မလေးရှားမှာ မြန်မာနိုင်ငံသား ၈၉ ဦးအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၁၁၉ ဦးဖမ်းဆီးခံရ
နိုဝင်ဘာလ ၂၈
မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ အမ်ပန်းမြို့မှာ မြန်မာနိုင်ငံသား ၈၉ ဦးအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၁၁၉ ဦးဖမ်းဆီးခံရတယ်လို့ မလေးရှားရောက်မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။
နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းက နိုင်ငံခြားသားတွေ အများစု နေထိုင်တဲ့ အမ်ပန်းမြို့က အိမ်ဖလပ် ၆ခုကို မလေးရှား အာဏာပိုင်အဖွဲ့တွေ ဝင်ရောက်စီးနင်းစစ်ဆေးခဲ့ပါတယ်။အဲ့ဒီအိမ်ပလပ် ၆ခုက နိုင်ငံခြားသား ၄၀၀ ကို စစ်ဆေးခဲ့ရာ တရားမဝင်နေထိုင်သူ မြန်မာနိုင်ငံသားအပါအဝင် ၁၁၉ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
"အခုဖမ်းတဲ့နေရာမှာ မြန်မာနိုင်ငံသား ချင်းလူမျိုးတွေများတယ်။ ဖမ်းခံရတဲ့ထဲမှာလည်း ကျတော်အသိ ချင်းတွေလည်းပါသွားတယ်။ မနေ့က တနေ့ကုန် ဖမ်းနေကြတယ်။"လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။
အဖမ်းခံရသူတွေထဲမှာ မြန်မာနိုင်ငံအမျိုးသား ၇၁ ဦး၊ အမျိုးသမီး ၁၈ဦး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦး၊ နီပေါနိုင်ငံသား ၈ ဦး၊ အိန္ဒိယနိုင်ငံအမျိုးသား ၄ဦး၊ အင်ဒိုနီးရှားနိုင်ငံအမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ဦးတို့ သိရပါတယ်။
အဖမ်းခံရသူတွေကို ဆက်လက်စစ်ဆေးနိုင်ရေးအတွက် ဆလန်ဂေါလူဝင်မူကြီးကြပ်ရေး ( ဆမုန်ညင်း) ကန့်မှာ ထိမ်းသိမ်းထားတယ်လို့ သိရပါတယ်။ ၎င်းတို့ကို မလေးရှားမှာ တရားမဝင်နေထိုင်မူ၊ ပါမစ်သက်တမ်းရက်လွန်နေထိုင်မူတို့နဲ့ စစ်ဆေးအရေးယူသွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် မနေ့က မလာကာပြည်နယ်မှာလည်း မလေးရှားအာဏာပိုင်အဖွဲ့က တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးရာ နိုင်ငံခြားသား ၁၆ ဦး ဖမ်းဆီးခံရပါတယ်။
#centralnewsnaypyitaw