ပင်လယ်စာတွေ ပေါကြွယ်ဝတဲ့ ကမ်းရိုးတန်းဒေသဖြစ်တဲ့ ငါတို့ရဲ့ အဖမြေ (ARAKAN)
#crd
#rakhineculture



Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပင်လယ်စာတွေ ပေါကြွယ်ဝတဲ့ ကမ်းရိုးတန်းဒေသဖြစ်တဲ့ ငါတို့ရဲ့ အဖမြေ (ARAKAN)
#crd
#rakhineculture
နိုင်ငံပြိုကွဲစေမည့် အဖျက်လုပ်ရပ်က အလွန်အန္တရာယ်ကြီးဟု ပြော
ဖေဖော်ဝါရီ ၂၀
နိုင်ငံတော်ကို ပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ်များစွာရှိနေခြင်းမှာ နိုင်ငံတော်အတွက် အလွန်အန္တရာယ်ကြီး မားလှပါသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်က ကျရောက်သည့် (၇၇)နှစ်ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ၎င်းက ပြောကြားထားခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ယနေ့အချိန်တွင် ချင်းပြည်နယ်၏ နေရာဒေသအချို့ အပါအဝင် နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက် ကျူးလွန်မှုများနှင့် နိုင်ငံတော်ကို ပြိုကွဲ ပျက်စီးစေမည့် အဖျက်လုပ်ရပ်များစွာ ရှိနေခြင်းမှာ နိုင်ငံတော်အတွက် အလွန်အန္တရာယ်ကြီးမားလှပါသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများအကြား နှစ်ထောင်ပေါင်းများစွာ ဖြစ်တည်လာခဲ့သည့် သံယောဇဉ်တရားနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ဖြိုခွဲဖျက်ဆီးလျက်ရှိသည့် ပြည်တွင်း၊ပြည်ပ အဖျက်အင်အားစုတို့၏ အချင်းချင်း မုန်းတီးစေရန်အတွက် သွေးခွဲရန်တိုက်ပေးမှုများ၊ ကျည်းမြောင်းသော လူမျိုးရေး အယူဝါဒသွတ်သွင်း နေမှုများကို အထူးသတိပြုကာကွယ်ကြရန်လိုအပ်ပါသည်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည် နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မြန်မာ့တပ်မတော်နှင့်လက်နက်ကိုင် အင်အားစုများ ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၃ သန်းကျော်ရှိနေပြီး နေအိမ် အပါအဝင် အဆောက်အအုံပေါင်း သောင်းနှင့်ချီ မီးရှို့ဖျက်ဆီးခံထားရသည်။
ယခုကြုံတွေ့နေရသော အကြမ်းဖက်လုပ်ရပ်များမှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုရလဒ် ပယ်ဖျက်ခံရသည့်အပေါ် အမှန်တိုင်း သုံးသပ်ရှုမြင်မှုမရှိဘဲ အာဏာကို အဓမ္မနည်းဖြင့် လိုချင် တပ်မက်သည့် ဆန္ဒကြောင့် သွေးထိုးလှုံ့ဆော်မှုများမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု နစကဥက္ကဋ္ဌက ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နိုင်ငံတော်နှင့် ပြည်သူတို့အပေါ် သဘောထား မမှန်ကန်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အချို့ကလည်း ဖြစ်ပေါ်လာသော မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး တည်ငြိမ်အေးချမ်းနေသော ဒေသများကို အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးခဲ့ကြပါသည်။ ထိုဖြစ်စဉ်များကြောင့် ချင်းပြည်နယ် အပါအဝင် ဒေသအသီးသီး၌ အပြစ်မဲ့ပြည်သူများ၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများသာမက ပြည်သူပိုင် အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးကာ ဆင်းရဲဒုက္ခကြုံတွေ့နေရသည်မှာ အားလုံးအသိပင်ဖြစ်ပါ သည်”ဟု ပြောသည်။
လက်နက်ကိုင်အကြမ်းဖက်မှုများ၏ ဆိုးကျိုးကို လက်တွေ့ခံစားနေရသည်မှာ ဒေသခံတိုင်းရင်းသား ပြည်သူမျာ ပင်ဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှုများကို မူလအခြေအနေ ပြန်လည်ရောက်ရှိအောင် အကုန်အကျများစွာနှင့် အချိန် ယူ တည်ဆောက်ကြရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ပုံ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
#centralnewsnaypyitaw
နေပြည်တော်မှာ အမျိုးသားတယောက် လေးထပ်တိုက်ပေါ်ကနေ ခုန်ချအဆုံးစီရင်မှု ဖြစ်ပွား
ဖေဖော်ဝါရီ ၂၀
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာ အမျိုးသားတယောက် လေးထပ်တိုက်ပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်မှု မနေ့ ဖေဖော်ဝါရီ ၁၉ ရက်၊ နေ့လယ် ၂ နာရီကျော်က ဖြစ်ပွားခဲ့တယ်လို့ စိုးမိုးသူ လူမူကူညီရေးအဖွဲ့ချုပ်မှ သိရပါတယ်။
သေဆုံးသူဟာ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်၊ တိုက်နံပါတ် ၁၃၂၂၊ အခန်းနံပါတ် ၃၂ မှာ နေထိုင်တဲ့ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတယောက် ဖြစ်ပြီး အခင်းဖြစ် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
“သေချာတာကတော့ ခုန်ချတာပါ။ ရှောကျတာ မဟုတ်ဘူး၊ ပြုတ်ကျတာ မဟုတ်ဘူး။ တမင်သက်သက်ကို ခုန်ချတာ။ ဘာကြောင့် ခုန်ချတယ်တော့ မသိပေမယ့် သေချာတာကတော့ အရက်သောက်ထားတယ်။ ခုန်ချမယ့်အပေါက်ရဲ့ အောက်တည့်တည့်မှာ အရက်ခွက်ပါ တွေ့ခဲ့သေးတယ်။ အပေါက်ကလည်း ခါးလောက် အမြင့်ရှိတယ်။ ခုန်ချတယ်ဆိုတာက ဘာ့ကြောင့် ပြောနိုင်လဲဆို သေဆုံးသူရဲ့ခြေထောက်တွေမှာ ဘောင်ပေါ်မှာသုတ်ထားတဲ့ ဆေးတွေ တွေ့မိတယ်။ အဲဒီတိုက်ရဲ့ မှန်တံခါးတွေက Slide ဖြစ်တော့ တခြမ်းပဲ လှပ်လို့ရတာ။ အခင်းဖြစ်ချိန်က မှန်တံခါးကို အပြည့်လှပ်ထားတာလည်း တွေ့တယ်” လို့ စိုးမိုးသူ လူမူကူညီရေးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
သေဆုံးသူဟာ ဦးခေါင်း နောက်စေ့ကွဲအက် ကြေမွဒဏ်ရာနဲ့ သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပြီး အခင်းဖြစ်ချိန်မှာ သေဆုံးသူတယောက်တည်းသာ အိမ်မှာ ရှိနေတာဖြစ်တယ်လို့ သူက ပြောပါတယ်။
“ကျွန်တော်တို့ အသင်းကလည်း သူတို့ဆီက အကြောင်းကြားပြီးပြီးချင်း ချက်ချင်း သွားရောက် ကူညီပေးခဲ့တယ်။ သေဆုံးသူက ကျွန်တော်တို့လည်း အရောက်၊ အသက်ကလည်း အထွက်ပဲ။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ သူက အင့်ကနဲ တချက်တော့ မြည်လိုက်သေးတယ်။ နောက်ဆုံးလို့ ပြောရမှာပေါ့။ ဒဏ်ရာကတော့ ခြေတွေ၊ လက်တွေမှာ ကြီးကြီးမားမား မရှိဘူး။ ပွန်းတာ ပဲ့တာလောက်ပဲ။ ခေါင်းက ရှေ့မှာ အများကြီး မထိဘူး။ ဦးခေါင်းနောက်ပိုင်းကတော့ ကြေသွားတယ်။ အဲဒီဒဏ်ရာနဲ့ပဲ အသက်ထွက်သွားပုံရတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ရုပ်အလောင်းကို စိုးမိုးသူ လူမူကူညီရေးအဖွဲ့က နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် - ၁၀၀၀ ရေခဲတိုက်ကို ပို့ဆောင်ပေးထားပြီး ဖေဖော်ဝါရီ ၂၁ ရက်မှာ နေပြည်တော်က ဂွေ့ကြီးသုသာန်မှာ သဂြိုဟ်မှာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာ အမျိုးသားတယောက် အထပ်မြင့်တိုက် ရှစ်လွှာပေါ်မှ ခုန်ချခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ၂၀၂၄ ခုနှစ်အတွင်း မေလ ၁၂ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်း သုံးလွှာကနေ ကျောင်းသူတယောက် ခုန်ချအဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
အဲဒီလိုပဲ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၁ ရက်နေ့ကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ တည်းခိုခန်းတခုရဲ့ လေးလွှာကနေ အမျိုးသား တယောက် ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - စိုးမိုးသူ လူမူကူညီရေးအဖွဲ့ချုပ်
#သတင်းဟင်းလေးအိုးကြီး
နိုင်ငံပိုင်သယံဇာတများကို မတော်လောဘဖြင့် ဥပဒေမဲ့ခိုးထုတ်ကာ အကြမ်းဖက်နှင့် လက်နက်ကိုင်သောင်းကျန်းမှုများကို ထောက်ပံ့နေမှုအား တိုက်ဖျက်သွားမည်ဟု သတိပေး
ဖေဖော်ဝါရီ ၂၀
ကချင်လက်နက်ကိုင် KIA က မြေရှားသတ္တုနှင့် ကျောက်စိမ်းထွက်ရာဖားကန့်ဒေသ၊ TNLA က ကျောက်မျက်ထွက်ရာ မိုးကုတ်မြေ၊ PDF များက သစ်၊ ရွှေနှင့် ရေနံထွက်ရာဒေသအချို့ သိမ်းယူထားပြီးနောက် နိုင်ငံပိုင်သယံဇာတများကို မတော်လောဘဖြင့် ဥပဒေမဲ့ခိုးထုတ်ကာ အကြမ်းဖက်နှင့် လက်နက်ကိုင်သောင်းကျန်းမှုများကို ထောက်ပံ့နေမှုအား တိုက်ဖျက်သွားမည်ဟု သတိပေးချက်ကို သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတိပေး ထုတ်ပြန်လာသည်။
#သတင်းဟင်းလေးအိုးကြီး
သံတမန်မစ်ရှင်များ ပြန်စရန် အမေရိကန်နှင့်ရုရှား သဘောတူ
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၀
ဆော်ဒီနိုင်ငံတွင် အမေရိကန်နှင့်ရုရှား ထိပ်သီးအရာရှိများ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံ အကြား သံတမန်မစ်ရှင်များကို ပြန်လည်စတင်ရန် ဖေဖော်ဝါရီ ၁၈ ရက်က သဘောတူခဲ့ကြသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ယူကရိန်းကို ရုရှားက ဝင်ရောက် တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်ပြီး ယခင် ဘိုင်ဒန်အစိုးရအဖွဲ့က နိုင်ငံအတွင်း ရုရှား၏ သံတမန်မစ်ရှင်များကို ကန့်သတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုသဘောတူညီချက်အရ ထိုကန့်သတ်ချက်များကို ဖြေလျှော့ပေးဖွယ်ရှိနေသည်။
ပြီးခဲ့သည့်လက သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်နယ်ထရမ့် (Donald Trump) သည် ယူကရိန်းစစ်ပွဲ ကို အဆုံးသတ်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် ထိပ်သီးအရာရှိများကို အမိန့်ပေးခဲ့ပြီးနောက် ဆော်ဒီနိုင်ငံ၊ ရီးယာ့ဒ် (Riyadh) မြို့တော်တွင် အမေရိကန်နှင့် ရုရှားအရာရှိများ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
မိမိတို့၏ သက်ဆိုင်ရာ မစ်ရှင်များ လည်ပတ်မှုကို ပြန်လည်ထူထောင်ရေးအတွက် လျှင်မြန်စွာ အားထုတ်ကြိုးပမ်း ကြရန် ပထမအဆင့်အနေဖြင့် သက်ဆိုင်ရာနိုင်ငံများမှ အရာရှိများပါသည့် အဖွဲ့များဖွဲ့စည်းရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြသည်ဟု ရူဘီယိုက ပြောသည်။
ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အမေရိကန်နှင့် ရုရှားသည် အပြန်အလှန် အရေးယူ တုန့်ပြန်မှုများအဖြစ် သက်ဆိုင်ရာနိုင်ငံများရှိ သံရုံးများမှ သံတမန်များကို နှင်ထုတ်ခြင်း၊ သံရုံးဝန်ထမ်းများ ခန့်အပ်မှုကို အရေအတွက် ကန့်သတ်ခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။
ထို့ကြောင့် အမေရိကန်ရှိ ရုရှားသံရုံးနှင့် ရုရှားရှိ အမေရိကန်သံရုံးတို့တွင် ဝန်ထမ်း အရေအတွက်သည် အနည်းငယ် သာ ရှိခဲ့သည်။
ထိုသို့ လုပ်ဆောင်မှုများကြောင့် မော်စကို (Moscow) ရှိ မိမိတို့၏ သံတမန် လုပ်ငန်းစဉ်များအတွက် လုပ်ကိုင် နိုင်စွမ်းများ လျော့ကျခဲ့ပြီး ဝါရှင်တန် (Washington)ရှိ ရုရှားသံရုံးသည်လည်း အလားတူ အခြေအနေနှင့် ရင်ဆိုင် ခဲ့ရလိမ့်မည်ဖြစ်ကြောင်း ရူဘီယိုက ဆိုသည်။
“သံရုံးတွေရဲ့ လုပ်ငန်းတွေကို ပုံမှန်အတိုင်း ပြန်လည် လည်ပတ်စေနိုင်ဖို့အတွက် တက်ကြွပြီး အားမာန်ပြည့်ဝတဲ့ သံတမန်မစ်ရှင်တွေရှိဖို့ လိုအပ်ပါတယ်” ဟု ရူဘီယိုက ပြောကြားခဲ့သည်။
ထိုသံတမန်မစ်ရှင်များကို မည်ကဲ့သို့ ပြန်လည် ထိန်းသိမ်းမည်ဆိုသည့် အသေးစိတ် အချက်အလက်များကိုမူ လူသိရှင်ကြား ပြောဆိုသွားမည် မဟုတ်ဟုလည်း ၎င်းက ဆိုသည်။
လက်ရှိ ရုရှားတွင် အမေရိကန်၏ သံတမန်မစ်ရှင်များ လည်ပတ်နေပုံနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များအတွက် မှတ်ချက်ပေးရန် တောင်းဆိုမှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်းတုန့်ပြန်ခဲ့ခြင်းမရှိပေ။
Source: ရိုက်တာ
ပုံ - ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယို တွေ့ဆုံဆွေးနွေးကြစဉ်
#centralnewsnaypyitaw
ဗီလာနဲ့ သရေကျခဲ့လို့ မပျော်ရွှင်ဘူးလို့ အာနီဆလော့ပြော
ဖေဖော်ဝါရီ ၂၀
လီဗာပူးလ်အသင်းဟာ ဗီလာအသင်းနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် နည်းပြ အာနီဆလော့က သရေရလဒ်အတွက် မပျော်ရွှင်ဘူးလို့ ပြောခဲ့ပါတယ်။
အာနီဆလော့က “ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျနော် မပျော်ရွှင်ပါဘူး။ ပွဲကိုပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ ဟာ သူတို့ထက် အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျနော်တို့ဟာ ဒီပွဲမှာ ရလဒ် ကောင်း ရယူနိုင်ဖို့အတွက် အရာအားလုံးကိုလုပ်ခဲ့ပါတယ်။ နိုင်ပွဲတောင်ရယူဖို့ဖြစ်နိုင်ခဲ့တယ်”လို့ TNT Sports ကိုပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ဆာလက်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် တိုင်လီမန်စ်၊ ဝက်ကင်စ်တို့ရဲ့ သွင်းဂိုး တွေနဲ့ ပထမပိုင်းအပြီးမှာ အက်စတွန်ဗီလာအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်နေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒုတိယပိုင်းမှာ အာနိုးလ်က လီဗာပူးလ်အသင်းအတွက် ချေပဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ၂ ဂိုးစီ သရေနဲ့ ပြီးဆုံးခဲ့တာပါ။
ဒီပွဲမှာ လီဗာပူးလ်အသင်းဟာ အနိုင်ဂိုးရယူနိုင်မယ့် အကောင်းဆုံး အခွင့်အရေး ရခဲ့ပေမယ့် တိုက်စစ်မှူး ဒါဝင်နူနက်ဇ်လွဲချော်ခဲ့လို့ နစ်နာခဲ့ရတာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ အက်စတွန်ဗီလာအသင်းကို အနိုင်ရယူနိုင်ခဲ့ရင် အမှတ်ပေးဇယားအဆင့် ၂ နေရာက အာဆင်နယ်အသင်းကို ၁၀ မှတ်အထိ ဖြတ်ထားနိုင်မှာဖြစ်ပေမယ့် သရေကျခဲ့တာကြောင့် ၁ ပွဲ ပိုကစားထားပြီး ရမှတ် ၈ မှတ်သာဖြတ်ထားနိုင်ခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေသလို၊ ကာရာဘောင်းဖလား ပြိုင်ပွဲမှာ ဗိုလ်လုပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့် ရောက်ရှိထားပါတယ်။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ဒီရာသီမှာ အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူချင်တယ်လို့ ပြောခဲ့ပါ တယ်။
လီဗာပူးလ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ပွဲကြီးပွဲကောင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:CNA
ပုံ - လီဗာပူးလ်အသင်းကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ
အာဆင်နယ်အသင်းရဲ့ဂန္ဓဝင်အသင်းနည်းပြအာစင်ဝင်းဂါးက သူ့အနေနဲ့ရစေချင်ပေမဲ့လည်း အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီကာလမှာတော့ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရယူနိုင်ဖို့အခွင့်အရေးနည်းပါးတယ်လို့ဝန်ခံပြောဆိုလိုက်ပါတယ်။
ဂန်းနားအသင်းဟာ လိဂ်ပြိုင်ပွဲ ၂၅ ပွဲကစားထားခဲ့ပြီးနောက် လီဗာပူးလ်အသင်းနောက် ၈ မှတ်အကွာမှာရပ်တည်နေခဲ့တာဖြစ်ပါတယ်။ကွာဟမှုအရမ်းမများပေမဲ့လည်း ဒီရာသီကြိုးကြာနီအသင်းရဲ့ကစားပုံကမာကျောပြီးကျန်ရှိတဲ့ပွဲစဉ်တွေကိုလွဲချော်ဖို့ခဲယဉ်းတယ်လို့ ပြင်သစ်သားနည်းပြကြီးကမြင်နေပါတယ်။
လွယ်လွယ်ကူကူနဲ့ချန်ပီယံအရမ်းဖြစ်စေချင်ပါတယ်။လီဗာပူးလ်အသင်းကိုရှုံးနိမ့်စေချင်ပါတယ်။
လီဗာပူးလ်အသင်းအနေနဲ့ကစားပုံကျဆင်းလာတာကလွဲလို့ပေါ့။ဒါပေမဲ့လက်ရှိအချိန်အထိတော့သူတို့အသင်းအနေနဲ့တပွဲသာရှုံးထားတာကြောင့် သူတို့အသင်းဟာ ရေပန်းစားနေတဲ့အသင်းဖြစ်နေပါတယ်။
ဒါ့အပြင်အာဆင်နယ်အသင်းကလည်းပွဲတိုင်းအနိုင်ရရမှာဖြစ်ပါတယ်။ကျနော်ဒီလိုမျိုးဖြစ်ဖို့ပဲ့ဆုတောင်းပါတယ်။ဒါပေမဲ့ ဒီဟာကဘယ်လိုမျိုးဖြစ်ပေါ်လာမလဲဆိုတာတော့ကျနော်မသိဘူးလို့ ဝင်းဂါးလ်က beIN Sports သတင်းကိုပြောဆိုခဲ့ပါတယ်။
#ဘောလုံးသတင်းစူံ
ရန်ကုန်မြို့လယ်ခေါင်ရှိ Peninsula Hotel စီမံကိန်းရပ်ဆိုင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
ရန်ကုန်မြို့လယ်ခေါင်ရှိ မီးရထားပိုင်အဆောက်အဦးနေရာတွင် အကောင်အ ထည်ဖော်တည်ဆောက်နေသည့် Peninsula Hotel စီမံကိန်းကို နိုင်ငံရေးအခြေ အနေကြောင့် အပြီးတိုင်ရပ်ဆိုင်းလိုက်ကြောင်း မြန်မာ့မီးရထား(နေပြည်တော်) မှ သိရသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးမတည်ငြိမ်မှုများနှင့် နိုင်ငံရေးအခြေအနေများကြောင့် အဆိုပါစီမံကိန်းကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
"အကြောင်းအမျိုးမျိုးကြောင့် ရပ်လိုက်တာပေါ့။ ပြောရရင် နှမြောစရာကောင်းတယ်။ မြန်မာပြည်ရဲ့ခရီးသွားကဏ္ဍက ဖွံ့ဖြိုးတိုးတက်နေရင် ဒီစီမံကိန်းလည်း အကောင်အထည်ဖော်ဖြစ်မှာ။ အခုတော့ သိတဲ့အတိုင်းပဲ>" ဟု မြန်မာ့မီးရ ထား(နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထို့ပြင် ယင်းစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံထားသောငွေအားလုံးကို စာရင်းမှ ပယ်ဖျက်လိုက်ကြောင်း၊ မီးရထားပိုင်မြေနေရာတွင် တည်ဆောက်နေသည့် ရန်ကုန် Peninsula Hotel စီမံကိန်းသည် စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic Holdings နှင့် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် First Myanmar Investment တို့ပါဝင်သော Serge Pun (ခေါ်) ဦးသိမ်းဝေ၏ Yoma Group နှင့်ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်သည်။
ယခင်ကိုလိုနီခေတ်ဟောင်း မြန်မာ့မီးရထားဌာနချုပ်နေရာကို ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် အခန်း ၈၈ ခန်းပါ ဟိုတယ်တစ်ခုအား တည် ဆောက်မည့်စီမံကိန်းကို လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#centralnewsnaypyitaw
ယူကရိန်းအရေး ဥရောပခေါင်းဆောင်တွေ ဒုတိယအကြိမ် စည်းဝေး
ပါရီ၊ ဖေဖော်ဝါရီ ၂၀
ယူကရိန်းစစ်ပွဲအရေးနဲ့ပတ်သက်ပြီး ဥရောပခေါင်းဆောင်တွေရဲ့ ဒုတိယမြောက် အစည်းအဝေကို ပြင်သစ်နိုင်ငံ ကဦးဆောင်ပြီး မနေ့က ထပ်မံပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ပထမအကြိမ်ဆွေးနွေးပွဲ မတင်္ကရောက်ခဲ့တဲ့ နော်ဝေ၊ ဖင်လန်၊ ကနေဒါအပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဘောတစ်နိုင်ငံခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ယူကရိန်းကို ဆက်လက်ထောက်ပံ့ရေးနဲ့ ဥရောပလုံခြုံရေးအတွက် အစီအမံတွေကို သဘောတူခဲ့တယ်လို့ ပြင်သစ် သမ္မတက ပြောပါတယ်။
ဥရောပနဲ့ အမေရိကန်တို့အကြား ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရည်မှန်းချက်ကတော့ တူညီနေတယ်လို့ သူကဆိုပါတယ်။ ယူကရိန်းအဆက်မပြတ်ပါဝင်မှု၊ ခိုင်မာယုံကြည်ရတဲ့ အာမခံချက်နဲ့ အခြေခံမူတွေနဲ့ ထာ၀ရငြိမ်းချမ်းရေး ရရှိအောင်လုပ်မယ်လိုပ မက်ခရိုက ပြောပါတယ်။
ဥရောပကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် နိုင်ငံတွေအနေနဲ့ ကာကွယ်ရေးအသုံးစရိတ်နဲ့ စွမ်းဆောင်ရည်တွေ တိုးမြှင့်ဖို့လိုအပ်ပြီး ဒီအစီအစဉ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို လာမယ့်သီတင်းပတ်တွေအတွင်း ချမှတ်သွားမယ်လို့ ပြင်သစ်သမ္မတက ပြောပါတယ်။
လက်ရှိမှာတော့ အမေရိကန်နဲ့ ရုရှားတို့ဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် နှစ်ဖက် ထိပ်တန်းတာဝန်ရှိသူတွေ ဆော်ဒီအာရေဗျမှာ ဆွေးနွေးခဲ့ကြပြီး ညှိနှိုင်းရေးအဖွဲ့ဖွဲ့ဖို့ သဘောတူခဲ့ပြီး ဆွေးနွေးပွဲတွေ ဆက်လုပ်မှာပါ။
ဒါပေမယ့်လည်း ယူကရိန်းမပါတဲ့ ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ယူကရိန်းနဲ့ ဥရောပနိုင်ငံတွေက ဝေဖန်နေပြီး ဆွေးနွေးပွဲရဲ့ ဘယ်လိုသဘောတူညီချက်မျိုးကိုမဆို လက်သင့်မခံဘူးလို့ သမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:NHK
Photo:Getty Images
#သတင်းဟင်းလေးအိုးကြီး
◼ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် ကြိုတင်တိုကင်ရယူခြင်းကို မြန်မာသံရုံး(တိုကျို )ပယ်ဖျက်
အခကြေးငွေဖြင့် ရောင်းချကာ မိမိကိုယ်ကျိုးအတွက် အသုံးပြုနေမှုကြောင့်သံရုံးတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် Online Appointment ရယူမှုကို ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံရုံး တိုကျို က သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် ဂျပန်နိုင်ငံတွင် ရောက်ရှိနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများအတွက် ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် သံရုံးသို့လူကိုယ်တိုင်လာရောက်၍ ဆောင်ရွက်ကြသူ အလွန်များပြားလာသောကြောင့် မြန်မာနိုင်ငံသားများအား အဆင်ပြေချောမွေ့စွာ ဝန်ဆောင်မှုပေးနိုင်စေရန်အတွက် Online Appointment စနစ်ကို ၂ဝ၂၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ကျင့်သုံးခဲ့သည်။
Online Appointment စနစ်တွင် ရက်ချိန်းရယူထားပြီး အလုပ် အားလပ်မှုမရှိသဖြင့် သံရုံးသို့ လူကိုယ်တိုင်လာရောက်ရန် အခက်အခဲရှိသူများတွက်လည်း မိသားစုဝင်တစ်ဦးဦးကဖြစ်စေ၊ အသိမိတ်ဆွေကဖြစ်စေ ကိုယ်စားလှယ်လွှဲစာဖြင့် လာရောက်လျှောက်ထားခြင်းကို ဖြေလျှော့ခွင့်ပြုထားရှိကြောင်း၊ သို့ရာတွင် အဆိုပါဖြေလျှော့ပေးမှုအပေါ် အချို့သူများသည် မိမိအကျိုးအတွက်အသုံးပြုနေကြောင်း သံရုံးအနေဖြင့် စိစစ်တွေ့ရှိရကြောင်း၊ ယင်းပုဂ္ဂိုလ်များသည် မိမိကိုယ်တိုင်လျှောက်ထားရန်အတွက်မဟုတ်ဘဲ Online Appointment စနစ်သို့ အမည်အမျိုးမျိုး၊ အီးမေးလ်လိပ်စာအမျိုးမျိုးဖြင့် ဝင်ရောက်ကာကြိုတင် Appointment များ ရယူထားပြီး အဆိုပါ Appointment အား အခကြေးငွေဖြင့် ရောင်းချကာ ကိုယ်ကျိုးအတွက် အသုံးချနေကြသဖြင့် ကိုယ်တိုင်ဆောင်ရွက်လိုသော မြန်မာနိုင်ငံသားများက ရက်ချိန်းရယူရာတွင် အခက်အခဲရှိနေမှုတွေ့ရှိရကြောင်း ဖော်ပြထားသည်။
သို့ဖြစ်ရာ မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် မိမိအကျိုးစီးပွားအတွက် Online Appointmentများ ကြိုတင်ရယူဆောင်ရွက်ထားကြောင်း သံသယရှိသူများ၏ Appointment များကို စနစ်တကျစိစစ်ကာ ပယ်ဖျက်လျက်ရှိကြောင်း၊ ယင်းသို့ပယ်ဖျက်ရာတွင်ကိုယ်တိုင်လျှောက်ထားရန်ဆောင်ရွက်ထားသော နိုင်ငံသားများ၏ Appointment များ ပါရှိသွားပါက အချက်အလက် အပြည့်အစုံတင်ပြ၍ သံရုံးသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပြီး သံရုံးမှလိုအပ်သည့် စိစစ်မှုများပြုလုပ်၍ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
သံရုံးသို့လာရောက်ရာတွင်လည်း ကာယကံရှင်က ကိုယ်တိုင်ပြုလုပ်ထားခြင်းမရှိသည့် Appointment များဖြင့် လာရောက်ခြင်း ဟုတ်၊မဟုတ်ကို လိုအပ်သည့်အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ကောင်စစ်ဌာနအတွင်းသို့ ဝင်ခွင့်ပြုသွားမည်ဖြစ်သည်။
ထို့ပြင် မူနှင့်ကိုက်ညီသော လျှောက်ထားမှုများနှင့် မိသားစုဝင်များမှအပ Appointment တစ်ခုလျှင် လျှောက်လွှာတစ်စောင်သာ လက်ခံသွားမည်ဖြစ်ပြီး မိသားစုဝင်များမှအပ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ကိုယ်စားလာရောက် လျှောက်ထားသူများအား လက်ခံဆောင်ရွက်ပေးမည်မဟုတ်ကြောင်း၊ သံရုံးသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားရန် အခက်အခဲရှိသော ဝေးလံဒေသများမှ မြန်မာနိုင်ငံသားများအနေဖြင့်စာတိုက်မှတစ်ဆင့်ပေးပို့လျှောက်ထားမှုကို ဆက်လက်ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပေးဖော်ပြထားသည်။