7 w - Translate

ငါအခုဘာခံစားနေရလဲဆိုတာ ငါမသိဘူး၊ ဗလာနတ်ပဲခံစားရတယ်၊ ဒါပါပဲ။

image
7 w - Translate

Blue roses.💙🌹

image
7 w - Translate

စိတ်လိုလက်ရ အိမ်ပြန်နေတဲ့
တိမ်တွေကို "ကျုပ်တို့ရော အိမ်ပြန်ရတော့မှာလား"လို့
မေးတော့ သူတို့က ဝမ်းနည်းစွာ ပြန်ဖြေတယ် ။

"အိမ်ပြန်ခရီးဟာ ဝေးရပါဦးမည်"တဲ့။

#နေညိုရောင်ခြည်

image
7 w - Translate

နို၀င်ဘာရဲ့ နောက်ဆုံးညတဲ့...။

အဆုံး...ဆိုတာရှိလို့လား....။

အရာရာဟာ အဆုံးသတ်မယောင်ယောင်နဲ့ပဲ
ပြန်လည်စတင်ဖို့ သယ်ဆောင်လာကြပြန်တတ်တာပဲမလား....။

အတိတ်တွေကိုပဲဖြစ်စေ....
အရိပ်အငွေ့တွေကိုပဲဖြစ်စေပေါ့.....။

နတ်သမီးပုံပြင်ကြိုက်ကြသူတွေက
ပျော်ရွှင်စွာနဲ့အတူတကွနေထိုင်ရင်း
ထာ၀ရပေါင်းဖက်သွားကြလေသတည်း....လို့ ယုံကြည်ချိန်မှာ
မင်းသားနဲ့မင်းသမီးညားတိုင်း ဇာတ်မသိမ်းဘူး.....လို့
ကိုယ်ကယုံပြန်တာပါ....။

ချစ်၍ပဲ လည်ပါစေ.....
မုန်း၍ပဲ လည်ပါစေ...
ကမ္ဘာကြီးကတော့ အမြဲတမ်းနှစ်ခြမ်းကွဲတာပါပဲ....။

ဟုတ်ကဲ့....
တိတ်တဲ့အရပ်မှာတိတ်
ထိတ်တဲ့အရပ်ဟာထိတ်နဲ့
လတစ်လရဲ့နောက်ဆုံးညဟာ
သိပ်မကြာခင် ထပ်ကုန်သွားပြန်ဦးမှာနဲ့ပဲတူပါရဲ့ ....။

#ညတာရာလင်း

image
7 w - Translate

ကိုယ့်အနားမှာ တကယ်နေချင်တဲ့သူက
ခက်ခဲပင်ပန်းရရင်တောင်
ကိုယ့်နားမှာနေဖို့ နည်းလမ်းရှာလိမ့်မယ်။

အချစ်မှာအကြောင်းပြချက်တွေမရှိဘူး
မင်းအတွက်....မင်းနဲ့အတူဆိုတာတွေပဲရှိတယ်။

ကိုယ့်ကိုတကယ်ချစ်တဲ့သူက ကိုယ့်ဆီကိုပဲလာပါတယ်။
အချစ်တွေက ရိုးရှင်းပါတယ် စစ်မှန်ခဲ့ရင်ပေါ့ ..🌻🤍

image
7 w - Translate

ငါတို့တွေ ဝေးကြရပြီနော် ...

အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်းတွေကို မျက်ရည်တွေနဲ့ မေးရတဲ့ အခြေအနေရောက်နေပြီဆိုမှတော့ ငါတို့တွေ သေချာပေါက်ဝေးကြရပြီပေါ့ .... အရင်လို ဘာလုပ်နေတာ ဘာဖြစ်နေတာဆိုပြီး ပြောပြလို့ရမနေတော့တဲ့ အခြေအနေတစ်ခုမှာ ရပ်နေရတာပဲ ငါတို့တွေ တကယ်ဝေးကြပြီပေါ့ကွာ ... တစ်နေ့တစ်နေ့ မင်းကို ချစ်တယ်ဆိုတဲ့စကားလုံးရယ် ပြီးတော့ မင်းကို လွမ်းတယ်ဆိုတဲ့ စကားရယ်ကလွဲရင် တခြားအကြောင်းအရာတွေ မထပ်အောင် ပြောပြချစ်ခဲ့တဲ့ နေ့ရက်တွေကို လွမ်းတယ် ။ ဒီရက်တွေမှာလေ စိတ်နဲ့ကိုယ်နဲ့လည်း မကပ်ဘူး အသက်မဲ့နေတဲ့ ဖုန်းအနားလည်း မကပ်ဘူး ...

လုပ်စရာတွေရှိနေသေးတယ်ဆိုတဲ့ စိတ်နဲ့ အားတင်းနေပေမယ့် တကယ်တမ်းကျတော့ လက်လျှော့လိုက်ချင်ပြီ သိရဲ့လား ... အသည်းလေး ကွဲသွားရုံပါဆိုတဲ့စကားတွေကို ငါ ဒီလောက်ချစ်ခဲ့တာဆိုပြိး ပြန်မဖြေချင်တော့ဘူး သိရဲ့လား ... သူတစ်ယောက်တည်းပဲ ရှိတာမှ မဟုတ်တာဆိုတဲ့ စကားတွေကို သူ့ကိုပဲ ချစ်တာဆိုပြီး မျက်နှာပြောင်မတိုက်ချင်တော့ဘူး ... ဒါပေမယ့် အဲ့ဒီအရာတွေဟာ အမှန်တရားတွေပဲမို့ အဲ့ဒီအဖြေတွေမှ မပေးရင် နှုတ်ဆိတ်နေလိုက်ဖို့ပဲရှိတာလေ ။

လွမ်းတယ် မဟုတ်ဘူး ... စိတ်နာနေချင်မိတာ ဒါပေမယ့် ဒီအချိန် အသံလေးကြားရင် အပြေးလေးသွားမိမယ့်သူကလည်း ကိုယ်ပဲ မဟုတ်လား ... ပထမဆုံးချစ်ဖူးတဲ့လူတစ်ယောက်ကို နောက်ဆုံးချစ်သွားချင်တဲ့ ဆန္ဒတွေနဲ့အတူ ပျော်ရွှင်ခဲ့ဖူးတယ်ဆိုတဲ့ အတိတ်ကို ပြည်ဖုံးကားချလိုက်တာ လွယ်လိုက်တာဆိုပြီး ရေရွှတ်ရုံပေါ့ ... ဘယ်လောက်ချစ်လဲဆိုတာကို မသိဘူးလားဆိုတဲ့ မေးခွန်းတွေ မမေးတော့ဘူး ကိုယ်ဘယ်လောက်ချစ်ပေးခဲ့တယ်ဆိုတာ မင်းကိုယ်တိုင်ပဲ နားလည်သဘောပေါက်မှာပါ နင်ရူးများရူးနေတာလားဆိုပြီး ပတ်ဝန်းကျင်က မေးရလောက်တဲ့အထိ ကိုယ်မင်းကို ချစ်ပေးခဲ့တာပဲ ။

ဘယ်နေရာများ နားလည်မပေးခဲ့လို့လဲဆိုပြီး တွေးကြည့်သေးတယ် သေချာတာကတော့ တင်းလွန်းလို့ ပြတ်ခဲ့တဲ့ကြိုး မဟုတ်ခဲ့တာပါပဲ ... တောင်းပန်ပါတယ်ဆိုပြီး တစ်ခွန်း ပြောခဲ့ရဖူးလို့လား ... စိတ်ကောက်နေလို့ပါဆိုပြီး တစ်ခါချော့ခဲ့ရဖူးလား ကိုယ်စိတ်ကောက်လည်း မင်းဖုန်းလေးလာရင် ဘယ်တုန်းကများ ချပစ်ရက်ခဲ့ဖူးလို့လဲ ... မင်းအသံလေးကြားရင် ဘယ်အင်အားနဲ့များ ရန်တွေ့ခဲ့ဖူးလို့လဲ ။ တင်းလွန်းလို့ပြတ်တဲ့ကြိုးမဟုတ်ပဲ အလျှော့ပေးလွန်သွားလို့ လွှတ်ထွက်သွားမျိုးလို့ပဲ ထင်ပါတယ် ။

ဘာပဲဖြစ်ဖြစ် ငါတို့တကယ် ဝေးကြပြီနော် ... နှစ်တွေအကြာကြီးချစ်ခဲ့တယ် ဘယ်တော့ကမှ စိတ်ဆိုးစိတ်ကောက်စရာမရှိပဲ ပျော်စရာကောင်းခဲ့တယ် ပြီးတော့ ဘာပြသနာမှမရှိပဲ ငါတို့တွေ ဝေးသွားကြတယ် ... ဘယ်တုန်းကမှ မBlock ရက်ခဲ့တဲ့ ဖုန်းနံပါတ်လေးကို ကိုယ် Blockခဲ့ရတယ် အမြဲတစေ တွေ့ချင်နေမိတဲ့ မျက်နှာလေးကို ပေါ်မလာအောင် ဆုတောင်းနေရတယ် ... ပြန်တွေးကြည့်ရင် တကယ်ကို ရယ်ချင်စရာကြီးပါပဲ .. ဒါပေမယ့် မျက်ရည်တွေနဲ့ ။

#ကျေးကို
#ငါတို့တကယ်ဝေးကြပြီနော်
#minyellthuzar

image
7 w - Translate

ညတွေဟာ နက်နေတုန်း
အိပ်ရေးတွေဟာ ပျက်နေတုန်း
လမ်းတွေဟာလဲ ဆက်ပျောက်နေတုန်း
ငါဟာ အရင်တိုင်း ငါဖြစ်နေတုန်းပဲ...။

-crd

image
7 w - Translate

“တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမရှိတဲ့နေ့တွေမှာတောင် ငါမင်းကို အမြဲရွေးချယ်မယ် ”.

image

မန်စီးတီးနဲ့ပွဲကို လွဲချော်မယ်လို့ ကိုနာတေး အတည်ပြု

ဒီဇင်ဘာ ၁

လီဗာပူးလ်အသင်းရဲ့ အဓိကနောက်ခံလူ ကိုနာတေးဟာ ဒဏ်ရာကြောင့် မန်စီးတီးအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းကို လွဲချော်မယ်လို့ အတည်ပြုခဲ့ပါတယ်။

ပြင်သစ်နောက်ခံလူ ကိုနာတေးဟာ အသင်းခေါင်းဆောင် ဗန်ဒိုက်နဲ့ တွဲဖက်ပြီး ဒီရာသီမှာ လီဗာပူးလ်အသင်းရဲ့ ခံစစ်ကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပေးထားနိုင်တာပါ။

ကိုနာတေးဟာ ရီးရယ်လ်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာလည်း လီဗာပူးလ်အသင်းအတွက် ခြေစွမ်း ပြသနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ရီးရယ်လ်အသင်း တိုက်စစ်မှူး အန်းဒရစ်နဲ့ ထိခိုက်မိပြီး ဒူးဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ကိုနာတေးဟာ ဒီဒဏ်ရာကြောင့် မန်စီးတီးအသင်းနဲ့ပွဲစဉ်ကို သူပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ကြေညာခဲ့တာပါ။

ကိုနာတေးဟာ ဒဏ်ရာကြောင့် ၅ ပတ်ကနေ ၆ ပတ်ကြာအထိ အနားယူရမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ ကိုနာတေး မပါဝင်နိုင်တဲ့ပွဲတွေမှာ ဗဟိုခံစစ် နေရာအတွက် ဗန်ဒိုက်နဲ့အတူ ကွမ်ဆက် ဒါမှမဟုတ် ဂိုးမက်ဇ်တို့ကို တွဲဖက်အသုံးပြုရတော့မှာပါ။

ရီးရယ်လ်အသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့တဲ့ နောက်ခံလူ ဘရက်ဒလေလည်း မန်စီးတီးအသင်းနဲ့ ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေပါတယ်။

လီဗာပူးလ်အသင်းရဲ့ အဓိကညာနောက်ခံလူ အာနိုးလ်ဟာ ဒဏ်ရာကနေ ပြန်သက်သာလာပြီဖြစ်ပြီး နည်းပြ အာနီဆလော့က သူဟာ ပွဲကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောထားတာပါ။

ဒါကြောင့် အာနိုးလ်ဟာ မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းရဲ့ ပွဲထွက် လူစာရင်းထဲ ပြန်ပါဝင်လာဖို့ ရှိနေပါတယ်။

လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဂိုးသမား အယ်လီဆန်၊ တိုက်စစ်မှူး ဂျိုတာနဲ့ ဘယ်နောက်ခံလူ ဆီမီကတ်စ်တို့ဟာ မန်စီးတီးအသင်းနဲ့ ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေတာပါ။

လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်း ရရှိနေပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ပုံ - ကိုနာတေးကို တွေ့ရစဉ်

#centralnrwsnaypyitaw

image
7 w - Translate

~~ အမှတ်တရ ~~~ { ၁ }
#ဂျူး

လမ်းမပေါ်တွင် ပန်းပွင့်ကြွေများ ၊ သစ်ရွက်ကြွေများ ဟိုတစ်စ သည်တစ်စ လွင့်ရင်း တချို့လည်း ရေစိုနေပြီး တချို့လည်း ခြောက်သွေ့နေဆဲ ဖြစ်သည်။
မိုးက တစ်ချက်တစ်ချက်မှာ ဖြန်းခနဲ သည်းပက်လိုက်ပြီး တစ်ချက်တစ်ချက်ကျတော့ လေဖြင့် လွင့်ပါ၍ မိုးစက်များ ပျောက်ပျောက်သွားပြန်၏ ။
ဒါ မန္တလေးမိုးမှ မဟုတ်ဘဲ။ မိုးစိုစွတ်သော ကတ္တရာလမ်းမ၏ အနံ့နှင့်အတူ မပြယ့်တပြယ် ဖုန်ငွေ့အနံ့က ကျွန်မကို ခပ်စိမ်းစိမ်း နှုတ်ဆက်ဖော် ရလေသည်။
ကျုံးထောင့်က စိန်ပန်းပင်ကြီးမှာတော့ ဟိုလွန်ခဲ့သည့် ကာလများနည်းတူ နီရဲနေအောင် ပွင့်ဆဲ ၊ အပွင့်များ မြေပြင်တွင် ပြန့်ကျဲလျက် ၊ တချို့က သံဆန်ကာ၏ မန္တလေးမြို့သည် ယခင်ကလိုပင် စိုစွတ်ထိုင်းမှိုင်းလျက်ရှိသည်။ သည်ဘက် ပလက်ဖောင်းပေါ်အထိ လွင့်ကျနေသည်။ အခုနေများ တစ်စုံတစ်ယောက် အသိမိတ်ဆွေနှင့် တွေ့ပြီး “ဟော .. အလည်လာတာလား” ဟု နှုတ်ခွန်းဆက်လျှင် ကျွန်မ ဘယ်လို ဖြေရပါ့မလဲ ။ ကျုံးရေပြင်ပေါ်သို့ မိုးစက်များ လွင့်ခနဲ လွင့်ခနဲ နစ်မြုပ်ကျနေသည်။
နန်းရှေ့ ကျုံးရေပြင်ဘက်တွင်သာ တွေ့ရတတ်သော ပန်းနုရောင်ကြာငုံပွင့်များကို စတင် မြင်ရလျှင် ကျွန်မတို့ နေအိမ်ကလေးသို့ ရောက်လုပြီ။ ရင်းနှီးနေကျ ထနောင်းပင်များ ၊ ရေမှော်ပင် သေးသေးကွေးကွေး ကလေးများ ကြာရွက် အရွယ်စုံများ နောက် ကြာဖူးငုံများ ကြာပွင့်များ။
ရေနီမြောင်းပေါင်ထိပ်တွင် ကျွန်မ ဆင်းရပါမည်။ ကားရပ်လိုက်သောအခါမှ မိုးက ဝေါခနဲ ရွာချပစ်လိုက်တော့သည်။ မိန်းမကိုင် လက်ဆွဲသေတ္တာ အသေးတစ်ဖက် ၊ ပခုံး၌ လွယ်ထားသော လက်ပွေ့အိတ်က တစ်ဖက် ၊ မိုးရေထဲ၌ ချက်ချင်း စိုရွဲသွားသည်။ ဒါကတော့ မန္တလေးမိုး အစစ်ပဲ။ ကားထွက်သွားသော အခါ ကျွန်မ မိုးရေထဲ၌ ခဏ ကျန်ရစ်သည်။ စက်ဘီးကိုယ်စီနှင့် ကျောင်းသူ အရွယ် မိန်းကလေးတစ်ဖွဲ့ က ကျွန်မကို နောက်ပြန် လှည့်ကြည့်သွားကြ၏။
မြောင်းပေါင်အတိုင်း ခပ်သွက်သွက် လျှောက်လှမ်းလာသော အခိုက်အတန့်၌ စိုစွတ်သော ကျွန်မဆံပင်များ တစ်ချက်တစ်ချက် လွင့်သွားသည်။
ဟော ဟိုမှာ … သစ်သားတံတားဖြူကလေး ၊ ဤတံတားကလေးကို ၁၉၈၂ ခုနှစ်တုန်းက ကျွန်မတို့နှစ်ယောက် ခင်းခဲ့သည်။ ဆေးအဖြူကိုတော့ ကျွန်မကိုယ်တိုင် သုတ်ခဲ့သည်။
ဤတံတားကလေးသည် ကျွန်မကို မောင့်ကိုယ်စား ကြိုဆိုသူ ဖြစ်လေသည်။ တံတားပေါ်တွင် ရှိနေကျ ကလေးတစ်သိုက် မရှိပါ။
ကျွန်မတစ်ယောက်တည်း ရေစိုရွှဲလျက် ဖြတ်သန်းလာရသည်။ ကြာဖူးကြာခိုင်များ ရေစီးကြောင်း၏ တိုက်တွန်းမှုကြောင့် ယိမ်းနွဲ့နေကြသည်။ သူတို့ကို ကြည့်လျှင် ကျွန်မရင်က ယခုတိုင် နာကျင်ဆဲ ဖြစ်ပါသည်။ ခြံ၀င်းတံခါးက ပွင့်လျှက်ရှိ၏။ ဘာပဲဖြစ်ဖြစ် တစ်ချိန်ချိန်မှာတော့ အိမ်ရှင်အန်တီနှင့် ပဋိသန္ဓာရ စကားများ ဆိုရဦးမည်။

#ဆက်ရန်ရှိ

image