Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
1165. Supernova (200 👈
ဒါရိုက်တာက Walter Hill ပါ။ ဒီဇာတ်ကားမှာ သဘောကျတာက ရူပဗေဒနဲ့ဆိုင်တဲ့ သဘောတရားတွေ ကြယ်တာရာတွေဂြိုလ်တွေကိုပါ။ဇတ်ကောင် ထရွိင်ပြောတာက“ကိုယ့်ကိုအခုထိတူညီတဲ့ပစ္စည်းတွေနဲ့ပဲဖွဲစည်းထားတာ ကယ်လဆီယမ် အိုင်းရွန်း ဇင့်ဒြပ်စင်တွေအားလုံး ဒါအကုန်လုံးကကြယ်တွေရဲ့ဖုန်တွေကိုယ်တိုတောင်မှပဲကြယ်တွေသေလိုကိုယ်တိုအသက်ရှင်နိုင်တာပြီးတော့... Comment Box of IN/movies, [2/18/2025 8:23 PM]
ဇတ်ကောင် ထရွိင်ပြောတာက“ကိုယ့်ကိုအခုထိတူညီတဲ့ပစ္စည်းတွေနဲ့ပဲဖွဲစည်းထားတာ ကယ်လဆီယမ် အိုင်းရွန်း ဇင့်ဒြပ်စင်တွေအားလုံး ဒါအကုန်လုံးကကြယ်တွေရဲ့ဖုန်တွေကိုယ်တိုတောင်မှပဲကြယ်တွေသေလိုကိုယ်တိုအသက်ရှင်နိုင်တာပြီးတော့... ကိုယ်တို့သေတယ်အဲဒါကြောင့်ကြယ်တွေကိုပြန်မွေးဖွားနိုင်တယ်”ရုပ်ရှင်ကြည့်ရင်း ဒြပ်စင်တွေနဲ့ဖွဲ့စည်းထားပြီးစကြာဝဠာထဲက ဖုန်တစ်မှုန့်နဲ့တူတဲ့လူတွေရဲ့မမြဲတဲ့သဘောတရားလေးကိုပြေးမြင်မိလိုက်တာက ကိုယ့်အတွက်တော့အနှစ်သာရပါ။
ဇတ်လမ်းအကျဥ်းဆေးဘက်ဆိုင်ရာကယ်ဆယ်ရေးအာကာသယာဥ် နိုက်တင်းဂေးလ်ဟာ အာကာသထဲမှာတစ်ရက်မှာအက်စ်အိုအက်စ်(အရေးပေါ်အကူညီတောင်းခံခြင်း)ဆစ်ဂနစ်တစ်ခုကိုတိုက်ရိုက်လက်ခံရရှိပါတယ် ။အဲဒါက အလင်းနှစ်၃၄၃၂ ကွာဝေးတဲ့တိုင်တန်လပေါ်ကမိုင်းတွင်းဟောင်းတစ်ခုကလာတာပါ။အကူညီတောင်းခံတဲ့ ကားလ်လာဆန်ဆိုတဲ့လူကို ဒေါက်တာ ခေးလာအဲဗားစ်(အိန်ဂျယ်လာ ဘက်စ်ဆက် Angela Basset)ကသိပါတယ်။
အဲဒီကိုသွားကယ်ဖို့ဆိုရင်သူတို့တွေကhyperspaceလို့ခေါ်တဲ့ဒိုင်းမန်းရှင်းမတူတဲ့နေရာမှာဒိုင်မန်းရှင်းဒရိုက်ရဲ့အကူနဲ့အလင်းထက်မြန်အောင်သွားနိုင်မှရောက်မှာဖြစ်ပါတယ် ။ဒိုင်းမန်းရှင်းခုန်(အလင်းထက်မြန်အောင်ခရီးသွား)ပြီးတိုင်တန်လနားကိုရောက်တဲ့အခါ အခက်အခဲတွေကြုံရပါတယ်။သူတို့ရဲ့ ခေါင်းဆောင်ယာဥ်မှုး သေသွားသလိုလပါတ်လမ်းထဲက အမှုန်တွေအခဲတွေနဲ့တိုက်မိပြီး လောင်စာကန်ပေါက်ပြီးလောင်စာတွေလည်းတော်တော်ဆုံးရှုံးသွားပါတယ်။
လနဲ့လည်းတိုက်မိမလိုဖြစ်ပါတယ်။အဲဒါနဲ့ ခဏအစမ်းခန့်တဲ့သဘောနဲ့ ယာဥ်ပေါ်ကိုရောက်နေတဲ့ဒုပိုင်းလော့နစ်ခ်ဗန်ဇန့်(ဂျိမ်း စပက်ဒါ James Spader) က ယာဥ်မှူးတာဝန်ကိုယူလိုက်ရပါတယ်။တိုင်တန်လကနေ ယာဥ်တစ်စင်းရောက်လာပြီးယာဥ်ပေါ်ကလူကသတိမေ့နေပါတယ်။အကူညီတောင်းတဲ့ ကားလ်လာဆန်လည်းမဟုတ်ပါဘူး ။သူ့ရဲ့သားထရွိုင်လို့ဆိုပါတယ်။ထရွိုင်ရဲ့ ယာဥ်ပေါ်ကိုရှာတဲ့အခါထူးဆန်းတဲ့ပစ္စည်းတစ်ခုကိုသွားတွေ့ပါတယ်။
ထရွိုင်က တိုင်တန်လ မိုင်းတွင်းဟောင်းထဲမှာ လောင်စာတွေရှိတယ်ပြောတာကြောင့်နစ်ခ်က ကယ်ဆယ်ရေးယာဥ်တစ်စင်းနဲ့ သွားယူပါတယ်။အဲဒီထူးဆန်းတဲ့စ္စည်းကဘာလဲ ထရွိုင်ရဲ့လျို့ဝှက်ချက်ကဘာလဲ နစ်ခ်တိုင်တန်ပေါ်ကနေလောင်စာတွေရမလား ယာဥ်အမှုထမ်းတွေကမ္ဘာမြေကိုပြန်ရောက်မလားဆိုတာကိုတော့ဆက်လက်ပြီးဖန်သားပြင်ပေါ်မှာကြည့်နိုင်ပါတယ်။
Comment Box of IN/movies, [2/18/2025 8:24 PM]
Supernova ဆိုတာက ကြယ်ပေါက်ကွဲမှုဖြစ်ပါတယ် ။ကြယ်ဆိုတာကနေပါပဲ။နေတွေမှာသက်တမ်းရှိပါတယ်။လက်ရှိကမ္ဘာရဲ့နေကကြယ်ဝါပု( yellow dwarf)ပါ။ကြယ်တွေမှာဟိုက်ဒရိုဂျင်တွေလောင်ကျွမ်းပြီးလောင်စရာကုန်တော့ ဟီလီယမ်တွေပါ ဆက်fusionဖြစ် ပိုလေးလံတဲ့အောက်ဆီဂျင် ကာဘွန်နဲ့တစ်ခြားလေးလံတဲ့ဒြပ်စင်အဖြစ်ဆက်fuseဖြစ်ပြီးစွမ်းအင်တွေအများကြီးထွက်လာပြီးကြယ်တွေရဲ့အပြင်လွှာကအပြင်ကိုအရှိန်အဟုန်နဲ့ပြန့်ကားထွက်လားထွက်လာပါမယ်။
အနီးအနားကဂြိုလ်တွေလတွေကိုဝါးမြိုသွားမှာပါ။အဲဒီအဆင့်က ကြယ်နီကြီး(Red Giant)ပါ ။ပြန့်ကားတာကြာလာတဲ့အခါဒြပ်ဆွဲအားသက်ရောက်တာနည်းပြီးစကြာဝဠာထဲကိုလွတ်ထွက်သွားပါမယ်။အရွယ်အစားကအဆပေါင်းများစွာသေးတဲ့ ကြယ်ဖြူပုဖြစ်လာပြီးအဲဒီကြယ်ဒြပ်ထုတစ်ဝက်ကအပြင်ခွံလွှာမှာပါသွားပြီးအဲဒီဒြပ်မှုန်လွှာတွေကဓါတ်ငွေ့ဖုန်မှုန့်အစုအဝေး planetry nebulaဖြစ်လာပါမယ်။
အဲဒီနက်ဗျူလာက ကြယ်ဖြူပုကိုပတ်နေပါမယ်။နှစ်ဘီလီယံ ထရီလီယံကြာပြီးနောက်တော့ တောက်လောင်တာချုပ်ငြိမ်းပြီးကြယ်ပုမည်းဖြစ်ပြီးအပြီးပျောက်ကွယ်သွားပါမယ်။လက်ရှိ ကမ္ဘာဂြိုလ်ရဲ့နေထက် အဆ ၂၅ဆ ၃၀ဆကြီးတဲ့ ကြယ်တွေသေဆုံးရင်တော့ Supernova အဖြစ်ပေါက်ကွဲပါတယ်။ပေါက်ကွဲမှုကထွက်လာတဲ့ရောင်စဥ်တွေက ဂလက်ဆီတစ်ခုလုံးကိုလင်းလက်တောက်ပသွားနိုင်ပါတယ်။
ပေါက်ကွဲမှုပြီးရင် မြို့တစ်မြို့စာအကျယ်ရှိတဲ့ နျူထွန်ကြယ်သေအဖြစ်ရှိနေပါမယ်။အဆ၃၀နီးပါးကြီးတဲ့ကြယ်တွေက အာကာသတွင်းနက်တွေအဖြစ်ရှိနေပါမယ်။ကြယ်တာရာသချိုင်းမှာရှိတဲ့ ရုပ်ကြွင်းနက်ဗျူလာတွေ ဓါတ်ငွေ့တိမ်တိုက်အစုအဝေးတွေကစကြာဝဠာထဲခရီးဆက်သွားပြီး စုမိပေါင်းမိပြီးကြယ်တွေကိုထပ်မွေးဖွားပါမယ်။
စကြာဝဠာထဲက ဒြပ်စင်တွေ ကမ္ဘာပေါ်ကဒြပ်စင်တွေ လူ့ကိုယ်ခန္ဓာမှာရှိတဲ့ ဒြပ်စင်တွေက ကြယ်သေဆုံးမှုကလွင့်လာတဲ့အမှုန်အမွှားတွေလို့ဆိုပါတယ်။ဒီအကြောင်းလေးကိုဘာလို့ ပြောပြရသလဲဆိုတော့ ဒီသဘောတရားတွေကိုရုပ်ရှင်ထဲမှာ ပြောပြထားလို့ပါပဲ။ဒါတွေကိုသိထားရင် ရုပ်ရှင်ရဲ့ အနှစ်သာရကလည်း ပိုကောင်းလာနိုင်ပါတယ်။
#ပြည်တွင်းသတင်း
◼UWSP/UWSA က ယခုနှစ်အတွင်းလုပ်ဆောင်မည် အချက်ကိုးချက်ထုတ်ပြန်
UWSP/UWSA က ယခုနှစ်အတွင်း အဓိကလုပ်ဆောင်မည့်အချက်ကိုးချက်ကိုထုတ်ပြန်ခဲ့ကြောင်း “၀” အခြေစိုက် သတင်းမီဒီယာများက ယမန်နေ့(ဖေဖော်ဝါရီ ၁၉ ရက်) တွင်ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဗဟိုလုပ်ငန်းနှစ်ချုပ်အစည်းအဝေးကို UWSP/UWSA က ငါးရက်ကြာကျင်းပပြုလုပ်ပြီးနောက် ရှေ့ဆက်လုပ်ဆောင်မည့် အချက်ကိုးချက်ပါ လုပ်ငန်းစဉ်များကို ဆက်လက် ချမှတ်နိုင်ခဲ့ကြောင်း အဆိုပါသတင်းများတွင်ဖော်ပြထားသည်။
ယင်းအချက်များမှာ နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲမှုများ ဆက်လက်အကောင်အထည်ဖော်ခြင်း၊ မန်ဆိုင်သတ္တုတွင်းပြန်လည်ဖွင့်လှစ်ခြင်း၊ တရားမဝင်လုပ်ငန်းများအား အချိန်နဲ့တပြေးညီထိန်းချုပ်စိစစ်ခြင်း၊ နိုင်ငံခြားဆက်ဆံရေးတိုးမြှင့်ခြင်း၊ သဘာဝစွမ်းအင်များဖြင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတိုးမြှင့်ခြင်း၊ "တရုတ်-မြန်မာ စီးပွားရေးလမ်းကြောင်း" ကိုအသုံးပြု၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားဖြည့်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကိုမြှင့်တင်၍ တောင်သူများ၏ဝင်ငွေတိုးမြှင့်ခြင်း၊ ပညာရေးစနစ်ပြုပြင် ပြောင်းလဲမှုဆောင်ရွက်ခြင်း၊ ကျန်းမာရေးစနစ်တိုးတက်စေရန် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်း စသည့် အချက်များချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
ဗဟိုကော်မတီဒုဥက္ကဋ္ဌပေါင်းအိုက်ခမ်းက အစီရင်ခံစာတင်ပြရာတွင် "နိုင်ငံတော်၏ရည်ရွယ်ချက်ကို မှန်ကန်စွာ၊ တိကျစွာဆောင်ရွက်ရန်၊ ၂၀၂၅ ခုနှစ်တွင် စိန်ခေါ်မှုများ ရှိသော်လည်း တိုင်းပြည်နှင့် ပြည်သူတို့အတူတကွအားတင်း၍ အနာဂတ်ကိုတည်ဆောက်သွားမည်" ဟု ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးပွဲသို့ UWSA မှစစ်ဦးစီးချုပ်ပေါက်ယိုချမ်း၊ ဒုတိယ စ်ဦးစီးချုပ် ဦးကျောက်ကျုံတန်၊ ၁၇၁ စစ်ဒေသ နိုင်ငံရေးမှူးတာ့ဆမ်ရုန်း၊ တရားစီရင်ရေးဌာန အတွင်းရေးမှူး လီအိုက်ရှင်း၊ တပ်မဟာမှူးဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ပေါက်ကျွင်းလုံ၊ ၁၇၁ စစ်ဒေသ စစ်ဦးစီးမှူး လီထန်းပေါက်နှင့် အခြားသက်ဆိုင်ရာအရာရှိများ တက်ရောက်ခဲ့ကြောင်းသိရသည်။
လက်ရှိမြန်မာနိုင်ငံအနှံ့အပြားတွင် တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေသော်လည်း “UWSA” သည် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ ကြားနေဝါဒကိုကျင့်သုံးလျက်ရှိကြောင်းထုတ်ပြန်ထားသည်။