်ခတ်ပြီး တုံ့ပြန်ခဲ့ပြီး အနောက်အုပ်စုနိုင်ငံတွေကို ရုရှားက သတိပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ရုရှားဟာ စစ်လက်နက်ပစ္စည်းနဲ့ တပ်ဖွဲ့ဝင်တွေကို မြောက်ကိုရီးယားဆီကနေ အားဖြည့် အသုံးပြုနေရပြီး ယူကရိန်းအရှေ့ပိုင်းမှ ထိုးစစ်အရှိန်မြှင့်နေပါတယ်။
Ref:BBC
Photo:Reuters/Getty Images
#centralnewsnaypyitaw
ထရမ့် နှင့် ဘိုင်ဒင်တို့ အာဏာ အပြည့်အဝ အသွင်ကူးပြောင်းရေးနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး
အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်၏ အဖွဲ့နှင့် လက်ရှိ သမ္မတ ဂျိုးဘိုင်ဒင်၏ အုပ်ချုပ်ရေးအဖွဲ့တို့သည် အာဏာ အပြည့်အဝ အသွင်ကူးပြောင်းရေးကို လုပ်ဆောင်ရန်အတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။
"သူ့ရဲ့ ဝန်ကြီးအဖွဲ့ရဲ့ ရွေးချယ်မှု လုပ်ငန်းစဉ်ကို ပြီးမြောက်ပြီးနောက်မှာတော့၊ ရွေးကောက်ခံ သမ္မတ ထရမ့်ဟာ သမ္မတ ဂျိုးဘိုင်ဒင် ရဲ့ အိမ်ဖြူတော်စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုး အကောင်အထည်ဖော်ခြင်းအားဖြင့် သူ့ရဲ့ အုပ်ချုပ်ရေး အကူးအပြောင်းရဲ့ နောက်တဆင့်ကို ဝင်ရောက်နေပြီဖြစ်ပါတယ်။ ဒီလက်မှတ်ရေးထိုးမှုဟာ ကျွန်တော်တို့ ရည်ရွယ်ထားတဲ့ ဝန်ကြီးအဖွဲ့ အမည်စာရင်း တင်သွင်းခံရသူတွေ အပါအဝင် အရေးကြီးတဲ့ ပြင်ဆင်မှုတွေကို စတင်နိုင်စေမှာ ဖြစ်ပါတယ်။ ဌာနဆိုင်ရာနဲ့ အေဂျင်စီတိုင်းကို ဆင်းသက်တဲ့အဖွဲ့တွေ ဖြန့်ကျက်ပြီး စနစ်တကျ အသွင်ကူးပြောင်းရေးကို ပြီးအောင် လုပ်ဆောင်မှာပါ” ဟု ရွေးကောက်ခံသမ္မတ၏ ဝန်ထမ်းအကြီးအကဲ Susie Wiles က ပြောကြားခဲ့သည်။
ရီပတ်ဘလီကန်သမ္မတလာင်း ဒေါ်နယ်ထရန့်သည် နိုဝင်ဘာ ၅ ရက်က ကျင်းပသော အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် သမ္မတလောင်း ကမလာ ဟားရစ်ကို အနိုင်ရရှိခဲ့သည်။ ထရမ့်၏ကျမ်းသစ္စာကျိန်ဆိုမှုကို ဇန်နဝါရီ ၂၀၊ ၂၀၂၅ တွင် ပြုလုပ်ရန် စီစဉ်ထားသည်။
#ဓာတ်စာပုဇွန်ကြော်ချက်
#မှို ဗိုလ်စားပဲ ( နှစ်သက်သည့်ပဲသီးအသုံးပြုနိုင်) ပန်းဂေါ်ဖီစိမ်း ရေဆေးပြီး သင့်လျော်သလိုလှီးဖြတ်ပေးထား ဆီထည့် ဆူရင် ပုဇွန်ထည့် လှော်ပေး မာတောင့်တောင့်ဖြစ်လာပြီဆို လှီးထားတဲ့ အသီးရွက်ထည့် ပဲငံပြာရည် ခရုဆီ ကြက်သားမှုန့် ရေနည်းနည်း #ငရုတ်ကောင်းအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထား ၂မိနစ်ခန့်လောက်ဆို အိုးပေါ်ကချလိုက်တော့ အရသာရှိတဲ့ ဓာတ်စာပုဇွန်ကြော်ချက်ရပြီ
သကြားစက်များ မလည်ပတ်နိုင်လျှင် ကြံတန်ချိန် ၁၀ သိန်းကျော် အလေအလွင့်ဖြစ်နိုင်
နိုဝင်ဘာ ၂၇
ကြံစိုက်ဧက အများဆုံးရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သကြားစက်များသည် လက်ရှိအချိန်ထိ လည်ပတ်မည်၊ မလည်ပတ်မည်ကို တိတိကျကျ မသိရသေးကြောင်း တောင်သူများထံမှ သိရသည်။
အကယ်၍ စစ်ကိုင်းတိုင်းဒေသကြီးမှ သကြားစက်များ မလည်ပတ်ပါက ကြံတန်ချိန် ၁၀ သိန်းကျော် အလေအလွင့် ဖြစ်သွားမည်ဖြစ်သည့်အတွက် ကြံစိုက်တောင်သူများ ဆုံးရှုံးမှု ကြီးမားသည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက် ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဋ္ဌေးက ပြောသည်။
သကြားစက်များတွင် ယခင်နှစ်က ထုတ်လုပ်ထားသည့် သကြားများနှင့် တင်လဲရည်များသည် လမ်းကြောင်း အခြေအနေများကြောင့် သယ်ဆောင်၍ မရသည့်အတွက် သကြားစက်များတွင် လက်ကျန် အများအပြား ရှိနေကြောင်း၊ ထိုအခက်အခဲကို နှစ်ဖက်အဖွဲ့အစည်းများက ဖြေရှင်းပေးမှသာလျှင် တောင်သူများအတွက် အဆင်ပြေမည်ဟု ၎င်းက ပြောသည်။
ဦးဝင်းဋ္ဌေးက “တောင်သူတွေက သေချင်အောင် စိတ်ညစ်နေကြပြီ။ တော်တော်စိတ်ညစ်နေပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က စက်လည်မှာလား၊ မလည်ဘူးလားဆိုတာ ကွဲကွဲပြားပြား ဆုံးဖြတ်ချက် မပေးသလို ဖြစ်နေတာ ပေါ့နော်။ အဲဒီတော့ စက်မလည်ဘူးဆိုရင် ဒီကြံက ဘာလုပ်ပစ်မလဲဆို မီးရှို့ပစ်ရမယ်။ အဲဒီတော့ ဆုံးရှုံးမှုက အရမ်း ကြီးမားတာပေါ့။ စာမချုပ်ဘူး၊ ကြိုတင်ငွေလည်း မပေးဘူး၊ စာလည်း မချုပ်ဘူး အဲဒီလို ပုံစံမျိုးပေါ့။ သူတို့ကလည်း အခက်အခဲက ဘာလဲဆိုတော့ အရင်နှစ်က သကြားတွေလည်း သူတို့ဂိုဒေါင်မှာ ရှိတယ်။ တချို့ကလည်း အရင်နှစ် က တင်လဲရည်ပေါ့နော် တင်လဲရည်တွေက သယ်ယူလို့မရလို့ လမ်းကြောင်းကြောင့် သယ်ယူလို့မရတဲ့ ပြဿနာက သူတို့ အခက်အခဲလို့ အဲဒီလိုတော့ သိရတယ်၊ ကြားရတာပေါ့နော် ဒါကတော့ အတိအကျ မသိရဘူး။ အဲဒီလို ကြား ရတဲ့ အခါကျတော့ ဒီဟာကို ဝိုင်းဝန်းဖြေရှင်းပေးမှပဲ အဆင်ပြေမှာပေါ့နော်။ အဲဒါကတော့ ဒီဘက်ကရော၊ ဟိုဘက် က အဖွဲ့အစည်းတွေ ဖြေရှင်းပေးမှပဲ ဒီတောင်သူတွေရဲ့ အခက်အခဲကတော့ ပြေလည်နိုင်မှာပေါ့။ တန်ချိန် ၁၀ သိန်းကျော်လောက် အလေအလွင့် ဖြစ်သွားမှာပေါ့ တခြားစက် မကြိတ်ဝါးဘူးဆိုရင်” ဟု ပြောသည်။
ကြံကို လာမည့် ဒီဇင်ဘာ လဆန်းပိုင်းတွင် ကြိတ်ခွဲလေ့ရှိသော်လည်း ကြံစိုက်ပျိုးမှု အများဆုံးဖြစ်သည့် စစ်ကိုင်း တိုင်းဒေသကြီး၌ လက်ရှိအချိန်ထိ သကြားစက်များက ကြံဈေးနှုန်းများ သတ်မှတ်ပေးခြင်း မရှိသေးသည့်အပြင် ကြိုတင်ငွေများလည်း ထုတ်မပေးသေးသည့်အတွက် တောင်သူများမှာ အခက်အခဲ ဖြစ်နေကြသည်ဟု သိရသည်။
ကြံခုတ်ခများ၊ ကြိုတင်ငွေများ ထုတ်မပေးသေးသည့်အတွက် တောင်သူများ အလုပ်သမား ငှားရမ်းရန်အတွက် အခက်အခဲ ဖြစ်နေကြောင်း၊ ထိုအပြင် ထပ်မံ၍ ကြံစိုက်ပျိုးမှုများ မပြုလုပ်နိုင်သည့် အခြေအနေ ဖြစ်နေသည်ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ကြံစိုက်တောင်သူ ဦးမောင်ဆွေက ပြောသည်။
၎င်းက “ကြံဈေးနှုန်းတွေက မသတ်မှတ်သေးပါဘူး အထက်ပိုင်းက စက်တွေက။ အခုက စက်တွေက စာချုပ် ချုပ်လို့တောင်မှ မပြီးသေးဘူး။ ကြိုတင်ငွေလည်း မပေးသေးဘူး။ ပုံမှန်ဆို ကြာပြီလေ ပေးတာက။ ကြံတောင်မှ ခုတ်ရတော့မှာကိုး။ အခုချိန်ထိ တောင်သူတွေလည်း ဒီအတိုင်းပဲ။ ခက်ခဲတာပေါ့နော်။ စိုက်ပျိုးမယ့်ဟာတောင် မစိုက်နိုင်ဘူး။ ကြိုတင်ငွေမရတော့ ထောင်စိုက်တွေလည်း မစိုက်နိုင်။ တောင်သူတွေက အကုန်ခက်ခဲတာပေါ့ ကြိုတင်ငွေမရတော့။ ခါတိုင်းဆို ခုတ်စရိတ် ပေးနေပြီပေါ့။ အခုက ကြိုတင်ငွေလည်း မပေးဘူး။ ခုတ်စရိတ်လည်း အခုချိန်ထိ မပေးသေးဘူး။ ကြံခုတ်ဖို့ တောင်သူတွေက အလုပ်သမား ငှားရတာကိုး။ အလုပ်သမား ငှားဖို့ ပြုဖို့ ကြိုတင်ငွေ မရသေးဘူး။ ခက်ခဲတာပေါ့” ဟု ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ MSC သကြားစက်တစ်လုံးသာ ကြိုတင်ငွေအဖြစ် တစ်ဧကလျှင် ၂ သောင်းခွဲကျပ် ထုတ်ပေးထားသော်လည်း ကြံဈေးနှုန်း သတ်မှတ်ပေးထားခြင်း မရှိကြောင်း သိရသည်။
ထိုသကြားစက်သည်လည်း ကြံတန်ချိန် ၂ သိန်းခန့်သာ ကြိတ်ခွဲနိုင်သည်။
လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ မြဘုရင် သကြားစက်တစ်လုံးသာ ကြံဈေးတန်း ဖွင့်ပေးထားပြီး ကြံတစ်တန်ကို ၂ သိန်းကျပ်ဖြင့် ဝယ်ယူမည်ဟု သိရသည်။
ပုံ - ကြံများကိုတွေ့ရစဉ်
Credit - Central News Independence News Agency
#သတင်းဟင်းလေးအိုးကြီး