9 w - Translate

Scooby-Doo! and the Goblin King (2008)

ဒီတစ်ခေါက်မှာတော့ စကူဘီဒူးတို့အဖွဲ့က ကူဗေးလ်ဟော်လိုဝင်းပွဲတော်မှာ လာဆင်နွှဲကြပါတယ်။
မှော်ဆရာခရက်ဒ်စကီနဲ့ ပဋိပက္ခတွေဖြစ်မိရာကနေ အန္တရာယ်တွင်းထဲဆင်းကြရပြန်ပါဦးမယ်။

ဝိညာဉ်လောက မြေအောက်ကမ္ဘာကို စွန့်စားခရီးသွားကြမယ့် စကူဘီနဲ့ရှက်ဂီတို့ ဘာတွေကြုံတွေ့ကြရဦးမလဲ။
ဒါရိုက်တာ Joe Sichta ရဲ့ လက်ရာဆန်းတွေနဲ့အတူ musical ပိုင်းမှာလည်း အားဖြည့်ထားမြဲမို့ ကြည့်လို့ကောင်းနေမှာပါ။

ဇာတ်ကားလင့်
https://t.me/c/2186686827/135

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image

Dumbell only ဆော့နည်းလေးတွေပါ

9 w - Translate

For lovers of the bright yellow color ✨️💛💛🐥🌼


#glamday

image
9 w - Translate

For lovers of the bright yellow color ✨️💛💛🐥🌼


#glamday

image
9 w - Translate

For lovers of the bright yellow color ✨️💛💛🐥🌼


#glamday

image
9 w - Translate

For lovers of the bright yellow color ✨️💛💛🐥🌼


#glamday

image
9 w - Translate

For lovers of the bright yellow color ✨️💛💛🐥🌼


#glamday

image
image
image
image
9 w - Translate

ပျိုးဘောင်ကိုအကျယ်(၃)ပေ၊အမြင့်(၆)လက်မ၊အရှည်(၃၀)ပေဘောင်များပြုလုပ်ကာနွားချေး၊မြေဆွေးတို့ထည့်ကာဘောင်မျက်နှာပြင်ညီအောင်ညှိ၍မျိုးစေ့ကိုပြာ၊သဲတို့ဖြင့်ရောကာညီညာစွာခပ်ပါးပါးကြဲပေးခြင်း၊မျိုးစေ့များခိုင်မာစွာစွဲကပ်စေရန်လက်(သို့)ပျဉ်ပြားဖြင့်ဖိပေးခြင်း၊ကောက်ရိုးပါးပါးအုပ်၍ရေလောင်းခြင်းနည်းကိုသော်လည်းကောင်း၊မျိုးဘောင်ပေါ်တွင်ကန့်လန့်ဖြတ်(၃)လက်မခြားမြောင်းများဖော်၍အစေ့များကိုအတန်းလိုက်ချခြင်းနည်းဖြင့်သော်လည်းကောင်းပျိုးထောင်နိူင်သည်။ တစ်ဧကအတွက်မျိုးစေ့(၅၀-၇၀)ဂရမ်လိုအပ်ပါသည်။ (၇)ရက်မှ(၁၀)အတွင်းအပင်ပေါက်စုံပါက ကောက်ရိုးဖယ်၍ နံနက်တစ်ကြိမ် ၊ညနေတစ်ကြိမ် ရေလောင်းပေးရမည်။ မိုးများသောဒေသ(သို့) မိုးများသော အချိန်ပျိုးထောင်ပါက အရိပ်လုပ်ပေးရမည်။ ပျိုးပင်များ(၂၅-၃၅ )ရက်အတွင်း ရွေ့ပြောင်း စိုက်ပျိုးနိူင်သည်။

စိုက်ခင်းမြေပြုပြင်ခြင်း
မြေတစ်ဧကနွားချေးလှည်း(၂၀)စီးခန့်ထည့်သည်။ထယ်ရေး၊ထွန်ရေးကောင်းမွန်ရမည်။
ပင်ကြား(၁)ပေခွဲ၊ တန်းကြား(၃)ပေထား၍ စိုက်ပျိုးနိုင်သည်။

ရာသီဥတု
မိုးရေချိန်(၂၅ မှ ၅၀)လက်မရွာသောဒေသများတွင်စိုက်ပျိုးရန်ကောင်းမွန်သည်။ မိုးသိပ်များကအသီးပုပ်နိူင်သည်။ မိုးများသောဒေသများတွင် မိုးနည်းကာလ စိုက်လေ့ရှိသည်။ အပူပိုင်းနှင့်အပူသမပိုင်းသီနှံဖြစ်သည်။ နှင်းဒဏ်မခံနိူင်ပါ။ အပူချိန် ( ၅ ̊C မှ ၁၅ ̊C ) အတွင်း ကောင်းစွာ မဖြစ်ထွန်းနိုင်ပါ။ ငရုပ်ပွ စိုက်ပျိုးရန် အတွက် အကောင်းဆုံး အပူချိန်ကတော့ ၂၀̊C မှ ၂၅ ̊C အတွင်း ဖြစ်သည်။
ငရုပ်ပွ ပန်းပွင့်ချိန်မှာ အပူချိန် ၃၃ ̊C ကျော်ခဲ့ရင်တော့ အပွင့်ကန်းပီး အထွက်နှုန်းကို ထိခိုက်နိုင်ပါသည်။

အပင်ပြုစုစောင့်ရှောက်ခြင်း
ရွေ့ပြောင်းစိုက်ပျိုးပြီး(၃-၄)ရက်ကြာကအပင်စတင်လန်းလာပါမည်။(၁၀-၁၂)ရက်ကြာကပေါင်းနှိမ်ခြင်း၊ရေသွင်းခြင်းစတင်နိူင်ပါသည်။ ကြားပေါင်းလိုက်ခြင်း၊မြေတောင်မြှောက်ခြင်း၊မြေသြဇာကျွေးခြင်းကို(၂)ပတ်တစ်ကြိမ်ခန့်ပြုလုပ်ပေးနိူင်သည်။

မြေသြဇာ
ငရုပ် စိုက်ပျိုးရန် တစ်ဧကနွားချေးလှည်းအစီး (၁၀-၂၀)စီး ထည့်ပေး နိူင်သည်။ဓာတ်မြေသြဇာအဖြစ်ယူရီးယား(ပုလဲ)၁-အိတ်၊တီစူပါ(၁)အိတ၊်ပိုတတ်ရှ်(၁)အိတ်နူန်းကိုမြေပြုပြင်စဉ်တွင်ထည့်၍အပင်ကြီးထွားစဉ်အဆင့်တွင်ယူရီးယား(၂)အိတ်ကိုထပ်မံကျွေးရပါမည်။နှမ်းဖတ်ကိုတစ်ဧကလျှင်(ဝ.၅)တန်နူန်းကိုငရုတ်ပင်ပတ်လည်တွင်ထည့်ပေးနိူင်ပါသည်။ ကယ်ဆီယမ် ချို့တဲ့မှုကို မခံနိုင်ပါ။
ကယ်ဆီယမ်ချို့တဲ့သော မြေများတွင် ငရုပ်ပွ အသီးထိပ်ပိုင်းတွေမှာ အမည်းရောင် ချိုင့်ကွက် လက္ခဏာတွေကို တွေ့ရတက်သည်။ ထို့အပြင် အခြားသော ဇင့်၊ မန်းဂနိစ်၊ အိုင်းရွန်း၊ ဘိုရွန် စသော အနည်းလို အာဟာရဓါတ်များကို ချို့တဲ့လွယ်တာကြောင့် သီးပွင့်ဝင်ချိန်မှာ ရွက်ဖျန်းအားဆေး ဖျန်းပေးပါ။
ရိတ်သိမ်းခြင်း နှင့် အထွက်
ငရုပ်ပွများသည် မျိုးအပေါ် မူတည်၍ ရက် ၉၀ မှ ၁၀၀ အတွင်း ခူးဆွတ်နိုင်သည်။ မိမိ အသုံးပြု သည့် မျိုး၊ သွင်းအားစု အပေါ် မူတည်၍ တစ်ဧကလျှင် အသီးနှုန်း တစ်သောင်း ခန့် ( ၃၀၀ မှ ၄၀၀ ပိသာ) ရနိုင်သည်။

အင်္ဂလိပ်အမည် - Bell pepper, Sweet pepper
ရုက္ခဗေဒအမည်-Capsicum annum
မျိုးရင်းအမည် -Solanaceae
မူရင်းဒေသ
တောင်အမေရိကတိုက်၊အမေရိကအလယ်ပိုင်းနှင့်အပူပိုင်းဒေသများဟုယူဆရသည်။ဘရာဇီးနှင့်အနီးတဝိုက်ရှိကျွန်းများ၊အနောက်အိန္ဒိယကျွန်းစုတို့အားလည်းမူရင်းဒေသအဖြစ်အချို့ကယူဆသည်။

#greengarden

image
9 w - Translate

အခုနောက်ပိုင်း ခေတ်စားလာတဲ့ စကားတစ်ခုက တစ်ခုခုမကြိုက်တာကိုတွေ့လာရင် အကောင်းမြင်စိတ်နဲ့ကြည့်ပါ Positive Thinking နဲ့ပဲနေပါလို့ဆိုတာက အတိုင်းအတာတစ်ခုအထိပဲ မှန်ပါတယ်၊
ဒါပေမဲ့ ဘဝမှာ အကောင်းရော အဆိုးရော {Positive ကော Negative ကော} မျှတနေဖို့ လိုပါတယ် ။ Negative မှာလည်း သူ့တန်ဖိုးနဲ့ သူရှိပါတယ်
ဒီနေ့ခေတ်မှာ လူလိမ်ခံရတဲ့သူ အများစုကို ကြည့်လိုက်ရင် အကောင်းမြင်စိတ်ရှိပြီး တစ်ဖက်သားကို ယုံလွယ်တဲ့ Positive သမားတွေများပါတယ်၊
လူလိမ် သိပ်မခံရတဲ့ သူအများစုကို ကြည့်လိုက်ရင် သူတို့က တော်ရုံဘယ်သူ့မှ မယုံဘူး ... တစ်ဖက်လူအပေါ် သံသယစိတ် အမြဲထားပြီး သုံးသပ်တယ် ။ အဲ Negative အတွေး သံသယစိတ်ကပဲ ... သူတို့ကို လူလိမ်တွေ လက်က
လွတ်စေခဲ့တာပါ။
Luck ဇာတ်ကားထဲက လိုပဲ
ဘဝမှာ ကံဆိုးခြင်းကော ကံကောင်းခြင်းကော {Positive ကော Negative}ကော မျှခြေ ရှိတာက အကောင်းဘက်က ပိုများပါတယ်၊
Positive Vibe သဘောကောင်းတဲ့ဘက်မှာ အရမ်းများတဲ့သူဆိုရင် လူတွေက အသိမှတ်ပြုဖို့ဝေး--- လိမ်ချင် နှပ်ချင် ကျော်ချင်ခွချင်ကြသူတွေကများကြပါတယ်။
တော်ရုံဘယ်သူမှ ကိုယ့်ကိုအလွယ်တကူလာစော်ကားမခံရအောင် တစ်ခါတစ်လေ ကိုယ့်ဘာကိုယ် Negative Vibe "လူမိုက်သဏ္ဍာန် Mode လေး On ပေးရပါတယ်။
Positive Vibe က ... အေးချမ်းစေတဲ့ ကောင်ဆိုရင်၊ Negative Vibe က ... မင်းကို ကာကွယ်ပေးတဲ့ကောင်ပါပဲ ။
နေ့စဉ် အကောင်းမြင်စိတ် ထားပါ ... ပုံမှန်လောက်ပဲထားပါ ။
အကောင်းမြင်စိတ်ကို အလွန်အကျွံထားနေသူဆိုရင်လူလိမ် လူကောက်တွေကို ဟေ့ ငါ့ကိုလူပါးဝဘို့လာပါလို့ အလွယ်တကူရအောင် အခွင့်အရေးပေးထားတာနဲ့ အတူတူပါပဲ။
Credit to original writer.
Sharing Wyne.

image

ဟောင်ကောင် အဓိကအတိုက်အခံပါတီကို ဖျက်သိမ်းတော့မယ်လို့ ကြေညာ

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၂၁

ဟောင်ကောင် အဓိကအတိုက်အခံပါတီ ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ဒီမိုကရက်တစ်ပါတီကို ဖျက်သိမ်းမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ကြေညာလိုက်ပါတယ်။

သက်တမ် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်ကို ပါတီဝင်တွေက မကြာခင်မှာ မဲခွဲဆုံးဖြတ်တော့မယ်လို့ ပါတီဥက္ကဌ လိုကင်ဟိုင်က ပြောပါတယ်။ ၂၀၁၉ ခုနှစ် ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေပြီးနောက် သဘောကွဲလွဲမှုတွေကို တရုတ်အစိုးရက ဖြိုခွင်းမှုတွေကြောင့် ပါတီအနေနဲ့ နိုင်ငံရေးမှာ ရုန်းကန်နေရပါတယ်။

၂၀၂၀ ခုနှစ်မှာလည်း ဟောင်ကောင်အမျိုးသားလုံခြုံရေး ဥပဒေကို ပြဌာန်းခဲ့ပြီး ဒါဟာ အမျိုးသားလုံခြုံရေးအတွက် လိုအပ်တယ်လို့ တရုတ်အာဏာပိုင်တွေက အခိုင်အမာ ပြောဆိုပါတယ်။ ဒါအပြင် တရုတ်အစိုးရအပေါ် သစ္စာစောင့်သိသူများသာ ဥပဒေပြုကောင်စီမှာ တာဝန်ထမ်းဆောင်ခွင့်ရရှိမယ့် ဥပဒေတရပ်ကိုလည်း ၂၀၂၁ ခုနှစ်မှာ အတည်ပြုခဲ့ပါတယ်။

ပါတီဖျက်သိမ်းခြင်းအတွက် လုပ်ငန်းအဖွဲ့ဖွဲ့စည်းထားပြီး လာမည့် အထွေထွေညီလာခံသို့ တက်ရောက်မည့် အဆိုပါအဖွဲ့ဝင်များထဲမှ ၇၅ ရာခိုင်နှုန်း ထောက်ခံမှုလိုအပ်ကြောင်း ပါတီဥက္ကဌက ပြောသည်။အစည်းအဝေး ဘယ်အချိန်လုပ်မယ်ဆိုတာကိုတော့ သူက မပြောပါဘူး။

ပါတီခေါင်းဆောင်တွေဟာ လက်ရှိနို်ငငံရေးအခင်းအကျင်းအရ ပါတီကိုဖျက်သိမ်းရန် တောင်းဆိုခဲ့တယ်လို့ ပါတီဥက္ကဌ Lo Kin-hei က ပြောပါတယ်။ ဟောင်ကောင်မှာ ဒီမိုကရေစီဖော်ဆောင်ဖို့ အမြဲတမ်းခက်ခဲပြီး အထူးသဖြင့် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ပိုမိုခက်ခဲတယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

Ref:BBC
Photo:Getty Images

#သတင်းဟင်းလေးအိုးကြီး

image