သားလေးမွေးပြီးမှ အကယ်ဒမီဆုတွေဆက်တိုက်ရလို့ ကံကောင်းခြင်းတွေသယ်လာတဲ့ သားလေးလို့ဆိုလိုက်တဲ့ ဝါဝါဝင်းရွှေ 🥰
သားဖြစ်သူရဲ့ မွေးနေ့ကို ဆုတောင်းပေးရင်းသားအကြောင်းတွေကိုပြောပြလိုက်တာပါ။ သူမအတွက်တော့ ကံကောင်းခြင်းတွေပဲရရှိခဲ့တဲ့ သားလေးဖြစ်တယ်လို့ဆိုပါတယ်။ သားလေးကိုမွေးပြီး ၁ ပတ်အကြာမှာ တတိယမြောက် အကယ်ဒမီရွှေစင်ရုပ်တုကို လွန်ခဲ့တဲ့ နှစ် ၄၀ ခန့်က ရရှိခဲ့တယ်လို့ဆိုပါတယ်။ အခုလည်း တစ်သက်တာရုပ်ရှင်ထူးချွန်ဆုကို သားရဲ့မွေးနေ့မတိုင်ခင်မှာ ရရှိခဲ့တာကြောင့် သူမအတွက် ကံကောင်းခြင်းတွေကို သယ်ဆောင်လာပေးတဲ့ လပ်ကီးလေးလို့ သတ်မှတ်ထားကြောင်း ဝါဝါဝင်းရွှေကဆိုပါတယ်။ ဝါဝါဝင်းရွှေဟာ ယခုရရှိတဲ့ အကယ်ဒမီဆုနဲ့ဆို စုစုပေါင်း အကယ်ဒမီ ၄ ဆုရရှိထားတဲ့ အနုပညာရှင်ကြီးဖြစ်ပါတယ်။
#celenews
