Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လူအချို့
ကိုယ်ပြောလိုက်တဲ့စကား
လွယ်လွယ်ပြောပြီး မေ့သွားကြတဲ့သူက
များတယ်
နားထောင်ခဲ့တဲ့သူဖက်က
လက်ခံရတဲ့စကားမို့
တစ်ခါတရံ
ဘဝနဲ့ချီ ခံစားနားထောင်လိုက်တဲ့
စကားမျိုးဆိုရင်တော့
ခံစားမဆုံးဖြစ်တတ်ကြတာ သဘာဝပါပဲ
ဒါဟာ
ပြောလိုက်တဲ့သူနဲ့
လက်ခံနားထောင်လိုက်တဲ့သူရဲ့
မတူတာကတော့ စိတ်ခံစားချက်တွေပါပဲ
ဒါကြောင့်
ကိုယ်ပြောလိုက်တဲနှုတ်ထွက်စကား
ကိုယ်တာဝန်ယူနိုင်မှ ပြောတာ
အကောင်းဆုံးပါ
စကားတစ်ခွန်းကြောင့်
ချစ်ခြင်း မုန်းခြင်း နာကျည်းခြင်းတွေ အပြင်
တစ်ခါတရံမှာ
ဘဝနဲ့ချီပြီး နစ်နာဆုံးရှုံး
သွားတတ်တဲ့သူတွေ ရှိနေပါတယ်။
#စိတ်ခွန်အား #စာပေ #ဘဝ
ဗြိတိန်မှာ ဘောလုံးကွင်း ၈၅၀ အရွယ်အစား ရှိပြီး နေအိမ် ၇၅,၀၀၀ ကို လျှပ်စစ်ဓါတ်အားပေးနိုင်တဲ့ Solar Farm ကို တည်ဆောက်မည်
==============================================================
ပြန်လည်ဖြည့်တင်းနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ နေရောင်ခြည်စွမ်းအင်ကို ကမ္ဘာအဝန်းမှာ အသုံးချဖို့ ကြိုးစားနေကြပါတယ်။ လျှပ်စစ်ဓါတ်အား များစွာ ထုတ်လုပ်နိုင်တဲ့ Solar Farm တွေဟာ လျှပ်စစ်ဓါတ်အား များစွာ ထုတ်လုပ်ပေးနိုင်ပါတယ်။
အခုတော့ ဗြိတိန်မှာ ဘောလုံးကွင်း ၈၅၀ အရွယ်အစား ရှိပြီး နေအိမ် ၇၅,၀၀၀ ကို လျှပ်စစ်ဓါတ်အားပေးနိုင်တဲ့ Solar Farm ကို တည်ဆောက်ဖို့ EcoPower Suffolk က စီစဉ်နေပါတယ်။ နောက် ၅ နှစ်အတွင်း တည်ဆောက်ဖို့ ရည်မှန်းထားပါတယ်။
အဲဒီ Solar Farm ကနေ ပြန်လည်ဖြည့်တင်းနိုင်တဲ့ စွမ်းအင် 250 Megawatts (MW) ဝန်းကျင်ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပြီး ဧက ၁,၅၀၀ (၆၀၇ ဟက်တာ) မြေပေါ်မှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ Solar Farm ကနေ ရတဲ့ လျှပ်စစ်ဓါတ်အားကို ၂၀၃၀ ခုနှစ်မှာ ဖြန့်ဝေပေးဖို့ စီစဉ်ထားပါတယ်။
လက်ရှိမှာ ဒီစီမံကိန်းကို အစိုးရက ခွင့်ပြုဖို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။