Small bedroom Design

22 w - Translate

အဲ့လိုလဲဖြစ်နိုင်တာပဲဆိုပြီး
နားလည်ပေးရင်း
နားလည်ပေးခဲ့တယ်
သည်းခံပြီးပဲနေလာကြည့်တော့

ငါ့နှလုံးသားမှာ ပျော်ရွှင်စရာနေရာဆိုတာမရှိတော့ဘူး
နားမလည်နိုင်လောက်တဲ့အရာတွေကို နားလည်မပေးပဲနဲ့

ငါ့ကိုနာကြင်စေတဲ့သူတွေကို ဖြတ်တောက်ကြည့်လိုက်တော့
ပျော်ရွှင်မှုတွေက တဖြည်းဖြည်းချင်း ရောက်လာတယ်

#studywithdidi
#coffeeememories
#protablecoffeemaker
#coffeeaccessoriesshop
#ကော်ဖီ

image
22 w - Translate

မီးမမှန် ရင်တောင် "ကော်ဖီ" နဲ့ "ဝိ" ကတော့
မှန်မှ ဖြစ်မယ် အချစ်ရေ 😎🤢😬🙄
Coffee Memories

image
22 w - Translate

ငှက်ပျောသီးနဲ့ ပေါင်းတင်ပါ

အခု အချိန်လည်းသိပ်ပေးစရာမလိုတဲ့ ငှက်ပျောသီးပေါင်းတင်နည်းလေးနဲ့ အဆင်ပြေနေလို့ ရိုးရာလေးစာဖတ်သူမိတ်ဆွေတို့ကို မျှဝေပေးပါရစေ။

၁) ငှက်ပျောသီးမှည့်မှာ ပိုတက်စီယမ်ဓါတ်တွေ အများကြီးပါတာကြောင့် အသားအရေကို ဖြူဖွေးချောမွေ့စေ ပါတယ်။ သီးမွှေး (သို့) ဖီးကြမ်းငှက်ပျောသီး မှည့်တစ်လုံးကို ကြိတ်စက်ထဲကြိတ်ပါ။ ဒါမှမဟုတ် ပန်းကန်သန့်သန့်ထဲ ဇွန်းနဲ့ ညက်နေအောင် ခလောက်ပြီး သစ်ပြီးစမျက်နှာပေါ် ညီနေအောင် လိမ်းပါ။ မျက်လုံးထဲကိုမဝင်အောင် ဂရုစိုက်ရပါမယ်။ ၁၅-၂၀ မိနစ်ခန့် ထားပြီးရင်တော့ မျက်နှာထပ်သစ်လိုက်ပါ။ အသားအရည်ကို ထိန်းညှိပေး တဲ့အတွက် အသားညိုညစ်နေတာ၊ မျက်အိတ်ဖောင်းနေတာ၊ အဆီပြန်တာ၊ အသားခြောက်တာ၊ အရေးအကြောင်းထင်နေတာတွေ သက်သာသွားပါ လိမ့်မယ်။

၂) ဆံပင်တွေခြောက်ကပ်နေပြီး ဦးရေပြားယားယံဘောက်ထနေ သူတွေလည်း ငှက်ပျောသီးမှည့်နှစ်လုံးကို ကြိတ်စက်ထဲ ကြိတ်ချေပြီး ဦးခေါင်း အနှံ့သေချာလိမ်းပါ။ ပြီးရင်တော့ သဘက်သန့်သန့်တစ်ထည် နဲ့သေချာ ပတ် ပြီး မိနစ် ၂၀ ခန့်ထားပြီး ခေါင်းလျှော်လိုက်ပါ။ ဆံပင်တွေပျော့ပျောင်း သန်စွမ်းသွားပြီး ဦးရေပြားယားယံတာ တွေ သက်သာသွားပါလိမ့်မယ်။

မျက်နှာကိုရော ဆံပင်ကိုပါ တစ်ပြိုင်တည်းပေါင်းတင်ရင်ပိုအဆင်ပြေတာမို့ သီးမွှေး (သို့) ဖီးကြမ်းငှက်ပျောသီးမှည့်လေး တစ်ဖီးလောက်ဝယ်ပြီး ပေါင်း တင်လိုက် ကြပါစို့လား။

image

Mike ?

22 w - Translate

"ကော်ဖီ"

ခင်ဗျားတို့မြင်သလို
ညိုညစ်ညစ် ကော်ဖီတစ်ခွက်ပါ…။

စိတ်တွေအဆာပြေအောင်
ခဏ ခဏ အရည်ပျော်ပေးရပေမဲ့
ဖြူစင်တယ်...။

#ကော်ဖီဖတ်စာ
#coffee
#တီးတိန်
#ရိဒ်
#ချင်း
#ကော်ဖီ

image
22 w - Translate

ကော်ဖီ ခါးခါးတွေ
လက်ဖက် ခါးခါးတွေဆို
အရမ်း နှစ်ခြိုက်တတ်တဲ့ လူပါ ။
တိတ်ဆိတ်ခြင်းတွေကို
အများအားဖြင့် မက်မောတတ်သလို
ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကိုပဲ
အမြဲတမ်း မျှော်လင့်တောင်းတမိပါတယ်။

image
22 w - Translate

ရပ်ပစ်သင့်တဲ့ အလေ့အကျင့် (၄) ခု....

ဘဝမှာပျော်ရွှင်ရဖို့အတွက် ချန်ထားရမယ့်အရာ (၄) ခုကို ပြောပြပေးပါရစေ။

(၁) ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်တာ

အလုပ်တစ်ခုကို စမလုပ်ခင် “ငါ လုပ်နိုင်ပါ့မလား”၊ “ငါ အဆင်ပြေပါ့မလား” စသဖြင့် ကိုယ့်ကိုယ်ကိုယ် သံသယစိတ်နှင့် တွေး တောခြင်းဟာ အလုပ်တစ်ခုမှာ အောင်မြင်ဖို့ ရာခိုင်နှုန်း အတော်နည်း သွားပါလိမ့်မယ်။ ကိုယ့်အရည်အသွေးကို ကိုယ်ကိုယ်တိုင် ယုံကြည် နေမှသာ ခက်ခဲတဲ့အလုပ်တွေကို လုပ်နိုင်စွမ်း ရှိမှာပါ။

(၂) ကိုယ့်ကိုယ်ကိုယ် မကောင်းတဲ့စကားတွေ ပြောတာ

မကောင်းတဲ့ စကားတွေမှာ negative energy ရှိပါတယ်။ negative energy ဟာ မပျော်ရွှင်မှုတွေ၊ စိတ်ညစ်စရာတွေ၊ စိတ် ပင်ပန်းမှုတွေကို ဖြန့်ဝေပေးနိုင်ပါတယ်။ ဒီလောကကြီးမှာ အတော် ဆုံးက သင်ကိုယ်တိုင်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် အပြစ်မြင်နေတာတွေ ရပ်ကာ ကိုယ့်ရဲ့အားသာချက်တွေကို ရှာဖွေပါ။

(၃) အချိန်ဆွဲတာ

လုပ်စရာရှိတာကို တစိုက်မတ်မတ်နဲ့ မြန်မြန်ဆန်ဆန် လုပ် တတ်ခြင်းက ဘဝမှာ အောင်မြင်ဖို့အတွက် နည်းလမ်းကောင်းပါ။ အချိန်ဆွဲနေတာတွေကို ရပ်ပစ်နိုင်မှသာ နောင်တကင်းတဲ့ ဘဝတစ်ခု ကို တည်ဆောက်နိုင်ပါလိမ့်မယ်။

(၄) မှားသွားမှာ ကြောက်တာ

“မမှားသော ရှေ့နေ၊ မသေသော ဆေးသမား”ဆိုတဲ့ စကား လို လူရယ်လို့ ဖြစ်လာပြီဆိုရင် မမှားဖူးတဲ့လူဆိုတာ မရှိပါဘူး။ ဒါကြောင့် မှားသွားမှာ မကြောက်ပါနဲ့။ ရည်ရွယ်ချက်ရှိရှိ လုပ်မိတဲ့ အမှားမျိုးက လွဲရင် အမှားအားလုံးဟာ အမှန်ပေါ်ရောက်နိုင်မယ့် လှေကားထစ် လေးတွေပါပဲ။

လေးစားစွာဖြင့် ~ ☕
#ℂ?????_
#ဘဝအတွက်စာပေ
#ဘဝပေးတဲ့သင်ခန်းစာ
#အသိပညာရရှိဖို့ရည်ရွယ်ပါသည်
#တန်ဖိုးရှိအောင်နေရမှာကကိုယ့်တာဝန်ဖြစ်တယ်❤❤

image
22 w - Translate

ကော်ဖီ.......⚠️

နူးညံသော ခါးသက်မှုများကို စွဲလန်းတတ်မိရာမှ အစပြုခဲ့သည် ☕

image
22 w - Translate

ပဲကုလားဟင်း
*************
ကြက်သွန်ဖြူ/နီ ကို ဆီသတ်ပြီး
ရွလာခါနီးရင် မီး ပိတ်လိုက်ပါ။

ငရုတ်သီး အစိမ်းမှုန့် ထည့်မွှေပါ။
မဆလာ ထည့်မွှေပါ။
ပျဥ်းတော်သိမ်းရွက် ထည့်မွှေပါ။

မီး ပြန်ဖွင့်ပြီး
ဒန့်ဒလွန်သီး, ဗူးသီး, အာလူးထည့်မွှေပါ။

ပြုတ်ထားတဲ့ ကုလားပဲစေ့ နဲ့ အရည်တွေထည့်ပါ။

ဟင်းချိုမှုန့်, ဆား ထည့်ပါ။

အဖုံးအုပ်ပြီး တည်ထားပါ။

ဗူးသီး နူးခါနီးမှာ ခရမ်းသီးထည့်ပါ။

ခရမ်းသီးနူးရင် မကျည်းရည်ထည့်ပါ။

ငရုတ်တောင့်ရှည်လေး ချိုးထည့်ပါ။
( ငရုတ်သီး အခြောက်တောင့်လေး ကြော်ထည့်လည်း
အလွန်ကောင်းပါတယ်။ )

ရုံးပတီသီးထည့်မွှေပြီးရင် အိုးချလို့ရပါပြီ

image