Will Smith ရဲ့နာမည်ကျော်ရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ ဘုကလန့်ဂွစာ စူပါဟီးရိုး Hancock ရုပ်ရှင်ဟာ ၁၇ နှစ်ကြာပြီးနောက်မှာတော့ အဆက်ထွက်လာဖို့ပြင်ဆင်နေပြီဖြစ်ကြောင်း Will Smith ကိုယ်တိုင်က အတည်ပြုပေးလိုက်ပါပြီ။
Twitch မှာ ရံဖန်ရံခါ livestream လုပ်လေ့ရှိတဲ့ Will Smith က ပရိသတ်တွေရဲ့ မေးခွန်းတွေကိုဖြေရင်း ဒီသတင်းကို အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ Will Smith ဟာ သူ့ဆီမှာ Hancock 2 အတွက် အိုင်ဒီယာကောင်းတစ်ခုရှိထားပြီး စကားတော့ အတည်တကျမပြောရသေးကြောင်း ပြောဆိုခဲ့တာပါ။ ဒါ့အပြင် နောက်ထပ်သတင်းတစ်ခုကတော့ Will Smith ဟာ သဲလွန်စတစ်ခုအနေနဲ့ ဒီရုပ်ရှင်မှာ ဇာတ်ကောင်တစ်ယောက်နေရာအတွက် လက်ရှိဟောလိဝုဒ်ရဲ့ လူငယ်မျိုးဆက်မှာ နာမည်အကျော်ကြားဆုံးမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Zendeya ကို ချဥ်းကပ်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။ Zendeya ဟာ Dune, Spider-Man, Challengers ရုပ်ရှင်တွေနဲ့အတူ အောင်မြင်မှုတွေရရှိထားသလို ပရိသတ်အခိုင်အမာရှိနေပြီး Will Smith က သူ့ကို ဘယ်ဇာတ်ကောင်နေရာမှာ ထည့်သွင်းဖို့ ရည်ရွယ်ထားသလဲဆိုတာတော့ မသိရသေးပါဘူး။
Hancock ရုပ်ရှင်ဟာ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Will Smith နဲ့အတူ Charlize Theron, Jason Bateman တို့ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Hancock အဆက်ထွက်ရှိလာဖို့အကြောင်းနဲ့ပတ်သက်ပြီး ၂၀၁၂ ခုနှစ်တုန်းက ​Hancock ဒါရိုက်တာ Peter Berg က အချိန်အခါသင့်ဖို့ကို စောင့်ဆိုင်းနေတာဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသလို ၂၀၂၀ ခုနှစ်မှာ မင်းသမီး Charlize Theron ကလည်း Hancock 2 အတွက် စကားပြောဆိုမှုတွေရှိခဲ့ကြောင်း အတည်ပြုခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ်မှာတော့ အဓိကဇာတ်ဆောင်မင်းသားဖြစ်တဲ့ Will Smith ကပါ Hancock 2 အကြောင်း ထုတ်ဖော်ပြောဆိုလာပြီဖြစ်တဲ့အတွက် တစ်ချိန်က ပရိသတ်တွေကြိုက်နှစ်သက်ခဲ့တဲ့ ဟီးရိုးတစ်ယောက်ပြန်အလာကို မြင်တွေ့ရဖို့ သိပ်မလိုတော့ပါဘူး။
ကိုးကား - Deadline

image

Him : စိတ်ဆို: မနေနဲ့ ဟော့ပေါ့စားမယ် ထွ” က်ခဲ့
Me :

image
10 w - Translate

Khanzab (2023)

ကြမ်းလွန်းလို့ ကြည့်ခွင့်တောင်ပိတ်ရတယ်လို့နာမည်ကြီးနေတဲ့ ဖြစ်ရပ်မှန်အင်ဒိုသရဲကားတစ်ကားတင်ဆက်ပေးချင်ပါတယ်
1998 တုန်းက Banyuwangi ဆိုတဲ့အင်ဒိုကမြို့လေးတစ်မြို့မှာဖြစ်ခဲ့တဲ့ အောက်လမ်းပညာအကြောင်း အခြေခံရိုက်ကူးထားတာပါ သရဲကားစစ်စစ်ရှာဖွေနေသူတွေအတွက်တော့ အကြိုက်တွေ့စေမှာအမှန်ပါပဲရှင်။။
Khanzab (စေတန်) ဆိုတာက ဝတ်ပြုချိန်မှာ ခြောက်လှန့်တတ်တဲ့ နတ်ဆိုးဝိညာဉ်ပါ မျက်စိရှေ့တင်ပဲ ဖခင်ဖြစ်သူက ခေါင်းဖြတ်အသတ်ခံလိုက်ရလို့ အမုန်းတရားတွေ ကလဲ့စားတွေနဲ့ကြီးပြင်းလာခဲ့တဲ့ ရေဟာယူတစ်ယောက် ဖခင်အသတ်ခံလိုက်ရတဲ့ မွေးရပ်မြေကိုပြန်ဖို့အကြောင်းဖန်လာခဲ့တယ် သူ(မ)ဖခင်ဆုံးတော့ ဝတ်ပြုကျောင်းအဖြစ်လှူခဲ့တဲ့‌တစ်နေရာရှိပါတယ် ဒါပေမဲ့အဲဒီနေရာက ရှယ်ကိုအခြောက်အလှန့်ကြမ်းတာပါ Khanzab တွေကို တစ်စုတစ်စည်းတည်းတွေ့မြင်ရတဲ့နေရာဆိုလည်းမမှား ဝတ်ပြုတဲ့‌လူတွေကို နေ့နေ့ညညမရွေး အခြောက်အလှန့်ကြမ်းတဲ့နေရာပေါ့ ရေဟာယူဒီနေရာကိုပြန်ရောက်တော့ ဝတ်ပြုရင်းသူ(မ)ကိုယ်တိုင်တောင်မသိလိုက်ဘဲ ဒီဝိညာဉ်တွေကို သူ့ခန္ဓာကိုယ်ထဲဆင့်ခေါ်မိပြီး လောက၂ခုကိုချိတ်ဆက်တဲ့ ကြိုးတစ်ခုဖြစ်လာချိန်မှာတော့…. သူ(မ)နဲ့ မြို့ထဲကလူတွေဘယ်လိုအန္တရာယ် အခြောက်အလှန့်ကြမ်းကြမ်းတွေ တွေ့ကြုံရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်

ဇာတ်ကားလင့်
https://t.me/c/2222390798/146

Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1

image

ရီးရယ်လ်မှာ ခေတ်တစ်ခုကို သတ်မှတ်ချင်တယ်လို့ ဘတ်ပီပြော

ဖေဖော်ဝါရီ ၂၀

ရီးရယ်လ်အသင်းက မန်စီးတီးအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ ပွဲစဉ်မှာ ဟက်ထရစ် ဂိုးသွင်းယူခဲ့တဲ့ ဘတ်ပီက ရီးရယ်လ်အသင်းမှာ ခေတ်တစ်ခုကို သတ်မှတ်ချင်တယ်လို့ ပြောခဲ့ပါတယ်။

ဘတ်ပီက “ကျနော်ဟာ ဆိုးဆိုးရွားရွားကစားဖို့ ဒီကိုမလာချင်ပါဘူး။ ကျနော်ဟာ ကောင်းမွန်စွာ ကစားချင်ပြီး ရီးရယ်လ်အသင်းမှာ သမိုင်းတစ်ခုကို ဖန်တီးနိုင်ဖို့အတွက် ခေတ်တစ်ခုကို သတ်မှတ်ချင်ခဲ့ပါတယ်။ အရေးကြီးဆုံး အရာက ဆုဖလားတွေ ဆွတ်ခူးဖို့ပါ။ ကျနော်ဟာ ကစားသမားဘဝမှာ ဂိုးတွေ အများကြီး သွင်းယူထားပေမယ့် ကျနော်တို့ အမြဲတမ်း ဆုဖလားတွေ မရရှိခဲ့ပါဘူး။ ကျနော်ဟာ ဂိုးတွေ အများကြီးသွင်းပြီး ဆုဖလားတွေ ရယူနိုင် ခဲ့ရင် ဒါကို သွေးနဲ့ လက်မှတ်ထိုးမယ်”လို့ Movistar ကို ပြောခဲ့တာပါ။

ရီးရယ်လ်အသင်းဟာ မန်စီးတီးအသင်းကို ပထမအကျော့ပွဲစဉ်က ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ ပေါင်း ရလဒ် ၆ ဂိုး-၃ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘတ်ပီဟာ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ပွဲစဉ်နှစ်ကျော့စလုံး ဂိုးသွင်းနိုင်ခဲ့ပြီး ဒုတိယအကျော့ ပွဲစဉ်မှာ ဟက်ထရစ်နဲ့အတူ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့တာပါ။

ဘတ်ပီဟာ ရီးရယ်လ်အသင်း ကစားသမားဘဝ အစပိုင်းမှာ အထနှေးခဲ့လို့ ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် အခုအချိန်မှာ အကောင်းဆုံးပုံစံ ရရှိနေပြီး ဒီရာသီ ကစားထားတဲ့ ပြိုင်ပွဲစုံ ၃၈ ပွဲမှာ ၂၈ ဂိုးအထိ သွင်းယူထားပါတယ်။

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ဘတ်ပီကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး သူဟာ စီရော်နယ်ဒိုရဲ့ အဆင့်ကို ရောက်ရှိနိုင်တယ်လို့ ပြောခဲ့တာပါ။

ဒါပေမယ့် ဘတ်ပီ အနေနဲ့ စီရော်နယ်ဒိုရဲ့ အဆင့်ကို ရောက်ရှိဖို့အတွက် အလုပ်တွေ အများကြီး လုပ်ရမယ်လို့ လည်း အန်ဆယ်လော့တီက ပြောခဲ့ပါတယ်။

ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ အသလက်တီကို ဒါမှမဟုတ် လေဗာကူဆင်အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပြီး မဲခွဲမှုကို ဖေဖော်ဝါရီ ၂၁ ရက်ကျရင် ပြုလုပ်သွားမှာပါ။

ရီးရယ်လ်အသင်းဟာ ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် ဂျီရိုနာအသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာဖြစ်ပြီး လာလီဂါမှာ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတာကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

Source:ESPN

ပုံ - ဘတ်ပီကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
10 w - Translate

It Be an Evil Moon (2023)

ဘတ်ဂျက် အင်ဒီရုပ်ရှင်ပါ။
ဇာတ်လမ်းအကျဉ်းကတော့ ဖရက်ဒီက သိပ္ပံပညာရှင်တစ်ယောက်ပါ။ ဖရက်ဒီက အမေအိုကြီးနဲ့ အတူနေပါတယ်။ ဖရက်ဒီက ဆေးတစ်ခုကိုဖော်နေပါတယ်။ ဆံပင်ကျွတ်တာ သက်သာစေတဲ့ဆေးပါ။ ဖရက်ဒီရဲ့ဆေးဖော်မြူလာဟာ အစပိုင်းမှာတော့ အဆင်ပြေနေပြီး ဆံပင်ကျွတ်တာတွေ တကယ် သက်သာနေခဲ့ပါတယ်။ ဒါပေမဲ့ ဖရက်ဒီမသိလိုက်တာတစ်ခုက ‌ဒီဆေးဖော်မြူလာမှာ ဘေးထွက်ဆိုးကျိုးတစ်ခုရှိနေတာပါ။ ဒီဘေးထွက်ဆိုးကျိုးကတော့ ဆေးကိုအသုံးပြုထားတဲ့သူတွေကို သမန်းဝံပုလွေအဖြစ် ပြောင်းလဲသွားစေတာကို ဖရက်ဒီသိလိုက်ရတဲ့နောက်မှာတော့ ဖရက်ဒီအတွက် သိပ်နောက်ကျသွားခဲ့ပါပြီ။
သမန်းဝံပုလွေဆေးကိုသုံးမိခဲ့တဲ့ ဖရက်ဒီတစ်ယောက် ဘာတွေဆက်ကြုံတွေ့လာရမလဲ၊ ဖရက်ဒီကိုယ်တိုင်ရော သမန်းဝံပုလွေဖြစ်သွားမှာလား၊ ဖရက်ဒီတစ်ယောက် ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။

ဇာတ်ကားလင့်
https://t.me/c/2222390798/147

Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1

image
10 w - Translate

Star Abyss (2024)

အနာဂတ်ကာလမှာ လူတွေဟာ အာကာသဂိတ်တွေကို ကျော်ဖြတ်ခြင်းဖြင့်
ကမ္ဘာသစ်တစ်ခုကို ခရီးသွားနေကြပါတယ်။ အာကာသယာဉ်တစ်ခုဟာ
အာကာသဂိတ်တွင်းနက်ထဲမှာ ၇ နှစ်တာ ပိတ်မိဖို ဖြစ်လာပါတယ်။

ခရီးသည် ၁၅ ယောက်မှာ ၄ ယောက်ပဲ ဆောင်းခိုခန်းထဲကို
ဝင်ရောက်ရှင်သန်နိုင်မှာ ဖြစ်တဲ့အတွက် ကြောက်လန့်နေကြတဲ့ လူအများက
ကုန်တင်ခန်းထဲမှာ စုဝေးနေကြပါတယ်။ တန်ဖိုးကြီးလှတဲ့ အသက်ရှင်သန်ခွင့်ရဖိုအတွက်
စွမ်းကျီရှင်းဆိုတဲ့ ဝရမ်းပြေးလူသတ်သမား အမွှာညီအစ်မနှစ်ယောက်က
ဗီဇပေါင်းစည်းထားတဲ့ တိုက်ခိုက်ရေး တိရစ္ဆာန်ကြီးကို
လွတ်ပေးခဲ့ပြီး လူတွေကို လိုက်လံ သတ်ဖြတ်ခဲ့ပါတယ်။
ယာဉ်ထဲက လူ ၁၅ ယောက်ရဲ့ ကံကြမ္မာက ဘယ်လို ဖြစ်မလဲ……
နောက်ဆုံး ဘယ်သူတွေက အသက်ရှင်ကျန်ခဲ့မလဲ……
ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

image

မန္တလေးမှာ နှစ်ကြိမ် ခိုးခံရတဲ့ ရှေးဟောင်းဆင်းတု ဒီတကြိမ်လည်း ပြန်လည်ရရှိ

မန္တလေး၊ ဖေဖော်ဝါရီ ၂၀

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ ၈၂ လမ်း၊ ၂၆ လမ်းနဲ့ ၂၇ လမ်းကြားမှာရှိတဲ့ ရွှေအိုးရစေတီတော် ပရဝုဏ်အတွင်းက ကျောက်သားဆင်းတုတော်ဟာ ဒုတိယအကြိမ်အဖြစ် ဖေဖော်ဝါရီ လ ၁၈ ရက်နေ့ညက ထပ်မံအခိုးခံခဲ့ရပြီး ၁၉ ရက်နေ့ညပိုင်းမှာ အဲ့ဒီ ရှေးဟောင်းသမိုင်းဝင် ကျောက်သားဆင်း တုတော်ကို ခိုးယူခဲ့တဲ့ တရားခံလေးဦးကို ဖမ်းဆီရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူထံကနေ သိရပါတယ်။

"ဆင်းတုတော်ကို ခိုးယူခဲ့တဲ့သူတွေကို ဖမ်းဆီးမိထားတယ်ဆိုတာ ဆက်သွယ်လာပါတယ်၊ လက်တလောတော့ သီတင်းသုံးရာ ဓမ္မာရုံအတွင်းကို ပြန်မရောက်သေးပါဘူး" လို့ အဲ့ဒီ ဆင်းတုတော်နဲ့ စေတီတော်ကို စောင့်ရှောက်နေတဲ့ ဦးဇော်ဝင်းက ပြောပါတယ်။

အဲ့ဒီဆင်းတုတော်ဟာ ပထမတခေါက် အခိုးမခံရမီအချိန်က အကာအရံမရှိပေမယ့်၊ ၂၀၀၇ ခုနှစ်က ဆင်းတုတော်ကို ပြန်ရချိန်မှာ အကာအရံနဲ့ ပူဇော်ထားခဲ့တာကို ​ေဖဖော်ဝာရီ ၁၈ နေ့ညက ဒုတိယအကြိမ်ခိုးခံရတာဖြစ်ပါတယ်။

အဲ့ဒီ ကျောက်သားဆင်းတုတော်ကို ပထမတကြိမ်ခိုးယူခံရမှု ဖြစ်ပွားခဲ့ပြီး ခိုးယူသူတွေနဲ့ ဆင်းတုတော်ကို မြဝတီ နယ်စပ်ကနေ မဲဆောက်ဘက်အကူးမှာ ပြန်လည် ဖမ်းဆီရမိခဲ့တာဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ မူလသတင်းသုံးရာ နေရာကို နိုင်ငံတော်က ပြန်လည်အပ်နှံခဲ့တဲ့အတွက် ဆင်းတုတော်ကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်တယ်လို့ ဦးဇော်ဝင်းရဲ့ ပြောပြချက်အရ သိရပါတယ်။

#centralnewsnaypyitaw

image
image
image

木姐 (မင်္ဂလာမူဆယ် )

image

木姐 (မင်္ဂလာမူဆယ် )

image

木姐 (မင်္ဂလာမူဆယ် )

image