Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘီလူးချောင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြန်လည်ပတ်ရန် ဆောင်ရွက်
------------------------------
ကယားပြည်နယ်၊ လောပိတမြို့ရှိ ဘီလူးချောင်း အမှတ်(၂) ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကို အမြန်ပြန် လည် လည်ပတ်နိုင်ရေး ဆောင်ရွက်နေတယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။ ဘီလူးချောင်း အမှတ်(၂) ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံထဲကို စက်တင်ဘာလ (၃၀) ရက်နေ့က ရေ စတင် ဝင်ရောက်ခဲ့ တာဖြစ်ပြီး အောက်တိုဘာလ (၆) ရက်နေ့မှာ အရင်ကထက် ၆ လက်မခန့်လောက် ကျဆင်း ခဲ့ကာ ရေထပ်မံ ကျဆင်းစေဖို့နဲ့ စက်ရုံအမြန် ပြန်လည်လည်ပတ်နိုင်ဖို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
လက်တလောမှာတော့ စက်ရုံအတွင်း ရေဝင်ရောက်မှု ကာကွယ်ထားရှိမှုတွေ၊ စက်ရုံအတွင်း ရေတွေ စုပ်ထုတ် ပေးတာတွေနဲ့ စက်ရုံ နဲ့ စက်ရုံဝင်းအတွင်း ရေကျဆင်းစေဖို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ရေလွှမ်းမိုးမှု လျှော့ချနိုင်ဖို့အတွက် အမှတ်(၁) စက်ရုံမှ အမှတ်(၂) စက်ရုံတို့အကြား ဆက်သွယ်ထားတဲ့ ကွန်က ရစ် ရေမြောင်းကို ယာယီဖောက်ချပြီး ဘီလူးချောင်း ချောင်းရိုးဟောင်းအတွင်းကို ရေလွှဲဆောင်ရွက်ထားပြီး အမှတ် (၂) စက်ရုံနဲ့ ဆက်သွယ်ရေးပြတ်တောက်မှုမရှိစေဖို့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ ဂြိုလ်တု အင်တာနက် ဆက်သွယ်ရေး (Star Win) စက် တစ်စုံကိုလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။