22 w - Translate

မီးဖိုချောင်ပစ္စည်းများဖြင့် အပင်များရှင်သန်လှပ ဖူးပွင့်စေသောနည်းများ

#ကြက်ဥခွံ

နေလှန်းပြီးခြောက်သွေ့လာသော ဥခွံများကို အမှုန်ဖြစ်အောင် ထောင်းခြင်း၊ကြိတ်ခြင်းဖြင် အပင်ခြေရင်းတွင်ပုံပေးနိုင်ပါသည်။Calciumပမာဏများများပါဝင်ခြင်းက အပွင့်ပွင့်စေရန်အထောက်အကူဖြစ်စေပါသည်။

#ကြက်သွန်နီအခွံ
ကြက်သွန်နီအခွံများကို ရေနှင့် 3ရက်ခန့်စိမ်ပြီးအရည်ကို အပင်လောင်းပေးပါက အအပင်အတွက်လိုအပ်သောအဟာရများစွာရရှိစေပါသည်။

#ငှက်ပျောခွံ
ငှက်ပျောခွံရေစိမ်ပြီး ရလာသောအရည်ကိုလောင်းတာဖြစ်ဖြစ် ၊ အခြောက်လှမ်းပြီးရလာသောအခွံများကို အမှုန့်ဖြစ်အောင်လုပ်ပြီးဖြစ်ဖြစ်အပင်များကို ကျွေးနိူင်ပါသည်။အပင်အပွင့်အမြစ်ပါအကုန်အားရှိစေပြီး ရောဂါခံနိုင်ရည်လည်းမြင့်တက်စေပါသည်။(Potassium+Phosphorus+Nitrogen+Magbesium+Potash)

#နွားနို့
နွားနို့တွင် အပွင့်အားကောင်းစေသော Clacium ပါသည့်အတွက် ရေနှင့်ရောပြီး အပင်လောင်းနိုင်ပါသည်။နွားနို့ အချဉ်ပေါက်လာသောအကျိုးပြုများကလည်း အပင်ကို ရောဂါကာကွယ်ရာတွင် ကူညီပေးနိူင်ပါသည်။

#ဆန်ဆေးရည်
ဆန်ဆေးရည်တွင် ဘက်တီးရီးယားများကိုရှင်သန်ပေါက်ဖွားစေနိုင်သော လက်တစ်အက်ဆစ်ပါဝင်သည့်အတွက် အပင်များကို လောင်းပေးခြင်းဖြင့် အပင်သန်ခြင်းအပွင့်ပွင့်ခြင်း ဖြစ်ပေါ်စေပါသည်။

#သကြား
သကြားတစ်ဇွန်း ရေတစ်ခွက် ကိုရောပြီး ရလာသောသကြားရည်ကို အပင်ကိုလောင်းပေးခြင်းဖြင့် အပင် အထူးသဖြင့် အပွင့်တွေကို အားရှိစေပါသည်။

#ရှောက်သီး_သံပရိုသီးအခွံ
ရှောက်သီး၊သံပရိုသီးအခွံများကို အပင်အိုးထဲတွင် ထည့်ထားခြင်းဖြင့် ကပ်ပါးရန်မှကာကွယ်ပေးနိုင်ပါသည်။

#ဆပ်ပြာရည်
ပန်းကန်ဆေးဆပ်ပြာ တစ်ဇွန်းနှင့် ရေတစ်ခွက်ကို ရောပြီးရလာသည့် ဆပ်ပြာရည်ကို ရေဖြန်းဘူးထဲထည့်ပြီး အပင်ဖြန်းပါက ဖြုတ်စိမ်း၊ပြပိုး၊ပင့်ကူအိမ်ငယ်လေးများကို သေစေနိုင်ပါသည်။

#အက်စပရင်ဆေးပြား
အက်စ်စပရင်ဆေးပြားကို ရေတစ်ခွက်နှင့်ရောစပ်ပြီး အပင်ဖြန်းပါက အပင်ကပ် ရောဂါပိုးများ၊မှိုများ မကျအောင် ကာကွယ်နိုင်ပြီး အပင်ကို ကိုယ်ခံအားကောင်းအောင်လုပ်ပေးနိုင်ပါသည်။

#တမာဆီ
တမာဆီတစ်စက်နှင့် ရေတစ်ခွက် ရောစပ်ပြီးဖြန်းပါက ဖြုတ်စိမ်း ပျပိုး ပင့်ကူအိမ်လေးများကို သေစေပါသည်။

#ဘီယာ
ဘီယာကို ခွက်တစ်ခုထဲထည့်ပြီး အပင်ခြေအိုးဘေးတွင်ထားပါက ခရုပက်ကျိများ ဘီယာအနံ့ကြောင့်ရောက်လာပါက အသာလေး ဖယ်ရှားနိုင်ပါသည်။

#ကြက်သွန်ဖြူဥ
ကြက်သွန်ဖြူကို အပင်ခြေရင်းတွင်ထားပါက ပိုကောင်များ အင်းဆက်များမလာအောင် ကာကွယ်ပေးနိုင်ပါသည်။

#သားစိမ်းငါးစိမ်းအရည်
ငါးအကြေးခွံမှ အပင်အခက်အလက်အမြစ်တို့အတွက်လိုအပ်သော ခိုင်တိုဇင်ကိုပေးနိုင်ခြင်း၊ငါးကလီစာမှ အပင်အရွက်အတွက် Nitrogen နှင့်အခြားဓာတ်များ ရစေမည့် ငါးအမိုင်နိုကိုပေးနိုင်ခြင်းအတွက် သားစိမ်းငါးစိမ်းအရည်ကိုလည်း အပင်ကိုလောင်းပေးနိုင်ပါသည်။

#ပြာ
ပြာကိုရေဖျော်ပြီး အပင်လောင်းပေးခြင်းဖြင့် အသီးများကိုကြီးထွားစေသည့် Potassium ကိုရရှိစေပါသည်။

#vitaminb1ဆေး
အပင်အတွက်သီးသန့်ထုတ်ထားသည့် Vitamin B1 ဆေးရည်များရှိသကဲ့သို့ Vitamin B1 ဆေးခဲများ၊M150 အချိုရည်တို့ကိုလည်း ရေနဲ့ရောစပ်ပြီး အပင်လောင်းပေးခြင်းဖြင့် အပင်အမြစ်သန်မာစေပါသည်။
အိုးပြောင်းထားသည့်အပင်များ၊
ရွှေ့စိုက်ထားသောအပင်များတွင်
Vitamin B1 သုံးပေးပါက အပင်အမြစ်ထွက်သန်မာစေသည်။

image
22 w - Translate

ဥတုမရွေး အချိန်မရွေး အမြဲတမ်းအလှဆုံးဖူးပွင့်ပေးတဲ့တရုတ်စကားပန်းလေး

image
22 w - Translate

ဥတုမရွေး အချိန်မရွေး အမြဲတမ်းအလှဆုံးဖူးပွင့်ပေးတဲ့တရုတ်စကားပန်းလေး

image
22 w - Translate

ဥတုမရွေး အချိန်မရွေး အမြဲတမ်းအလှဆုံးဖူးပွင့်ပေးတဲ့တရုတ်စကားပန်းလေး

image
22 w - Translate

ဥတုမရွေး အချိန်မရွေး အမြဲတမ်းအလှဆုံးဖူးပွင့်ပေးတဲ့တရုတ်စကားပန်းလေး

image
image
image

love

22 w - Translate

လူတစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံကြခြင်းမှာ မတော်တဆ၊ အကြောင်းမဲ့ ဆိုတာမျိုး မရှိပါဘူး။ Blessing ရယ် ၊ Lesson ရယ် ဆိုပြီး နှစ်မျိုးပဲ ရှိပါတယ်။

ကျွန်မတို့ ဘ၀မှာ လူတွေ အများကြီးနဲ့ တွေ့ဆုံ ပတ်သက်ကြရပါတယ်။ ဘ၀ထဲကို ၀င်လာကြတဲ့သူတွေထဲမှာကောင်းတဲ့သူတွေလည်း အများကြီး ပါသလို၊ မကောင်းတဲ့သူတွေလည်း အများကြီး ပါပါတယ်။

ကောင်းတဲ့သူတွေဟာလည်း ကောင်းတဲ့သူအလျောက် ကျွန်မတို့ကို ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးစေလိမ့်မယ်။ ပျော်ရွှင်မှုတွေ ပေးလိမ့်မယ်။ ကာကွယ်မှုတွေပေးလိမ့်မယ်။ တိုးတက်ရာ တိုးတက်ကြောင်းတွေအတွက် လူအား၊ စိတ်အား အကြံဉာဏ်ကောင်းတွေပေးပြီး
ဝိုင်း၀န်း support ကြပါလိမ့်မယ်။

မကောင်းတဲ့သူတွေဟာလည်း မကောင်းတဲ့အလျောက် ကျွန်မတို့ကို စိတ်ဒုက္ခပေးကြမှာတော့ အသေအချာပါပဲ။ ကိုယ့်ရဲ့ စိတ်ကို ညစ်ညူးစေမယ်၊ ယုံကြည်မှုတွေကို အလွဲသုံးစား လုပ်မယ်၊ ကိုယ့်ရဲ့ မေတ္တာကို စော်ကားမယ်၊ နောက်ကျော ဓားနဲ့ထိုးမယ် စသဖြင့်ပေါ့ စိတ်ဒုက္ခတွေ ပေးကြပါလိမ့်မယ်။

ဘယ်သူပဲဖြစ်ဖြစ် ကောင်းတဲ့သူတွေပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့သူတွေပဲ ဖြစ်ဖြစ် အကြောင်းရှိလို့ ဆုံကြရတာပါ။ တွေ့ဆုံမှုတိုင်းရဲ့ နောက်ကွယ်မှာ အကြောင်းတရားတွေ ကိုယ်စီရှိကြပြီးသား ဖြစ်ပါတယ်။

ဒါကြောင့်မိုလို့ Blessing တစ်ခု၊ Lesson တစ်ခုအနေနဲ့ သဘောထားမလား၊ ဒါမှမဟုတ် ကံဆိုးမှု တစ်ခုအနေနဲ့ သဘောထားမလား ဆိုတာကတော့ ကျွန်မတို့ရဲ့ စိတ်ထားတတ်မှုနဲ့ပဲ ဆိုင်ပါတယ်။ ဘ၀မှာ စိတ်ထားတတ်ရင်၊ လက်ခံတတ်ရင် စိတ်အေးချမ်းမယ်၊ စိတ်မထားတတ်ရင် ပူလောင်ရမယ် ဒါပါပဲ။

ကိုယ့်ဘ၀ထဲက ကောင်းမွန်တဲ့သူတွေဟာ Blessing ဖြစ်တယ်။ ကောင်းချီးတစ်ခု ဖြစ်ပါတယ်။ "သူတို့ရှိလို့ တော်ပါသေးတယ်" လို့ ခံစားရတဲ့ ခံစားချက်ဟာ blessing ပါပဲ။ ကောင်းချီးဆိုရင် ချီးမွမ်းတတ်ရတယ်။ ကိုယ့်အတွက် တန်ဖိုးရှိရင် တန်ဖိုးထားတတ်ရတယ်။ အလေးထားတတ်ရတယ်။ သူတို့တွေရဲ့ ဖြစ်တည်မှု၊ တည်ရှိမှုလေးကို စိတ်ထဲမှာ အမြဲ ကျေးဇူးတင်တတ် ရပါတယ်။

မကောင်းတဲ့ သူတွေကတော့ ကျွန်မတို့အတွက် ကံဆိုးမှုမဟုတ်ဘဲ သင်ခန်းစာ (Lesson) တစ်ခုသာ ဖြစ်ပါတယ်။ သေချာ ပြန်စဥ်းစားကြည့်တဲ့အခါ လူအကြောင်းကို လူတွေကပဲ သင်ပေးသွားကြတာပါ။ မကောင်းတဲ့သူတွေနဲ့ ဆုံခဲ့ရပြီးတဲ့ နောက်မှာ လူတွေရဲ့ သဘောမနောတွေ အကြောင်း၊ အပြုအမူတွေ အကြောင်း၊ အတွင်းစိတ်သဏ္ဌာန်တွေ အကြောင်း အများကြီး လေ့လာသင်ယူခဲ့ရတယ် မဟုတ်လား။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့၊ တန်ဖိုးထားတတ်ဖို့၊ boundary ထားတတ်ဖို့တွေကိုလည်း သူတို့တွေကပဲ သင်ပေးသွားကြတာပါ။

ဒါကြောင့်မို့ မကောင်းတဲ့သူတွေနဲ့ တွေ့ဆုံခဲ့ရတဲ့အပေါ်
နာကျည်းမုန်းတီးတဲ့ စိတ်တွေ မထားတော့ဘဲ Lesson တစ်ခုအနေနဲ့ပဲ လက်ခံယူတတ်ဖို့ အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ရင် တွေးမိတိုင်း တနုံ့နုံ့နဲ့ ကိုယ်ပဲ ပူလောင်၀မ်းနည်းပြီး နာကျင်နေရမှာဖြစ်ပါတယ်။

ဘ၀ထဲမှာ ရှိနေပေးကြတဲ့ ကောင်းတဲ့လူတွေကိုလဲ blessing တစ်ခုအဖြစ် အမြဲ တန်ဖိုးထားသွားပါ။
မကောင်းတဲ့လူတွေနဲ့ ကြုံခဲ့ရရင်လဲ lesson အဖြစ်သာ လက်ခံယူပြီး ခွင့်လွှတ်သင့်တာ၊ ခွင့်လွှတ်ခဲ့၊ မလိုတာတွေဆိုရင် ချန်ခဲ့ပြီး ဘ၀ကို ရှေ့ဆက်သွားဖို့ပဲ ကြိုးစားပါ။

ဘယ်အရာပဲဖြစ်ဖြစ် အကြောင်းရှိလို့ ဖြစ်လာတာ၊ဘယ်အရာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ကောင်းဖို့အတွက် ဖြစ်လာတာပါလို့ လက်ခံစိတ် ထားတတ်လာတဲ့အခါ ဆိုးရွားတယ်လို့ ထင်ရတဲ့အရာတွေကတောင် ထင်သလောက် မဆိုးရွားတော့ဘဲ ကျွန်မတို့ကို ဆက်လက် ရှင်သန်နိုင်ဖို့ ခွန်အားတွေ ဖြစ်စေပါလိမ့်မယ်။

image

image
22 w - Translate

ဟိုစကားလေးတစ်ခွန်းက အရမ်းမှန်တာပဲ...

"တစ်ခါတစ်လေမှာဘယ်သူနဲ့ ဘယ်လောက်ချစ်ပါတယ်
ဘယ်သူကဘယ်လောက်ချစ်ပါတယ် ဆိုတာတွေထက်
အရေးကြုံလာရင်ဘယ်သူက ကိုယ့်နားမှာရှိနေပေးလဲ၊
အဆုံးသတ်မှာ ဘယ်သူက ကိုယ့်ကို ရွေးချယ်လဲဆိုတာက အရေးကြီးဆုံးပဲ" တဲ့...

ကဗျာဆန်ဆန်လေးပြောရရင်
ဘယ်သူကကိုယ်နဲ့အတူတူ နေပူကိုအတူတူလျှောက်မလဲ?

အဲ့လူနဲ့ပဲ ကြယ်တွေကို အတူတူကြည့်ရင်း

ဘဝအကြောင်း ရယ်ရယ်မောမောနဲ့

ဒဿနတွေပြောချင်သေးတယ်...

အတူတူရှိနေပေးတာ ကျေးဇူးပါလို့လည်း
သေချာပေါက်ထည့်ပြောရမယ်...❤...

#by_nayvel

image
22 w - Translate

သစ်ပင်ကို ဒီလိုမျိုးစိုက်ရမယ်... 🌲🌱။

🌳 သစ်ပင်စိုက်နည်းက အမြစ်ကနေ မလွှင့်ပစ်ရဘူး။

🟢 ၄၀ စင်တီမီတာ x ၁ မီတာ နက်သော ရေတွင်းတူးခြင်း။
🟢 4 လက်မ pvc ပိုက်ကို ထည့်ပြီး ကျောက်ဖြင့်ဖြည့်ပါ။
🟢 အပင်မစိုက်ဘဲ ထားပါ။
🟢 ပိုက်ကို ကျောက်တုံးဖြင့် အုပ်ထားပါ။
သစ်ပင် သို့မဟုတ် ထန်းပင်ကို ရေလောင်းပေးခြင်းသည် အမြစ်များဆီသို့ ရေတိုက်ရိုက်ရောက်ရှိစေရန် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

⚠️ ဒီနည်းလမ်းကို မသုံးဘဲ ရေမျက်နှာပြင်ပေါ် ပက်ဖြန်းလိုက်တဲ့အခါ အမြစ်တွေက ရေကို ရှာတွေ့ပြီး အမြစ်တွေ တက်လာပြီး လမ်းတွေ ခုံတန်းလျားတွေပေါ် တက်ကာ ကျိုးသွားပါလိမ့်မယ်။ ⚠️

🌱 ဒါကြောင့် PVC ပိုက်တပ်ဆင်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပါတယ်။

အကျိုးကြီး ၃

1.. အဓိကလမ်းကြောင်းများ; နေအိမ်များနှင့် ခြံများကို လှပစေခြင်း။

2. - အပူလွန်ကဲခြင်းကို ရှောင်ပါ။

၃။ - ခုံတန်းလျားများနှင့် ပိုက်များကို မှီခြင်းမှ ရှောင်ကြဉ်ပါ။

Referral : FB

image