Apu Lay shared a post  
9 w

9 w

မွေးကင်းစကလေးငယ်တွေ အတော်များများဟာ မွေးပြီးရက်အနည်းငယ်အတွင်းမှာ အသားဝါ တဲ့ ပြသနာကို ကြုံတွေ့နေကြရပါတယ်။ မွေးကင်းစကလေးငယ်များ အသားဝါ ခြင်းဟာ တစ်ခါတစ်လေမှာ သူ့ဘာသာ ပျောက်သွားနိုင်ပေမယ့် တစ်ခါတစ်လေမှာ အဝါဓာတ်က ဦးနှောက်ထဲထိရောက်သွားတဲ့အခါ မသန်မစွမ်းဖြစ်တာ၊ ဉာဏ်ရည်ချို့တဲ့တာတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် မိမိကလေးမှာ အသားဝါလာတယ်၊ မျက်သားအဖြူနေရာမှာ ဝါလာတယ်ဆိုရင်တော့ မပေါ့လျော့ဘဲ ကလေးဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
မွေးကင်းစကလေးငယ်များ အသားဝါ ရတဲ့ အကြောင်းရင်း
မွေးကင်းစကလေးငယ်များ အသားဝါ ရခြင်းဟာ ကလေးငယ်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ အဝါဓာတ်ကို ဖြစ်စေတဲ့ billirubin လို့ခေါ်တဲ့ ပစ္စည်းတွေများလာတာကြောင့်ပါ။
မွေးကင်းစအရွယ် အသားဝါခြင်းကို
၁။ ဇီဝကမ္မ ဖြစ်စဉ်အရ အသားဝါခြင်း( physiological jaundice)နဲ့
၂။ရောဂါ တစ်ခုခုကြောင့် ဖြစ်ရတဲ့ အသားဝါခြင်း (Pathological jaundice) ဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။
၁။ ဇီဝကမ္မ ဖြစ်စဉ်အရ အသားဝါ ခြင်း( physiological jaundice)
ပုံမှန်ဖြစ်စဉ်အရ အသားဝါခြင်းဟာ မွေးပြီး ၃ရက်မြောက်မှာ စဖြစ်တတ်ပြီး ၅ရက်မြောက်နေ့မှာ အဝါဆုံးအခြေအနေကို ရောက်သွားလေ့ရှိပါတယ်။ ပုံမှန်ကလေးတွေမှာ ၇ရက်မြောက်နေ့ဆိုရင်တော့ ပျောက်သွားလေ့ရှိပြီး လမစေ့ဘဲ မွေးတဲ့ကလေးလေးတွေမှာတော့ ၉ ရက်မြောက်နေ့မှာ ပျောက်သွားတတ်ပါတယ်။
ပုံမှန်အားဖြင့် ခန္ဓာကိုယ်အတွင်း သွေးနီဥတွေ ပြိုကွဲတဲ့အခါ အဲဒီ billirubin လို့ခေါ်တဲ့ ပစ္စည်းလေးတွေထွက်လာပါတယ်။ အဲဒီ ပစ္စည်းတွေကို ခန္ဓာကိုယ်ပြင်ပ ကို စွန့်ပစ်ဖို့အတွက် အသည်းက တာဝန်ယူလုပ်ဆောင်ရပါတယ်။ မွေးကင်းစ ကလေးငယ်လေးတွေမှာ အသည်းအပါအဝင် အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေ အားလုံးက နုနယ်ပြီး လုပ်ငန်းကောင်းကောင်း မလုပ်နိုင်သေးတာကြောင့် billirubin ကို မချေဖျက်နိုင်ဘဲ အဝါဓာတ်တွေ ဖြစ်လာစေပါတယ်။ အခြား အကြောင်းအရင်းတွေကတော့ မွေးကင်းစကလေးငယ်လေးတွေမှာ သွေးနီဥ သက်တမ်းတိုသေးတာရယ်၊ သွေးနီဥတွေကို အထုတ်များတာကြောင့်ရယ် ဖြစ်ပါတယ်။
၂။ရောဂါ တစ်ခုခုကြောင့် ဖြစ်ရတဲ့ အသားဝါခြင်း (သို့) Pathological Jaundice
ရောဂါ တစ်ခုခုကြောင့် ဖြစ်ရတဲ့ အသားဝါခြင်းဆိုရင်တော့ မွေးပြီး တစ်ရက် နှစ်ရက်အတွင်းမှာကတည်းက စဖြစ်နိုင်ပြီး နှစ်ပတ်ကျော် လောက်အထိ ကြာတတ်ပါတယ်။ ဆီးအရောင်ရင့်ပြီး ဝမ်းဖြူဖြူတွေလည်း သွားနိုင်ပါတယ်။ အကြောင်းအရင်းတွေကတော့
ကလေးနဲ့ အမေ သွေးအုပ်စုမတည့်ခြင်း။
သွေးအုပ်စုမှာမှ A,B,O အုပ်စု မတည့်ခြင်းနဲ့ Rh မတည့်ခြင်းဆိုပြီး နှစ်မျိုးဖြစ်နိုင်ပါတယ်။ အမေက O သွေးအမျိုးအစားဖြစ်ပြီး ကလေးက A (သို့) B တစ်ခုခုဖြစ်နေတဲ့ အခါ (သို့) အမေက Rh အနှုတ်သွေး နဲ့ ကလေးက အပေါင်းသွေးဖြစ်နေခဲ့မယ်ဆိုရင် သွေးအုပ်စု မတည့်ခြင်းတွေဖြစ်ပြီး သွေးနီဥတွေပျက်စီးလာပါတယ်။ ဒါကြောင့် အဝါဓာတ်တွေများလာပါတယ်။
ကလေးငယ်လေးမှာ G6PD ဓာတ်ချို့တဲ့ရောဂါ ဖြစ်နေခြင်း။
G6PD ချို့တဲ့တဲ့ ကလေးတွေမှာလည်း သွေးနီဥတွေ ပေါက်ကွဲလွယ်တာကြောင့် အသားဝါတတ်ပါတယ်။
မွေးတဲ့ အချိန်မှာ ထိခိုက်ဒဏ်ရာရသွားခြင်း နဲ့ ရောဂါပိုးဝင်ခြင်း။
မိခင်နို့ကို လုံလုံလောက်လောက် မရခြင်း။
သည်းခြေပြွန်ရောင်ခြင်း၊ ပိတ်ခြင်း၊ အသည်းပိုးဝင်ခြင်း နဲ့ အသည်းရောင်ခြင်း။
ဆီးလမ်းကြောင်းပိုးဝင်ခြင်း။
စတဲ့ ရောဂါတွေ၊ အခြအနေတွေကြောင့်လည်း မွေးကင်းစကလေးငယ် အသားဝါခြင်းပြသနာကိုဖြစ်စေနိုင်ပါတယ်။
ရောဂါလက္ခဏာနှင့် ကုသနိုင်သော နည်းလမ်းများ။
ကလေးရဲ့ မျက်နှာ ၊ မျက်လုံး က စပြီး ဝါလာပြီး နောက်ပိုင်းမှာ ခြေတွေလက်တွေ အထိ ဝါလာနိုင်ပါတယ်။ ဒါ့အပြင် ကလေးက မှိန်းနေပြီး ဂျီကျတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဦးနှောက်ကို ထိခိုက်သွားမယ်ဆိုရင်တော့ တက်တာ၊ ခန္ဓာကိုယ်က တောင့်တင်းတာ (သို့) ပျော့ခွေသွားတာ၊ စူးဝါးတဲ့ အသံနဲ့ ငိုတာ၊ ပုံမမှန်တဲ့ လှုပ်ရှားမှုတွေ ရှိလာတာ စတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
ကလေးငယ်ရဲ့ အခြေအနေနဲ့ အဝါဓာတ် ပမာဏအရ ဆရာဝန်က မီးချောင်းပြတာ၊ ပြင်းထန်မယ်ဆိုရင် သွေးလဲတာ စတဲ့ ကုသမှုတွေ လုပ်ဆောင်ပေးနိုင်ပါတယ်။
မွေးကင်းစကလေးငယ်များ အသားဝါ တာက ပေ့ါဆမယ်ဆိုရင် အဝါဓာတ်က ဦးနှောက်ထဲထိ ရောက်သွားနိုင်ပြီး မသန်မစွမ်းဖြစ်ခြင်း ၊ဉာဏ်ရည်ချို့တဲ့ခြင်း တွေအထိ ဖြစ်သွားစေနိုင်တာကြောင့် မိဘတွေအနေနဲ့ ဂရုစိုက်ကြဖို့ အကြံပေးချင်ပါတယ်။

image
9 w - Translate

မြန်မာ့ပြောင်းဆံ တန်ချိန် ၂ သိန်း ထိုင်း ဝယ်မည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိတဲ့ ပြောင်းဆံတန်ချိန် ၂ သိန်းကို ဝယ်ယူသွားဖို့ရှိကြောင်း သိရပါတယ်။
ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သည်လုပ်ငန်းရှင်တွေအကြား Business to Business (B to ပြောင်းအရောင်းအဝယ် နားလည်မှုဆိုင်ရာ သဘောတူစာချုပ် (MOU) ကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြောင်း စီးပွား/ကူးသန်းက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ MOU အတွင်း စာချုပ် ၄၃ ခု ပါဝင်ကာ မြန်မာနိုင်ငံဘက်မှ ကုမ္ပဏီ ၂၃ ခုနဲ့ ထိုင်းနိုင်ငံဘက်မှ ကုမ္ပဏီ ၉ ခုတို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ပြောင်းတန်ချိန် ၂ သိန်းတိတိ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။
အခုလို MOU ရေးထိုးနိုင်ခဲ့လို့ ဈေးကွက်ခိုင်မာမှုရှိခြင်း၊ ဝယ်လိုအားများတဲ့ ကာလမှာ တစ်ဖက်နိုင်ငံဝယ်ယူသူတွေဘက်မှ ဈေးကစားမှုတွေ မဖြစ်ပေါ်နိုင်တော့ကြောင်း စီးပွား/ကူးသန်းက ထုတ်ပြန်ပြောကြားထားပါတယ်။
ယခုနှစ်အတွင်း မြန်မာ့ပြောင်းဆံတွေကို ထိုင်းဈေးကွက်ထံ အများဆုံးတင်ပို့သွားဖို့ရှိပြီး ထိုင်းနိုင်ငံပြီးမှ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေထံ တင်ပို့သွားမှာပါ။
လက်ရှိမှာ တရုတ်နိုင်ငံကနေ မြန်မာ့ပြောင်းဆံကို ဝယ်ယူဖို့ ကမ်းလှမ်းနေပြီး အိန္ဒိယနိုင်ငံကလည်း ထပ်တိုးဝယ်ယူနိုင်ဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းကနေ သိရပါတယ်။
ကမ္ဘာ့ဈေးကွက်မှာတော့ ပြောင်းဆံတစ်တန်ဈေး အမေရိကန်ဒေါ်လာ ၄၉၈ ရှိပြီး ဘုရင်နောင်ကုန်စည်ဒိုင်မှာတော့ ပြောင်းဆံတစ်ပိဿာကို ၁၆၈၀ -၁၇၀၀ ကျပ် ဈေးဖွင့်ထားပါတယ်။
ပြောင်းတင်ပို့မှုအနေနဲ့ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ နိုဝင်ဘာလအတွင်းမှာ ပြောင်းတန်ချိန် ၁.၈၈ သန်း၊ တန်ဖိုးအနေနဲ့ အမေရိကန် ဒေါ်လာ ၄၄၇ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။

image

သဘောကျတယ်
ရှေ့တိုးခွင့်မရလည်း သဘောကျတယ်
အတူရှိခွင့်မရလည်း သဘောကျတယ်---"

အပြုံးတွေကိုအဝေးကပဲ ငေးခွင့်ရလည်း
သဘောကျပါတယ် မပိုင်ရဘူးဆိုတာကို
အတိအကျသိပြီးထိတိုင်---"

ကိုယ်ကဆက်ပီး သဘောကျရပါတယ်
တစ်မိုးအောက်တည်း အတူတူရှင်သန်ခွင့်ရ
နေတာလေးကိုပဲကိုယ့်မှာ သဘောကျနေရတယ်---"🌻🍁

image
9 w - Translate

နာကျင်မှုကို ရှောင်လွှဲလို့ မရဘူး၊
ဒါပေမဲ့ နာကျင်မှုကို ဘယ်လိုသက်သာအောင်
လုပ်မလဲဆိုတာကိုတော့ ရွေးချယ်လို့ရတယ်။

#စာတို

9 w - Translate

ဘေဘီလေးကို ကျွေးလို့ရမယ့် သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေ
💕👶🏻💕
👶🏻 မွေးလာတုန်းက ဘေဘီလေးကို မေမေ့နို့ပဲတိုက်တာဆိုတော့ မေမေကအစားဆင်ခြင်ရင် အဆင်ပြေပြီပေါ့။ သိပ်အများကြီးတွေးစရာမလိုဘူးပေါ့။ ဒီလိုနဲ့ ဘေဘီလေးက ၅ လကျော် ၆ လထဲရောက်လာတယ်။ အစားစကျွေးပြီး ထမင်းကိုကြိတ်ကျွေးတာ၊ အာဟာရမှုန့်ကျွေးတာဆိုပြီး အမျိုးမျိုးရှိမယ်။ ဒီလိုနဲ့ တဖြည်းဖြည်း အသီးအရွက်လေးတွေနည်းနည်းချင်းစီထည့်ကျွေးလာမယ်။
👶🏻 ဒီလိုကနေ နောက်တော့ သစ်သီးလေးတွေကျွေးဖို့ စဉ်းစားလာမယ်။ ဒီအချိန်မှာက နည်းနည်းတော့အတွေးကြပ်ပြီနော်။ ဘေဘီလေးက လူကြီးတွေစားသမျှ စားလို့မှမရသေးတာလေ။ ဒီတော့ ဘေဘီလေးကို အသီးအနှံတွေကျွေးချင်တယ်။ ဘာတွေများကျွေးလို့ရမလဲဆိုပြီး မေမေတို့ အတွေးရကြပ်နေတဲ့ပြဿနာကို ဒီဆောင်းပါးလေးထဲကနေ အဖြေထုတ်ပေးမယ်နော်။
👶🏻 ဘေဘီလေးကို ကျွေးလို့ရမယ့် သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေ က ဘာတွေများလဲ……💕👶🏻💕
ဘေဘီလေးကို အာဟာရပြည့်ဝမျှတစွာရရှိစေဖို့ဆိုရင်
မုန်လာဥနီ 🥕🥕🥕
👶🏻 အပင်ကနေရရှိတဲ့ ဗီတာမင် A တစ်မျိုးဖြစ်တဲ့ beta-carotene ကြွယ်ဝစွာပါဝင်နေပါတယ်။ သဘာဝအချိုကိုလည်းရရှိစေမှာဖြစ်သလို ဘေဘီလေး အမြင်အာရုံဖွံ့ဖြိုးစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
ကန်စွန်းဥ 🍠🍠🍠
👶🏻 ကန်စွန်းဥက ချိုချိုလေးနဲ့ အရောင်အသွေးလှလို့ ဘေဘီတော်တော်များများ မငြင်းနိုင်တဲ့ အစားအစာလေးတစ်ခုဆိုလည်း မမှားပါဘူး။ ကန်စွန်းဥမှာ ပိုတက်ဆီယမ်၊ ဗီတာမင် C၊ အမျှင်ဓာတ်နဲ့ beta-carotene တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အမြင်အာရုံရော အသားအရေကိုပါကျန်းမာစေနိုင်သလို အစာခြေစနစ်အတွက်လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ကင်ဆာကာကွယ်ပေးနိုင်စွမ်းလည်းရှိပြီး ဘေဘီလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။
ပန်းဂေါ်ဖီစိမ်း 🌳🌳🌳
👶🏻 ဘေဘီလေးတွေအတွက် မပါမဖြစ်အသီးအနှံတွေထဲကတစ်ခုပါ။ အကြောင်းကတော့ ပန်းဂေါ်ဖီစိမ်းမှာ ဘေဘီလေးတွေ ကြီးထွားဖွံ့ဖြိုးမှုအတွက်အရေးပါတဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ဗီတာမင် C၊ beta-carotene၊ ဖောလစ်အက်ဆစ်၊ သံဓာတ်၊ ပိုတက်ဆီယမ် တို့ကြွယ်ဝစွာပါဝင်နေတာကြောင့်ပါ။
အာလူး 🥔🥔🥔
👶🏻 အာလူးမှာ ဗီတာမင် C နဲ့ ပိုတက်ဆီယမ်ကြွယ်ဝစွာ ပါဝင်နေပြီး ဘေဘီလေးကို အာဟာရပြည့်ဝစေသလို ကျန်းမာရေးကောင်းစေမှာ အသေအချာပါ။
အခုပြောခဲ့တဲ့ အသီးအနှံလေးတွေကို နူးအိနေအောင်ပြုတ်လို့ ကြိတ်ခြေပြီး ဘေဘီလေးတို့ကိုကျွေးပေးလို့ရပါတယ်။
👶🏻 ဘေဘီလေးအတွက် အသင့်တော်ဆုံး သစ်သီးတွေကရော ဘာတွေများလဲ 💕👶🏻💕
ဘေဘီလေးက ၆ လကျော်လာပြီဆိုရင် အစားစစားပြီဖြစ်လို့ ထမင်းအပြင် သစ်သီးလေးတွေပါကျွေးချင်တယ်ဆိုရင် ဒီအသီးလေးတွေက အဆင်ပြေမှာပါ။
ပန်းသီး 🍎🍎🍎
👶🏻 အစာကြေဖို့လွယ်ကူပြီး ဘေဘီလေးအစာခြေစနစ်မှာ အကျိုးပြုဘက်တီးရီးယားတွေတိုးပွားစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ပန်းသီးမှာပါတဲ့ အမျှင်ဓာတ်က ဘေဘီကို ဝမ်းချုပ်မှုမရှိအောင်လည်း ကာကွယ်ပေးပါတယ်။
ငှက်ပျောသီး 🍌🍌🍌
👶🏻 ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရကိုထောက်ပံ့ပေးသလို ဝမ်းပျက်ဝမ်းလျှောဖြစ်တာ ဝမ်းချုပ်တာလိုမျိုး ဝမ်းနဲ့ပတ်သက်တဲ့ ပြဿနာတွေကိုကင်းစေနိုင်ပါတယ်။
သင်္ဘောသီး 🍐🍐🍐
👶🏻 ဗီတာမင် C၊ beta-carotene နဲ့ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းက အစာကြေစေနိုင်ပြီး ဘေဘီလေးဝမ်းမှန်စေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
ပန်းသစ်တော်သီး 🍏🍏🍏
👶🏻 အမျှင်ဓာတ်၊ ဗီတာမင် C နဲ့ ရေဓာတ်တို့ကြွယ်ဝစွာပါဝင်နေမှုက ဘေဘီလေးကို ကိုယ်ခံအားကောင်းစေပြီး ဝမ်းမှန်စေနိုင်မှာပါ။
တရုတ်ဇီးသီး 🍒🍒🍒
👶🏻 တရုတ်ဇီးသီးမှာ သံဓာတ်၊ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နဲ့ beta-carotene တို့ကြွယ်ဝစွာပါဝင်နေမှုက ဘေဘီလေးတို့အတွက် သင့်တော်တဲ့ သစ်သီးတစ်မျိုးဖြစ်ရတဲ့ အကြောင်းအရင်းပေါ့။
သခွားမွှေး 🍈🍈🍈
👶🏻 သခွားမွှေးမှာ အမျှင်ဓာတ်နဲ့ beta-carotene တို့ပါဝင်နေသလို သံဓာတ်နဲ့ ပိုတက်ဆီယမ်တို့လည်းကြွယ်ဝစွာပါဝင်နေပါတယ်။ သွေးအားနည်းရောဂါ မဖြစ်အောင်ကာကွယ်ပေးနိုင်သလို ဘေဘီလေးအစာခြေစနစ်ကိုလည်း ကျန်းမာနေစေမှာပါ။
ဘလူးဘယ်ရီ 🍇🍇🍇
👶🏻 ဗီတာမင် C နဲ့ beta-carotene တို့ပါဝင်နေသလို ဓာတ်တ်ုးဆန့်ကျင်အာနိသင်လည်းကြွယ်ဝစွာပါဝင်နေပါတယ်။ ကင်ဆာကာကွယ်ပေးနိုင်သလို ဘေဘီလေး ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။
မက်မွန်သီး 🍑🍑🍑
👶🏻 မက်မွန်သီးမှည့်မှည့်လေးက အစာကြေလွယ်သလို ဘေဘီလေးအတွက်လိုအပ်တဲ့ ဗီတာမင် C ကိုအကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ
ဘာတွေကျွေးလို့ရသေးလဲ
🍚🥛🍖🥓🐟
အခုပြောခဲ့တာတွေအပြင် ဘေဘီလေး ၆ လကျော်လာပြီဆိုရင် ထမင်း၊ ဂျုံ၊ အုတ်ဂျုံတို့ကျွေးလို့ရပါတယ်။ နွားနို့၊ ဆိတ်နို့တို့တိုက်ပေးလို့ရပါတယ်။ အရေခွံမပါတဲ့ ကြက်သား၊ အဆီမပါတဲ့ အနီရောင်အသား၊ မာကျူရီမပါတဲ့ ငါး၊တို့ကိုကျွေးလို့ရပါတယ်။
ဒီလိုကနေ ဘေဘီလေးက ၉ လလောက်ရောက်လာပြီဆိုရ်ငတော့ ကြက်ဥပြုတ်🥚 ၊ ဒိန်ချဉ်🍨 တို့စကျွေးလို့ရပါပြီနော်။ ပေါင်မုန့်🍞 ၊ကိတ်မုန့်🥐 ၊ ပူတင်း🍮 တို့ကို မိတ်ဆက်ပေးလို့လည်းရပါပြီ။ ဒါတွေနဲ့အတူ မိခင်နို့ကိုလည်း ၂ နှစ်ပြည့်တဲ့အထိဆက်တိုက်ပေးဖို့လိုပါမယ်။
#crd_to_owner_with_respect

image
Khine Su Zin shared a post  
9 w

9 w

၁) သနပ်ခါးလိမ်းခြင်း
ဘာကိုရည်ရွယ်ပြီး လိမ်းနေကျလည်း မသိပေမယ့် ကလေးအသားရည်အတွက် လုံးဝ မသင့်တော်ဖူး။ အရေပြားနုနုလေးတွေမှာ အဆင်မပြေတဲ့ သနပ်ခါးတွေ လိမ်းနေရုံနဲ့ ကလေးလည်း ထူးမလှလာသလို ဒီကအမှုန်တွေကြောင့် ရင်ကြပ်တာတွေ ချောင်းဆိုးတာတွေဖြစ်လာကျရော။ ပြီးရင် ချောင်းဆိုးပါတယ် ရင်ကြပ်ပါတယ်ဆိုပြီး ဆေးတွေလျောက်လိမ်းလျောက်လုပ်နဲ့ မုန့်လုံးစက္ကူကပ်နေကျတာပါ။ စိတ်ချပါ သနပ်ခါးလိမ်းလို့ အသားမဖြူပါဖူး။ ကိုယ့်ပဲ ကြည့်မွေးကတည်း လိမ်းလာတယ် ၁၀ တန်းအထိ ခု အသက်သာ ၃၃ ပြည့်တော့မယ် မဲတုန်းပဲ။
(၂) ရေတိုက်တာ။
ကိုယ်တိုင်လည်း ရေတိုက်ခံလာရတာပဲ။ ဘာဖြစ်လည်းဆို ဘာမှမဖြစ်ဖူး။ တကယ်လည်း ဘာမှမဖြစ်ဖူး အမှန်ပဲကို။ ဒါပေမယ့် ဖြစ်သွားတဲ့လူတွေရှိတယ်။ ပြသနာတွေရှိကိုရှိလို့ နောင်ပိုင်း ၆ လထိ နို့တမျိုးတည်းတိုက်ရမယ်မှာလာတာ။ ရပ်ကွက်ထဲကလို နင်တို့တုန်းကလည်း ဒီလိုပဲနဲ့ မဟုတ်ဖူး။ အဆင့်ဆင့် လူပေါင်းများစွာကို နှစ်ပေါင်းများစွာ စမ်းသပ်တယ် စစ်ဆေးတယ် လေ့လာပြီးမှ ဒီအဖြေတွေရလာတာ။ ကိုယ့်ကလေးမှ မဖြစ်ပဲ စိတ်ချတိုက်လို့ရတယ်ဆိုပြီး သူများကလေးဖြစ်နေရင် ကိုယ့်ပယောဂ မကင်းတာကို လက်ခံရမယ်။
(၃) မြန်မာဆေးတွေ
သက်သေပြထားတာရှိရင် အဆင်ပြေရာသုံးပါ။ ဒါပေမယ့် ခေါင်းစ ခြေအဆုံး ဆေးတမျိုးတည်းနဲ့ပျောက်ရင် လိမ်တာပဲ။ မေမေတွေပြောရင် မေမေတွေလိမ်တယ်။ ရောင်းတဲ့လူပြောရင် ရောင်းတဲ့လူလိမ်တယ်။ ကျွန်တော်ပြော ကျွန်တော်လိမ်တယ်ပဲ။ ဒီလောက်ခေါင်းစခြေဆုံးပျောက်တဲ့ ဆေးကိုသိနေပြီး ကမ္ဘာမှာမြန်မာက ဘာလို့ ကျန်းမာရေး ဘိတ်ချေးဖြစ်နေလည်း။ ဒီလောက်ကောင်းပါတယ်ဆိုတဲ့ ဆေးတွေနဲ့ ၅ နှစ်အောက်ကလေးသေဆုံးမှုတွေက အများဆုံးဖြစ်နေရတာလည်း။ မေးခွန်းတွေက အများကြီးပါ။ ကိုယ်တွေတောင် ဆေးတခုပေးတော့မယ်ဆို မပေးခင် တွက်လိုက်ရတာ ပေးသင့် မသင့်စဉ်းစားရလိုက်တာ။ ဗမာဆေးအများစုက နဖူးက ခြေမထိရောဂါ အကုန်ပျောက်နေတာ မဟုတ်သေးပါဖူး။
(၄) ခြေဆန့်၊ နှာရိုးဆွဲ၊ နဖူးဖိတာတွေ
ဘယ်အရာမှ ပြင်လို့မရဖူး။ အရိုးပြင်မယ်ဆို ချိုးမှရမယ်။ အပြင်ကောငိးပြီး ကျိူးလာတာလည်း တပုံကြီး။ ကိုယ့်လည်း နဖူးတွေဖိကျတာပဲ။ ခုကောရလား မရဖူး မို့မောက်နေရော (တွေ့ဖူးတဲ့ လူတွေသိတယ်)။
(၅) ခေါင်းရိတ်တာ
ဘယ်ကစလိုက်တဲ့ ဂျင်းလည်းတော့မသိ ဆံပင်သန်တယ်ဆိုကြီး ကတုံးတုံးလိုက်ရတာ။ ၃ နှစ်လောက်ထိ အပြောင်ပဲ။ ကြီးလာတော့ ဆံပင်သန်လား။ ဝေးစွ နဖူးမှာ လေဆိပ်ဆောက်လို့ရတယ်။ ဒါတွေအကုန်က မျိုးရိုးအရပဲသွားမှာ။ ဘာမှပြင်လို့မရပါဖူး။
(၆) အစားရှောင်ခိုင်းတာ
သေအောင်ပြောယူရတဲ့ ကိစ္စပဲ။ စားကျပါ စားကျပါ ဘယ်လောက်ပြောပြော နောက်နေ့ဘာစားလည်း မေးကြည့် ၁၀ ယောက်မှာ ၈ ယောက်က ဟင်းခါးနဲ့ ငါးကြော်ဆိုတာကြီးပဲ။ ဒါတောင် တခြားလူတွေမဟုတ်ဖူးနော် ကိုယ်နဲ့လာမွေးတဲ့ မေမေတွေ။ စားပါ အကုန်စားပါ မေမေတွေရှောင်လို့ မေမေတွေဘာမှမဖြစ်ပါဖူး။ မေမေတွေနို့က အာဟာရမရပဲ ကလေးကဖြစ်တာပါ။ မေမေတွေခံနိုင်ပေမယ့် ကလေးတွေမခံနိုင်ပဲ beri beri တွေနဲ့ သေကျပါတယ်။ အဲ့ကျတော့လည်း သူငယ်နာတဲ့။ တကယ်ပဲ စန်းကြယ်တဲ့ မီယန်မာနိုင်ငံ နို့တိုက်ရမယ့် မေမေတွေကျ အငတ်ထားပြီး နို့ပဲသောက်ရမယ့် ကလေးတွေကျ အတင်းအစာကျွေးတဲ့နိုင်ငံ 🥴🥴
အဲ့တော့ ဘာမှလုပ်ဖို့ မလိုတာတွေကို မလုပ်ခိုင်းကျပါနဲ့။ လုပ်ပြီးမှ ကလေးတခုခုမှ ဆရာဝန်တွေဆီလာတော့ ဆရာဝန်တွေလည်း မကြိုက်တော့ဆဲရော။ အဲ့ကျ အပေါက်ဆိုးတယ်ဖြစ်ကျရော။ ကျန်းမာရေး အဆင့်ကနောက်ဆုံးရောက်နေပြီ ဆရာဝန်တွေလည်း ကြိုးစာရမှာဖြစ်သလို မေမေတွေလည်း အရာအာလုံးကို လက်ခံပြောင်းလဲဖို့လိုတယ်။ မဆုပ်ကိုင်ထားသင့်တာကို ဆက်ကိုင်နေရင်တော့ ဘာမှမထူးပါဖူး။

image
9 w - Translate

ဟိုးရှေးရှေးတုန်းကပေါ့ကွယ်။
အညာ ဒေသ စမုံချောင်းဘေးမှာ ညောင်ပင်လှဆိုတဲ့
ရွာလေး တစ်ရွာရှိသတဲ့ကွယ်။
အဲဒီရွာမှာ စိတ်သဘောထားပြည့်ဝပြီး တောင်သူလုပ်ငန်းနဲ့
အသက်မွေးနေထိုင်တဲ့ ဘကြီး ဦးထွန်းဇံဆိုတဲ့ မုဆိုးဖို
အဘိုးကြီးတစ်ယောက် ရှိခဲ့တယ်။
ဘကြီးဦးထွန်းဇံမှာ အတူနေထိုင်တဲ့
သားလေးယောက်လည်း ရှိတယ်။
ဘကြီးဦးထွန်းဇံဟာ အသက်အရွယ်ကြီးရင့်လာတော့
ကျန်းမာရေးလည်း ယိုယွင်းလာတာပေါ့။
သူ ကွယ်လွန်ခါနီးမှာ စီးပွားဥစ္စာတွေ မပေးနိုင်လို့
မိဘအမွေအဖြစ် သုံးခွန်းသောစကားကို သားလေးယောက်
တို့ကို မှာကြား ပြောဆိုခဲ့သတဲ့ကွယ်။
အဲဒီစကားသုံးခွန်းကတော့---
(၁) နေ့စဉ်နေ့တိုင်း အကြီးမြတ်ဆုံးအရာကို ဦးညွှတ်ပါ၊
အတုယူပါ
(၂) ချိုမြိန်တဲ့ အစားအစာကို စားသုံးပါ နှင့်
(၃) နူးညံ့တဲ့ အိပ်ရာနဲ့ အိပ်ပါ တို့ပဲ ဖြစ်တယ်။
အဲဒီနောက်မှာတော့ ဘကြီးဦးထွန်းဇံလည်း
လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်။
အဲဒီအခါ အကြီးဆုံး သားဖြစ်သူက ဖခင်ကြီးမှာကြားချက်
အတိုင်း အကြီးမြတ်ဆုံးအရာကို ဦးညွှတ်ချင်တာနဲ့
ဆင်ထိန်းအလုပ်ကို လုပ်သတဲ့ကွယ်။
သားအလတ်ဖြစ်တဲ့သူကတော့ ချိုမြိန်တဲ့အစားအစာကို
စားချင်တာနဲ့ ပျားရည်နဲ့ လုပ်တဲ့ မုန့်တွေကို ရောင်းချသတဲ့။
တတိယသားကတော့ နူးညံ့တဲ့အိပ်ရာနဲ့ အိပ်ချင်တာနဲ့
ငှက်မွေးနဲ့ ပြုလုပ်တဲ့ အိပ်ရာခင်းတွေကို အရောင်းအဝယ်
ပြုလုပ်ခဲ့တယ်။
အငယ်ဆုံးသားလေးကတော့ ဖခင်သင်ပေးခဲ့တဲ့
"လက်သမားပညာ" နဲ့ အသက်မွေးခြင်း ပြုပါသတဲ့ကွယ်။
ဖခင်ကြီးကွယ်လွန်ပြီးနောက် သားလေးယောက်တို့ဟာ
ဖခင်ကြီး မှာကြားဆုံးမခဲ့တဲ့အတိုင်း စကားသုံးခွန်းကို
မိမိတို့ ဉာဏ်မီသမျှ တွေးတော ကြံဆ ခံယူကြပြီး
ဘဝခရီးလမ်းကို ဖြတ်သန်းခဲ့ကြရာ နှစ်ပေါင်း (၂၀)ကျော်
ကာလကို ရောက်ရှိခဲ့ကြတယ်။
အဲဒီအချိန်မှာ အငယ်ဆုံးသားလေးဟာ စီးပွားဥစ္စာ
အကြွယ်ဝဆုံး၊ အချမ်းသာဆုံး၊ အကြီးပွားဆုံး ဖြစ်နေသတဲ့။
ကျန်ရှိတဲ့ အစ်ကိုကြီးသုံးယောက်ကတော့ ဘဝကို
ပင်ပန်းဆင်းရဲစွာနဲ့ ရုန်းကန်ရင်ဆိုင် ဖြတ်သန်းနေကြရတယ်။
အဆိုပါ ဖြစ်ရပ်တွေက ဘာကိုပြနေသလဲ ဆိုတော့
ဖခင်ရဲ့စကားကို နားထောင် လိုက်နာသူချင်း တူပေမယ့်
ခံယူချက်ခြင်း၊ အမြင်ချင်း မတူတာကြောင့် ဘဝရဲ့ဖွံ့ဖြိုး
တိုးတက်ပုံချင်းလည်း မတူကွဲပြား ခြားနားသွားကြတယ်
ဆိုတာပဲ ဖြစ်တယ်။
အငယ်ဆုံးသားလေးရဲ့ ခံယူကျင့်သုံးပုံက
"နေ့စဉ်နေ့တိုင်း အကြီးမြတ်ဆုံး အရာကို ဦးညွတ်ပါ၊
အတုယူပါ" ဆိုတာ နေမင်းကြီးကို ဦးညွှတ်တဲ့အနေနဲ့
နေထွက်မှသည် နေဝင်ချိန်အထိ လုံ့လဝီရိယ၊ ဇွဲသတ္တိတို့နဲ့
အလုပ်ကို လုပ်ခဲ့တယ်။
အကြီးမြတ်ဆုံးဖြစ်တဲ့ ဘုရားစကားကို နားထောင်မှတ်သား
လိုက်နာကျင့်သုံးတယ်။ နံနက် နေထွက်ချိန်မှာ တစ်ကြိမ်၊
ညနေ နေဝင်ချိန်မှာ တစ်ကြိမ် ဘုရားကို အမြဲဝတ်ပြုတယ်။
"ချိုမြိန်တဲ့ အစားအစာကို စားပါ" ဆိုတာ ပျားရည်၊
သကာရည်နဲ့ စီရင်ထားတဲ့ အစားအစာကို ဆိုလိုခြင်း
မဟုတ် ပါ။ မိသားစု စုံစုံညီညီ ဝိုင်းဖွဲ့ပြီး အစားအစာကို
အတူတကွ စားသောက်ခိုင်းတာ ဖြစ်တယ်။
မိသားစုပျော်ပျော်ရွှင်ရွှင်နဲ့ ဝိုင်းဖွဲ့ပြီး စားသောက်ခြင်းဟာ
အချိုမြိန်ဆုံး ထမင်းဝိုင်းပဲ မဟုတ်ပါလား။
ငါးပိရည်နဲ့ စားလည်း ပျားရည်နဲ့ စားရသလို ချိုမြိန်
နေတာဟာ မိသားစုထမင်းဝိုင်းပင် ဖြစ်တယ်။
"နူးညံ့တဲ့ အိပ်ရာနဲ့ အိပ်စက်ပါ" ဆိုတာ မွေ့ရာ ကော်ဇော၊
အမွှေးနံ့သာ ထုံမွမ်းစီခြယ်ထားတဲ့ ခုတင်နဲ့ အိပ်စက်ခိုင်းခြင်း
မဟုတ်ပါ။ နောင်တပူပန်ခြင်းကင်း၊ အကြွေး ကင်းရှင်း၊
ငါးပါးသီလ လုံခြုံ၊ ဘယ်အချိန်မှာပဲ အိပ်စက်အိပ်စက်၊
ဘယ်နေရာပဲ အိပ်နေအိပ်နေ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ပြီး
ပန်းမွေ့ရာပေါ်မှာ အိပ်ရသလိုမျိုး အိပ်စက်နိုင်တာကို
ဆိုလိုခြင်းဖြစ်တယ်။
အငယ်ဆုံးသားလေးက ဖခင်ကြီးရဲ့ ဆုံးမစကားကို
အထက်ဖော်ပြပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုတယ်။
နှလုံးသွင်းတယ်။ လက်တွေ့ ခံယူ ကျင့်သုံးတယ်။
အဲဒီလို ခံယူကျင့်သုံးတာကြောင့် ကြီးပွားတိုးတက်
အောင်မြင်လာခြင်း ဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်း
နိုင်ဘူးတဲ့ကွယ်။
တူ၊ တူမလေးတို့ရေ...
ဒီပုံပြင်လေးကို ဝေဖန်သုံးသပ် အဖြေရှာကြည့်မယ်ဆိုရင်
ဖခင်ကြီးဟာ သားလေးယောက်ကို ရှေ့မှောက်သို့ အတူတကွ
ခေါ်ယူပြီး စကားသုံးခွန်းကို ပြောဆို ဆုံးမခဲ့တာ ဖြစ်တယ်။
မည်သူ့ကိုမှ အပိုစကား ပြောကြားခဲ့ခြင်း မရှိပါ။
ခံယူလိုက်နာသူရဲ့ဆင်ခြင်မှု၊ တွေးခေါ်မှု၊ နားလည်နိုင်စွမ်း
ရှိမှုနဲ့ ကျင့်သုံးလိုက်နာ လုပ်ဆောင်မှုတွေ မတူညီတဲ့အတွက်
အကျိုးရလဒ်များလည်း ကွာခြားရခြင်း ဖြစ်တယ်။
တူ၊ တူမတို့လည်း ဆရာမိဘများရဲ့ဆုံးမစကားတွေကို
နာယူမှတ်သားပြီး အကျိုးထိရောက်စွာ အသုံးပြုနိုင်ကြ
ပါစေ..လို့ ဆန္ဒပြုလိုက်ပါတယ်ကွယ်။
ရွှေသွေးဂျာနယ်
#crd

image
9 w - Translate

July လထဲမှာထွက်ရှိမှာဖြစ်တဲ့ Omniscient Reader's Viewpoint Live-Action