ကြက်ဥပေါင်းပြုလုပ်နည်း
ပါဝင်ပစ္စည်းများ
ကြက်ဥ ....၇လုံး
ဆား ...အနည်းငယ်
ငရုပ်ကောင်းမှုန့် .....အနည်းငယ်
ခရုဆီ .....အနည်းငယ်
ကြက်ဥကို ချွန်နေသော ထိပ်ဘက်မှနေ၍ ဓားဖြင့် ဖြည်းဖြည်းရိုက်ပြီအပေါက် ဖောက်ပါ။
ဖောက်ထားတဲ့ကြက်ဥကို ဇလုံတလုံးအတွင်းထည့်ပါ။
ဆား၊ ငရုပ်ကောင်း၊ခရုဆီ ထည့်ပြီ ခေါက်ထားပါ။
ခေါက်ပြီ ဇကာနဲ့စစ်ချပါ။
ပြီရင် ခွက်ထဲထည့်ထားပြီ ကြက်ဥခွံလေးထဲကို တဝက်ကျော်ကျော်ခန့် ထည့်ပါ။
ပိုနေတာကို ပန်းကန်ထဲထည့်ပြီ
ပေါင်းမည့်အိုးကို ရေထည့်ပါ။
ပေါင်းခံမည့် ဇကာ ထဲ ကြက်ဥကို ထည့်ပါ။ အဖုံးပိတ်ပြီတည်ထားပါ။
ဆူလာရင် အဖုံးဖွင့် မကျက်သေးရင်ပြန်ပိတ် ခနခနဖွင့်ပေးမှ အဆင်ပြေမှာမို့ ကြက်ဥကမပေါက်ထွက်အောင်လို့ပါ။
ကြက်ဥထိပ်မှနေ၍ သွားကြားထိုးတံဖြင့် ထိုးကြည့်ပါ။
အထဲသား ကျက်ပြီဆိုရင် မီးပိတ်ပြီ အအေးခံပါ။
ပေါင်းပြီးသားကို ပြန်ကင်ရင် ကြက်ဥကင်ရပါတယ်နော်😁
မကင်ချင်တော့လို့ ကြက်ဥပေါင်းပဲစားတာမို့😁
ကြက်ဥနဲ့တွဲစားဖို့
မန်ကျည်းသီးမှည့်
ကြက်သွန်ဖြူ
ငရုပ်သီးစိမ်း
နံနံပင်
အရသာမှုန့်
သကြား
ခရမ်းချဥ်သီးဆောစ့်
