Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
iPhone SE ရောင်းချမှု ရပ်ဆိုင်းလိုက်ပြီ
iPhone 16E တရားဝင်ထွက်ရှိလာပြီးနောက် Apple ဟာ iPhone SE ကို ရပ်ဆိုင်းလိုက်ပြီဆိုတဲ့ သတင်းထွက်လာပါတယ်။
မနှစ်က EU မှာ USB C Port ကိစ္စကြောင့် iPhone 14 နဲ့ iPhone SE တို့ ရောင်းချမှု ပိတ်သိမ်းပြီးနောက် ထပ်ထွက်လာတဲ့ သတင်းပါ။ ဒီတစ်ခါ EU မှာတင်မကပဲ တစ်ကမ္ဘာလုံး ရောင်းချမှုရပ်ဆိုင်းလိုက်တာပဲဖြစ်ပါတယ်။ Apple Store တွေမှာ iPhone SE ကို ဖယ်ရှားလိုက်ပြီဖြစ်ပြီး Apple ကနေ တိုက်ရိုက်ဝယ်ယူလို့မရတော့ပါဘူး။
ဒါကြောင့် iPhone SE ကို collect လုပ်ထားချင်တယ်ဆိုရင်တော့ Third Party ရောင်းချသူတွေဆီကပဲ ဝယ်ယူနိုင်တော့မှာပါ။ ဒါလည်း မကြာခင်အချိန်အတွင်း Stock ကုန်သွားနိုင်တာမို့ မြန်မြန်စုဆောင်းထားဖို့လိုပါလိမ့်မယ်။ SE နေရာမှာ E Series တွေ နေရာဝင်ယူလာတာဟာ နာမည်အပြောင်းအလဲတစ်ခုပဲလား။ ဒီ့ထက်ပိုကောင်းတဲ့ အသစ်အသစ်တွေကို မြင်ရနိုင်ဖွယ်ရှိနိုင်မလားဆိုတာကတော့....
ဒါ့အပြင် iPhone SE အပြင် iPhone 14 နဲ့ 14 Plus တို့လည်း ရပ်ဆိုင်းဖို့ စာရင်းထဲ ပါဝင်ပါတယ်။ နောက်ပြီး Apple အနေနဲ့ iPhone 17 Series ကို မိတ်ဆက်လာမယ့်အချိန်မှာလည်း iPhone 15 နဲ့ iPhone 15 Plus တို့ကို ရပ်ဆိုင်းဖွယ်ရှိတယ်လို့လည်း ဆိုထားပါသေးတယ်။