Khine Su Zin shared a post  
8 w

8 w

(၇)ရက်သား/သမီးအဟောများ
တနင်္ဂနွေ သား/သမီး
လုပ်ငန်းပိုင်း အခက်အခဲ အကြပ်အတည်း အချို့ ကြုံရတတ်သော်လည်း၊ငွေကြေးပိုင်းသင့်လျော်စွာ ရရှိနေတတ်ပါမည်။ကျန်းမာရေး တွင်ကား ပြဿနာ အထူးမဖြစ်နိုင်ပါ။အချစ်ရေး ပြဿနာပေါ်တတ်ပြီး၊လမ်းခွဲရတတ်သည်ထိ ဖြစ်ရတတ်၍ သတိထားရပါမည်။အိမ်ထောင်ရေးဖက်တွင်လည်း အဆင်မပြေမှု အချို့ကြုံရတတ်သော်လည်း ပြဿနာ မကြီးမားတတ်ပါ။ပညာရေး သင့်သော်လည်း ကျန်းမာရေးကြောင့် ပညာရေးဘက်အားလျော့တတ်ခြင်းကိုသတိပြုရပါမည်။
ယတြာ... စေတီတစ်ဆူတွင် မွေးနေ့ ညပိုင်းအတွက်လျှပ်စစ်မီး ပူဇော်ရန် အလှူငွေ ထဲ့ပေးပါ။
-------
တနင်္လာ သား/သမီး
အလုပ်တွင် အထစ်အငေါ့ အချို့နှင့် ကြုံရတတ်သော်လည်းလုပ်ငန်းကို မထိခိုက်နိုင်ပါ။ငွေကြေးကံ သင့်၍ပုံမှန် လည်ပတ်နေနိုင်ပါမည်။ကျန်းမာရေးအညံ့ရှိတတ်၍ ဝမ်းဗိုက်၊အစာအိမ်၊အသည်း..ရောဂါထဲမှ သတိပြုရပါမည်။ အချစ်ရေး အဆင်မပြေ စကားများ ရန်ဖြစ်ရတတ်သော်လည်း ခေတ္တဆက်သွယ်မှုမရ ဖြစ်ရုံသာကြုံတတ်ပြီး လမ်းခွဲရသည်ထိ မကြုံရနိုင်ပါ။အိမ်ထောင်ရေးကံ ကောင်းမွန်နေသော်လည်းအိမ်ထောင်ဖက်၏ ကျန်းမာရေး ညံ့တတ်ခြင်း ကြုံတွေ့ရနိုင်ပါသည်။ပညာရေးကံ ညံ့တတ်၍ ကြိုးစားသမျှ အရာမထင်ဖြစ်ရတတ်ပါမည်။
ယတြာ.... စေတီတစ်ဆူ၏ စနေထောင့်တွင် မွေးနေ့ နံနက်ပိုင်း၌ အလင်းတိုင်(၁၀) တိုင် ထွန်းညှိပူဇော်ပေးပါ။
-----
အင်္ဂါ သား/သမီး
အလုပ်တွင် အယှဥ်အပြိုင်များနေတတ်သော်လည်း အောင်မြင်မှုများကြုံပါမည်။ငွေကြေးပိုင်း များသောအားဖြင့် အဆင်ပြေနေတတ်သော်လည်း ရစရာငွေကြေးအချို့ ကြန့်ကြာနေတတ်ပါမည်။အချစ်ရေး အဆင်ပြေသာယာနေတန်သော်လည်း မမျှော်လင့်ထားပဲ၊အသေးအဖွဲကိစ္စဖြင့် ချစ်သူ၏ စိတ်ကောက်မှု ကြုံရတတ်၍ သတိပြုရပါမည်။အိမ်ထောင်ရေးတွင် အမြင်မတူ၍ ပဋိပက္ခ သဘော ကြုံရတတ်ပါမည်။အိမ်ထောင်ဖက်၏ အထင်လွဲမှုမျိုး ကြုံရတတ်ပါမည်။သတိပြုပါ။ပညာရေး ကြိုးစားနိုင်မှ တော်ကာကျ ဆိုသလိုဝီရိယကြီးစွာထားမှ အောင်မြင်မှု ရနိုင်ပါမည်။
ယတြာ--- စေတီတစ်ဆူ၏ အင်္ဂါထောင့်တွင် မွေးနေ့ နံနက်ပိုင်း၌ ယပ်အနီ(၈) လက် လှူပေးပါ။
----
ဗုဒ္ဓဟူး သား/သမီး
အလုပ်/ငွေကြေးပိုင်းအဆင်မပြေ အခက်အခဲများ ကြုံရတတ်ကာ၊ငွေကြေး အကြပ်အတည်းမျိုး ကြုံရတတ်ဖွယ်ရှိသည်။ကျန်းမာရေးကောင်းမွန်သော်လည်းစိတ်ဖိစီးမှုများ၍ အာရုံကြော နှင့် သွေးတိုးခြင်းမျိုး ခံစားရတတ်ပါမည်။အချစ်ရေး အဆင်ပြေနေပါမည်။သာမန် ကတောက်ကဆ အချို့သာ ကြုံရတတ်မည်။အိမ်ထောင်ရေးရန်တကျက်တကျက်ဆိုသလို ကြုံရတတ်သော်လည်း ပြဿနာ မကြီးမားတတ်ပါ။ပညာရေး ကံအထူးညံ့နေတတ်သည်။စိတ်လေ၍ ကြိုးစားလိုစိတ် ကင်းမဲ့နေတတ်၍ဖြစ်ပါမည်။
ယတြာ... မွေးနေ့ မွန်းလွဲ နောက်ပိုက်ပိုင်းတွင် ဘုရားဗုဒ္ဓဟူးထောင့်၌ ရေ(၂၁)ခွက် ပူဇော်သပ္ပာယ်ပေးပါ။
----
ကြာသပတေး သား/သမီးများ
အလုပ်အောင်မြင်မှု ကြုံနေရပြီး ငွေကြေးကံလည်း မြင့်တက်နေတတ်ပါမည်။ကျန်းမာရေး သာမန် အနာအဖျားမျိုးလောက်သာ ကြုံရနိုင်ပါမည်။အချစ်ရေး ကံသင့်ပါသည်။သို့သော် ချစ်သူနှင့် ဆက်သွယ်၍ မရဖြစ်နေတတ်မည်။ယာယီသဘောသာဖြစ်ပါမည်။အိမ်ထောင်ရေး အထူးကောင်းမွန် ပျော်ရွှင်ရမည်။ပညာရေး ကြိုးစားသလောက် အဆင်ပြေနေမည်။
ယတြာ-- ဘုရား မွေးနံထောင့်တွင်ကြာသပတေူနေ့ နံနက်ပိုင်၌ စံပယ်ပန်း (၅) ကုံးလှူပေးပါ။
---
သောကြာ သား/သမီး
အလုပ် ၊ငွေကြေးပိုင်းများ ကျေနပ်လောက်ဖွယ် အဆင်ပြေ အောင်မြင်နေမည်။ကျန်းမာရေး အညံ့ရှိနေတတ်ပြီး အကြောတက်ခြင်း၊ဗိုက်အောင့်ဖြင်း၊လေနာထခြင်းမျိုး သတိပြုရပါမည်။အချစ်ရေး အဆင်ပြေသာယာနေပါမည်။အိမ်ထောင်ရေး အသေးအဖွဲ ကိစ္စမှ ပြဿနာကြီးမား၍ လမ်းခွဲရသည်ထိ ဖြစ်တတ်၍ သတိပြုထားပါ။ပညာရေး မှန်တန်းတွင်သာ ရှိနေပါမည်။
ယတြာ--- ဘုရား သောကြာထောင့်တွင် မွေးနေ့ နံနက်ပိုင်းတွင် ရေသက်စေ့ သပ္ပာယ်ပေးပါ။
---
စနေ သား/သမီး
လုပ်ငန်း သင့်တင့်စွာ အဆင်ပြေနေတတ်ပြီး ငွေကြေးပိုင်းတွင်ကားနစ်နာဆုံးရှုံးမှုအချို့ကြုံရနိုင်ပါသည်။ကျန်းမာရေး
အထူးညံ့တတ်၍ အစာအိမ်၊ဝမ်းခေါင်းတွင်း ပြဿနာပေါ်တတ်ပါမည်။အချစ်ရေးကောင်းမွန် အဆင်ပြေနေပါမည်။အိမ်ထောင်ရေးကံ အညံ့ရှိနေတတ်၍ အိမ်ထောင်ဖက်နှင့် မျက်နှာချင်းဆိုင်တာနှင့် စကားးများရတတ်၍ မိမိဘက်မှ သတိထားဆင်ခြင်ပေးပါ။ပညာရေးကံအထူးညံ့တတ်၍ ကြိုးစားလိုစိတ်လည်း ပျောက်ဆုံးနေတတ်ပါမည်။သတိပြုပါ။
ယတြာ--- စေတီတစ်ဆူ၏မွေးနံထောင့်တွင် စနေနေ့နံနက်ပိုင်း၌ နှမ်းဆီဖြင့် ဆီမီး(၁၀)ခွက် ထွန်းညှိပူဇော်ပေးပါ။

ဆရာဝင်းမင်း(B.Sc)

8 w - Translate

Cash ယူသွားရင် ကုန်မှာစိုးလို့ဆိုပြီး Kpay ထဲပဲ ပိုက်ဆံ ထည့်ထားတယ် ။

ဒါ‌ပေမယ့် အပြင်သွားလို့ ဘာဝယ်စရာရှိရှိ Kpay နဲ့ ရှင်းလို့ရတဲ့ ဆိုင်ပဲ ရွေးဝယ်တယ် ...

ငါ့ရဲ့ Financial Management ကို လာရှုပ်လို့မရဘူး ... ငါ့ဟာငါတောင် ရှုပ်နေတာမို့လို့ 🥲

-

8 w - Translate

မုန်လာဥနီချဉ်ငံစပ်သုပ်
ဒီနေ.တော. မုန်လာဥနီသုပ်စားပါတယ်
ကြက်သားပာင်းရွက်ပာင်းချိုနဲ. ပုဇွန်ဆီပြန်
ပာင်းလေးနဲ.တွဲစားပါတယ်…
မုန်လာဥနီသုပ်အတွက်
မုန်လာဥနီကြီးကြီး- ၁ လုံး
ကြက်သွန်နီတစ်လုံး
ဆား၊ အရသာမှုန်.- ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊
ပုဇွန်ခြောက်ထောင်း - ထမင်းစားဇွန်း 2 ဇွန်း
မြေပဲလှော်ထောင်း - ထမင်းစာဇွန်း 1 ဇွန်း၊
ငရုပ်သီးစိမ်း - ၃ တောင့်ကို ရေဆေးပြီးပါးပါးလှီးထားပါ။
ကုလားပဲ အလှော်မှုန်. - ထမင်းစားဇွန်း ၁ ဇွန်း
နှမ်းလှော် - ထမင်းစာဇွန်း ၁ ဇွန်း၊
နံနံပင်- ၁ ပင်ကို ရေဆေးပြီး ပါးပါးလှီးထားပါ။
သံပုရာသီး - ၁ ခြမ်း

ပြင်ဆင်နည်း

-မုန်လာဥနီကို အခွံခွာ ရေဆေးပြီး သဘောင်္ခြစ်ပါ။ ခြစ်ထားတဲ.မုန်လာဥနီကို
အချိုရေထွက်သွားစေရန်ဆားနဲ.နယ်ကာရေဆေးပြီး
ရေနှင့် ရှာလကာရည်အနဲငယ်ထည်.ကာထားပါ။

-ကြက်သွန်နီကိုအခွံခွာကာ ပါးပါးလှီးကာရေဆေးပြီး ရေစစ်ထားပါ။

-ခြစ်ထားသောမုန်လာဥကိုရေညှစ်ကာ ပါးပါးလှီးထားတဲ. ကြက်သွန်နီ၊ ဆား၊ အရသာမှုန်.၊ ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်ထောင်း ၊ မြေပဲလှော်ထောင်း၊ ကုလားပဲ အလှော်မှုန်.၊ ငရုပ်သီးစိမ်း၊နံနံပင်တို.ကိုထည်.ကာ သံပုရာရည်ညှစ်ပြီး သမအောင်နယ်ကာ နှမ်းလှော်ဖြူးကာသုံးဆောင်နိုင်ပါပြီရှင်၊..
မုန်လာဥနီ သည် ချိုသော အရသာရှိ
သောကြောင့် အချဉ်ပို.ထည်.ပြီးသုပ်ဖို.လိုပါတယ်..
မုန်လာဥဖြူ နှင့်ရောပြီးတော.လဲသုပ်စားနိုင်ပါတယ်ရှင်

image
8 w - Translate

ကျပ်သန်း (၁၅၀၀) နှင့် အမေရိကန်ဒေါ်လာ (၇.၆၉) သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၉)ခု ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအတည်ပြု

စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုငွေကျပ်သန်း (၁၅၀၀) နှင့် အမေရိကန်ဒေါ်လာ (၇.၆၉) သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှအတည်ပြုပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၁/၂ ၀၂၄) ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှုလုပ်ငန်း(၁)ခုနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်း (၈) ခုတို့ကို အတည်ပြုခဲ့ပေးခြင်းဖြစ်သည်။

ထိုသို့ အတည်ပြုခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်း၌ ရာခိုင်နှုန်းပြည့်ရောင်းချမည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ (NS Grout, AquaCem 100, Patch Ease, Gripmate Silver, Putty, Floor Hardener) ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် Wool Fiber & Yarn ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် ဆံပင်တု အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း၊ စက္ကူတံဆိပ်ရိုက်ခြင်း ဝန်ဆောင်မှုလုပ်ငန်းနှင့် ပြည်တွင်း၌ ရာခိုင်နှုန်းပြည့်ရောင်းချမည့် အထည်ချုပ်လုပ်ငန်းတွင် အသုံးပြုသော ပလတ်စတစ်အိတ် အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် (၁,၅၀၀)သန်း (ကျပ် သန်းတစ်ထောင့်ငါးရာ) နှင့် အမေရိကန် ဒေါ်လာ (၇.၆၉) သန်း (အမေရိကန်ဒေါ်လာ ခုနစ် ဒဿမ ခြောက်ကိုးသန်း) ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း (၅,၂၅၅) ဦးအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

image
8 w - Translate

က​လောမြို့ရောက်ရင် ဘယ်​နေရာ​တွေသွားရမလဲ ဘယ်လိုသွားရမလဲဆိုတာ​တွေကို စုစည်း​ဖော်ပြ​ပေးလိုက်ပါတယ်​နော်☘️

ကလောမြို့တွင်း/ပြင် ✅
🌿အိုးစည်တောင်
🌿City View Point
🌿ကလောဘူတာ
🌿Kalaw View Point
🌿 ရှန်ဘဲလာ View
🌿 Kalaw Heritage
🌿 ​ရေ​ယောင်းမ View
🌿 Pinewood နားက ရထားလမ်း
🌿ကလောနာရီစဥ်
🌿 ထင်းရူးတော(ပန်းခြံ)
🌿နှစ်တရာ church ကျောင်း
🌿 ရွှေဥမင်သဘာဝလှိုင်ဂူ
🌿 ကလောနှီးဘုရား
🌿 မြင်းမထိဂူ
🌿ဗျိုက်တောင်
🌿 သဲကျင်းဂှု
🌿 တောင်နှလုံးကြား ရထားသံလမ်း
🌿 ကလောစျေး

ပင်းတယ ရွာငံ♻️
✅ ရေပြာအိုင်
✅တောကျယ်ရေတံခွန်
✅ မိန်းမရဲတောင်
✅ ယူကလစ်လမ်း
✅ နွားဂွေ့တောင် view
✅ အလွမ်း​တောင်
✅ ပင်းတယ သဘာဝလိုင်ဂူ
✅ နှစ်ရှည်ညောင်ပင်တန်း
✅ မြင်းမှုကုန်း

အင်းလေး♻️
🍀 ဖောင်တော်ဦးဘုရား
🍀 အလိုတော်ပေါက်ဘုရား
🍀 ကြောင်ခုန်ကျောင်း
🍀 ရက်ကန်းရုံ
🍀ပဒေါင်ရိုးရာ ဂျပ်ခုတ်လုပ်ငန်း
🍀 လက်ဆောင်ပစ္စည်းဆိုင်
🍀 မိုင်းသောက်တံတား
🍀 ရေပူစမ်း
🍀 ဘဝသံသရာ တံတား
🍀 ဟဲဟိုး အင်းခေါင်း view တိုဖြစ်ပါတယ်​နော်😱

(သိသလောက်ပဲပြောပြပေးသွားတာပါနော် ကျန်ခဲ့တဲ့နေရာတွေလည်းအများကြီးရှိပါသေးတယ်)

ဒီ​လောက်လည်စရာများတာ ဘယ်လိုသွားရမလဲ ဘာနဲ့သွားရမလဲဆိုရင် ရှမ်းပြည် ကလော အင်းလေးဘက်လည်ပတ်ရာမှာ ကားဝန်ဆောင်မှု အပိုင်းမှာ စိတ်ချရပြီး
စိတ်ရှည် Servicesတွေပေါပါတယ်နော်❤️

8 w - Translate

လူတစ်ယောက်ကို မေးဖူးတယ်
ဘယ်အချိန်မှာ ပျော်ရွှင်ရမှာလဲလို့။

သူကပြောတယ်..
စိတ်ကိုပဲ ကောင်းကောင်းထားတဲ့။
ဒါမှမဟုတ် စိတ်ကိုကြည်အောင်ထားတဲ့။

အဲ့တည်းက စိတ်ကို ကြည်အောင်ထားတယ်။
Positive ပဲ ရအောင်တွေးတယ်။
နည်းနည်းလေး အနှောင့်အယှက်ဝင်လာတာနဲ့
ရအောင်ခြစ်ထုတ်တယ်။

သိသိသာသာ ကံကောင်းလာပြီး၊
သိသိသာသာ ပျော်ရွှင်လာပါတယ်။
သိသိသာသာပဲ အကောင်းတွေ ရောက်လာတယ်။
စစ်မှန်တဲ့လူတွေနဲ့ တွေ့လာတယ်။
ဆုံးရှုံးခဲ့တဲ့အရာတွေ တစ်စတစ်စပြန်ရလာတယ်။

ကံက ကိုယ်တိုင်ဖန်တီးရတာပဲ
ဒါကြောင့် ကံကို မယုံဘူး
ကိုယ့်ကိုယ်ကိုယ်ပဲ ယုံပါတယ်။

ပျော်ရွှင်ချင်ရင် စိတ်ကို positive thinking ပဲ
ရအောင်မွေးရပါမယ်။
positive energy ပဲ ဖြန့်ဝေရပါမယ်။

မင်းကိုယ်တိုင်က ပျော်အောင်မနေတတ်ရင်
ဘယ်ဘုရားမှ မင်းကို ပျော်ရွှင်အောင် မလုပ်ပေးနိုင်ဘူး။

အဆိုးတွေပဲ တွေးနေရင် အဆိုးတွေပဲ ရတယ်။
ကောင်းအောင်နေရင် ကောင်းတဲ့အရာတွေ ဖြစ်လာပါတယ်။
ဒါတကယ် လက်တွေ့ပါ။

ချုပ်ဆိုရရင် စိတ်ကို ကြည်နေအောင်ပဲထားပါ။။
ပျော်ရွှင်မှုတွေကို သိသိသာသာ ရှာတွေ့လာပါလိမ့်မယ်။ သိသိသာသာပဲ အကောင်းတွေ ရောက်လာပါလိမ့်မယ်။

🌻🦋

image

မီဇိုရမ်မှာ မြန်မာနိုင်ငံသား တစ်ဦးထံကနေ ရူပီး သိန်းပေါင်း ၃၈၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးများဖမ်းမိ

နိုဝင်ဘာ ၂၉

မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့အနီး ဇေမာဘုတ်ကျေးရွာ (Zemabawk )မှာ မြန်မာနိုင်ငံသားတစ်ဦးထံကနေ ရူပီး သိန်းပေါင်း ၃၈၀ ကျော်တန်စိတ်ကြွဆေးပြားများကို နိုဝင်ဘာ ၂၈ မနက်ပိုင်းမှာ ဖမ်းဆီးကြောင်း မီဇိုရမ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ မီဇိုရမ်ရဲတပ်ဖွဲ့ဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်လျက်ရှိရာ ကျန်ဖိုင်ခရိုင် ဇိုခေါထာရ် ကျေးရွာကနေ အိုင်ဇောလ်မြို့ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီးကို အိုင်ဇောလ်မြို့အဝင် ဇေမာဘုတ်ကျေးရွာမှာ တားဆီးစစ်ဆေးခဲ့ပြီး စိတ်ကြွဆေးပြားအများအပြား ဖမ်းဆီးခဲ့ တယ်လို့ဆိုပါတယ်။

မီဇိုရမ်ရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန ပူးပေါင်းတပ်ဖွဲ့ဟာ အဆိုပါကားကို ဒီမနက် ၁၂ နာရီ ခွဲဝန်းကျင်မှာ စစ်ဆေးခဲ့ခြင်းဖြစ်ပြီးတော့ စိတ်ကြွဆေးပြား ၂၉.၂၈၉ ကီလိုဂရမ်၊ နိုင်ငံတကာ ပေါက်စျေးဖြင့် ရူပီး သိန်းပေါင်း ၃၈၀.၇၅၇ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားများကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဆိုပါမူးယစ်ဆေးဝါးများကို စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက် မှ ဦးလာလ်ရမ်ပန်နာ ( Lalrampana) ရဲ့သား တလန်ထန်မွေးအာ (Tlangthanmawia) အသက် ၃၀ ထံကနေဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လိုအပ် သလိုအရေးယူနိုင်ဖို့ အမှုဖွင့်ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

မီဇိုရမ်ပြည်နယ်ထဲကို မူးယစ်ဆေးဝါးတင်သွင်းသူများထဲ မြန်မာနိုင်ငံသားအများအပြား ပါဝင်ပက်သက်နေပြီး ဒီလ နိုဝင်ဘာလ ၁ ရက်ကနေ ဒီကနေ့ ၂၈ ရက်နေ့အထိ တစ်လနီးပါးအချိန်အတွင်း မီဇိုရမ်မှာ မူးယစ်ဆေးဝါး ကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၇ ဦးထက်မနည်းရှိပြီဖြစ်ပါတယ်။

#centralnewsnaypyitaw

image

နိုဝင်ဘာ ၂၉ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image

ဆွာရက်ဇ်ကို အင်တာမိုင်ယာမီ ၁ နှစ် စာချုပ်သစ်ချုပ်

နိုဝင်ဘာ ၂၉

အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၄ ခုနှစ်ရာသီမှာ အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်ကို ၂၀၂၅ ခုနှစ် ရာသီအကုန်ထိရှိမယ့် ၁ နှစ် စာချုပ်သစ်ချုပ်ခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ ဆွာရက်ဇ်ဟာ ဘရာဇီးလ်ကလပ် ဂရီမီယိုအသင်းကနေ ထွက်ခွာပြီးနောက် ၂၀၂၄ ခုနှစ် ရာသီ မစတင်ခင်မှာ အင်တာမိုင်ယာမီ အသင်းထံ ပြောင်းရွှေ့လာခဲ့တာပါ။

ဆွာရက်ဇ်ဟာ အင်တာမိုင်ယာမီ အသင်းအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၃၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၅ ဂိုးသွင်းယူကာ အသင်းကို မေဂျာလိဂ်ပြိုင်ပွဲမှာ စံချိန်တင်ရမှတ်နဲ့ Supporters’ Shield ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် အင်တာမိုင်ယာမီအသင်းဟာ ဆွာရက်ဇ်ကို စာချုပ်သစ်ချုပ်ပြီး ဆက်ထိန်းသိမ်းခဲ့တာပါ။

ဆွာရက်ဇ်က အင်တာမိုင်ယာမီအသင်းမှာ နောက်ထပ်တစ်နှစ် ဆက်ပြီးရှိရမှာ ဖြစ်တဲ့အတွက် ပျော်ရွှင်ပြီး လာမယ့်နှစ်မှာ ပရိသတ်တွေကို ပိုပြီးပျော်ရွှင်အောင် လုပ်ဆောင်ပေးနိုင်ဖို့ မျှော်လင့်တယ်လို့ စာချုပ်သစ် ကြေညာချိန်မှာ ပြောခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ မကြာသေးခင်ကမှ နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တဲ့ မာတီနိုရဲ့နေရာမှာ အာဂျင်တီးနား ယူ-၂၀ အသင်းနည်းပြ မာရှေယာနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။

အဲဒါကြောင့် ဆွာရက်ဇ်ဟာ မက်ဆီနဲ့အတူ သူ့ရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်းဖြစ်တဲ့ မာရှေယာနိုနဲ့ အလုပ် အတူ ပြန်တွဲလုပ်ရမှာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ မာရှေယာနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ပြီး ဆွာရက်ဇ်ကို စာချုပ်သစ် ချုပ်ဆိုပြီးနောက် အသင်းခေါင်းဆောင် မက်ဆီကိုလည်း နောက်ထပ် ၁ နှစ် စာချုပ်သက်တမ်းတိုးနိုင်ဖို့ မျှော်လင့်နေတာပါ။

အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ် ပလေးအော့ဖ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် အသင်းသားတွေဟာ အားလပ်ရက် ရရှိနေပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ရာသီကြိုအတွက် ပြန်လည်ပူးပေါင်းရမှာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၅ ခုနှစ်ရာသီမှာ ဖီဖာကလပ်ကမ္ဘာ့ဖလား၊ မေဂျာလိဂ်ပြိုင်ပွဲ အပါအဝင် ပြိုင်ပွဲ ၅ ခုအထိ ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။

ပုံ - ဆွာရက်ဇ်ကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image