9 w - Translate

ယောင်္ကျားတစ်ယောက်အတွက် ကြီးပွားစေတဲ့ အချက် ၄ ချက်
ယောင်္ကျားတစ်ယောက် အနာဂါတ်မှာကြီးပွားမယ်၊မကြီးပွားဘူးကို အောက်ကအချက် ၄ ချက်ကိုကြည့်ပြီးသိနိုင်တယ်။
ပထမအချက်က သူ့ရဲ့ဝါသနာ
ကြီးပွားမဲ့ယောင်္ကျားတစ်ယောက်ဟာ အပျော်အပါး၊အသောက်အစား၊လောင်းကစားနဲ့ Game ကစားပြီးသူ့ရဲ့တန်ဖိုးရှိတဲ့လူလတ်ပိုင်းအချိန်တွေကို ဘယ်တော့မှကုန်ဆုံးခံမှာ မဟုတ်ဘူး။သူ့မှာ သူ့ဘဝအတွက်အထောက်အကူပြုတဲ့ ဝါသနာတစ်ခု သို့မဟုတ် နှစ်ခုလောက်ရှိကြတယ်။ဥပမာ
စာဖတ်ခြင်း၊အားကစားလိုက်စားခြင်း၊အတတ်ပညာတစ်ခုခုလေ့လာခြင်း တို့လိုမျိုးဖြစ်တယ်။
ဒုတိယအချက်က သူနေတဲ့အခန်း
စီးပွားရေး တက္ကသိုလ်တွေရဲ့လေ့လာတွေ့ရှိချက်အရ သန့်ရှင်းသပ်ရပ်မှုကိုဦးစားပေးတဲ့ ယောင်္ကျားတစ်ယောက်ဟာ ပေတီးပေစုပ်နေတတ်တဲ့ ယောင်္ကျားတစ်ယောက်ရဲ့ကြီးပွားအောင်မြင်ဖို့ရာခိုင်နှုန်းထက် ၃၀% ပိုများတယ်။
ဒါ့ကြောင့် "ကိုယ့်နေတဲ့အခန်းကိုတောင် သပ်သပ်ရပ်ရပ်မထားနိုင်တဲ့ယောင်္ကျားတစ်ယောက်ဟာ ဘယ်လိုလို့ အိမ်ထောင်တစ်ခု၊နိုင်ငံတစ်နိုင်ငံကိုသပ်သပ်ရပ်ရပ်နဲ့ဦးဆောင်နိုင်ပါ့မလဲ" လို့ ရှေးလူကြီးတွေကဆိုကြတယ်။
တတိယအချက်က သူ့ရဲ့မိဘကိုဆက်ဆံမှု
မိဘကိုင်းရှိုင်းတာကိုပထမနေရာမှာ ထားထားတဲ့ ယောင်္ကျားတစ်ယောက်အတွက်
သူ့အတွက်ကြီးပွားမယ်၊မကြီးပွားဘူးဆိုတာကို ငွေကုန်ခံပြီးဗေဒင်မေးစရာမလိုပါဘူး။မိဘကိုင်းရှိုင်းတဲ့ယောင်္ကျားတစ်ယောက်ဟာ ကျေးဇူးသိတတ်သူတစ်ယောက်ဖြစ်ပြီး တာဝန်ယူမှုအပြည့်ရှိတဲ့ယောင်္ကျားဖြစ်တယ်။ဒါဟာကြီးပွားမဲ့ယောင်္ကျားတစ်
ယောက်ရဲ့ စရိုက်လက္ခဏာပါပဲ။
စတုတ္ထအချက်ကတော့ သူ့ရဲ့အဝန်းအဝိုင်း
သောက်ရေသန့်တစ်ဘူးကို ကုန်စုံဆိုင်မှာဝယ်ရင် သုံးရာနဲ့ရနိုင်တယ်။အဲ့ဒီရေသန့်တစ်ဘူးကိုစားသောက်ဆိုင်မှာဆို ငါးရာဖြစ်သွားတယ်။အဲ့ဒီရေသန့်ကိုပဲ လေဆိပ်မှာဝယ်ရင် တစ်ဒေါ်လာနဲ့ဝယ်ခဲ့ရတယ်။တူညီတဲ့အရည်အသွေးရှိကြပေမဲ့ မတူညီတဲ့နေရာကြောင့် တန်ဖိုးပြောင်းလဲသွားတာတွေ့ရတယ်။
ဒါကြောင့်လူတစ်ယောက်ဟာ ဘယ်နေရာဘယ်အဝန်းအဝိုင်းမှာရှိနေတာဟာ သူ့ရဲ့တန်ဖိုးကိုဖော်ပြနေတယ်။အဝန်းဝိုင်းပေါ်မှာမူတည်ပြီး သူ့ရဲ့အတွေးအခေါ်နဲ့နားလည်နိုင်စွမ်းတွေဟာ ကွဲပြားသွားတယ်။
သာမန်လူအဝန်းအဝိုင်းမှာ ကိုယ့်ကိုပြောပြနိုင်တာဟာ ဘယ်လိုအလုပ်ကိုကြိုးစားရမယ်၊ဘယ်လိုငွေကိုချွေတာသုံးရမယ်၊ဘယ်လိုငွေစုရမယ်။
ဒါပေမဲ့ချမ်းသာတဲ့အဝန်းအဝိုင်းမှာ ကိုယ့်ကိုသင်ပေးမှာက ဘယ်တော့မှအဲ့ဒီနည်းလမ်းမဟုတ်ဘူး။ သူတို့ကိုယ့်ကိုသင်ပေးမှာက ငွေကိုဘယ်နေရာမှာသုံးရမယ်၊ငွေကနေငွေဖြစ်လာဖို့အတွက် ငွေကိုဘယ်လိုခိုင်းစေရမယ်ဆိုတာ သင်ပေးလိမ့်မယ်။
ဒီအချက်တွေက ယောင်္ကျားတစ်ယောက် အနာဂါတ်ကြီးပွားဖို့ကို ဆုံးဖြတ်ပေးနေတယ်။

image

ထရန့်က ဇာလန်းစကီးကို အာဏာရှင်ဟု ခေါ်ဆို

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဖေဖော်ဝါရီ ၁၉ ရက်တွင် ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) ကို အာဏာရှင်ဟု ခေါ်ဆိုပြီး ဝေဖန်ရှုတ်ချခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ဇာလန်းစကီးအနေဖြင့် ငြိမ်းချမ်းရေးရရှိရန် လျင်လျင်မြန်မြန် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက ယူကရိန်းနိုင်ငံကို ဆုံးရှုံးရလိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့သဖြင့် ၎င်းတို့ ၂ ဦးအကြား ပုဂ္ဂိုလ်ရေးအရ သဘော ထားကွဲလွဲမှုကို ထင်ရှားပေါ်လွင်စေခဲ့သည်။

ဇာလန်းစကီးကို အာဏာရှင်ဟု ခေါ်ဆို၍ ရှုတ်ချခဲ့ခြင်းကြောင့် ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းနေ သည့် ထရမ့်၏ ချဉ်းကပ်ဆောင်ရွက်ပုံကို ဥရောပမဟာမိတ်များက စိုးရိမ်နေကြသည်။

ထရမ့်သည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီး တစ်လမပြည့်မီ အချိန်မှာပင် ယူကရိန်း စစ်ပွဲအပေါ်ထားရှိသည့် အမေရိကန်၏ မူဝါဒကို ပြောင်းလဲခဲ့ပြီး ရုရှားကို ဖယ်ကြဉ်ထားမှုအား အဆုံးသတ်ခဲ့ကာ ပူတင်နှင့် ဖုန်းဆက်သွယ် ပြောဆိုခဲ့သည်။

ထို့နောက် အမေရိကန်နှင့် ရုရှား ထိပ်သီးအရာရှိများကလည်း ယူကရိန်းမပါဘဲ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

“ရွေးကောက်ပွဲတွေ မလုပ်တဲ့ အာဏာရှင် ဇာလန်းစကီး အနေနဲ့ မြန်မြန်ဆန်ဆန် လုပ်ရင် ပိုကောင်းမှာပါ။ မဟုတ် ရင်တော့ သူ့နိုင်ငံကို ဆုံးရှုံးရနိုင်ပါတယ်” ဟု ထရမ့်က လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ထရမ့်၏ ပြောကြားချက်ကို တုန့်ပြန်သည့် အနေဖြင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ စီဘီဟာ (Andrii Sybiha) က ၎င်း၏နိုင်ငံကို မည်သူကမျှ အင်အားသုံးပြီး အလျှော့ပေးခိုင်း နိုင်လိမ့်မည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

“ကျနော်တို့ရဲ့ တည်ရှိပိုင်ခွင့်ကို ကျနော်တို့ ကာကွယ်သွားမှာပါ” ဟု စီဘီဟာက X လူမှုမီဒီယာတွင် ရေးသားခဲ့ သည်။

ထရမ့်သည် ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းတွင် မိုင်ယာမီ (Miami)၌ ရင်းနှီးမြှုပ်နှံသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံချိန်တွင်လည်း ဇာလန်းစကီးကို အာဏာရှင်ဟု ထပ်မံ သုံးနှုန်းပြောဆိုခဲ့သည်။

ဇာလန်းစကီးသည် ငွေကို အချောင်ရစေရန်အတွက် စစ်ပွဲကို ဆွဲဆန့်ထားရန် ဆန္ဒရှိနေကြောင်း ထရမ့်က ယူကရိန်းအတွက် အမေရိကန်၏ စစ်ရေးအကူအညီများကို ရည်ညွှန်းပြောဆိုခဲ့သည်။

ဇာလန်းစကီး၏ ၅ နှစ်သက်တမ်းသည် ၂၀၂၄ ခုနှစ်တွင် အဆုံးသတ်ခဲ့ပြီဖြစ်သော်လည်း စစ်ပွဲဖြစ်ပွားနေသဖြင့် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားရကာ ရွေးကောက်ပွဲများကို မကျင်းပ နိုင်ခဲ့ခြင်းဖြစ်သည်။

Source: ရိုက်တာ

ပုံ - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်

#centralnewsnaypyitaw

image
9 w - Translate

ဘဝမှာ
ငါတို့ မကာကွယ်လိုက်နိုင်တဲ့
ငါတို့ မြတ်နိုးရတဲ့ အရာတွေ လူတွေ ရှိတယ် ။
သဘောကျနေရက်နဲ့
သဘောကျလိုက်တာလို့ မပြောဖြစ်ခဲ့တဲ့ အရာတွေ
ပိုင်ဆိုင်ချင်ရက်နဲ့
လက်လွှတ်လိုက်ရတဲ့ အရာတွေ
မြတ်နိုးနေပါရက်နဲ့
ချစ်မြတ်နိုးကြောင်း မပြောဖြစ်လိုက်တဲ့ အရာတွေ
ပြီးတော့ ချစ်နေရက်နဲ့
ချစ်လိုက်တာလို့ မပြောဖြစ်လိုက်တဲ့ အရာတွေ
ဒီလိုအရာတွေ အနားက ပျောက်ကွယ်သွားချိန်မှ
ငါ အဲ့ဒီအချိန်က ခုထက် ပိုကောင်းပေးခဲ့ရင်ကောင်းသား
သတိရလိုက်တာ ဆိုတဲ့ စကားလုံးတွေနဲ့
နောင်တတွေ ထွေးပိုက်မထားရလေအောင်
လက်ရှိ ပစ္စုပ္ပန်မှာ နေထိုင်ပြီး
ကိုယ် ချစ်တဲ့အရာ ကိုယ် မြတ်နိုးတဲ့အရာတွေအတွက်
ကာကွယ်ကြရအောင်ပါ

image
9 w - Translate

မြန်မာစကားပုံတွေ ထဲက
" ကြောင်ကြာကြာ ရေမငုပ်ဘူး " ဆိုတဲ့
စကားပုံကို သဘောကျတယ်။
အဲဒီ စကားပုံကို သူများတွေ
ဘယ်လို အဓိပ္ပာယ်ယူကြလဲမသိပေမယ့်
မှားမှားမှန်မှန် ကျွန်တော်တော့
အဓိပ္ပာယ် (၂) မျိုး ဖွင့်ဖြစ်တယ်။
ပထမ တမျိုးက ...
အစွမ်း အစရှိတဲ့လူတွေက
ဒုက္ခ ရောက်ခဲ့ရင်တောင် ခဏပဲ ...
အချိန်တန်ရင် စင်ပေါ်ပြန်ရောက်တာပဲ
ဆိုတဲ့ သဘောနဲ့ "မိုတီ" ယူဖြစ်သလို ..
ဒုတိယ တမျိုးကတော့ ...
အကျင့်မကောင်းတဲ့ လူတွေက
ဘယ်လောက်ပဲ ဟန်ဆောင်ပြီး
သူတော်ကောင်း လုပ်ပြနေကြပါစေ ...
အချိန်တန်ရင် သူတို့ရဲ့
ယုတ်မာတဲ့ အတွင်းစိတ်က
ပေါ်လာတတ်တယ် ဆိုတာကို
ပြောချင်တဲ့ အခါမှာလည်း သုံးဖြစ်တယ်။
ကျွန်တော်တော့ ကိုယ့်ဟာကို အဓိပ္ပာယ်
ဖွင့်ထားတဲ့ အထဲက ပထမတမျိုးကို
သဘောကျလို့ အခက်အခဲ ဒုက္ခရောက်တိုင်း
"ကြောင်ကြာကြာရေမငုတ်ဘူး" လို့
အားတင်းမိုတီယူပြီး
ဒုတိယ တမျိုးထဲကလို
ဟန်ဆောင်တတ်တဲ့ လူယုတ်မာ
မဖြစ်အောင် သတိထားပြီး နေဖြစ်တယ်။
လူကောင်း မဟုတ်ရင်တောင်
လူယုတ်မာ မဖြစ်အောင်တော့
ကြိုးစားရတာပေါ့။

image

ေဆးနည်းလေးပြောပြမယ်။
နားကိုက်/နားနာဖြစ်ရင် ကြက်သွန်ဖြူ
တစ်တက်ကို ဘေးသားတွေခွါပြီး
ဓါးဖြင့်ချွန်လိုက်ပါ။ကြက်သွန်ဖြူအစေး
တွေလိုချင်လို့ဘေးသားတွေခွါချတာပါ။
ကြက်သွန်နွာပြီးသားကို နားထဲထိုးထည့်ထားလိုက်ပါ။
အရမ်းသေးရင်နားထဲဝင်သွားပါမယ်။
နားနဲ့ဆန့်သလောက်အနေတော်နွာပါ။
နား နှာခေါင်း လည်ချောင်း တစ်ဆက်ထဲမို့
ဘာကြောင့်ဘဲ နာနာ ကြက်သွန်ဖြူထည့်လိုက်ပါ။
တစ်နာရီတွင်း နာတာကိုက်တာ
ယူပြစ်သလိုသက်သာသွားစေပါမည်။
မြန်မာ့ဆေးနည်းတစ်ကယ်စွမ်း၏။
ကိုယ်တိုင် ပျောက်ကင်း၍ ပြန်လည်
မျှဝေပါသည်။..........
crd

image

အစ္စရေးမှာ ဘတ်စ်ကားသုံးစီးဗုံးကွဲပြီးနောက် သယ်ယူပို့ဆောင်ရေးတွေ ရပ်နားပြီး ဖောက်ခွဲရေးပစ္စည်းတွေ ရှာဖွေနေ

တဲလ်အဗစ်၊ ဖေဖော်ဝါရီ ၂၁

အစ္စရေးနိုင်ငံ မြို့တော်တဲလ်အဗစ်ရှိ ဘက်ယမ်အရပ်မှာ ဘတ်စ်ကားသုံးစီး ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ‘ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှု သံသယရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်မှာ သယ်ယူပို့ဆောင်ရေးဝန်ကြီး မီရီရက်ဂေ့ဗ်က နိုင်ငံတွင်းရှိ ဘတ်စ်ကားနဲ့ ရထားပို့ဆောင်မှုအားလုံးကို ခေတ္တရပ်ဆိုင်းဖို့ အမိန့်ထုတ်ခဲ့ပြီးနောက် ဖောက်ခွဲရေးပစ္စည်း ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ရတယ်လို့ အစ္စရေးမီဒီယာတွေက ဆိုပါတယ်။

လက်ရှိပေါက်ကွဲမှုကြောင့် အသေအပျောက်မရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ တဲလ်အဗစ်မှာတော့ ဖောက်ခွဲရေးပစ္စည်း ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ သံသယဖြစ်ဖွယ် အိတ်နဲ့ အရာ၀တ္ထုကို မကိုင်တွယ်ကြဖို့ ဒေသခံတွေကို တိုက်တွန်းထားပါတယ်။

ဒါဟာ အနောက်ဘက်ကမ်းမှာ မကြာသေးမီက အစ္စရေးရဲ့ စစ်ဆင်ရေးတွေကို လက်တုံ့ပြန်တာဆိုပြီး ရေးထားတဲ့ စာတစောင်ကိုလည်း ၅ ကီလိုဂရမ်ရှိတဲ့ မပေါက်ကွဲသေးတဲ့ ဗုံးတခုမှာ တွေ့ရှိခဲ့တယ်လို့ အစ္စရေး မီဒီယာတွေက ပြောပါတယ်။

ဒီအတောအတွင်း အနောက်ဘက်ကမ်းရှိ ဒုက္ခသည်စခန်းတွေမှာ အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးတွေ အရှိန်မြှင့်ဖို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက အမိန့်ပေးထားပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ်တွေကြောင်း အစ္စရေး ပို့ဆောင်ရေးဝန်ကြီးဟာလည်း မော်ရိုကိုခရီးစဉ်ကနေ ပြန်လာမှာဖြစ်တယ်လို့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။

Ref:BBC
Photo:Israel Police

#သတင်းဟင်းလေးအိုးကြီး

image

ကိုတွေဖတ်သင့်တဲ့စာအုပ်တော့တွေပီ

image
9 w - Translate

ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ++++

image
9 w - Translate

လူအချို့
ကိုယ်ပြောလိုက်တဲ့စကား
လွယ်လွယ်ပြောပြီး မေ့သွားကြတဲ့သူက
များတယ်
နားထောင်ခဲ့တဲ့သူဖက်က
လက်ခံရတဲ့စကားမို့
တစ်ခါတရံ
ဘဝနဲ့ချီ ခံစားနားထောင်လိုက်တဲ့
စကားမျိုးဆိုရင်တော့
ခံစားမဆုံးဖြစ်တတ်ကြတာ သဘာဝပါပဲ
ဒါဟာ
ပြောလိုက်တဲ့သူနဲ့
လက်ခံနားထောင်လိုက်တဲ့သူရဲ့
မတူတာကတော့ စိတ်ခံစားချက်တွေပါပဲ
ဒါကြောင့်
ကိုယ်ပြောလိုက်တဲနှုတ်ထွက်စကား
ကိုယ်တာဝန်ယူနိုင်မှ ပြောတာ
အကောင်းဆုံးပါ
စကားတစ်ခွန်းကြောင့်
ချစ်ခြင်း မုန်းခြင်း နာကျည်းခြင်းတွေ အပြင်
တစ်ခါတရံမှာ
ဘဝနဲ့ချီပြီး နစ်နာဆုံးရှုံး
သွားတတ်တဲ့သူတွေ ရှိနေပါတယ်။
#စိတ်ခွန်အား #စာပေ #ဘဝ

image
9 w - Translate

သီချင်းအသစ်တစ်ပုဒ်ထွက်ရှိလာပြီဖြစ်တဲ့ ပြည်သူ့အချစ်တော်မင်းသားဒေါင်း

#celenews

image