9 w - Translate

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့နောက်ခံလူနေရာအတွက် ပရီးမီးယားလိဂ်ကနောက်ခံလူတွေကို လေ့လာနေပြီး အဲ့ထဲမှာ အဲဗာတန်နောက်ခံလူ ဘရိတ်ဝိတ် ၊ လီဗာပူးလ်နောက်ခံလူ ကိုနာတေး နဲ့ ဘုန်းမောက်နောက်ခံလူ ဟူဆန် တို့ ပါဝင်ပါတယ်
[Mail]🌖

image
image
image
9 w - Translate

သားလေးမွေးပြီးမှ အကယ်ဒမီဆုတွေဆက်တိုက်ရလို့ ကံကောင်းခြင်းတွေသယ်လာတဲ့ သားလေးလို့ဆိုလိုက်တဲ့ ဝါဝါဝင်းရွှေ 🥰
သားဖြစ်သူရဲ့ မွေးနေ့ကို ဆုတောင်းပေးရင်းသားအကြောင်းတွေကိုပြောပြလိုက်တာပါ။ သူမအတွက်တော့ ကံကောင်းခြင်းတွေပဲရရှိခဲ့တဲ့ သားလေးဖြစ်တယ်လို့ဆိုပါတယ်။ သားလေးကိုမွေးပြီး ၁ ပတ်အကြာမှာ တတိယမြောက် အကယ်ဒမီရွှေစင်ရုပ်တုကို လွန်ခဲ့တဲ့ နှစ် ၄၀ ခန့်က ရရှိခဲ့တယ်လို့ဆိုပါတယ်။ အခုလည်း တစ်သက်တာရုပ်ရှင်ထူးချွန်ဆုကို သားရဲ့မွေးနေ့မတိုင်ခင်မှာ ရရှိခဲ့တာကြောင့် သူမအတွက် ကံကောင်းခြင်းတွေကို သယ်ဆောင်လာပေးတဲ့ လပ်ကီးလေးလို့ သတ်မှတ်ထားကြောင်း ဝါဝါဝင်းရွှေကဆိုပါတယ်။ ဝါဝါဝင်းရွှေဟာ ယခုရရှိတဲ့ အကယ်ဒမီဆုနဲ့ဆို စုစုပေါင်း အကယ်ဒမီ ၄ ဆုရရှိထားတဲ့ အနုပညာရှင်ကြီးဖြစ်ပါတယ်။

image
9 w - Translate

#tattooideas

image
9 w - Translate

#tattooideas

image
9 w - Translate

#tattooideas

image
9 w - Translate

#tattooideas

image
9 w - Translate

#tattooideas

image
9 w - Translate

#tattooideas

image
image
image
image
image

I Am Legend (2007) နဲ့ Hancock (2008) တို့ရဲ့ အဆက်ရုပ်ရှင်များ စတင်ပြုလုပ်နေကြောင်း အဆိုပါရုပ်ရှင်တို့ရဲ့သရုပ်ဆောင် Will Smith ကိုယ်တိုင်အတည်ပြုလာခဲ့ပါတယ်..Will Smith အနေနဲ့ I Am Legend 2, Hancock 2 တို့အကြောင်းကို xQc ရဲ့ Twitch Live Stream မှာ ပြောပြသွားခဲ့တာဖြစ်ပြီး ဘယ်သရုပ်ဆောင်တွေပါဝင်လာနိုင်ချေရှိသလဲ၊ ဘယ်အခြေအနေအထိရောက်နေပြီလဲဆိုတာတွေပါ ပြောပြသွားခဲ့တာဖြစ်ပါတယ်။
ကမ္ဘာပျက်ကိန်းရုပ်ရှင်တစ်ခုဖြစ်တဲ့ I Am Legend ရဲ့ အဆက်ရုပ်ရှင်အတွက် Will Smith ဟာ Creed, Black Panther နဲ့ Sinners တို့ရဲ့သရုပ်ဆောင် Michael B. Jordan နဲ့ တစ်ပတ်လောက်အတူထိုင်ပြီး ဆွေးနွေးထားပြီဖြစ်သလို ဇာတ်ကောင်အကြောင်းနဲ့အကြောင်းတချို့ပါဝင်ပါတယ်တဲ့..Avika Goldsman ဟာ ဇာတ်ညွှန်းရေးသားနေပြီး တကယ်ထွက်လာမှာဖြစ်တယ်လို့လည်း ပြောပြခဲ့တာပါ။
ပရိတ်သတ်တွေရဲ့ ငယ်စဉ်အခါက စူပါဟီးရိုးတွေနဲ့ထိတွေ့ရစဉ် Will Smith ရဲ့ Hancock ကလည်း အပါအဝင်ဖြစ်ခဲ့ပါလိမ့်မယ်..စူပါဟီးရိုးပေမဲ့ လမ်းဘေးမှာ အမြဲတမ်းမူးရူးပြီး နေချင်သလိုနေတတ်တဲ့သူပေါ့..အခုဆိုရင် Hancock 2 အတွက်လည်း အကြံကောင်းရထားပြီးပြီ ၊ သို့သော် ရုပ်ရှင်နဲ့ပတ်သက်ပြီး စကားသေချာမပြောရသေးတာမို့ Zendaya ကို မျက်စိကျနေကြောင်းသာပြောရင်း Tease သွားခဲ့ပါတယ်။
I Am Legend ဟာ ၁၈ နှစ်အကြာ၊ Hancock ဟာ ၁၇ နှစ်အကြာမှာ ပြန်လည်အကောင်အထည်ပေါ်လာခဲ့ပြီဖြစ်သလို အဆက်ကြည့်ချင်နေတဲ့ပရိတ်သတ်တွေအတွက်ကတော့ သတင်းကောင်းတစ်ခုပါပဲ..အဆိုပါရုပ်ရှင် ၂ ကားစလုံးမှာ Will Smith အနေနဲ့ ဘယ်လိုပြန်ပါလာမလဲမသိရသေးသလို Michael B. Jordan နဲ့ Zendaya တို့ရဲ့ နေရာတွေကိုလည်း အတိအကျမဖော်ပြသွားသေးတာမို့ အသေးစိပ်ကိုတော့ ဆက်လက်စောင့်မျှော်ရပါလိမ့်မယ်။

image
9 w - Translate

အသက် ၁၅ ကနေ၂၅ ဆိုတာက..
မာန်တွေ တက်တဲ့အရွယ်...
ငါကြိုးစားရင် ဘာမဆိုဖြစ်ရမည်..
ကောင်းကင်တမှတ် ကြယ်ကိုဆွတ်မည်..
ဘာညာ ဘာညာ...။.
*^*၂၅ ကနေ ၃၅လောက်ကျ...
စွန်း ဆရာလုပ်တဲ့အရွယ်..
ဒီမှာ ငါ့ညီ..ဒါကဒီလိုရှိတယ်..
ဒီမယ် ညီလေး.....လောကကြီးမှာလေ...
အာဘာ ယာဘာ
ဘလာ..ဘလာ..။
လူတွေချီးကျူးတာလည်း သိပ်သာယာ
*^*အသက်၃၅ကျော် အသက် ၄၀ ၀န်းကျင်
ရောက်လာတော့ ဘဝမှာ နေတတ်ဖို့
ဥပေက္ခာ ပြုတတ်ဖို့ သိလာတယ်။
*^*၄၀ ကနေ ၅၀လောက်ထိက..
လောကထဲက အဖြစ်အပျက် တွေကို
ထိုင်ရီနေတဲ့ ဂုရုကြီးဖြစ်သွားပြီ...
*^*၂၅..တွေ..၃၀ တွေ..
မာန်တက်နေတာကို ပြုံးပြီး
မိန့်မိန့်ကြီး ကြည့်နေတတ်တဲ့အရွယ်..
မင်း တွေ့လာဦးမှာပါကွာ..
ငါ တွေ့တွေက စာတွေ့ထက်
ပိုရသမြောက်တာ..ဆိုပြီး...။
အထင်ကြီးခံရ အထင်သေးခံရခြင်းတွေလည်း
မသာယာ မတုန်လှုပ်တော့ဘူး။
*^*၅၀ လည်း ကျော်ရော.. ဘယ်သူ့မှ ဂရုကိုမစိုက်တာ..
အဖက်ကို လုပ်မနေဘူး..
ကိုယ်လုပ်ချင်တာ..
အေးဆေးလုပ်နေတာပဲ...။
*^*၆၀ လည်း ကျာ်ရော...
စကားပြောဖို့ အဖော်လေး စ မင်လာပြီ..
သားသမီး မြေးတွေ လာအဖော်ပြုပေးရင်
သိပ်ပျော်တာ..
*^*အရာရာ ကြင်နာစိတ်နဲ့မြင်တာ တပိုင်း..
ဝမ်းနည်းအားငယ်စိတ်လေး နည်းနည်း
စွက်လာတာ တပိုင်း..။
ငါ လုပ်နိုင်သေးတယ်ဆိုပြီး အလုပ်တွေ
ကျုံးလုပ်နေတတ်တာလဲ တပိုင်း။
*^*၇၀ ကျော်တော့ လောကကို ငြီးငွေ့လာတော့တာပါပဲ..
ငြိမ်းငြိမ်းချမ်းချမ်း ဝေဒနာမခံစား ရဖို့ပဲ
မျှော်လင့်တော့တယ်။
*^*လူ့ဘဝဆိုတာ အဲ့လိုပါပဲ..။
အသက်တွေ ကြီးလာဦးမှာ..
အတွေးအခေါ်လဲ ပြောင်းလာဦးမှာ..
ဘယ်အရာမှ တသမတ်တည်း မရှိဘူး..
ဒါကြောင့်.. ပျော်အောင်နေ..
မာန်မတက်မိအောင် နေ..
*^*လောကကြီးကို ထမ်းပိုးမထားပဲ..
တနေ့စာကို တာဝန်ကျေအောင်
အကောင်းဆုံးရှင်သန်..
ရယ်စရာရှိတာ ရယ်..
ကူစရာရှိတာ ကူ..
ပေးစရာရှိ ပေး..
*^*ချစ်ရင် ချစ်တယ် ပြောပစ်လိုက်..
အမုန်းတွေတော့ သယ်မနေနဲ့
လေးတယ်..ထားပစ်ခဲ့..
သူနဲ့ကိုယ် အမြင်မတူလည်း...
ငြိမ်းငြိမ်းချမ်းချမ်း ကွဲလွဲလိုက်..
ပေးဆပ်တယ်ဆိုတဲ့ စကားလုံးကြီးနဲ့
မွန်းကျပ်မနေနဲ့..
*^*အရာရာ အကြောင်းရှိလို့ အကျိုးရှိတာ
အကြွေးရှိလို့ဆပ်ရတာ..
စိတ်တွေကို ဘောင်ထဲမှာ ထောင်ချမထားနဲ့..
*^*သူများ အထင်ကြီးအောင်လဲ
ဟန်ဆောင်စရာ မလိုဘူး
မရှိဘူး မတတ်ဘူး လို့လဲ
အထင်သေးစရာမလိုဘူး..
*^*တနေ့ မြေကြီးထဲ သွားရမှာ အတူတူ..။

image