The Last of Us Season 2 အတွက် ပိုစတာတွေနဲ့အတူ ပြသမယ့်ရက် ထွက်လာပါပြီ။
ဒီ Season မှာ အပိုင်း ၇ ပိုင်းပါဝင်သွားမှာဖြစ်ပြီး Game of the Year ဆုရရှိထားတဲ့ အကောင်းဆုံးဂိမ်းတစ်ခုရဲ့ ဇာတ်လမ်းကို တီဗီဖန်သားပြင်ပေါ်မှာ မကြာခင်ကြည့်ရှုခံစားနိုင်တော့မှာဖြစ်ပါတယ်။

image

The Last of Us Season 2 အတွက် ပိုစတာတွေနဲ့အတူ ပြသမယ့်ရက် ထွက်လာပါပြီ။
ဒီ Season မှာ အပိုင်း ၇ ပိုင်းပါဝင်သွားမှာဖြစ်ပြီး Game of the Year ဆုရရှိထားတဲ့ အကောင်းဆုံးဂိမ်းတစ်ခုရဲ့ ဇာတ်လမ်းကို တီဗီဖန်သားပြင်ပေါ်မှာ မကြာခင်ကြည့်ရှုခံစားနိုင်တော့မှာဖြစ်ပါတယ်။

imageimage
10 w - Translate

ဒီနေ့ Review ရေးပေးမယ့် စာအုပ်ကတော့ ၂၀၁၆ ခုနှစ်က အမျိုးသားစာပေဆုရဆရာကြီး ညီပုလေးရဲ့ “ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်” ဆိုတဲ့ စာအုပ်ပါ။ ဒီစာအုပ်ကို စဖတ်တည်းက Karine အရမ်းစိတ်လှုပ်ရှားပါတယ်၊ အရမ်းလည်းသဘောကျနှစ်ခြိုက်ပါတယ် အရမ်းကိုတန်ဖိုးရှိတဲ့စာအုပ်ကောင်းတစ်အုပ်ပါ။ သူက လူပုဂ္ဂိုလ်တစ်ဦးအကြောင်းကိုပဲ အစကနေ အဆုံးထိ အရှိန်ပြင်းပြင်းနဲ့ရေးဖွဲ့ထားတဲ့ အတ္ထုပတ္တိဟန် စာပေ အမျိုးအစားပါ။မြန်မာပြည်တစ်ဝန်း ဆေးလောကတစ်ခွင်မှာ မသိသူမရှိတဲ့ အဓိကဇာတ်လိုက်ဖြစ်တဲ့ “အက်ဒဝပ်ဟုတ်ဝမ် (ခေါ်) ဒေါက်တာသိန်းလှိုင်” ဆိုတဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းပါ။တချိန်က မြန်မာနိုင်ငံရဲ့အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ နာဂတောင်တန်းတွေဆီကို အလုပ်ကနေ စေလွှတ် ပေးပို့ခြင်းခံရတဲ့ တရုတ်ကပြားဆရာဝန်ကြီး “နာဂသိန်းလှိုင်” လို့တောင်ပြောစမှတ်ပြုရတဲ့ လူတစ်ဦးရဲ့အကြောင်းကိုရေးဖွဲ့ထားတာပါ။ဖတ်ပြီးတဲ့သူတော်တော်များများလည်းရှိမှာပါ။Karine ကတော့ အသိနောက်ကျတယ်ပြောရမလားပဲ အခုမှဖတ်ဖူးတာပါ။Karine တော့ အမှာစာကိုဖတ်ပြီးတည်းက စိတ်ကအရမ်းလှုပ်ရှားပြီး မရပ်မနားကိုဖတ်ချင်နေတော့တာပါပဲ။ ဒါတောင် မနားတမ်းမဖတ်ပါဖြစ်ဘူး ကြားထဲ ဟိုဟာလေးထလုပ်လိုက် ဒီဟာလေးလုပ်လိုက်၊ ကိစ္စပေါ်လာလို့အပြင်ထွက်လိုက်နဲ့ ၅ရက်လောက်ဖတ်ယူလိုက်ရတယ်။
ပထမဦးဆုံး စတင်ထုတ်ဝေတုန်းက စာအုပ်ဆိုတာထက် မဂ္ဂဇင်း ဝတ္ထုရှည် တစ်ပုဒ်ပါ။ Treasure Land မဂ္ဂဇင်းတိုက်ကနေပြီးတော့ လစဉ် အခန်းဆက် ဖော်ပြခဲ့တဲ့ အခန်းဆက်ဝတ္ထုရှည် အမျိုးစားပါ။တစ်ခန်းပြီးသွားတိုင်း ဖတ်ရတဲ့သူတွေမှာ ဆတ်တငံ့ငံ့နဲ့ပေါ့ အားမလိုအားမရတွေဖြစ်ပြီး တမျှော်မျှော်နဲ့ ‌။နောက်တော့ ပထမပိုင်း ဒုတိယပိုင်း တတိယပိုင်းရယ်လို့ဆိုပြီး ၃အုပ်ခွဲပြီးထွက်ရှိခဲ့တယ်။အဲ့ဒီ‌နောက်တော့ လူထုရဲ့တောင်းဆိုမှုတွေကြောင့် စ-ဆုံး ပေါင်းချုပ်ကို မကြာခင်မှာ ဖြန့်ချိပေးပါမယ်လို့ ကတိပေးခဲ့ရတယ်။အဲ့လောက်ထိကိုစာပေလောကမှာ ကြီးကျယ်ခန်းနားတဲ့ စာမျိုးပါ။အခုခေတ်ချိန်မှာတော့ ကံကောင်းတယ်ပြောရမယ် “စ ဆုံး ပေါင်းချုပ်” ဆိုပြီးထွက်ချလိုက်တာ ကဲ ဖတ်ပေရော့ပဲ။
စာအုပ်ရဲ့စစချင်းမှာ သိန်းလှိုင်ရယ်လို့ မဖြစ်သေးဘူး အက်ဒဝပ်ဟုတ်ဝမ်ဆိုတဲ့ တရုတ်ကပြားကောင်လေးရဲ့ ငယ်ဘဝကနေ အစပျိုးထားပါတယ်။ ‌ဩဇာအာဏာရှိပြီး အရာရာမှာထက်မြတ်လှတဲ့ သူ့အဖေ ဦးဟုတ်ဝမ်ရဲ့ အကြောင်းကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။ညီအစ်ကို ၉ယောက်ရှိတဲ့အနက် အက်ဒဝပ်က ၃ယောက်မြောက်သားပါ။ကလေးဘဝကနေစလိုက်တဲ့စိတ်ဝင်စားမှုက လက်ကကို မချချင်အောင်ဆွဲဆောင်တဲ့ စာအုပ်တစ်အုပ်။ တော်တယ်၊ ထက်တယ်၊ အရာရာကို စူးစမ်းလိုစိတ် သင်ယူလိုစိတ်အပြည့်ရှိတယ်။မဟုတ်မခံလူစား။ခေါင်းထဲကတွေးနေတုန်းရှိသေးတယ် နှုတ်ကပြောထွက်သွားပြီ အဲ့လို စိတ်မြန်လက်မြန်လူစားမျိုး။နိုင်ငံရေး‌ဟေ့ဆိုလည်း သူပါလိုက်တာပဲ။ သူများအရေးဟာသူ့အရေးပဲ။ သူများဒုက္ခဟာ သူ့ဒုက္ခပဲလို့ ခံယူထားတဲ့သူ။ ဆရာဝန်လောကရောက်မှ “သိန်းလှိုင်”ရယ်လို့ မြန်မာနာမည်စတွင်လာတယ်။မဟုတ်မခံစိတ်ကြောင့် အထက်လူကြီးရဲ့ မျက်စိစပါးမွှေးစူးပြီး လူသူအရောက်အပေါက်နည်းလွန်းလှတဲ့ ဝေးလံခေါင်သီတဲ့ အရပ်ဖြစ်တဲ့ စစ်ကိုင်းတိုင်းအစွန်က ဇဂ်လိန်းခန္တီးသို့ လုပ်သက် ၂နှစ်ဖြတ်ပြီး နှစ်တိုးလစာ ၁နှစ်ရပ်ကာ နာဂတောင်တန်းတွေပေါ်ကို စေလွှတ်ခြင်းခံရတဲ့သူတစ်ယောက်။ ဓားတွေအမျိုးမျိုးရှိတဲ့ ထဲကမှ လူတွေကိုအကျိုးပြုတဲ့ ဓားရဲ့အသုံးတစ်ခုကတော့ ခွဲစိတ်ကုသခြင်းပါ။ဒီစာအုပ်ထဲမှာ ဓားကိုင်တဲ့ခွဲစိတ်ကုဆရာဝန်တစ်ယောက်အကြောင်းကိုပြောပြထားတာပါ။နာဂဆရာဝန်ဖြစ်အသိမှတ်ပြုခံရတဲ့ကာလအတွင်း အချိုးအကွေ့၊ အလှည့်အပြောင်း၊အနိမ့်အမြင့်၊ အဆင်းအတက် ဘဝတွေရဲ့ အကြောင်း စာပန်းချီခြယ်သချက်တွေကိုဖတ်ရပါလိမ့်မယ်။
ဒီ့အပြင် နာဂလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာ၊ ရိုးသားမှုအရင်းခံ၊ လူမျိုးစရိုက်၊ စိတ်ခံစားမှုအဖုံဖုံ ရသ အဖုံဖုံ ကိုလည်း ပေးစွမ်းပါတယ်။နာဂလူမျိုးတွေရဲ့အကြောင်းကိုလည်း ကိုယ်တိုင်မျက်မြင်တွေ့နေရသလိုကို စိတ်ဝင်စားဖွယ်ရာ လေ့လာဖတ်ရှုရမှာပါ။
လူတစ်ဦးရဲ့ဘဝကို သူ့မိသားစုရဲ့ပတ်ဝန်းကျင် သူနေထိုင်ကြီးပြင်းရာခေတ်ကာလနဲ့ ယဉ်ကျေးမှုအခြေအနေတွေက လွှမ်းမိုးတယ်ဆိုတဲ့ သာဓကတွေကိုတွေ့မြင်ရမှာပါ။“နာဂနတ်” လို့တောင် နာဂလူမျိုးတွေရဲ့ တင်စားခြင်းကိုခံရတဲ့ သိန်းလှိုင်၊ “ခွဲစိတ်မှုအောင်မြင်ရင်မြင် မအောင်မြင်ရင် ခေါင်းကိုဖြတ်ယူသွားရမယ်” ဆိုလို့ ကိုယ့်ခေါင်းကိုယ်အပေါင်ထားကာ ခွဲစိတ်ခဲ့ရတဲ့အဖြစ်၊ တောင်ပေါ်က‌ နာဂတွေကြားမှာ နတ်ဆေးဆရာကြီး၊ မြန်မာပြည်တစ်ဝန်းမှာ နာဂသိန်းလှိုင်၊ ခန္တီးမှာတော့ အာဏာပိုင် အဖွဲ့အစည်းက လူတချို့နှင့် သူနှင့် တဂျိန်းဂျိန်း။ရန်သူကို ရင်ဆိုင်ဖို့ လက်နက်စုတော့ သူ့လက်နက်က အဆဲညွန့်ပေါင်းကျမ်း၊ ဟိုဘက်ကလည်း သူတို့လက်နက်နဲ့သူတို့။
ဒီစာအုပ်ရဲ့ အသက်ဝင်ဆုံးနဲ့ စိတ်အထိခိုက်ရဆုံးအပိုင်းတွေကတော့ အုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာထိပ်ပိုင်းရောက်နေတဲ့ ပုဂ္ဂိုလ်တွေ၊ တချို့ကတော့ ခေတ်ပြောင်းလို့ဖြစ်လာတဲ့ မိုးကျရွှေကိုယ်တွေ၊ ဒီလို‌လူတွေရဲ့ သေးသိမ်ညံ့ဖျင်းမှု၊ မောက်မာဖိနှိပ်မှု၊မနာလိုငြူစူမှုမောဟတွေကို တုံ့ပြန်သွားတဲ့ ဆရာဝန်ကြီး ဒေါက်တာသိန်းလှိုက်ရဲ့ ပြုမှုလုပ်ဆောင်ချက်တွေပါ။
ထက်မြက်တဲ့ဓားသွားဝတ္ထုကို ဖန်တီးဖို့ကို ဆရာညီပုလေးမှာ အခက်ခဲတွေအများကြီးရှိခဲ့ ၊ကြုံခဲ့ရတယ်။စိတ်ကူးဝတ္ထုသက်သက်မဟုတ်ပဲ သက်ရှိဇာတ်ကောင်တစ်ဦးရဲ့ ဘဝကို ရေးဖွဲ့ထားတာပါ။အခုဆိုရင် မြန်မာနိုင်ငံက ဆရာဝန်ကြီး ဒေါက်တာ နာဂသိန်းလှိုင် အကြောင်းကို ဆရာကြီးမိသားစုနဲ့ ဆရာညီပုလေးတို့က အဂ်လိပ်လို ထုတ်ဝေဖြစ်အောင် စတင်ကြိုးစားနေပြီလို့ သိရပါတယ်။ဘယ်လောက်တောင် ဂုဏ်ယူဝမ်းမြောက်ဖို့ကောင်းသလဲနော်။

image
10 w - Translate

ရှင်သန်ခြင်း၏ အဓိပ္ပာယ်
==================
🍀လူတစ်ယောက်က ဘာမှမလုပ်ဘဲ
ထမင်းတစ်နပ် စားနိုင်နေတယ် ...
မပူမပင်ရဘဲ အသက်ရှင်သန်နေနိုင်တယ်ဆိုတာ ...
ဒီလူနဲ့ ပတ်သက်တဲ့တာဝန်ကို
တခြားလူတစ်ယောက်က
ထမ်းပေးထားလို့ပါပဲ။
🍀လူ၅ယောက်ရှိတဲ့ မိသားစုတစ်ခုမှာ...
လူ၄ယောက်က မပူ မပင်
သက်တောင့်သက်သာ နေနိုင်တယ်ဆိုရင်
တစ်ယောက်က ကျန်တဲ့ ၄ယောက်စာရဲ့
တာဝန်ကိုပါ ယူပေးထားတာကြောင့်ပါ။
🍀လူတစ်ယောက် အသက်ရှင်နေဖို့ဆိုတာ...
အသက်ရှင်သန်ရေးဖြစ်တဲ့ စားဝတ်နေရေးကို
ကိုယ်တိုင် တာဝန်ယူရင်ယူ ၊
မယူရင် တခြားတစ်ယောက်က
သူ့တာဝန်ကို ယူထားပေးမှသာ
သူသည် အသက်ရှင်သန်နိုင်ပါတယ်။
ဘာအလုပ်မှမလုပ်ပဲ လူတစ်ယောက်က
ဒီတိုင်း ရှင်သန်နေနိုင်တယ်ဆိုတာမျိုး မရှိဘူး။
🍀အိမ်ထောင်တခုကို
ဦးစီးဦးဆောင်နေကြသူတွေသည်
အသက်ပိုတိုကြတယ်လို့
စာအုပ်တစ်အုပ်မှာ ဖတ်ခဲ့ဖူးတယ်။
သူတို့ရဲ့ တာဝန်ယူမှုတွေမှာ ...
တာဝန်ယူရတာနဲ့ အညီအမျှရှိနေတဲ့
(အသက်တိုစေနိုင်တဲ့ ) အလုပ်ပင်ပန်းမှု ၊
စိတ်ဖိစည်းမှု ၊ စိတ်ပူပန်မှု ၊ ငွေကြေးတာဝန် ၊
စားဝတ်နေရေးတာဝန်...စတဲ့
" ဝန် " ဆိုတာတွေကို သွေး၊ ချွေး၊ အသက်၊
ကာယ ဉာဏ ခွန်အား အားလုံးသုံးပြီး
သူတို့အပေါ် မှီခိုနေတဲ့ အခြားသူတွေအတွက်ပါ
ထမ်းထားပေးကြတာကြောင့်ပါ။
🍀လူတစ်ယောက်က မှီခိုသင့်တဲ့
အချိန်နဲ့ အရွယ်မှာ မှီခိုရပါတယ်။
ဘ၀ရှင်သန်ရပ်တည်နိုင်ဖို့ အကူအညီ
အထောက်အပံ့ ယူကိုယူရပါတယ်။
🍀အချိန်တန်ရင်တော့
တလျှောက်လုံး အမှီအခိုပြုထားတဲ့
အားကိုအသုံးချပြီး ကိုယ်ခြေထောက်ပေါ်
ကိုယ်တိုင် ရပ်တည်ရပါတယ်။
ကိုယ်ကမှီခိုခွင့် ပြန်ပေးသူဖြစ်ရပါမယ်။
🍀အရွယ်တစ်ခု လွန်သည်အထိ
သူများကိုပဲ မှီခို ရှင်သန်နေမယ်ဆိုရင် ...
ကိုယ်ရှင်သန်ဖို့ တခြားသူက ကိုယ့်တာဝန်ကို
ဘ၀ တလျှောက်လုံး ထမ်းပေးထားရတယ်ဆိုရင် ...
ကိုယ်ဟာ ဆန်ကုန်မြေလေး လူတစ်ယောက်ပါပဲ။
🍀ဘ၀မှာ နေထိုင်မယ်ဆိုရင်...
ကိုယ့်တာဝန်ကိုယ် လုံး၀ မယူနိုင်သေးတဲ့အချိန်မှာ
ကိုယ် နိုင်တဲ့အပိုင်းကို ကိုယ်တာဝန်ယူရပါမယ်။
ရှင်သန်နိုင်စွမ်းရှိအောင် ကြိုးစားအားထုတ်နေရပါမယ်။
🍀ကြိုးစားအားထုတ်မှုကြောင့်
ကိုယ့်ရပ်တည်မှုတစ်ခု ခိုင်မာလာပြီဆိုရင်
အခြားသူတွေရဲ့ဘ၀ရပ်တည်ရေးအတွက်
ကူညီပေးနိုင်သူ ဖြစ်ရပါမယ်။
ပြန်လည်အမှီခို ခံသူဖြစ်ပေးရပါမယ်။
အခြားသူတွေရဲ့ ဘဝတွေကိုပါ
ကိုယ်နိုင်သလောက်
တာဝန်ယူပေးသူဖြစ်ရပါမယ်။
🍀Meaning of life ဆိုတာ
ကိုယ့်ရှင်သန်မှုကနေ
အခြားလူတွေရဲ့ဘဝတွေထဲ ကိုယ့်တန်ဖိုး
ဘယ်လောက် ပေါင်းစပ်ပေးနိုင်ခဲ့သလဲ ဆိုတာကနေ
တွက်ချက်သိနိုင်ပါတယ်။
🍀ကိုယ့်ရှင်သန်မှုတစ်ခုခုဟာ အဓိပ္ပာယ်ရှိမရှိကို
လောကကြီးမှာ ငါမရှိတော့ရင် ဆိုတဲ့
ကွက်လပ်တစ်ခုကို ဖြည့်ကြည့်ကြည့်ပါ။
🍀အဲ့ဒီကွက်လပ်ဟာ ရှိလဲဖြစ် မရှိလဲဖြစ်
ထွေထွေထူးထူး ဖြည့်စရာမရှိနေဘူးဆိုရင်
လောကကြီးမှာ ကိုယ်ရှိတာနဲ့မရှိတာ
ဘာမှ ကွာခြားမှုမရှိတဲ့ ရှင်သန်ခြင်းမျိုးပါ။
🍀အဓိပ္ပာယ်ရှိတဲ့ရှင်သန်ခြင်းနဲ့
နေထိုင်သွားတဲ့လူတွေရဲ့ ကွက်လပ်ကတော့
လူသေသွားရင်တောင် နာမည်ကျန်ခဲ့ပြီး ...
သိသာထင်ရှားပြီး အစားထိုးစရာမရှိတဲ့
ကွက်လပ်တခုနဲ့ လောကကြီးမှာ ကျန်နေခဲ့ကြပါတယ်။
#crd

image
10 w - Translate

EV ကားမှာ Solar ခေါင်မိုးတပ်ကြမလား?
========================
EV ကားတွေ ပေါများလာကြပေမယ့် နေရောင်ခြည်စွမ်းအင်နဲ့ မောင်းနှင်နိုင်တဲ့ EV ကားတွေ မထွက်ပေါ်လာသေးပါဘူး။ အခုတော့ DartSolar System က EV ကားတိုင်းမှာ လွယ်ကူစွာ တပ်ဆင်နိုင်တဲ့ Solar ခေါင်မိုးကို ဖန်တီးပေးလိုက်ပါတယ်။
Solar ခေါင်မိုးတပ်ထားရင် နေ့စဉ် လျှပ်စစ်ကား ဘက်ထရီကို 5 kWh စွမ်းအင် ဖြည့်ပေးနိုင်ပြီး ၁၀ ကနေ ၂၀ မိုင် (၁၆ ကနေ ၃၂ ကီလိုမီတာ) မောင်းနှင်နိုင်ပါတယ်။ ဒါဟာ ရာသီဥတုနဲ့လည်း သက်ဆိုင်ပါတယ်။ နေသာတဲ့ နေ့တွေမှာ ပိုမို မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
Solar ခေါင်မိုးမှာ Fiberglass နဲ့ ပြုလုပ်ထားတဲ့ 160-watt Panel ၆ ခု ပါပြီး စုစုပေါင်း 960-watt ဖြစ်ပါတယ်။ အထူက ၄ မီလီမီတာပဲ ရှိတဲ့အတွက် ကား ဒီဇိုင်းကို ဆိုးဆိုးရွားရွား မထိခိုက်စေပါဘူး။
ကား ရပ်ထားသည် ဖြစ်စေ၊ မောင်းနေသည်ဖြစ်စေ Solar Panel ကနေ အားသွင်းပေးနိုင်ပါတယ်။ Panel ၆ ခုကို အပြည့်ဖြန့်ထားရင် နေရောင်ခြည် စွမ်းအင် ပိုရမှာ ဖြစ်ပေမယ့် ကားခေါင်မိုး အရှေ့နဲ့ အနောက်မှာ အစွန်းထွက်နေပါတယ်။ အဲဒီအတွက် ကား ဒီဇိုင်း သိပ်မလှဘဲ အိမ်မှာ ကားရပ်ထားတဲ့ အချိန်ပဲ Panel ၆ ခုကို အပြည့်ဖြန့်ထားတာ ပိုကောင်းပါတယ်။ ကားမောင်းတဲ့ အချိန်မှာ ကား ဒီဇိုင်း လှပအောင် အစွန်းထွက်နေတဲ့ Panel ၂ ခုကို အခြား Panel တွေအောက်ကို ထိုးသွင်းထားနိုင်ပါတယ်။
EV ကားမှာ Solar ခေါင်မိုး တပ်ချင်ရင် DartSolar System ဝက်ဘ်ဆိုက်မှာ ၂,၉၅၀ ဒေါ်လာနဲ့ ဝယ်ယူနိုင်ပါတယ်။

image
10 w - Translate

shoulder workout
Gym workout တွေထဲမှာ ပုခုံးအတွက် လေ့ကျင့်ခန်းတွေ အများကြီးရှိပါတယ်။ ပုခုံးကြွက်သား သုံးမျိုးဖြစ်တဲ့ ရှေ့၊ ဘေး၊ နောက် ကြွက်သားတွေကို ညီမျှစွာ လေ့ကျင့်ဖို့ အရေးကြီးပါတယ်။ ရှေ့ဘက်ပုခုံးအတွက် Overhead Press နဲ့ Front Raises တွေက ထိရောက်ပြီး၊ ဘေးဘက်ပုခုံးအတွက် Lateral Raises နဲ့ Upright Rows တွေက အဓိကကျပါတယ်။ နောက်ဘက်ပုခုံးအတွက် Rear Delt Flyes နဲ့ Face Pulls တွေက သင့်တော်ပါတယ်။ လေ့ကျင့်ခန်းတစ်ခုချင်းစီကို မှန်ကန်တဲ့ ပုံစံနဲ့ လုပ်ဆောင်ဖို့ အရေးကြီးပြီး၊ သင့်ရဲ့ ကိုယ်ခန္ဓာအခြေအနေနဲ့ သင့်တော်တဲ့ အလေးချိန်ကို အသုံးပြုသင့်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်မှာ ခန္ဓာကိုယ်ကို နွေးအောင်လုပ်ပြီး၊ လေ့ကျင့်ခန်းလုပ်ပြီးရင်လည်း ခန္ဓာကိုယ်ကို အေးအောင် လုပ်ပေးဖို့ မမေ့ပါနဲ့။ ပုံမှန်လေ့ကျင့်ပေးခြင်းဖြင့် သန်မာတဲ့ ပုခုံးတွေကို ပိုင်ဆိုင်နိုင်မှာပါ။

မေမေချက်တဲ့ #ဂဏန်းမဆလာချက်နည်း

ကြက်သွန်နီထောင်း၊
ကြက်သွန်ဖြူထောင်း၊
နှစ်ခုလုံးကို ဆီများများနဲ့ဆီသပ်။

မွှေးပြီးပြဲပြဲကြီးမဖြစ်တော့တဲ့အခါ...ဟင်းချက်မှုန့်ထည့်ဆီသပ်။

ငရုပ်သီးစိမ်းထက်ခြမ်းခွဲပြီးထည့် လိမ့်လာရင်...မဆလာထည့်၊

ပြီးရင် ဂဏန်းဖျင်ထားတာထည့် မွှေပြီး၊ ရေနွေးထည့်ဆားဟင်းချိုမှုန့်ထည့် အဖုံးဖုံးလိုက်မွှေလိုက်ပေါ့၊

ကျက်ခါနီးမှာ မကျည်းရည်ပျစ်ပျစ်လေးအပေါ်ကလောင်း၊
ကုလားနံနံခေါ်ရှမ်းနံနံများများကို လက်နဲ့ပိုင်းထည့်၊
မဆလာထပ်အုပ်ပြီး အဖုံးဖုံး၊ ပြီးရင်မွှေ။
အရသာက...ကြက်သွန်နီအရသာ ချိုတာရယ်...မကျည်းချဉ်တာရယ် ငရုတ်သီးစပ်တာရယ် ရောပြီး ချိုချဉ်စပ်လေးပေါ့။

အဓိကကအနှစ်ပဲ အနှစ်များများနဲ့ ဆီများများထည့်ရတယ်။
မဆလာနဲ့ရှမ်းနံနံလည်းနိုင်နိုင်ထည့်ရတယ်။ စားခါနီးကျရင်တော့ ဆီစစ်ပြီးထည့်ပါ ဆီကိုလိုသလောက်ပဲယူပါ။ ကျန်တာလွှတ်ပစ်တာတွေ့တယ်။ ချက်တဲ့အချိန်အရသာကောင်းအောင်ဆီများများထည့်ပေမယ့် စားတဲ့ခါစစ်စားတာပေါ့။
အမေချက်တာ အဲ့အတိုင်းပဲ
ကွကိုယ်အဲ့အတိုင်းလိုက်ချက်တာတော့... တူကိုမတူဘူး😆
အမေချက်တာပိုကောင်းနေတယ်
ဘာကွာမှန်းကိုမသိဘူး😁

#credit Win Pa
#ဂဏန်းမဆလာဟင်း
#ဂဏန်းမဆလာချက်နည်း

image

Funny Clip

10 w - Translate

သားလေးနဲ့အတူ အမေရိကားမှာနေပြီး ပုံနှိပ်တိုက်တခုမှာ အချိန်ပိုင်း ဝင်လုပ်နေတဲ့ စိုးမြတ်နန္ဒာ 😍

#celenews

image
10 w - Translate

ကျောင်းတွင်း အနိုင်ကျင့်ခံရသော ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး မိမိကိုယ်ကိုယ် အဆုံးစီရင်
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှ ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ကျောင်းတွင်း အနိုင်ကျင့်ခံရပြီးနောက် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်းသိရသည်။တက္ကဆက်ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသော အသက် ၁၁ နှစ်အရွယ် Jocelynn Rojo Carranza သည် အခြားကျောင်းသားများမှ အနိုင်ကျင့်စော်ကားခြင်းခံခဲ့ရသည်။


Jocelynn Rojo Carranza ၏ မိဘများသည် ရွှေ့ပြောင်း အခြေချသူများဖြစ်ပြီး အမေရိကန်နိုင်ငံတွင် တရားမဝင်နေထိုင်ကြောင်း အတန်းဖော်များမှ အကြိမ်ကြိမ် လှောင်ပြောင်စနောက်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးသို့ ဖုန်းဆက်တိုင်ကြားမည်ဟု ခြိမ်းခြောက်ခဲ့သည်။


ကျောင်းတွင်း အနိုင်ကျင့်ခံရမှုနှင့်ပတ်သက်ပြီး ဒေသတွင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

image