22 w - Translate

စောင့်ထိန်းအပ်သော လူမှုကျင့်ဝတ်များ

(၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။
စကားကို လက်လွယ်စပယ် မပြောပါနဲ့....။

ခံစားတတ်တဲ့ ဝေဒနာဆိုတာ
လူတိုင်းမှာ ရှိပါတယ်....။

(၂) ဘယ်လောက်ပဲ မုန်းတီးနေပါစေ။ အခြားသူရဲ့ပုဂ္ဂိုလ်ရေးကို နှိမ့်ချစော်ကား
တာမျိုး မပြုလုပ်ပါနဲ့....။

လေးစားမှုဆိုတာ လူတိုင်းနဲ့ထိုက်တန်သလို
မိမိကိုယ်တိုင်နဲ့လည်း ထိုက်တန်ပါတယ်...။

(၃) ဘယ်လောက်ပဲ သဘောကောင်းတဲ့သူနဲ့
တွေ့ပါစေ အခွင့်အရေးကို တဆုံးမနှိုက်ပါနဲ့။

မိမိကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါစေ။ အခွင့်
အရေးသမားကို လူတိုင်းက ရွံ့မုန်းကြပါတယ်။

(၄) ဘယ်လောက်ပဲ အလကားရနေပါစေ။
မိမိရသင့်တဲ့ အတိုင်းအရှည် ပမာဏကို
အသိစိတ်နဲ့ ဆင်ခြင်တတ်ပါစေ။ သိက္ခာ
တရားဆိုတာ မွေးမြူသင့်ပါတယ်....။

(၅) ဘယ်လောက်ပဲ အခက်အခဲပြဿနာနဲ့
ကြုံရပါစေ မိမိကိုယ်ပိုင် အစွမ်းအစနဲ့ အရင်
ဖြေရှင်းတတ်ပါစေ။ အကူအညီကို အလွယ်
တကူ လိုချင်တဲ့သူ မဖြစ်ပါစေနဲ့...။

(၆) ဘယ်လောက်ပဲ ရိုးသားတဲ့လူကို
တွေ့ပါစေ။ သင့်အကျိုးအမြတ်အတွက်...
အသုံးမချပါနဲ့...။

ရိုးသားမှုဆိုတာ အရည်အသွေးတစ်ခုဖြစ်ပြီး
အခြားသူအတွက် ဖြစ်တည်နေတာ မဟုတ်
ပါဘူး။

(၇) ဘယ်လောက်ပဲ အင်အားကြီးမားတဲ့သူ
သင်ဖြစ်နေလည်း အလွယ်တကူ အနိုင်ကျင့်
ချင်တဲ့ စိတ်ဓာတ်မျိုး မမွေးပါနဲ့....။

ဒီကနေ့ အင်အားကြီးမားသူဟာ နောင်
တစ်နေ့မှာ အင်အား ပျောက်ဆုံးသွားနိုင်လို့ပါ။
သံသရာဆိုတာ လည်ပတ်နေပါတယ်....။

(၈) ဘယ်လောက်ပဲ အတွေးအခေါ်တွေ ဆန့်
ကျင်ဖက် ဖြစ်နေပါစေ။ ကိုယ်ပဲ မှန်နေတယ်
လို့ မထင်ပါနဲ့။ မကျင့်သုံးနိုင်ရင် ပယ်လိုက်ပါ။

အခြားသူရဲ့ အတွေးအခေါ်ထဲ သင်လည်း
မနေနိုင်သလို သူလည်း နေမှာမဟုတ်ပါဘူး။

(၉) သင်ဘယ်လောက်ပဲ ထူးချွန်ထက်မြက် နေပါစေ
တခြားသူကို ညံ့ဖျင်း တုံးအတယ်လို့...
အလွယ်တကူ မှတ်ချက်မပေးပါနဲ့....။

နောက်ခံအခြေအနေဆိုတာ တသမတ်တည်း
ရရှိနိုင်တာ မဟုတ်လို့အရည်အချင်းတွေ
ကွဲပြားနေတာကို သတိပြုမိပါစေ...။

(၁၀) မိမိကြိုက်နှစ်သက်တဲ့ လူ အရာဝတ္ထု
အတွေးအခေါ် အခြေအနေ တစ်ခုကို မိမိ
ဘာသာ စိတ်ကြိုက် နှစ်သက်ခွင့်ရှိပါတယ်။

ဒါပေမယ့် သူတစ်ပါးကြိုက်နှစ်သက်တဲ့အရာ
တွေကိုတော့ ကဲ့ရဲ့ရှုတ်ချပြီး သင်ကြိုက်တဲ့......
အရာတွေကို ဂုဏ်တင်ပြီး ပြောတာမျိုးတော့မဖြစ်သင့်ပါ။

image
22 w - Translate

ငါမမှားဘဲ တောင်းပန်ရတဲ့အချိန်တွေက ပြီးသွားပြီ
ဆုံးရှုံးမှုတွေများတဲ့နှစ်ကို ဖြတ်သန်းခဲ့ရပြီမို့
ဒီအချိန်မှာတော့ ငါ့ကိုယ်ငါ ဆုံးရှုံးခံမှာမဟုတ်ဘူး
ငါတန်ဖိုးထားရတဲ့ ဆက်ဆံရေးမှာ
ငါက တန်ဖိုးထားခံရတဲ့လူဖြစ်မှ ငါရှေ့ဆက်တော့မှာ။

image
22 w - Translate

ကိုယ့်ကိုယ်ကိုယ် မသနားမိစေနဲ့လောကမှာ ဒုံရင်းအတိုင်းနေပြီး
ဆင်ခြေထိုင်ပေးတဲ့သူက အဆိုးဆုံးပဲ။

နာကျည်းမှုဆိုတာ ကိုယ့်ရဲ့ ရွေးချယ်မှုပဲ၊ အပြောင်းအလဲ လုပ်ချင်ရင် ကိုယ့်ကိုကိုယ် သနားနေတာ အရင်ရပ်ဖို့လိုတယ်။

တစ်ခါမှ အနာမခံဘူးဘဲ အသာမစံရတဲ့ ဘဝကို အထွန့်မတက်နဲ့။နေ့စဉ် အပျံမလေ့ကျင့်ဘဲ မြင့်မြင့်မပျံနိုင်တဲ့ ကိုယ့်ရဲ့အတောင်တွေကို စိတ်မပျက်နဲ့။

တတ်နိုင်သလောက် မလေ့လာဘဲ အိပ်မက်တွေနဲ့ အလှမ်းဝေးတာ၊ လူအများစုထက် နှစ်ဆ မကြိုးစားနိုင်ဘဲ မအောင်မြင်တာကို မအံ့ဩနဲ့။

အိပ်မက်တွေ လက်တွေ့ဖြစ်ဖို့ ဘယ်အချိန်စရမလဲ စဉ်းစားနေရင် အခုချက်ချင်း စ၊ ဘယ်နေ့စရမလဲ တွေဝေနေရင် ဒီနေ့ကစပြီး အပြောင်းအလဲ လုပ်ဖို့လိုတယ်။

သာမန်လူ‌တွေ ပြည့်နေတဲ့ လောကကြီးမှာ အသာရဖို့ အင်မတန်လွယ်တယ်။ ကိုယ့်ရဲ့ တစ်နာရီက သူတို့ရဲ့ တစ်ရက်၊ ကိုယ့်ရဲ့ တစ်ရက်က သူတို့ရဲ့ တစ်ပတ်လောက်နဲ့ ညီမျှတဲ့ အားထုတ်မှုမျိုးဖြစ်အောင် ကြိုးစားပြဖို့လိုလိမ့်မယ်။

image
22 w - Translate

လေးပါးသီလပဲ ယူပါ့မယ် ဘုရား
သူ့ကိုမချစ်တော့ဘူးလို့ သူငယ်ချင်းတွေကိုပြောရဦးမှာမို့

image
22 w - Translate

လက်တွဲဖော်ဆီက ဘာတွေ မျှော်လင့်ထားလဲ မေးရင်
အဆိုးလောကဓံနဲ့ ကြုံရချိန် ..
အရာရာကို စိတ်ပျက် အားငယ်နေရချိန်မှာ
" အတူတူရှိနေပေးမယ် " ဆိုတဲ့
စကားလေး တစ်ခွန်းပဲ လိုချင်တာပါ ။ 🌿
ပြဿနာတစ်ခုခုနဲ့ ထိပ်တိုက်ရင်ဆိုင်ရချိန်မှာ
အပြစ်တွေပြော.. လက်ကျန်အားအင်လေးကိုတောင်
ယုတ်လျှော့သွားအောင် .. ပိုပြီး ပင်ပန်းစေမယ့်
စကားတွေ မပြောဘဲ
အတူဖြေရှင်းကြရအောင်နော်.. လို့
နည်းလမ်းတွေ စဉ်းစားပြီး
ဖေးမ ပေးတာပဲ လိုချင်မိတယ် ။ 🌿

အားလုံးကို အရှုံးပေးပြီး
ပြိုလဲနေချင်ရင်တောင်
သူကတော့ ငါ့အတွက် ရှိနေတာပဲ ဆိုတဲ့ အသိနဲ့
အားတင်းပြီး ပြန်ကြိုးစားချင်မိတာ ။ 🌿

ဘာဖြစ်လို့ သူစိမ်းလူဆီက ဖေးမမှုကို
မက်မောတာလဲ မေးရင်
အဲဒီနွေးထွေးဖေးမမှုတွေကို လိုချင်လို့ကို
လက်တွဲဖော် ထားတာမို့ပါ ။ 🌿

ပျော်ရွှင်ခြင်းတွေရော
ဝမ်းနည်းခြင်းတွေပါ
အတူတူ မျှဝေ ခံစားချင်လို့
အဲဒီလူသားကို ဘဝထဲ လက်ခံထားတာပါ .. ။ 🌿

အဲဒါကြောင့်
အဲဒီလူပေးတဲ့ ခွန်အားနဲ့ ပိုမိုသန်မာတဲ့
အမျိုးသမီးတစ်ယောက်ဖြစ်ချင်ပါတယ် .. 🌿

အဲဒီလူကြောင့် နှစ်ဆ ပင်ပန်းရတာပြီး
ဘဝကို ရှေ့မဆက်ချင်တော့တဲ့အထိ
ပူလောင်နေရတဲ့ မိန်းမတစ်ယောက်အဖြစ်တော့
မရှင်သန်ချင်ပါဘူး .. 🌿

ကိုယ်သူ့ဆီက လိုချင်တဲ့အရာလေးက
အင်မတန်ဘဲ ရိုးရှင်းပါတယ် ..
အတူငိုပေးနိုင် .. အတူရယ်မော ပေးနိုင်တဲ့
ချစ်ခြင်းမေတ္တာလေးတစ်ခုပါပဲ ..
အဲဒါဆိုရင်ပဲ ဘဝအတွက် လုံလောက်နေပါပြီ ။ 🌿

#crd?

image
22 w - Translate

ဒါတော့ အရမ်းများသွားပြီ Samsung

2021 ကထွက်တဲ့ဖုန်းတွေအထိ Galaxy AI ရမယ်ဆိုတာက ဖုန်းလောကမှာ ကြုံတောင့်ကြုံခဲ Software Update ပဲဗျာ

တနေ့က ပိုစ့်တင်တော့ Galaxy S21 တွေရော မပါဘူးလားမေးနေကြတော့ သတင်းထပ်ရှာတွေ့လို့ သတင်းကောင်းပြောရရင်

Korea မှာတော့ S21 Series နဲ့ Z Flip3 / Z Fold3 တွေကို OneUI 6.1 ပေးနေပြီတဲ့

S21 Series နဲ့ Z Flip3 အတွက်က Circle to Search စနစ်ရမယ် Galaxy AI ကို Limited Feature တွေပေးသွားတဲ့သဘောပဲ

Z Fold3 ကိုင်တဲ့သူတွေကတော့ ရွှေပဲဗျာ RAM 12GB ကြောင့် Galaxy AI စနစ် အကုန်နီးပါးရတာလို့လဲတွေ့ရတယ်
၁)Circle to Search ရမယ်
၂)AI-generated wallpapers တွေပါမယ်
၃)Note Assist က note summarisation, auto template ရမယ်
၄)live language translation နဲ့ interpreter mode
၅)Photo Assist က AI Suggestion, Generative Fill ,
၆)Voice Recorder က Transceipt တွေအထိရမယ်ဆိုတော့ကာ Galaxy AI စနစ် အကုန်နီးပါးပဲ

Samsung က AI ခေတ်မှာ Galaxy AI နဲ့ ကြမ်းပြနေတာ နှစ်ကုန်ပိုင်းမှာ Galaxy AI သုံးနေတဲ့ Device ပေါင်း သန်း ၁၀၀ အထိ ခန့်မှန်းထားတယ်လို့သိရတယ်

S22 Series နဲ့ Z Flip & Fold 4 Series က ဒီလထဲမှာပဲ OneUI 6.1 Update နဲ့ Galaxy AI စနစ်ရမှာပါ

image
22 w - Translate

"ယောင်္ကျားတွေရဲ့ဘ၀မှာလည်း အားကိုးလောက်
စရာမိန်းမမျိုးလိုအပ်တယ် "
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

ဘယ်ယောင်္ကျားမှတော့ မိန်းမတစ်ယောက်
ကို အားကိုးမှီတွယ်ဖို့ဆိုပြီး မယူတတ်ကြပါဘူး ။

ဒါပေမယ့် အဲဒီယောင်္ကျားရဲ့ဘ၀မှာ စီးပွားရေး၊
ကျန်းမာရေး ၊ အခက်အခဲတွေ ကြုံရတဲ့အခါ
သူတို့ကို ပြန်အားပေးမယ့် သူတို့ဘက်က သတ္တိရှိရှိ မားမားမတ်မတ် ရပ်ပေးမယ့် စိတ်ဓာတ်ခိုင်မာတဲ့
သူတို့အားနည်းချက်မှာ ဦးဆောင်ဖေးမပေးမယ့် မိန်းမမျိုးတော့ လိုအပ်တယ် ။

သူတို့ကျဆုံးလဲပြိုတဲ့ဒဏ်ကိုမခံနိုင်တဲ့
မိန်းမတွေကျတော့ ယောင်္ကျားက
အဆင်မပြေရင် ငြူစူဆောင့်အောင့်ရန်လုပ်ကြတယ်

၀မ်းနည်းငိုယိုပူဆာကြတယ်၊ တစ်ချို.စိတ်ဓာတ်
မခိုင်တဲ့မိန်းမတွေဆို ဖောက်ပြန်ကြတယ်
တခြားအားကိုးရာ ရှာသွားကြတယ်

အဲဒါကြောင့်ယောင်္ကျားတစ်ယောက်
ဘ၀မှာလည်း အားကိုးလောက်စရာ မိန်းမမျိုး ရမှ
သူတို့လည်း အောင်မြင်တိုးတက်နိုင်မှာပါ

ဘုရားတရားမြဲသောဇနီးများကြောင့်ခင်ပွန်း
ဖြစ်သူတွေစီးပွားရှာမခက်သည်ကများ၏သီလသည်ဆန္ဒမှန်သမျှအောင်စေ၏တစ်ယောက်ကောင်းရှိဖို့လို၏။

ယောင်္ကျားဆိုတိုင်းလည်း အမှီအတွယ်မပါဘဲ
အရာရာကို ဦးဆောင်သွားနိုင်တဲ့သူတွေပဲလို့
ယူဆလို့မဖြစ်ပဲ
သူတို့မှာလည်း သူတို့ မစွမ်းနိုင်တဲ့ ကိစ္စတွေကျရင် မိန်းမတွေကိုမှီခိုအားထားရတာပါပဲ

အိမ်မှုကိစ္စတွေ စီမံဖို့ ၊သားသမီးကို
ရင်အုပ်မကွာပြုစုဖို့ ကိစ္စတွေမှာလည်း
မိန်းမအပေါ်မှီခိုကြရတာပါပဲ။

ဒါကြောင့် ယောင်္ကျားတွေရဲ့ဘ၀မှာလည်း
အားကိုးလောက်စရာမိန်းမမျိုး.......
လိုကိုလိုအပ်တယ်

image
22 w - Translate

5G ထက် အဆ ၂၀ မြန်တဲ့ 6G wireless ကိရိယာတစ်ခုကို ဂျပန်လုပ်ငန်းစုတွေ ဖန်တီး

ဂျပန်နိုင်ငံမှ ဆက်သွယ်ရေးလုပ်ငန်းစုတွေ ပူးပေါင်းထားတဲ့ အဖွဲ့အစည်းတစ်ခုဟာ 5G ထက် အဆ ၂၀ မြန်တဲ့ 6G wireless ကိရိယာတစ်ခု ဖန်တီးခဲ့ပါတယ်။ အဲဒီကိရိယာဟာ ပေ ၃၃၀ အကွာအဝေးအတွင်း တစ်စက္ကန့်ကို 100 gigabits (Gbps)နှုန်း ဒေတာတွေ ပို့လွှတ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

DOCOMO ၊ NTT Corporation ၊ NEC Corporation ၊ Fujitsu လုပ်ငန်းစုတွေ ပူးပေါင်းထားတဲ့ အဖွဲ့အစည်းဟာ ၂၀၂၁ ခုနှစ်ကတည်းက 6G ကိရိယာကို သုတေသနပြု၊ ဖန်တီးခဲ့ကြတာပါ။

Ref: Japan develops world’s first 6G device that’s 20 times faster than 5G

image
22 w - Translate

Paris, France 😯😯

image
22 w - Translate

ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင်ဖန်တီးရတာ 🤭

image